Myanmar Teenager Magazine

Myanmar Teenager Magazine အနုပညာ သတင်း နဲ့ နေ့စဉ်သတင်းတွေကို တ

😒 အရေးကြီးလို့ Cb Box က ဖုန်းနံပါတ်လေး ပြန်ကြည့်ချင်တာ VPN က ချိတ်မရ အဝိုင်းလည်နေလို့ စိတ်ညစ်နေရတာမျိုး ရှိလား။  😰 သတင်း...
02/08/2024

😒 အရေးကြီးလို့ Cb Box က ဖုန်းနံပါတ်လေး ပြန်ကြည့်ချင်တာ VPN က ချိတ်မရ အဝိုင်းလည်နေလို့ စိတ်ညစ်နေရတာမျိုး ရှိလား။

😰 သတင်းထူးတွေ ဖတ်ချင်ကြည့်ချင်ပါတယ်ဆိုမှ တစ်ရက်လောက်ကြာမှ ကိုယ့် NewFeed မှာ လာပေါ်တာမျိုး ဖြစ်နေလား။

😩 Express VPN ကောင်းတယ်ဆိုလို့ ဝယ်သုံးကာမှ ဟိုဆာဗာ ချိတ်မရ ဟို SIM နဲ့ဆို မရ ..

မရတာတွေ များလို့ စိတ်ညစ်နေတယ် မဟုတ်လား။

👋 ဒီမှာဈေးသက်သက်သာသာ နဲ့ VPN တစ်ခုရှိနေမှတော့ ဘာလို့ စိတ်ညစ်ခံနေမှာလဲ။ တစ်ရက်မှ မြန်မာငွေ ၁၅၀ ကျပ် မပြည့်တာလေးနဲ့တော့ ကမ္ဘာကြီးနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့ ။

🕓 ၅ စက္ကန့်မကြာတဲ့ ချိတ်ဆက်မှု

🚀 Unlimited Bandwidth

🛫 SIM cards မရွေး ၊ Wifi မရွေး ချိတ်လို့ရ

💸 ဝယ်ပြီးနောက်ပိုင်း အာမခံ ပေးတယ်

💴 လုံးဝ အဆင်မပြေဘူးဆိုရင် ငွေပါပြန်အမ်းပေးတယ်။

🚫ဒီလို အာမခံ ပေးထားတဲ့ VPN မရွေးချယ် မိရင်တော့ Fb က ဇာတ်ကားကြည့်လည်း အဝိုင်းလည် ၊

🟨NewFeed တွေလည်း မတက် ၊ လက်မကအရေပြား ပါးနေအောင် ပွတ်နေရမယ်ဆိုတာ မမေ့ပါနဲ့နော်။ 😮‍💨

Contact _ Viber- 09444550106
Page Chat Box

ဒါကို ဦးစားမပေးနိုင်ရင် အိမ်ထောင်မပြုပါနဲ့လင်မယားရယ်လို့ဖြစ်လာရင် at the end of the day  ကိုယ့်အနားမှာကျန်ခဲ့မှာ ကိုယ့်လ...
07/05/2024

ဒါကို ဦးစားမပေးနိုင်ရင် အိမ်ထောင်မပြုပါနဲ့

လင်မယားရယ်လို့ဖြစ်လာရင်
at the end of the day
ကိုယ့်အနားမှာကျန်ခဲ့မှာ
ကိုယ့်လင်၊ကိုယ့်မယားပဲ။

အပေါင်းအသင်းတွေဆိုတာလည်း
ဘယ်လောက်ချစ်ချစ် သူတို့ဘဝနဲ့ သူတို့။

ဘယ်သူတွေဘယ်လောက်ကောင်းကောင်း
ဘဝနေဝင်ချိန် ကိုယ့်အနားကျန်ခဲ့မယ့်လူက
ကိုယ့်အိမ်ထောင်ဖက်ပဲ

တချို့က သန်တုန်း၊မြန်တုန်း၊ငယ်တုန်းမှာ အိမ်ထောင်ဖက်ထက်
အပေါင်းအသင်းကို ပိုအားသာတယ်။

ပိုဦးစားပေးတယ်။

အိမ်ထောင်ဖက်က မခံနိုင်လို့ လမ်းခွဲသွားတယ်။
အဲလိုလူတွေ နောက်ဆုံးကျ
အိုမင်းမစွမ်းဖြစ်တဲ့အချိန်ကျမှ
နောင်တရလိမ့်မယ်။

နေဝင်ချိန်မှာ ကိုယ့်လက်လေးကိုတွဲပြီး
လမ်းလျှောက်ပေးနိုင်မယ့်၊
အဘိုးကြီးမတည့်တာတွေစားပြန်ပြီလား"လို့ ဆူပေးမယ့်၊"အဘွားကြီး သွေးတိုးနေတာလား " လို့ နဖူးလေးလာစမ်းပေးမယ့် ကိုယ့် partner သည်သာ ကိုယ့်အဖော်အစစ်ဖြစ်တယ်။

အဲလိုမှ ဦးစားမပေးနိုင်ရင် အိမ်ထောင်မပြုနဲ့။

Marriage ဆိုတာ အပြန်အလှန် စောင့်ရှောက်ရမယ့် တစ်ဘဝစာ Ultimate bond တစ်ခုဖြစ်တယ်။

အိမ်ထောင်သည်တိုင်းအတွက် မဖြစ်မနေ လိုက်နာရမဲ့ ကျင့်ဝတ်ပဲ။ ဒါအမိန့်ပဲ။

#𝑠𝑎𝑖𝑝𝑜𝑛𝑒𝑙𝑜𝑎𝑛𝑤𝑛

အိမ်မှာ မီးမလာဟော်တယ်လဲအခန်းမရတော့KTV မှာပဲအဆင်ပြေသလိုနေရတယ်မတတ်နိုင်တော့ဘူး😂😂😂
05/05/2024

အိမ်မှာ မီးမလာ
ဟော်တယ်လဲအခန်းမရတော့KTV မှာပဲအဆင်ပြေသလိုနေရတယ်မတတ်နိုင်တော့ဘူး
😂😂😂

သံလိုက်က သံကိုပဲဆွဲတယ်။မီးဆိုတာ အမှိုက်ရှိရာပဲ လာတတ်တယ်။မီးက ရေနောက် မလိုက်ဘူး။သဘောချင်းတူရာနဲ့ မိမိအလိုလိုက်ရာကိုစိတ်က ...
05/05/2024

သံလိုက်က သံကိုပဲဆွဲတယ်။
မီးဆိုတာ အမှိုက်ရှိရာပဲ လာတတ်တယ်။
မီးက ရေနောက် မလိုက်ဘူး။

သဘောချင်းတူရာနဲ့ မိမိအလိုလိုက်ရာကို
စိတ်က လိုက်ပါနေတယ်။

စိတ်ကို မကောင်းတဲ့ဘက် မသွားစေချင်ရင်
ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ဓာတ်တွေ အရင် ဖျက်ပစ်ရမယ်။

ကိုယ့်ဆီမှာ မကောင်းတာတွေ ရှိနေရင်
သူများတွေဆီက မကောင်းတာတွေလာမယ်။

ကိုယ့်ဆီက မကောင်းတာတွေကလည်း
သူများရဲ့မကောင်းတွေနဲ့ပဲသွားပေါင်းလိမ့်မယ်။

ဓါတ်တူခြင်းသာ တွေ့လိမ့်မယ် ။

လောကကြီးမှာ သဘောတူရာချင်းသာ
ပေါင်းဖက် တွေ့ဆုံတတ်ကြပါတယ်။

ကိုယ့်မှာ "မာနကင်း"နေရင်
"ဂါရဝရှိသူ"နဲ့သာ ဆုံတွေ့ရတတ်ပါတယ်။

အရက်သမားက
အရက်သမားချင်းပေါင်းတယ်။

ဖဲသမားကလည်း
ဖဲသမားချင်းပေါင်းတယ်။

ကိုယ့်မှာ မာနရှိနေရင်
မာနသမားက လာပေါင်းမယ်။

တဏှာရှိနေရင်
တဏှာသမားက လာပေါင်းမယ်။

တရားသမားကလည်း
တရားသမားချင်းသာ ပေါင်းလိမ့်မယ်...

{ အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး }
Credit

နွေရာသီမှာ ​ရေချိုးဖို့ အိုင်ဒီယာ​​လေးတစ်ခု ။ 😆Photo credits to respective owner. 📸🖼
04/05/2024

နွေရာသီမှာ ​ရေချိုးဖို့ အိုင်ဒီယာ​​လေးတစ်ခု ။ 😆

Photo credits to respective owner. 📸🖼

ဘုရားကို အရင်လှည့်ကြည့်ပါအလုပ်တစ်ခု စလုပ်တော့မယ်ကြံရင်ကိုယ့်နောက်ဘုရားရှိသလား လှည့်ကြည့်လိုက်။တစ်စုံတစ်ရာ ပြောတော့မယ်ကြံ...
04/05/2024

ဘုရားကို အရင်လှည့်ကြည့်ပါ

အလုပ်တစ်ခု စလုပ်တော့မယ်ကြံရင်
ကိုယ့်နောက်ဘုရားရှိသလား လှည့်ကြည့်လိုက်။

တစ်စုံတစ်ရာ ပြောတော့မယ်ကြံ
ကိုယ့်နောက် ဘုရားရှိသလားလှည့်ကြည့်လိုက်အုန်းနော်။

အေး ဘုရားရှိနေတယ်ဆို
ရဲရဲတင်းတင်းလုပ်

ဘုရားရှိနေတယ်ဆို ရဲရဲတင်းတင်းသာပြော။

ဘုရားအဆုံးအမနဲ့ ညီမညီ အဲ့ဒါဘုရားလှည့်ကြည့်
ခိုင်းတာဗျာ။

ဝနဝါသီဉေယျ ဓမ္မသာမိထေရ်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

🙏🙏🙏 🙏🙏🙏 🙏🙏🙏

မိတ်ကပ်တွေကြာရှည်ခံအောင် ဘယ်လိုသိမ်းဆည်းမလဲ===============================မိတ်ကပ်ကို သိမ်းဆည်းတာက လူတော်တော်များများ သတိ...
03/05/2024

မိတ်ကပ်တွေကြာရှည်ခံအောင် ဘယ်လိုသိမ်းဆည်းမလဲ
===============================
မိတ်ကပ်ကို သိမ်းဆည်းတာက လူတော်တော်များများ သတိမပြုမိတဲ့ အရာတစ်ခု ဖြစ်ပေမယ့် ဒါဟာ မိတ်ကပ်ကောင်းတစ်ခုရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပါပဲ။ သင့်မိတ်ကပ်ကို မှန်ကန်စွာ သိမ်းဆည်းခြင်းသည် မိတ်ကပ်ရဲ့သက်တမ်းကို ကြာရှည်စေပြီး အရည်အသွေး ဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် သိမ်းဆည်းမှု ညံ့ဖျင်းသော မိတ်ကပ်များသည် အရေပြားပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်သိမ်းဆည်းခြင်းအတွက် အခြေခံစည်းမျဉ်းများကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
#မိတ်ကပ် သိမ်းဆည်းရန် သင့်တော်သော အပူချိန်
မိတ်ကပ်ကို တည်ငြိမ်သော အခန်းအပူချိန်တွင် 15 မှ 20 ဒီဂရီစင်တီဂရိတ်ကြားတွင် သိမ်းဆည်းထားသင့်ပါတယ်။ Heater လိုအပူပေးပိုက်များ၊ ရေတိုင်ကီများနှင့် နေရောင်ကျရောက်သည့် ပြတင်းပေါက်များကဲ့သို့သော အပူအရင်းအမြစ်များမှ မိတ်ကပ်များကို ဝေးဝေးတွင်ထားရန် အရေးကြီးပါတယ်။ အပူရှိန်သည် မိတ်ကပ်ပစ္စည်းများ၏ အသွင်အပြင်ကို ပြောင်းလဲစေပြီး ၎င်းတို့၏ အရည်အသွေးကို ထိခိုက်စေနိုင်သည်။ ထို့အပြင်၊ ၎င်းသည်ဖော်မြူလာကိုပျက်စီးစေပါတယ်။
ထို့အပြင်၊ အချို့သောမိတ်ကပ်ထုတ်ကုန်များတွင် သတ်မှတ်ထားသော အပူချိန်သတ်မှတ်ချက်များရှိသည်ကို အထူးသတိပြုရန် လိုအပ်ပါတယ်။ ဥပမာအားဖြင့်၊ အချို့သော အရည်ဖောင်ဒေးရှင်းများသည် အပူချိန်အနည်းငယ်နိမ့်သောနေရာတွင် သိမ်းဆည်းထားသောအခါတွင် ပိုကောင်းနိုင်သော်လည်း နှုတ်ခမ်းနီနှင့် mascara များသည် အပူချိန်အနည်းငယ်ပိုမြင့်သည့်အချိန်တွင် ပိုကောင်းတတ်တယ်။ ထို့ကြောင့်၊ တိကျသောထုတ်ကုန်များကိုသိမ်းဆည်းရန်အတွက် ထုတ်ကုန်တွင် ဖော်ပြထားသည့်အကြံပြုချက်များကို သတိပြုရန်လိုအပ်ပါတယ်။
#သန့်ရှင်းမှု၏ အရေးပါခြင်း
သင့်လျော်သော အပူချိန်အပြင် မိတ်ကပ် သိမ်းဆည်းရာတွင်လည်း သန့်ရှင်းမှုသည် အရေးကြီးပါတယ်။ သင့်မိတ်ကပ်ကွန်တိန်နာများကို သန့်ရှင်းနေစေရန်နှင့် ၎င်းတို့ကို အမြဲတမ်း တင်းကျပ်စွာ အလုံပိတ်ထားပါ။ ဒါက ထုတ်ကုန်ထဲကို အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ မဝင်နိုင်မည် ဖြစ်တယ်။
မိတ်ကပ်အမျိုးအစားအမျိုးမျိုးအတွက် အထူးအကြံပြုချက်များ
#မိတ်ကပ်အရည် သိမ်းဆည်းခြင်း။
ဖောင်ဒေးရှင်းများ၊ primers နှင့် liquid eyeliner ကဲ့သို့သော မိတ်ကပ်အရည်များ ယိုစိမ့်ခြင်းမှ ကာကွယ်ရန် သင့်လျော်စွာ အလုံပိတ် သိမ်းဆည်းထားသင့်ပါတယ်။ အဖုံးများကို တင်းတင်းကြပ်ကြပ်ထားပြီး အက်ကြောင်းများ ကိုပုံမှန်စစ်ဆေးပါ။ မိတ်ကပ်အရည်သည် အသားအရောင် သို့မဟုတ် အရောင်ပြောင်းပါက စွန့်ပစ်ပါ။
#အမှုန့်မိတ်ကပ် သိမ်းဆည်းခြင်း။
အမှုန့် ဖောင်ဒေးရှင်း၊ blushes နှင့် eyeshadows ကဲ့သို့သော အမှုန့်မိတ်ကပ် ထုတ်ကုန်များသည် အသွင်အပြင် ပြောင်းလဲမှုများကို ခံနိုင်ရည်နည်းပါတယ်။ သို့သော်လည်း ပြုတ်ကျလျှင် သို့မဟုတ် ပြင်းထန်သောခေါက်များနှင့် ထိတွေ့ပါက ကွဲနိုင်သည်။ အမှုန့်မိတ်ကပ်များကို ခိုင်ခံ့သော၊ တင်းတင်းကျပ်ကျပ် အလုံပိတ် ထားသည့် box များတွင် သိမ်းဆည်းပါ။

ဒီလို အလှပစ္စည်းထိမ်းသိမ်းနည်းလေးတွေကို ထပ်မံသိချင်ရင် Page လေးကို Like & Follow လုပ်ထားနိုင်ပါတယ်နော်။

USA brand စစ်စစ် တွေကိုလည်း Diamond မှာ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူနိုင်ပါတယ်နော်။

နယ်ဝေးကမှာယူသူများအတွက်လည်း Deli အပ်ပေးပါတယ်ရှင်။

🙏🙏ရိုသေမြတ်နိုး လက်စုံမိုး ရှိခိုးပါ၏ဘုရား🙏🙏မဟာဗောဓိမြိုင်ဆရာတော်ကြီးကျင့်ခဲ့တဲ့ စရဏတရားကြောင့် ဆရာတော်ကြီးရဲ့ရုပ်ကလာပ်တ...
03/05/2024

🙏🙏ရိုသေမြတ်နိုး လက်စုံမိုး ရှိခိုးပါ၏ဘုရား🙏🙏

မဟာဗောဓိမြိုင်ဆရာတော်ကြီးကျင့်ခဲ့တဲ့ စရဏတရားကြောင့် ဆရာတော်ကြီးရဲ့ရုပ်ကလာပ်တော်ဟာ ကျိန်းစက်နေသလိုပါပဲ။
အရောင်ပြောင်းခြင်း၊ အနံ့ထွက်ခြင်း မရှိပါဘူး တဲ့။

သာမာန်လူသာဆိုရင် ယခုလို ရာသီဥတုနဲ့သာဆို ၃ ရက်ဆို ပုပ်ပွပြီး အရည်တတောက်တောက်ကျလို့ အပုပ်နံတထောင်းထောင်း ထွက်နေမှာပါ။သိပ္ပံပညာနဲ့ တိုင်းတာလို့မရတဲ့ တရားအစွမ်း အံ့မခမ်းပါ။

Sanda Zawti..

အောက်တန်းစားစိတ်ဓာတ်==================သူတစ်ပါး၏ ကိုယ်ကျင့်သိက္ခာကိုအပုပ်ချလိုသည့် သဘောဖြင့်မမှန်စွပ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်...
02/05/2024

အောက်တန်းစားစိတ်ဓာတ်
==================
သူတစ်ပါး၏ ကိုယ်ကျင့်သိက္ခာကို
အပုပ်ချလိုသည့် သဘောဖြင့်
မမှန်စွပ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော
စိတ်ဓာတ်။

သူတစ်ပါး မကောင်းကြောင်းကို
အဆမတန် ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ
ထပ်တလဲလဲ ပြောဆိုတတ်သော
စိတ်ဓာတ်။

နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်ပြန်ပြီး
အကျိုးထူး ခံစားခွင့်
ရချင် လိုချင်သော စိတ်ဓာတ်။

ကိုယ့်ထက်သာသူကို
မနာလို ဝန်တိုမှုအပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်။

ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်။

တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းလေးမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာ ပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်။

ရှေ့လျှင်တစ်မျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲ ပြောကာ
ချွန်တုံးလုပ်တတ်
ကုန်းတိုက်တတ်သော စိတ်ဓာတ်။

မောက်မာရိုင်းစိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက်
ကင်းမဲ့နေတတ်သော စိတ်ဓာတ်။

အားနည်းသူအား ထုထောင်း၍
အားကြီးသူအား
ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ်
ဂွင်ရိုက်တတ်သော စိတ်ဓာတ်။

အခွင့်အရေးဆို
လိုတာထက်ပိုပြီး ယူတတ်သလောက်
အနစ်နာခံဖို့ကြ
တွန့်ဆုတ် တွေဝေတတ်သော စိတ်ဓာတ်။

ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ အကောင်းမမြင်
အကောင်းမထင်ဘဲ
ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်

#မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်

ဗုဒ္ဓဘာသာ သာသနာရဲ့အလွန်ကျေးဇူးကြီးမားလှပြီး ကြည်ညိုကိုးကွယ်စရာကောင်းတာ မဟာဗောဓီမြိုင်ဆရာတော်ကြီးတို့လိုမျိုး ဆရာတော်တွေပ...
01/05/2024

ဗုဒ္ဓဘာသာ သာသနာရဲ့အလွန်ကျေးဇူးကြီးမားလှပြီး ကြည်ညိုကိုးကွယ်စရာကောင်းတာ မဟာဗောဓီမြိုင်ဆရာတော်ကြီးတို့လိုမျိုး ဆရာတော်တွေပါ
သင်္ကန်းဝတ်ပြီး လောကီစည်းစိမ်ကိုလူတွေထက်ပိုခံစားနေတဲ့ အရေခြုံတွေများလာတော့ သီလ သမာဓီ ပညာ မေတ္တာတရာကြီးမားတဲ့ ဆရာတော်ကြီးတွေဆုံးရှုံးရတာ သာသနာအတွက်တော့ အားလျော့ပြီး ကြီးမားတဲ့ဆုံးရှုံးမှု့ကြီးဖြစ်ရပါတယ် ဘုရား
🌷 ဇိမ်ခံကားလည်းမစီး .
🌷 ဇိမ်ခံကျောင်းဆောင်နဲ့လည်းမနေ .
🌷 တရားလည်းဟောမစား .
🌷 စားကောင်းသောက်ဖွယ်ရာ
ဆွမ်းဟင်း​ပွဲမြောက်များစွာလည်း
မသုံးဆောင် .
🌷 တရားအစစ် ဓမ္မအစစ် ဆိုတာဘယ်လို .
🌷 သံဃာအစစ် ဆိုတာဘယ်လို
နေထိုင်ကျင့်ကြံရတယ်ဆိုတာ
လုပ်ပြသွားလေသည့် .
🌷 လက်ရှိဗုဒ္ဓသာသနာလောကကြီးအတွက်
အလွန်ကျေးဇူးကြီးမားလှသည့်အပြင် . . .

🌷 လူ့လောကမှာ ဘာကိုမျှမလိုခြင်
🌷 ဘယ်သူ့ကိုမျှလည်းငြိုငြင််စိတ် ပြကာမသွား
🌷 လိုအပ်သမျှလောက်နဲ့သာ
တင်းတိမ်နေထိုင်ပြသွား
🌷 ဒို့ဆရာတော်ဘုရားကား
ဒို့အတွက်စံပြပုဂ္ဂိုလ်ကြီးပါလေတကားll

Credit
Via -

ကန့်ဘလူဇီးကုန်းက အမျိုးတွေပို့လာတဲ့ ယနေ့ဆရာတော်ကြီး ပုံတော်တွေပါ။အများပူဇော်ရန်မျှဝေပါသည်ရှင် 🙏🙏🙏
01/05/2024

ကန့်ဘလူဇီးကုန်းက အမျိုးတွေပို့လာတဲ့ ယနေ့ဆရာတော်ကြီး ပုံတော်တွေပါ။
အများပူဇော်ရန်မျှဝေပါသည်ရှင် 🙏🙏🙏

မီးမလာ အဲကွန်းဖွင့်မရ ပန်ကာသုံးမရနဲ့ နွေရာသီရဲ့အပူဒဏ်ကိုရင်ဆိုင်နေရသူတွေအတွက် မိရိုးဖလာနည်းလေးတစ်ခုဝေငှချင်ပါတယ်။ပုဆိုး ...
01/05/2024

မီးမလာ အဲကွန်းဖွင့်မရ ပန်ကာသုံးမရနဲ့ နွေရာသီရဲ့အပူဒဏ်ကိုရင်ဆိုင်နေရသူတွေအတွက် မိရိုးဖလာနည်းလေးတစ်ခုဝေငှချင်ပါတယ်။

ပုဆိုး သို့မဟုတ် စောင်တွေကိုရေနှစ်ပါ ၊ ရေအနည်းငယ်သာပြန်ညှစ်ပြီး
ရေတစက်စက်ကျနေတဲ့အနေအထားမျိုးမှာ အိမ်ရဲ့ပြတင်းပေါက် တံခါးပေါက်တွေမှာချိတ်ဆွဲထားပါ။

ချည်ထည်ဖြစ်ပါက ပိုအဆင်ပြေပါတယ် ။ အထည်ကပြန်ထွက်လာတဲ့ရေငွေ့နဲ့ အခန်းထဲမှာ အေးနေမှာဖြစ်ပါတယ် ။ အပူပြင်းလွန်းရင် ခဏလေးနဲ့ပြန်ခြောက်ပါတယ် ။ ပြီးရင်ရေပြန်နှစ်ရပါတယ်။

နေ့လည်နေ့ခင်းအိပ်မယ့်ဖျာတွေကို
ရေစိုဝတ်နဲ့သုတ်ပါ ။ အိမ်ခေါင်မိုး အိမ်နံရံ နဲ့ ခြံထဲကမြေကြီးများကိုမကြာခဏရေဖြန်း‌ပါ။

Crd.

Address

B-266 , Zabuthiri Township
Nay Pyi Taw
15011

Alerts

Be the first to know and let us send you an email when Myanmar Teenager Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share