NTI Media

NTI Media နွားထိုးကြီးမြို့နယ် သတင်းများအဆက်မပျက် တင်ဆက်ပေးနိုင်အောင်ကြိုးစားပါမည်။
(1)

နွားထိုးကြီးမြို့နယ် သတင်းများအဆက်မပြတ် ပြည်သူများသိအောင် တင်ပေးနေပါပြီး Like & Share ပေးကြပါဦး။

03/11/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၃-၁၁-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm .....................................

🛑 မြင်းခြံခရိုင်
**************
♦ယနေ့ထူးခြားမှုမရှိ

👤 သံအမတ်ကြီးပြော
*****************
♦အကြမ်းဖက်စစ်ကောင်စီ၏ မဆင်မခြင် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာစေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆို

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦ကချင်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိမ်း၏ ကချင်အထူးဒေသ ၁ က အုပ်စိုးထားသော တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ဖီမော်မြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ယမန်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်
♦မနေ့မွန်းလွဲက မွန်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စခ ၄ ဦးသေ
♦မနေ့က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာနှင့် ကိုးပင်ကျေးရွာကြားရှိ ရေနံချက်စက်ရုံ အနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရော့ကတ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့
♦ ၁ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော အ ကြမ်းဖက် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ၊ ၂ ဦး သေ
♦ ၁ ရက်နေ့ညက ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းရွာနှင့် သစ်ချူကုန်းရွာရှိ စခများကိုမှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ ကုက္ကိုစုပျူစောထီးရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာများ ကျဲချ ပို့ဆောင်
♦ပြီးခဲ့တဲ့လ ၂၉ ရက်က တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့၌ အခိုင်အမာ တပ်စွဲထား သောအကြမ်း ဖက် စခန်းကို သိမ်းပိုက်ခဲ့ရာ စခ ၁၅ ဦးသေပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့

◾စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁ရက်နှင့် ၂ရက်နေ့တွင် လေကြောင်းဖြင့် တပ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေ

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသော သံဃာတော် ၁ ပါးနှင့် ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့
◾မနေ့က တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေ
◾မနေ့မနက်က မြိုင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်
◾မနေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းလေးပင်ကျေးရွာ အနီးနေထိုင်သည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
◾မနေ့က ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ​ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့
◾မနေ့ ညဦးက ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ပြားသားရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအပြင်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲရာ ပြည်သူ ၄ ဦးသေဆုံး၊ ဆရာ တော်တပါးအပါအဝင် ၂ ဦး ပြင်းထန်ဒဏ်ရာ ရ
◾ ၁ ရက်နေ့ နံနက် ၄ နာရီ ၁၃ မိနစ်မှ နံနက် ၄ နာရီ ၂၄ မိနစ်အချိန်အထိ ၃ ကြိမ် စစ်ကောင်စီ၏ လေယာဉ်များက နောင်ချိုမြိုနယ်၊ ဆမ္မဆယ်ကျေးရွာနှင့် သကြားစက်ရုံတို့သို့ ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး အခြားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့
◾ရှမ်းတောင်၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေလို့ ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေး ၁ ယောက် အပါအဝင် သေဆုံးသူ ၃ ယောက်ရှိလာ
◾ယနေ့မနက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့

🔳 ဖမ်းဆီးအကြမ်းဖက်
********************
◾ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ မြောင်းမြအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အိမ်မဲမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် နှင့် အခြားနိုင်ငံ ရေးအကျဉ်းသားတစ်ဦးတို့ကို အသက်သေစေရန် ကြံစည်မှုများပြုလုပ်ခဲ့
◾စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ NLD အစိုးရလက်ထက် မန္တလေးတိုင်းရဲ့ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ဟာ မန္တလေးဆေးရုံကြီးမှာ နိုဝင်ဘာ ၁ ရက်ကစလို့ ဆေးကုသနေရ
◾ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငရုတ်ကောင်းမြို့ ရေနံ့သာ စစ်ဆေးရေးဂိတ်အနီးမှာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၅၄ ယောက်ကို စစ်ကောင်စီတပ်ဖမ်းဆီး
◾စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ် အကျဥ်းထောင်မှ လွတ်ရက်စေ့၍လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားတဦးကို ပြန်လည်ဖမ်းဆီးပြီး အမှုထပ်စွဲထား

💀 သာရေး
***********
♦နိုဝင်ဘာ ၂ ရက်နေ့ မနေ့က ထုတ်ပြန်ချက်များအရ အနည်းဆုံး စစ်ခွေးဝဲစား ၂၃ ဦးသေ
♦ပဲခူးတိုင်း၊ အုတ်ဖိုမြို့အနီးတွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ပြီး လောင်းကစားဝိုင်း၌ ဒိုင်ကိုင်နေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်တိုက်ခိုက်ခံရ၊ သေ

Ⓜ အလင်းဝင်
**********
♦ပဲခူးတိုင်းတွင် ခြေလျင်တပ်ရင်းမှူး သင်တန်း တက်ရောက်ရန် ခရီးထွက်လာသည့် အမှတ် ၁၂ တပ်မတော်ဆေးရုံ မှ ပါရဂူ သမားတော် ဗိုလ်မှူး ထိန်တောက်ကို အရှင် ဖမ်းမိ

📜 ပြောဆို
**********
♦မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏နည်းလမ်းများ အလုပ်မဖြစ်ဟု CNF ဒုဥက္ကဋ္ဌပြော

🔊 စစ်ဘေးရှောင်
***************
♦စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ထောင်ချီတဲ့ဒေသခံတွေ ထွက်ပြေးနေကြရ
♦တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီထိုးစစ်ကြောင့် ကျေးရွာ ဆယ်ရွာကျော်က ဒေသခံ ၃၅၀၀ နီးပါးဟာ ဘေးလွှတ်ရာထွက်ပြေးနေရပြီး စားနပ်ရိက္ခာအပါအဝင် အကူအညီတွေလိုအပ်နေ

🔲 အထွေထွေ
*************
♦လန်ဒန်မြို့၌ ကျင်းပသည့် တေးသံရှင် ဖြူဖြူကျော်သိန်း၏ "Phyu Phyu In London" နွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲကို မနေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လန်ဒန်ရောက် မြန်မာတစ်ထောင်ကျော် တက်ရောက်ခဲ့
♦ရန်ကုန် - မန္တလေးအမြန်လမ်း၊ ရန်ကုန်မြို့အဝင် ဇီးရိုးမိုင်တွင် ခရီးသည်တင်ယာဉ်များအပါအဝင် ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပြီး ခရီးသည်တစ်ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့
♦စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော် ပျဥ်းမနားမြို့မှာ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီးနဲ့ ဆရာမကို ဒုတိယနှစ်ကျောင်းသားတယောက်က ဓားနဲ့ခုတ်ပြီး လုယက်ခဲ့တာကြောင့် ဆရာမ သေဆုံးသွားပြီး ကျောင်းအုပ်ကြီးကတော့ ဒဏ်ရာရသွား
♦တရုတ်ပြည်ရှိ အထည်ချုပ်စက်ရုံမှာ တစ်ပတ်ကတ်နဲ့ အလုပ်ဝင်လုပ်တဲ့ မြန်မာနိုင်ငံသား ၇၀၀ ကျော် လုပ်အားခ ခေါင်းပုံဖြတ်ခံရ၊ အလုပ်သမားတချို့ကို တရုတ်ရဲတွေက ဖမ်းဆီးထား

♦ နွေဦးတော်လှန်ရေးတွင် အတည်ပြုပြီး ကျဆုံးခဲ့ရသူ ၅၉၁၄ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၇၆၂၈ ဦး ရှိဟု နိုဝင်ဘာ ၁ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹အမေရိကန်နဲ့ သူ့လက်အောက်ခံနိုင်ငံတွေရဲ့ ရန်လိုတဲ့မူဝါဒကို ထိန်းကျောင်းဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးသေချာစေဖို့ မြောက်ကိုရီးယားရဲ့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းက လုပ်နေတဲ့ ဆောင်ရွက်ချက်တွေကို ရုရှားက အပြည့်အဝထောက်ခံတယ်လို့ ပြော
🔹ယူကရိန်းမြို့တော် ကိယက်ဗ်ကို ရုရှားက မောင်းသူမဲ့လေယာဉ်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့ပြီး မြို့ရဲ့ လမ်းတွေ၊ ဓာတ်အားလိုင်းတွေနဲ့ အဆောက်အအုံများအပြား ပျက်စီးခဲ့သလို လူ ၁ ယောက်ထက်မနည်း ဒဏ်ရာရခဲ့
🔹ဟားမတ်စ်အဖွဲ့ဟာ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေး သဘောတူညီချက်ကို ပယ်ချခဲ့ပြီး ဂါဇာကမ်းမြောင်ကနေ အစ္စရေးနုတ်ထွက်တာကို ထည့်မရေးထားလို့ ဆိုပြီး ပြောကြားခဲ့ကြောင်း တရုတ်မီဒီယာအုပ်စု (CMG)က သတင်းထုတ်
🔹အစ္စရေးရဲ့ မကြာသေးမီက အီရန်စစ်ရေးပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို အ ပြင်းအထန် တုံ့ပြန်မယ်လို့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာခါမေနီက သတိပေး
🔹ယူကရိန်းသို့ ဒေါ်လာ ၄၂၅ သန်းတန်ကြေးရှိ လုံခြုံရေးအကူအညီ ထောက်ပံ့ပေးဖို့ အမေရိ ကန် နိုင်ငံက ကြေညာလိုက်

NTI Media

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

02/11/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၂-၁၁-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm .....................................

🛑 မြင်းခြံခရိုင်
**************
♦၃၁ ရက်နေ့က တောင်သာတွင် ရည်းစားနှင့်ချိန်းတွေ့ရန်လာသည့်‌ နယ်ထိန်းရဲ ပစ်ခတ်ခံရပြီး သေ

👤 သံအမတ်ကြီးပြော
*****************
♦ICJ အနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ တောင်းဆိုလိုက်

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ
♦အကြမ်းဖက် လက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော က ချင် ပြည်နယ် အထူးဒေသ ၁ ၏ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို မနေ့ညနေက KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်
♦မနေ့မနက်မှာ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လဂွေကျေးရွာရှိ ပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA၊ PDF ပူးပေါင်းတပ် များက တိုက်ခိုက်သိမ်း ပိုက်ရရှိ
♦ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိထား
♦ယနေ့မနက် မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း လှည့်လည်ပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ၊စခများ ထိခိုက်သေရှိပြီး ကား ၁ စီး ပျက်စီးခဲ့
♦မနေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင်ရောက်လာသော အကြမ်းဖက်များကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေ
♦မနေ့ညနေက စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ အကြမ်းဖက်စခ၊ ပျူစများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့
♦ယမန်နေ့ နံနက်ကြီးပိုင်းက ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ၊ကျောက်ကြီးတောင်စစ်တပ်အထိုင်စခန်းမှသစ်ပုတ်တာဝါတိုင်စစ်တပ်အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန်ထွက်လာသောအကြမ်းဖက် ၄၀ ဦးပါစစ်ကြောင်းကို မိုင်း ၃ ကြိမ်ဆွဲ၍ကြားဖြတ်တိုက်၊ ၁ ဦးသေ၊ ၃ဦးဒဏ်ရာရ
♦မနေ့က မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းပျူကျေးရွာနဲ့ တောင်ခင်ရန်းကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခနဲ့ ပျူဘက်က ၁ ဦးသေ၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့
♦ယမန်နေ့က မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းမှ ထွက် လာသော အကြမ်းဖက် ၇၀ ခန့်ပါ စစ်ကြောင်းအား ကင်းပုန်းဝပ်ပြီး အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ဦးသေ
♦မနေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးရှိ သံလွင်မြန်မာ ဆီဆိုင်ရှေ့တွင် ဆက်ကြေး ကောက်နေသော အကြမ်းဖက်များကို ကားဖြင့် ဝင်ရောက် ပစ်ခတ်၊ ၃ ဦး သေ

🤡 စစ်ကောင်စီ
*************
😎အကြမ်းဖက်မင်းအောင်လှိုင် ၈ ကြိမ်မြောက် မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရန် နိုဝင်ဘာလ ၅ ရက်နေ့ တရုတ်နိုင်ငံသို့ သွားရောက်မည်
😎တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့တွင် လူဝင်မှုကြီးကြပ်ရေး(လဝက)နှင့်အထွေထွေအုပ်ချုပ်ရေးဌာနမှ အရာရှိနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့အရာရှိနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မြို့မှထွက်ခွင့်မပေး
😎နိုင်ငံတကာရှိ မြန်မာသံရုံးများအနေဖြင့် မြန်မာအလုပ်သမားများထံမှ လုပ်ခလစာ နိုင်ငံခြားငွေများ ပြည်တွင်းသို့ ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲပြောင်းရေး စည်းရုံးဆောင်ရွက်ကြရန် စစ်ကောင်စီ ညွှန်ကြား

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾မနေ့ညနေက ရှမ်းမြောက် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ထပ်ကြဲခဲ့လို့ အရပ်သား ၄ ဦး‌ သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့
◾မနေ့နေ့လည်က ရှမ်းမြောက် မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်လမ်းမပေါ်ရှိ တွင်းငယ်ရွာကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့
◾အောက်တိုဘာ ၃၀ က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျီစုရွာနှင့် ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ အပါအဝင် နေအိမ် ၇၀၀ ကျော် ပျက်စီးခဲ့
◾ညောင်လေးပင်နှင့် ကျုံဒိုးရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အသက် ၁ နှစ် အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး
◾မနေ့က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်
◾မနေ့မနက်က ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲသောကြောင့် ပြည်သူ ၁ ဦးသေဆုံး
◾ယမန်နေ့ နံနက် ၁ နာရီကျော်ဝန်းကျင်အချိန်တွင်လည်း အမ်းမြို့နယ်သို့ စစ်ကောင်စီတပ်၏ လေယာဉ်များက ဗုံးကျဲချမှုများ ဆက် တိုက် ပြုလုပ်ခဲ့
◾စစ်ကောင်စီကြောင့် ၁၀ လအတွင်း စစ်ကိုင်းတိုင်းက ပြည်သူ ၄၀၀ ကျော်သေဆုံးခဲ့ရ

🔳 ဖမ်းဆီးအကြမ်းဖက်
********************
◾ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်တိုင်း မရမ်းကုန်မြို့နယ် စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေမြို့နယ် ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထား

💀 သာရေး
***********
♦အောက်တိုဘာ ၃၁ ရက်နေ့ ထုတ်ပြန်ချက်များအရ အနည်းဆုံး စစ်ခွေးဝဲစား ၃၀ ဦးသေ
♦နိုဝင်ဘာ ၁ ရက်နေ့ မနေ့က ထုတ်ပြန်ချက်များအရ အနည်းဆုံး စစ်ခွေးဝဲစား ၁၂ ဦးသေ

Ⓜ အလင်းဝင်
**********
♦မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခလရ ၂၅၉ တပ်မှ တပ်သားပြည့်ဖြိုးအောင်နှင့် ခလရ ၂၅၅ တပ်မှ တပ်သားကောင်းမင်းခန့်တို့ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာသဖြင့် ငွေကျပ် သိန်း ၄၀ စီဆုချီးမြှင့်

🔊 စစ်ဘေးရှောင်
***************
♦ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရ၊ စားနပ်ရိက္ခာများ လိုအပ်နေ
♦ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မြို့ပေါ်နေ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေရ
♦မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အကြား အာရှလမ်းမကြီးတွင် စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်းက အင်အားဖြည့်တင်းပြီး တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေမှုကြောင့် ကော့ကရိတ်မြို့ခံအချို့ ထပ်မံတိမ်းရှောင်နေရ

⭕ လူမှုစီးပွား
************
♦စာအုပ်ဖြင့် စားအုန်းဆီဝယ်ခွင့်ပေးနေသော်လည်း ဆီဈေးမကျ
♦တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ဈေးလည်း ၂ ဆကျော် ထပ်မံ မြှင့်တက်လာ

🔲 အထွေထွေ
*************
♦မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရာလမ်းကို လုံခြုံရေးအကြောင်းပြချက်ဖြင့် မော်တော်ယာဉ်၊ဆိုင်ကယ်နှင့်လူဖြတ်သန်းသွားလာခွင့် နေ့ရော ညပါ စစ်ကောင်စီက လုံး၀ ပိတ်ပင်
♦ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်စက်ရုံ အပါအဝင် ရေအားလျှပ်စစ်စက်ရုံ ၉ ခု မလည်ပတ်နိုင်သဖြင့် ဓာတ်အားရရှိမှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးများ အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မည်၊ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်၏ ၄၆ ရာခိုင်နှုန်းသာ ထုတ်နိုင်
♦ ပြည်ပရောက် မြန်မာများက စစ်ကောင်စီဘဏ်များမှ ငွေလွှဲခြင်းမရှိသည့်အပြင် ကားတင်သွင်းခွင့်လျှောက်ထားခြင်းလည်း လုံး၀မရှိသေး
♦ရွာပေါင်း ၂၀၀ ကျော်ရေနစ်မြုပ်ခံခဲ့ရသည့် အင်းလေးဒေသ ပြန်လည်ထူထောင်ရေးအတွက် ခရီးသွားဧည့်သည်များကိုမျှော်
♦ဧရာဝတီတိုင်းမှာ တရားမဝင်ကုန်ပစ္စည်းတွေ မရောင်းချစေဖို့ ဓာတ်မြေသြဇာအရောင်းဆိုင် တွေကို စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်‌ဆေးသတိပေးနေ
♦ရှမ်းတောင် တောင်ကြီးမြို့မှာရှိတဲ့ ပတ်စပို့စ်ရုံးမှာ လဝက ဝန်ထမ်းတွေက လာဘ်စားမှု ရှိနေတာကြောင့် ပတ်စပို့စ် လုပ်သူတွေ အခက်အခဲ ကြုံတွေ့နေရ
♦တရုတ်ပြည်ထဲ အလုပ်ပေးမယ်ဆိုပြီး ခေါ်လာတဲ့သူ ၁၅၀ ကျော်ကို ကုမ္ပဏီက မထောက်ပံ့တော့တာကြောင့် အခက်အခဲ ကြုံတွေ့နေ
♦မိုင်းလားဘက် အလုပ် လုပ်ဖို့သွားတဲ့ ရန်ကုန်က အမျိုးသမီးငယ် ၂ ဦး ကျားဖျန်မှာ ရောင်းစားခံရ

♦ နွေဦးတော်လှန်ရေးတွင် အတည်ပြုပြီး ကျဆုံးခဲ့ရသူ ၅၉၁၄ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၇၆၂၈ ဦး ရှိဟု ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹မြောက်ကိုရီးယားတပ်တွေ ရုရှားအတွက် ကူညီပြီး ယူကရိန်းကျူးကျော်စစ်မှာ တိုက်ခိုက်မှု မတိုင်မီ စတင်အရေးယူဖို့ မဟာမိတ်အဖွဲ့တွေကို ယူကရိန်းသမ္မတ ဇလန်းစကီးက တိုက်တွန်း လိုက်

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နွားထိုးကြီး-Journal NTI Media

31/10/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၃၁-၁၀-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm .....................................

စစ်မှုထမ်း ဥပဒေဖြင့် လူငယ်များကို စစ်တပ်ထဲသို့ အတင်းဆွဲခေါ်သည့်တိုင် အရေ အတွက်သာရှိပြီး အရည်အချင်းမရှိခြင်း၊ ပြည်သူထောက်ခံမှု မရှိခြင်းတို့ကြောင့် တိုက်ပွဲတိုင်း စစ်တပ်ရှုံးနိမ့်နေရပြီဟု CDM ဗိုလ်မှူးအောင်မျိုးသွင်နှင့် အရာရှိများပြော

🛑 မြင်းခြံခရိုင်
**************
♦ယနေ့နံနက်က တောင်သာ၊ ရုံးစင်ကြီးရဲစခန်းမှ ရခများ လမ်းပိုင်းဂိတ်ချ၍ ပြည်သူများအား တားဆီးနှောက်ယှက်နေကြစဉ်တောင်သာပကဖ နှင့်မဟာမိတ်များက ဝင်ရောက်တိုက်ခိုက်။ ရခ နှစ်ယောက် သေ၊ ရဲသတင်းပေး တစ်ဦးလည်း မောင်မြင့်ဆိုသူလည်း ရခတွေ ပစ်ခတ်သော ကျည်ထိမှန်ကာ သေဟုသိရ

🛑 NUG
********
♦NUG သည် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စဂျူလီဘိရှော့ပ်နှင့် တွေ့ဆုံ၍ တော်လှန်ရေး အခြေအနေအပါအဝင် နိုင်ငံတကာ ဆုံးဖြတ်ချက်များကို စစ်ကောင်စီက လိုက်နာဆောင်ရွက်မှု မရှိသည်ကို ဆွေးနွေးခဲ့ကြောင်း NUG ထံက သိရ

👤 သံအမတ်ကြီးပြော
*****************
♦အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC နှင့် ပူးပေါင်းဆောင် ရွက်ရန် NUG အပါအဝင် တော်လှန်ရေးအင်အားစုများတွင် ထိရောက်သော ပိုက်နက်နယ်မြေ ထိန်းချုပ်နိုင်မှုများရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆို

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦မနေ့ညကစပြီး အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ လက်အောက်ခံ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေ
♦ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ထိုးဖောက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေ
♦PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့် ကွာဝေးတဲ့ တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေ
♦၂၉ ရက်နေ့က မန္တလေးတိုင်း၊ မတ္တရာမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေ
♦၂၈ ရက်နေ့က ပဲခူး၊ ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စခ ၅ ဦး သေ

🤡 စစ်ကောင်စီ
*************
😎မြန်မာနိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များအားလုံးတွင် ယနေ့မှစတင်၍ တစ်ရက်လျှင် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မီးပေးမည်ဟု စစ်ကောင်စီက အကြောင်းကြား
😎မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရမှု၏ လက်သည် မဖော်နိုင်သော စစ်ကောင်စီက ရန်ကုန်တရုတ်သံရုံးပတ်ဝန်းကျင်တွင် ရဲကင်းအသစ်များတည်ဆောက်ပြီး လမ်းပိတ် လုံခြုံရေး တိုးမြှင့်

😎ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် တရုတ်ကျားဖြန့် အွန်လိုင်း လုပ်ငန်းများ လာဘ်ယူ ခွင့်ပြုမှုဖြင့် အမှတ် ၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမင်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်မင်းကို၊ ဗိုလ်မှူးကြည်သာဇော်၊ ရဲမှူး ဇော်မင်းအောင် အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အရာရှိများ စစ်ဆေးခံနေရ

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကိုဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာ ၃ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ၍ စားနိပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ
◾တောင်ကုတ်မြို့နယ်ကို မနေ့က အကြမ်းဖက်စစ်ကောင်စီ လေကြောင်း ထပ်မံတိုက်ခိုက်၊ ကလေးငယ်များအပါအဝင် အရပ်သား ငါးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ
◾KIAတပ်မဟာ (၉)ဌာနချုပ်နယ်မြေကို အကြမ်းဖက်စစ်တပ်က ယနေ့နံနက် လေကြောင်းမှ ဗုံးကြဲ
◾မနေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရပြီး ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
◾မနေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့
◾တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ လဝက ရုံးရှေ့တွင် အကြမ်းဖက် စစ်တပ်က စိတ်ရောဂါ ခံစားနေရသည့် ကဘူရွာသား ကိုကျော်ခိုင်ကို ပစ်သတ်ပြီး PDF စစ်ဝတ်စုံဝတ်ဆင်ပေး၍ ဓာတ်ပုံရိုက်ယူသွား

🔳 ဖမ်းဆီးအကြမ်းဖက်
********************
◾မြန်မာ့ရုပ်ရှင်များတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်များကို ပျက်ရယ်ပြုစော်ကားမှုများ မလုပ်ရေး ဝေဖန်ထောက်ပြခဲ့သူ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီး
◾ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ ရပ်ကွက်တွင် အသက် ၂၁ နှစ်အရွယ် မောင်သက်လင်း(ခ)သီဟထွန်းကို နယ်ထိန်းရဲ စည်သူအောင်နှင့် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းအောင်နှင့်ဒုအုပ်ချုပ်ရေးမှူးမောင်ဦးတို့က စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်တပ်ထံသို့ ပို့ဆောင်
◾ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ထဲရှိ အကျဉ်းသားတွေဆီကို ထောင်ဝင်စာပါဆယ်ပစ္စည်း ပေးပို့ခွင့် ပိတ်ပင်ခံထားရတာ တလကျော်အထိရှိလာပြီး အကျဉ်းသားတွေနဲ့လည်း အဆက်အသွယ်မရ ဖြစ်နေ

💀 သာရေး
***********
♦အောက်တိုဘာ ၃၀ ရက်နေ့ မနေ့က ထုတ်ပြန်ချက်များအရ အနည်းဆုံး စစ်ခွေးဝဲစား ၅၅ ဦးသေ

☯ တ ယုတ်
**********
♦တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ၅ ကြိမ်မြောက် တရုတ်-မြန်မာ Think Tank Forum ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာဘက်မှ ပို့/ဆက် ဒုဝန်ကြီး အောင်မြိုင် ဦးဆောင်၍ တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံမှ Think Tank အဖွဲ့များ၊ စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ ၊ စစ်အရာရှိဟောင်းနှင့် သံတမန်ဟောင်းများ တက်ရောက်ခဲ့၊ ဖိုရမ်တွင် တရုတ်-မြန်မာအပြည်ပြည်ဆိုင်ရာစင်္ကြန်တည်ဆောက်မှု အရှိန်မြှင့်တင်ရေးနှင့် တရုတ်-မြန်မာ စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်းမှု နက်ရှိုင်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့

🌐 နိုင်ငံတကာ
************
♦အကြမ်းဖက် မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာက ပိုမိုထိရောက်သော အရေးယူမှုများ ဖြစ်လာရန် ကုလသမဂ္ဂစုံစမ်းစစ်ဆေးအရာရှိ Mr. Tom Andrew တောင်းဆို
♦မြန်မာပဋိပက္ခဟာ အမေ့လျော့ခံ အကျပ်အတည်း ဖြစ်လာနိုင်ဟု ကုလ အထူးကိုယ်စားလှယ် သတိပေး
♦အကြမ်းဖက် မြန်မာ စစ်တပ်ကို လေယာဉ်ဆီ
နှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီ ၆ ခု ကို ပစ်မှတ်ထား၍ UK အစိုးရက ပိတ်ဆို့အရေးယူမည်ဟု ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံး က ထုတ်ပြန်

🔊 စစ်ဘေးရှောင်
***************
♦အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို အာဏာပိုင်တွေက နေရပ်ပြန်ဖို့ ဒါမှမဟုတ် အိန္ဒိယနိုင်ငံအတွင်းက စစ်ရှောင်စခန်းတွေဆီပြောင်းဖို့ ဖိအားပေးနေတဲ့အတွက် စစ်ဘေးရှောင်တွေ အခက်ကြုံနေရ
♦ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်နေကြတဲ့ ကလေးငယ် ၁,၀၀၀ ကျော် ပညာသင်ကြားနိုင်ဖို့အတွက် စာသင်ကြားဆောင်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေ အရေးတကြီး လိုအပ်နေ
♦မွန်- ကရင်အစပ်က ဘုရားသုံးဆူ- သံဖြူဇရပ်လမ်းပေါ်ရှိ အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် အနန်းကွင်းဒေသတဝိုက်မှ ဒေသခံ အများအပြား အကူအညီများ လိုအပ်နေ

⭕ လူမှုစီးပွား
************
♦တရုတ်နဲ့ စစ်ကောင်စီပေါင်း၍ ရှမ်းမြောက် မူဆယ် နမ်ခမ်း ကွတ်ခိုင်ကို ရိက္ခာနဲ့ စက်သုံးဆီ ဖြတ်တောက်
♦လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပါအဝင် အိမ်သုံးပစ္စည်းများကို မြန်မာဘက်သို့ တင်သွင်းမှုကို တရုတ်က အောက်တိုဘာလ တတိယပတ်မှစ၍ ပိတ်ပင်လိုက်
♦အခွန်မူဝါဒ တင်းကျပ်သဖြင့် ကုန်သည်များ အခွန်ဆောင်မရဘဲ တရားမဝင်ကုန်သွယ်နေရ

🔲 အထွေထွေ
*************
♦အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၄ ခုနှစ် ညီလာခံတွင် မြန်မာ့နွေဦးတော်လှန်ရေး ကျန်း မာရေးသူရဲကောင်းများနှင့် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကို The Edward Barsky Award ဆု ချီးမြှင့်ခဲ့

♦ နွေဦးတော်လှန်ရေးတွင် အတည်ပြုပြီး ကျဆုံးခဲ့ရသူ ၅၉၀၉ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၇၆၁၂ ဦး ရှိဟု ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹ယူကရိန်း အထပ်မြင့်တိုက်ခန်းကို ရုရှားဗုံးထိမှန်ပြီး ကလေး ၁ ဦးသေဆုံး၊ ၂၉ ဦး ဒဏ်ရာရ
🔹ယူကရိန်းအစိုးရဟာ သူ့စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ နောက်ထပ်လူ ၁၆၀,၀၀၀ ကို စပြီး ဆင့်ခေါ်တော့မယ်လို့ ယူကရိန်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက လွှတ်တော်ကို ပြော
🔹အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ဟု လက်ဘနွန်ဝန်ကြီးချုပ် ပြော

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
NTI Media

09/10/2024

Page ကိုပြန်အသက်ဝင်အောင် Review ရေးပေးကြပါဦး

မြင်းခြံမြို့နယ်မှာ စစ်အုပ်စုကလေကြောင်းဖြင့် ဗုံးကြဲလို့ပြည်သူများထိခိုက်ပြီး ခိုင်းနွားများသေဆုံးအောက်တိုဘာ ၊ ၈ ရက်၊ ၂၀...
08/10/2024

မြင်းခြံမြို့နယ်မှာ စစ်အုပ်စုကလေကြောင်းဖြင့် ဗုံးကြဲလို့ပြည်သူများထိခိုက်ပြီး ခိုင်းနွားများသေဆုံး

အောက်တိုဘာ ၊ ၈ ရက်၊ ၂၀၂၄ ခုနှစ်
NTI Media

ယမန်နေ့ အောက်တိုဘာ ၇ရက်နေ့ မွန်းလွဲ၂နာရီ၄၅မိနစ် ကျော်က မြင်းခြံမြို့နယ် မီးပေါက်ရွာကို မိတ္ထီလာ မှတက်လာသောဂျက်ဖိုက်တာ တံတားဦးမှတက်လာသော MI35 ဖြင့် အကြောင်းမဲ့ သပ်သပ် ပစ်ခတ်သွားရာ ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိ ကလေး၂ဦးမှာ အစမှန်မစိုးရိမ်ရ အသက် ၂၀ ကျော်မိန်းကလေးတစ်ဦး အသက်၅၀ ကျော် အမျိုးသား တစ်ဦး ၂ဦးလုံးမှာလည်း မစိုးရိမ်ရ ပေါင်းပြည်သူ၄ဦးထိ၍ ခိုင်းနွား၂ကောင်သေဆုံး ၂ကောင် ဒဏ်ရများရတယ်လို့ ဒေသခံများမှသ်ရသည်။

#

08/07/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၈-၇-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm ......................................

🛑 မြင်းခြံခရိုင်
**************
♦စကစအုပ်ကြီးတွေ စစ်မှုထမ်းစာရင်းပါသူများထံအသိပေး။
♦မြောက်ကျွန်းရွာတပ်စွဲနေတဲ့စခ ချစ်ကောင်း သူ့စရိတ်နဲ့သူ ဂန့်။

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်၏ ၅ မိုင်စခန်းတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချ
♦ကရင်နီပြည်၊လွိုင်ကော်မြို့တွင် တကျော့ပြန်ဖြစ်ပွားနေသည့်တိုက်ပွဲ ရက်သတ္တပတ်ခန့်ကြာလာပြီး ယနေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေ
♦မနေ့ညဦးက ရှမ်းမြောက်၊ လားရှိုးမြို့၏ ခံတပ်စခန်းကြီးဖြစ်သော ခမရ ၅၀၇ တပ်ရင်းဌာနချုပ်စခန်းကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ရရှိ၊ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် မြောက်ပိုင်းမဟာ မိတ် တပ်များ တဖြည်းဖြည်းနီးကပ်လာ
♦ရခိုင်ပြည်အတွင်း အာဏာသိမ်း စစ်ကောင်စီမှာ ကျန်ရှိနေသေးသော အမ်း နပခ ဌာနချုပ်၊ စကခ ၅ တောင်ကုတ်ဌာနချုပ်၊ စစ်တွေ ဒကစ ဌာနချုပ်နှင့် ကျောက်ဖြူမြို့က ဓညဝတီရေတပ်ဌာနချုပ်တို့ကို AA က ဝိုင်းရံပိတ်ဆို့ထား
♦ရှမ်းမန်းစစ်ဆင်ရေးနယ်မြေအတွင်း စစ်ကောင်စီ၏ သံချပ်ကာ ၁ စီးကို RPG ဖြင့် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး စစ် သုံ့ပန်းများကိုလည်း လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ
♦ယနေ့ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်ရှိ သံတောင်မြို့မှ တောင်ငူမြို့ကို ဆင်းလာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်၊စခ ၂၀ ဦးထက်မနည်း သေ
♦မနေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် စုပေါင်းရုံးတို့ကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီကျော်ကြာ မြို့ကိုထိန်းချုပ်ခဲ့ကာ စစ်တပလက်အောက်ခံ ပြည်သူ့စစ် ၂ ဦးအရှင်ဖမ်းဆီးခဲ့
♦မနေ့ညနေက မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကပစ ၂၄ နှင့် ပျဉ်းမရွာ လျှပ်စစ်အထိုင် ထရမ်စဖော်မာကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထရမ်စဖော်မာထိခိုက်ပျက်စီးခဲ့
♦မနေ့က ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီကားများကို လုံခြုံရေး ယူပေးနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့
♦မနေ့က တနင်္သာရီတိုင်း၊ သရက်ချောင်းမှ ထားဝယ်ကို မောင်းနှင်လာသော ပျူစောထီးများ လိုက်ပါလာသည့်ကားကို ပစ်ခတ် တိုက်ခိုက်ခဲ့
♦မနေ့မနက်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်းနှင့် ရွှေတောင်ရိပ်သာတွင် ကျင်းပနေသည့် စစ်သား မင်္ဂလာဆောင်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့
♦ ၄ ရက်နေ့က မန္တလေတိုင်း၊ မတ္တရာမြို့နယ်၊ မြောက်တံငါရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စခများကို ပေပါမိုင်းဖြင့် ဖောက်ခွဲ၊စခ ၂၅ ဦးသေ

🤡 ဖွတ်ကောင်စီ
**************
😎တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အာဏာလု အကြမ်းဖက် ဒု စစ်ခေါင်းဆောင်က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ထည့်သွင်းပြောကြားသွား
😎ဝန်ကြီးဌာန နှင့် ဦးစီးဌာနများ၏ လျှို့ဝှက်အမိန့် နှင့်ညွှန်ကြားချက်များ Viber Group မှတစ်ဆင့် ပေါက်ကြားခဲ့သဖြင့် Viber အသုံးပြု သတင်းပေးပို့ခြင်းများ လုံး၀မပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီး ရာပြည့် အမိန့်ထုတ်တားဆီး

😎သေဆုံးစစ်သည်များ၏ လစာထုတ်စားနေသည့် စစ်ကောင်စီတပ် အရာရှိအချို့ကို ဝေစုခွဲမပေးသဖြင့် အထက်အရာရှိများက ဖမ်းဆီး

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကွန်းတောင်း၊ အုပ်စုဝက်ရှု ကျေးရွာနေ ကိုငမ်ဆေး ကို မင်းသာ ပျူစောထီးအဖွဲ့က ဇူလိုင်လ ၆ ရက် နေ့တွင် အကြောင်းမဲ့ သတ်ဖြတ်ခဲ့

🔳 ဖမ်းဆီးအကြမ်းဖက်
*******************
◾ကြံခင်းဒေသခံ ၅ ဦးကို PDF နှင့် ပတ်သက်သည်ဆိုပြီး စစ်ကောင်စီက စွပ်စွဲဖမ်းဆီး
◾ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့ရှိ NLD ပါတီဝင်ရဲ့နေအိမ်ကို ဇူလိုင် ၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေက ချိပ်ပိတ်

💀 သာရေး
***********
♦ ဇူလိုင် ၇ ရက်နေ့ ထုတ်ပြန်ချက်များအရ အနည်းဆုံး စစ်ခွေးဝဲစား ၇၆၀ ဦးသေ
♦ ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မြို့မဈေးမှာ စျေးဝယ်နေတဲ့ ရဲဒုတပ်ကြပ်တဦးကို ရှင်းလင်းခဲ့ပြီး ၎င်းကိုင်ဆောင်တဲ့ သေနတ်နဲ့ ကျည်တချို့ကို သိမ်းဆည်းရရှိခဲ့
♦ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်တပ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်ချုပ်ရေးမှူး သေ

Ⓜအလင်းဝင်
************
♦ရခိုင်၊ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်စခန်းမှ ရဲတပ်သား ၂ ဦး စစ်ကိုင်း တိုင်းအတွင်းရှိ Generation Z Army တပ်ဖွဲ့ထံအဆက်သွယ်ပြီး သေနတ် ၂ လက်နှင့်အတူ အလင်း ဝင်ရောက်ခဲ့

🌐 နိုင်ငံတကာ
*************
♦မြန်မာပြည်သူတွေဟာ လုံခြုံရေးကောင်စီနဲ့ ကမ္ဘာ့အစိုးရတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ထိုက်တန်သူတွေလို့ ကုလ ကျွမ်းကျင်သူ ပြော

🔊 စစ်ဘေးရှောင်
***************
♦လားရှိုးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က လက်နက်ကြီးများဖြင့် ဆက် တိုက်ပစ်ခတ်နေ၍ ပြည်သူများ စစ်ဘေးရှောင်ရန် ကြိုးပမ်းနေသဖြင့် စစ်ဘေးရှောင်ကားရာပေါင်းများစွာ ပိတ်မိနေ
♦ရှမ်းမြောက် မိုးမိတ်မြို့မှာ တိုက်ပွဲကြား စားသောက်ကုန်ရဲ့ဈေးနှုန်း အဆမတန် မြှင့်တက်လာတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံနေရပြီး စစ်ဘေးရှောင် ၁ ထောင်နီးပါးကလည်း အကူအညီ လိုအပ်နေ
♦ဂန့်ဂေါစစ်ရှောင်များ ရာသီတုပ်ကွေး ဖြစ်ပွားနေ
♦ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ စစ်ဘေးရှောင် ၂၀၀၀ နီးပါးဟာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူညီတွေ အရေးပေါ် လိုအပ်နေ

⭕ လူမှုစီးပွား
************
♦ယနေ့ မတ်ပဲ နဲ့ပဲစင်းငုံနီ သောကြာနေ့နဲ့ ယှဉ်ရင် ဈေးအနည်းငယ်ပြန်တက်။ကုလားပဲဈေး ဆက်တိုက်ကျ ။ဘိုကိတ်ဈေးတွေ တက်။ ပြောင်း ရန်ကုန်ဈေးကွက်မှာ ပြန်တက်ပေမယ့်နယ်ဈေးကွက်မှာ ငြိမ်။ကြက်သွန်နီ ဈေးငြိမ်။ အာလူးဈေးတွေ ဆက်တိုက် တက်နေ။
♦ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် ငွေသွင်းထုတ်ရလွယ်ကူစေရန် ရည်ရွယ်ဖွင့်လှစ်စေခဲ့သော Special Account ဘဏ်စာရင်းများကိုပင် တစ်ရက် ၁၀ သိန်းသာ ထုတ်ပေး
♦မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် တိုက်ပွဲသတင်းများနှင့် စစ်ကောင်စီ၏ ငွေညှစ်မှုများကြောင့် တရုတ်ကုန်သည်များ ပြည်မ(တရုတ်ပြည်)သို့ ပြန်လည်ထွက်ခွာနေ၍ အရောင်းအဝယ် အေးစက်သွား

🔲 အထွေထွေ
*************
♦မန္တလေးမြို့တွင်း တိုက်ပွဲဖြစ်ပါက ရုံးတွင်းစာရွက်စာတမ်းများ မီးရှို့ပြီးမှ ပုန်းရှောင်ရန် ညွှန်ကြား
♦ယနေ့ မန္တလေးတိုင်း ၊ မန္တလေး - မတ္တရာလမ်းပေါ်တွင် စစ်ကောင်စီတပ်က ခရီးသွားယာဉ်များနှင့် ပြည်သူအချို့ကို ဖမ်းဆီးထား
♦ဟာသ(ငပေါ )ထူးချွန်ဆုရ မြင့်မြတ်နဲ့ခင်လှိုင်ကို မနေ့က စစ်ကောင်စီဒုဝန်ကြီး ဇော်မင်းထွန်း ဆုပေး
♦လုပ်ခလစာ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့စေရေး စစ်ကောင်စီက အေဂျင်စီများကို ပြည်ပသို့ သွားရောက်စည်းရုံးခိုင်း
♦ရန်ကုန်တွင် ၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၁၀၇ ဦး ဆေးရုံတက် ကုသမှု ခံယူရ
♦စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာပြီး မြို့ထဲသို့ ရေများဝင်လာ
♦မော်လမြိုင်ကျွန်းတွင် စစ်မှုထမ်းများကိုထောက်ပံ့ရန်ဆိုပြီး တအိမ် ကျပ် ၂၅,၀၀၀ အထိ ကောက်ခံ
♦ဘီးလင်းတွင် ဒံပေါက်ထမင်းစားမိပြီး လူ ၆၀ ခန့် အစာအဆိပ်သင့်
♦ဂျပန်နိုင်ငံ၊ ဂူးမားမြို့ပွဲကရတဲ့ သိန်း ၁၃၀၀ ကျော်ကို KNDF ကို လှူသွားမယ်ဆိုတဲ့ မင်းမော်ကွန်း
♦နေပြည်တော်စစ်ကြောရေး၌လုပ်သည့် ရွေးကောက်ပွဲသင်တန်း လူကိုယ်တိုင်တက်သူ နည်းပါး
♦မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ် မလိခမြစ်ချောင်းတစ်ကြောရှိ ကျေးရွာတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် လူနေအိမ် ၂၀၀ ကျော်ထက်မနည်းပျက်စီးဆုံးရှုံး၊ ကူညီထောက်ပံ့မှုတွေ လိုအပ်နေ
♦ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ
♦ပူတာအိုမြို့နယ်ထဲကို စက်သုံးဆီကားအများအပြားဝင်ရောက်ထားပေမယ့် ဆီပန့်အရောင်းဆိုင်ကြီးတွေဟာ စက်သုံးဆီတွေကို ဆီပန့်ဆိုင်မှာမရောင်းချပေးပဲ အပြင် လက်ကားစျေးနဲ့သာထုတ်ရောင်းနေ၍ ဆီစျေးဆက်လက်မြင့်တက်နေ
♦မိုးကုတ်မြို့တွင် ဓာတ်ဆီတစ်ဂါလံ ကျပ် ခြောက်သောင်းအထိ မြင့်တက်နေပြီး စားသုံးဆီလည်း ပြတ်လပ်နေ
♦သထုံ ရွှေသံလွင်တိုးဂိတ်တွင် လက်နက်ခဲယမ်းများ ဖမ်းမိ
♦ရွေးကောက်ပွဲအတွက် အရှိန်မြှင့်ပြင်ဆင်ရမယ်လို့ စစ်ကောင်စီ UEC ဥက္ကဋ္ဌပြော
♦နိုင်ငံကူးလက်မှတ် အလည်အပတ်(PV) ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်မှုများကို မဖြစ်မနေ တားဆီးမည်ဟု စစ်ကောင်စီပြော

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၅၃၆၆ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၇၀၀၈ ဦး ရှိဟု ယနေ့ ဇူလိုင် ၈ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹သမ္မတ ဘိုင်ဒင်နေရာတွင် ကမ်မလာဟဲရစ်ဖြင့် အစားထိုးရန် ဒီမိုကရက်များ သုံးသပ်
🔹ဂါဇာစာသင်ကျောင်းကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ ဦးထက် မနည်းသေဆုံး
🔹လက်ဘနွန်နိုင်ငံထဲကနေ အစ္စရေးနိုင်ငံဆီ မနေ့က ဒုံးကျည်တွေနဲ့ ဒလစပ် ပစ်ခတ်ခဲ့လို့ အစ္စရေးနိုင်ငံ မြောက်ပိုင်းနယ်စပ်က ရပ်ရွာတွေမှာ မီးတွေလောင်ခဲ့ပြီး လူတဦး ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့
🔹တောင်ကိုရီးယားနိုင်ငံ၊ ဟွာဆောင်မြို့မှာ ဆမ်ဆောင်းအီလက်ထရောနစ်လုပ်ငန်းက လုပ်သားတွေ ဒီနေ့ မိုးရေကိုအံတုရင်း လုပ်ခလစာပိုပေးဖို့ ၃ ရက်ကြာ တောင်းဆို ဆန္ဒပြနေ

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

06/07/2024

မနေ့ည ဇူလိုင်၊၅ရက်နေ့ည ၁၀နါရီ၃၀မိနစ်ခန့်က နွားထိုးကြီးမြို့ အမှတ်(၁) ရပ်ကွက်နေ အဖ ဦးမြတ်နိုင်+အမိဒေါ်အေးအေးမြတ် သမီးဖြစ်သူ မ စန်းစန်းမြင့် ကိုစခ များဖမ်းစီးသွားကြောင်းသိရသည်။

နွားထိုးကြီး ၊ဇူလိုင်၊၆ရက်

NTI Media

05/07/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၅-၇-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm ......................................

🛑 မြင်းခြံခရိုင်
**************
♦ယနေ့ တရွင်းဘို့၊ ကျောက်ဖြူကန် တကျော စခတွေ ဝင်မွှေ၍ ဒေသခံများထံက ပစ္စည်းများလုယက်၊ ထိတွေ့မှုရှိ
♦ဇူယမန်နေ့ မနက်က လေးရွာဆုံကျေးရွာမှ စခ ပခများမှ လက်ဝဲ+မြင်းနီကျေးရွာသို့ လက်နက်ကြီး၂လုံးဖြင့်ပစ်ခတ်၊ တစ်လုံးမှာလူနေအိမ်ဝိုင်းအတွင်းကျပေါက်ကွဲ တစ်လုံးမှာ ရွာအနောက်ဖက်ခြံအနီးကျပေါက်ကွဲဟုသိရ

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦KNLA တပ်မဟာ ၅ နယ်မြေတွင် ဇွန်လတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၀ ဦး သေ၊ ၁၉ ဦးဒဏ်ရာရ၊ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့ရ
♦ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ်မြောက်ပိုင်း KNU တပ်မဟာ ၇ နယ်မြေမှာ ဒီမနက်ပိုင်းက စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ ပြင်းထန်နေ
♦သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့အခြေစိုက်တပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တို့နှစ်ခုလုံးကို AAက အပြီးတိုင်သိမ်းပိုက်လိုက်ပြီလို့ သိရ
♦ရှမ်းမြောက်၊ လားရှိုးမြို့နယ်ရှိ ခလရ ၆၈ တပ်စခန်းနှင့် ခမရ ၅၀၇ တပ်ရင်းတို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက စုပေါင်းတိုက်ခိုက်နေပြီး စစ်မျက်နှာ ၅ ခုကို တစ်ပြိုင်နက်တည်း တိုက်နေ
♦ရှမ်းမြောက်၊ လားရှိုးမြို့နယ် အနီးရှိ ကာကင်းစခန်းတချို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး စစ်တပ်ဘက်မှ အသေများရှိ၊ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထား
♦ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ရွှေသာယာတပ်စခန်းကို ၃ ရက်နေ့က TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် သီပေါ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်
♦မနေ့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာရှိ ပျူ ခေါင်းဆောင် နေအိမ်ကို ဝင်ရောက် တိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့
♦မနေ့မွန်းလွဲက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ ဘုတလင်မြို့မရဲစခန်း၊ လမ်းမပေါ် စစ်ဆေးရေးဂိတ်နှင့် ဘော လုံးကွင်းထဲရှိ စစ်သား၊ ရဲများကို ဒရုန်းဖြင့် ဗုံးကျဲ
♦မနေ့က မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကွပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ
♦မနေ့နေ့လည်က တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ရမ်းဖိုရွာအနီး၌ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက မိုင်းဆွဲ
♦မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ၃ ရက်နေ့က PDF တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် စစ်သား အလောင်းနှင့် သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး မနေ့က ဝက်ပုတ်ရွာမှ ပျူများကို ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေ

♦မနေ့က ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ၆၀၆ တပ်ရင်းကို တိုက်ခိုက်စဉ် အဆိပ်ငွေ့ဗုံး ၃ လုံးကို စစ်တပ်က အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှု ခံယူရ

⭐ချင်းပြည်နယ်၊ မတူပီမြို့သိမ်း တိုက်ပွဲမှာ ဒုတပ်စိတ်မှူးအပါဝင် မရာလဲန်းကာကွယ်ရေးတပ် ရဲဘော် ၃ ဦး ကျဆုံးခဲ့ရ

🤡 ဖွတ်ကောင်စီ
**************
😎တာဝန်ပြီးဆုံးလို့ မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာတော့မယ့် တရုတ်သံအမတ်ကြီး ချန်ဟိုင်းက နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စတွေကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်
😎ရှမ်းပြည်မြောက်ပိုင်းရှိ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင် ၄၈ ခုထံသို့ စက်သုံးဆီများ ရောင်းချသယ်ယူခွင့် စစ်ကောင်စီက ပိတ်ပင်
😎နောင်ချို၊ ကျောက်ကြမ်းရွာ တိုက်ပွဲတွင် သေဆုံးခဲ့သော ဒုဗိုလ်မှူးကြီး သန့်ဇော်ခိုင် အပါအဝင် စစ်သည် ၁၂ ဦးကို ပျောက်ဆုံး စာရင်းသွင်းလိုက်ပြီး အသက် အာမခံနှင့် လျှော်ကြေးများ ကျန်ရစ်သူမိသားစုများ မရ

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾မနေ့ညဦးက စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံးသွား
◾စစ်တပ်ဖမ်းသွားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးက ဒေသခံလေးဦး အလောင်းသာပြန်တွေ့
◾မိုးကုတ်မြို့ အနောက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က KBZ နှင့် CB ဘဏ် များကို ဖောက်ထွင်းပြီး ငွေသားနှင့် ကျောက်မျက်ရတနာ စုစုပေါင်း တန်ဖိုး သိန်း ၂ သောင်းကျော်ကို လုယူသွား
◾ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၈)ထဲကို မနေ့က ရှော့တိုက်ဒုံးတစ်လုံး ထပ်ကျခဲ့ပြီး လူ(၃)ဦး ထိခိုက်ခဲ့
◾မနေ့ညက ရှမ်းမြောက် သီပေါမြို့နယ် ပန်းတိမ်တောင်ရပ်ကွက်ထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့

🔳 ဖမ်းဆီးအကြမ်းဖက်
*******************
◾ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ PDF တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး ၅ ရက်အတွင်း ဒေသခံ ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထား

💀 သာရေး
***********
♦ ဇူလိုင် ၄ ရက်နေ့ ထုတ်ပြန်ချက်များအရ အနည်းဆုံး စစ်ခွေးဝဲစား ၉၅ ဦးသေ
♦ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီခန့် သိမ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေ
♦မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဩဇာတောကျေးရွာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေ

📜 ပြောဆို
***********
♦အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကောင်စီတပ်သားများ အသက်ရှင်သန်ခွင့်ရလိုပါက လာရောက်လက်နက် အပ်နှံရန် KNLA ထုတ်ပြန်
♦မွန်ပြည်နယ်၊ ဂျိုင်းမြစ်ဝှမ်းဒေသက ဒေသခံအမျိုးသမီးတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်

🌐နိုင်ငံတကာ
************
♦မြန်မာ့အရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ပါ ထိတွေဆက်ဆံဖို့ အာဆီယံကို ကုလသမဂ္ဂအရာရှိတွေ၊ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်တိုက်တွန်း
♦မြန်မာပဋိပက္ခက အိမ်နီးချင်းတွေအပေါ် သက်ရောက်မှုတွေရှိတယ်လို့ အိန္ဒိယ ဆို

🔊 စစ်ဘေးရှောင်
***************
♦ရခိုင်မှ စစ်ရှောင်ပြည်သူများ မိုးတွင်းကာလ စားသောက်နေထိုင်ရေးများ ပိုမိုကျပ်တည်းနေ
♦လားရှိုးဒေသခံများသည် ယာဥ်များတွင် အလံဖြူထောင်ကာ မြို့ကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြပြီး ယနေ့ စွန့်ခွာသူ ပိုများ
♦ပင်လောင်းစစ်ရှောင် ၈၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်

⭕ လူမှုစီးပွား
***********
♦ယနေ့ ဇူလိုင် ၅ ရက်နေ့ အာလူး ဆက်တိုက်ဈေးမြင့်တက်။ မတ်ပဲ၊ ပဲစင်းငုံ ဈေး ဆက် ကျ။ဘိုကိတ်ဈေးတက်။အခြားပဲတွေ ဈေးငြိမ်။ကြက်သွန်နီလည်း ငြိမ် ။
♦မီးဖိုချောင်သုံးဂတ်စ်(LPG)အရည်ပြတ်လပ်မှုကြောင့်တစ်နိုင်တပိုင်အရောင်းဆိုင်အများစုဆိုင်ပိတ်ထားရ
♦ဒေါ်လာဈေး ၄၆၀၀ ကျပ်ကျော်သို့မြင့်တက်နေပြီး အခေါက်ရွှေ တစ်ကျပ် ၅၅ သိန်းကျော်ရှိနေ
♦ဈေးကွက်အတွင်း ဆန်များကို သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးနေသော်လည်း ဆန်အမျိုးအစားများ ရောနှောရောင်းချခြင်းမျိုးရှိနေ

💟 ပြည်သူမှပြည်သူသို့
******************
❤ဆားလင်းကြီးတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က NUG လက်အောက်ရှိ စာသင်ကျောင်းများကို သင်ထောက်ကူပစ္စည်းများလှူဒါန်း
❤စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငရယ်ရွာရှိ စစ်ဘေးရှောင်ပြည်သူများအနက် ကျန်းမာရေးမ‌ ကောင်းသူ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ စသည့် လူဦးရေ ၈၀ ကျော်ကို ဆေးဝါးကုသမှု ပေးခဲ့

🔲 အထွေထွေ
*************
♦ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ ဇူလိုင် ၂ ရက်ကစပြီး ဧရာ၀တီမြစ်ရေ စိုးရိမ်ရေမှတ် အထက်ကျော်လွန်ကာ မြစ်ရေလျှံခဲ့တာကြောင့် ဒေသခံ ၂၃၀၀၀ နီးပါးကို ဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်းထားရ
♦ခြံအမှတ် (၅၄) ကို လေလံဆွဲဝယ်ယူနိုင်ကြောင်း သတင်းစာတွင် ကြော်ငြာ
♦စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက လမ်းပိုင်း ၃ ခုမှာ စခတွေကဂိတ်ချပြီး ကားသွားလာခွင့် ပိတ်ထားတာကြောင့် အခက်ကြုံနေရ
♦ရခိုင်တွင် ဘဏ်စနစ်ရပ်တန့်ပြီး ငွေသားပြတ်လပ်မှု မြင့်တက်လာ
♦မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါမြို့နယ်မှာ အခုပညာသင်နှစ်အတွင်း ပြည်သူ့အခြေပြုကျောင်းပေါင်း ၉၀ ကျော်ဖွင့်လှစ်ထားပြီး ကျောင်းသားကျောင်းသူ ၁၇၀၀၀ကျော် တက်ရောက်ပညာသင်ကြားနေကြရ
♦ကရင်ပြည်နယ်၊ ဘားအံ-မြဝတီလမ်းကြောင်းတလျှောက် စစ်ကောင်စီ လက်အောက်ခံ တပ်ဂိတ်၊ ရဲဂိတ်၊ BGF ဂိတ်တွေများလာတဲ့အပြင် တရားဝင်အခွန်လိုင်စင်နဲ့ ကုန်စည်တင်ဆောင်နေတဲ့ ကုန်တင်ယာဉ်တွေဟာ တရားမဝင်ကုန်စည်တင်ယာဉ်တွေ နည်းတူ ဂိတ်ကြေး ပေးဆောင်နေရ
♦နေပြည်တော် VIP စားသောက်ဆိုင်တွင် သီချင်းသီဆိုခြင်းအပြင် BC ( boycott)ကို နားမလည်ကြောင်း လှောင်ပြောင်ခဲ့သည့် အဆိုတော် ခွေးဖြူအပေါ် boycott လုပ်ကြရန် လူမှုကွန်ရက် စာမျက်နှာ၌ ကျယ်ပြန့်သော လှုံ့ဆော်မှုများ ပြုလုပ်နေကြ
♦မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အရှေ့မြို့ပတ်လမ်း၊ ၂၆လမ်းထောင့်ရှိ ငွေလွှဲ၊ ငွေထုတ် ဆိုင် ဓါးပြတိုက်ခံခဲ့ရ
♦ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီရတ်ချာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ မြန်မာ MoU အလုပ်သမား အယောက် ၁၃၀ လုပ်ခလစာ မရရှိသေးတာကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေ

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၅၃၅၈ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၆၉၉၄ ဦး ရှိဟု ယနေ့ ဇူလိုင် ၅ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹တရုတ်သမ္မတက ဆိုဗီယက်ပြည်ထောင်စုဟောင်းက နိုင်ငံ့အကြီးအကဲများနှင့် တွေ့ဆုံ
🔹ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး ကြေညာမည်မဟုတ်ဟု သမ္မတ ပူတင် ပြော
🔹အိန္ဒိယဝန်ကြီးချုပ် မိုဒီ ရုရှားသို့ သွားရောက်မည်
🔹ဗြိတိန်ရွေးကောက်ပွဲ မဲအခြေအနေအရ ကွန်ဆာဗေးတစ်ပါတီက အဆိုးရွားဆုံးအရှုံးနဲ့ ရင်ဆိုင်နေရပြီး အတိုက်အခံလေဘာပါတီ ခေါင်းဆောင် ကီယာစတာမာ ဟာ ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

Address

Natogyi
066

Alerts

Be the first to know and let us send you an email when NTI Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share