Myo Thant

Myo Thant Myo Thant

21/07/2025

#မြေဧကတွက်နည်း
-----------------------------------------------------------

#မြေဧကကို ဘယ်လိုတွက်ရသလဲခဏခဏမေးလာလို့အတတ်နိုင်ဆုံးရှင်းလင်းအောင်တွက်ချက်နည်းကိုဖော်ပြလိုက်ပါတယ်

မိမိမြေကွက်၏ ပုံသဏ္ဍန်ကိုကြည့်၍ ဧက တွက်နိုင်ပါသည်။

၁။ #လေးနားညီစတုရန်းပုံစံ ဖြစ်ပါက

၂၀၈.၇၁' × ၂၀၈.၇၁' = ၄၃၅၅၉.၈၆ = ၁ ဧက

ဥပမာ ~~~~

၁၀၀ ပေ ပတ်လည်အကွက် ဖြစ်လျင်

၁၀၀' × ၁၀၀' ÷ ၄၃၅၆၀=၀. ၂၂၉ ဧက

၂။ #နှစ်နားညီစတုဂံပုံစံ ဖြစ်လျှင်

(လ x န)' ÷ ၄၃၅၆၀ = __ဧက

ဥပမာ ~~~~

(၄၀'×၆၀')÷၄၃၅၆၀ = ၀.၀၅၅ ဧက

(၆၀'×၈၀')÷၄၃၅၆၀ = ၀.၁၁ ဧက

(၆၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၃၇ ဧက

(၈၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၈၃၆ ဧက

(၁၀၀'×၁၀၀')÷၄၃၅၆၀ = ၀. ၂၂၉ ဧက

၃။ #နှစ်နားပြိုင်တြာပီဇီယံပုံစံ ဖြစ်ပါက

ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ဧက

ဥပမာ ~~~~

[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

၄။ #တြိဂံပုံစံ ဖြစ်လျင်
၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက

½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက

ဥပမာ ~~~~
၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၅။ #ထောင့်မှန်တြိဂံပုံစံ ဖြစ်လျှင်

အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀

ဥပမာ ~~~~

၁၀၀' × ၅၀' = ၅၀၀၀'

၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၆။ #စက်ဝိုင်းပုံစံ ဖြစ်လျှင်

အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = ဧက ဖြစ်သည်။ ထို့ကြောင့်

အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ဧက (ပုံသေမြှောက်ကိန်း .၇၈၅၄)

(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်)

ဥပမာ ~~~~

၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

၇။ အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

၁ ဧက = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါသည်။

အညွှန်း....

လ = အလျား

န= အနံ

' = ပေ

မြေဧကများ ကို ပေဘူးမလိုဘဲ ဖုန်းနဲ့ တိုင်းတာနိုင်မယ့် ဆော့ဝဲ - https://clk.bz/ELRVv

#ဗဟုသုတအနေဖြင့် မျှဝေပါသည်

#မြေဧကတွက်နည်း

21/07/2025
21/07/2025

လယ်ယာကဏ္ဍကို တိုးတက်ပြောင်းလဲသွားစေမည့်AI စနစ်
===============================
ကမ္ဘာတစ်ဝှမ်းတွင် စားနပ်ရိက္ခာလိုအပ်ချက် မြင့်တက်လာနေပြီး စိုက်ပျိုး ရေးကဏ္ဍတွင် ကုန်ကျစရိတ် နည်းပါးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် AI က ကူညီပေးနိုင်ကြောင်းနှင့် ၂၀၂၈ ခုနှစ်တွင် AI စိုက်ပျိုးရေးစျေးကွက်သည် ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံအထိရောက်ရှိရန် မျှော်လင့်ထားကြောင်း iGrow News က ဖော်ပြထားသည်။
ဒရုန်းများ၊ အာရုံခံကိရိယာများနှင့် AI စနစ်သုံး GPS များသည် တိကျစွာစိုက်ပျိုးနိုင်ခြင်း၊ ပိုးမွှားထိန်းချုပ်နိုင်ရန် လယ်ကွင်းတစ်ခုလုံးကို စစ်ဆေးရခြင်းထက် လိုအပ်သော ဧရိယာကိုသာ စစ်ဆေးနိုင်ခြင်းနှင့် လူအင်အား၊ ဓာတုဗေဒပစ္စည်းနှင့် ကုန်ကျ စရိတ်တို့ကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ လယ်သမားများသည် သီးနှံဓာတ်ပုံများကို AI စမတ်ဖုန်းအက်ပ်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး ရောဂါနှင့် ပိုးမွှားကျရောက်မှုကို ချက်ချင်းသိရှိနိုင်သည်။ AI ကို တိရစ္ဆာန်ကျန်းမာရေး စောင့်ကြည့်ခြင်းနှင့် အချိန်မှန်အစားကျွေးခြင်းတို့တွင် အသုံးပြုနိုင်ပြီး နို့ထွက်ပစ္စည်းထုတ်လုပ်ရာတွင် ရောဂါပိုးမွှားပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးနိုင်သည်။
ယနေ့ခေတ်တွင် ငယ်ရွယ်သူများ လယ်ယာလုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ AI အသုံးပြုမှုနှုန်းသည်လည်း မြင့်တက်လာမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ နိုင်ငံတကာတက္ကသိုလ်များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများသည် AI အသုံးပြုစိုက်ပျိုးရေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး လယ်သမားအသိပညာများကို ဖြန့်ဝေပေးလျက်ရှိသည်။ သို့ရာတွင် AI ၏ ကုန်ကျစရိတ်သည်လုပ်ငန်းအသေးစားများအတွက် အခက်အခဲတစ်ခုအဖြစ်
ရှိနေသေးကြောင်းနှင့် AI ကို လုပ်ငန်းတစ်ခုလုံးတွင် အသုံးပြုခြင်းအစား ဖုန်းအက်ပ်များဖြင့် စတင်သင့်ကြောင်း ပညာရှင်များကဆိုသည်။
AI သည် လယ်ယာအလုပ်အကိုင်များကို အစားထိုးမည်ကို လုပ်သားအချို့က စိုးရိမ်နေကြသော်လည်း AI သည် လယ်ယာလုပ်သားများကို ဖယ်ရှားခြင်းအစား လယ်ယာကဏ္ဍကိုသာ အသွင်ပြောင်းသွားမည်ဖြစ်သည်။ အနာဂတ်တွင် ကြီးထွားလာမည့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းရန် လယ်သမားများနှင့် AI စနစ်တို့အကြား ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပညာရှင်များကသုံးသပ်ထားသည်။
ကျော်တင့်(ရွှေခရမ်း)
ဒို့ကျေးရွာဂျာနယ် အတွဲ (၂၂) အမှတ် (၁၄)
#ဒို့ကျေးရွာဂျာနယ် #ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး #အသိပညာပေး #စိုက်ပျိုးရေး

17/06/2025

အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်
ရမည့် မူးယစ်ဆေးဝါးအန္တရာယ်
==================
မူးယစ်ဆေးဝါးအန္တရာယ်သည် နိုင်ငံတိုင်းအတွက် အနာဂတ်လူ့စွမ်း အားအရင်းအမြစ်ဖြစ်သည့် လူငယ်များအပေါ်တွင် အဓိကခြိမ်းခြောက်လျက်ရှိသည်။ မူးယစ်ဆေးဝါး ပြဿနာသည် လွန်စွာရှုပ်ထွေးပြီး တားဆီးကာကွယ်တိုက်ဖျက်နိုင်ရေးအတွက် တစ်နိုင်ငံချင်း ဆောင်ရွက်၍မရဘဲ အိမ်နီးချင်း နိုင်ငံ၊ ဒေသတွင်းနိုင်ငံတို့ အပါအဝင် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုကြောင့်ပင် ၁၉၈၇ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ ကြီးက နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အဖြစ် သတ်မှတ် ၍ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် နှစ်စဉ်ကျင်းပ ဆော်ဩပေးနေခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးသည် ယစ်မူးစွဲ လမ်းစေသဖြင့် လူတစ်ဦးချင်းသာမက လူ့အသိုက်အဝန်း တစ်ခုလုံးနှင့် လူ့ အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ပါ အန္တရာယ်ဖြစ်စေခြင်းကြောင့် ရှေ့အဆက် ဆက်ကပင် တားမြစ်ခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးဟု ခေါ်ဆိုရာတွင် အရက် သေစာများမှစတင်၍ သုံးစွဲမိသောသူအတွက် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုများဖြစ်စေတတ်ပြီး အရှည်သဖြင့် စွဲလမ်းခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ စိတ်ကျန်းမာရေးထိခိုက်ပျက်ပြားစေခြင်းစသော ဂုဏ်သတ္တိရှိသည့် ဗဟိုအာရုံ ကြောကို ဖိနှိပ်သော ဘိန်း၊ မော်ဖင်း၊ ဘိန်းဖြူ၊ ကိုကင်း၊ ဆေးခြောက်၊ စိတ် ကြွမှုကို ဖြစ်ပေါ်စေသော မက်သာဖက်တမင်း၊ အိုက်စ်၊ အက်တက်စီ၊ ကတ်တမင်းနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ထုတ် လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း များဖြစ်သည့် အက်စစ်တစ်အင်ဟိုက် ဒရိုက်၊ အက်ဖီဒရင်း၊ ဆူဒိုအက်ဖီဒရင်း၊ ကေဖင်းတို့သည်လည်း ပရီကာဆာဟု သတ်မှတ်သည့် မူးယစ်ဆေးများပင်ဖြစ်သည်။
ထိုသို့သော ဆေးဝါးများနှင့် ဘိန်း၊ ဘိန်းဖြူတို့ကို လက်လှမ်းမမီသည့် လူငယ်များကမူ ကော်ရှူခြင်း၊ ဓာတ်ဆီရှူခြင်းစသည့် နည်းလမ်းများမှတစ်ဆင့် လည်း မူးယစ်ဆေးကို ရှာဖွေခံစား တတ်ကြသည်။ ထို့ကြောင့် မူးယစ်ဆေးသည် လက်လှမ်းမီသုံးစွဲနိုင်သည့် လူငယ်များကြားတွင် သာမက ငွေကြေး မပြည့်စုံသည့် လူငယ်များအကြားသို့ပါ ထိုးဖောက်ရောက်ရှိလာနေပြီဖြစ် သည်။ ခေတ်၏ပြောင်းလဲလာမှုကြောင့် မူးယစ်ဆေးဝါးများသည်လည်း နည်းလမ်းမျိုးစုံဖြင့် ပြောင်းလဲလာကြသည်။ ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းတို့ဖြင့် ဘိန်းကိုအမြစ်ပြတ်အောင် လုပ်ဆောင် နေချိန်တွင် စိုက်ခင်းမလို၊ လူအင်အားလည်းမလိုဘဲ ဓာတ်ခွဲခန်းတစ်ခု ရှိရုံမျှဖြင့် ပစ္စည်းအရေအတွက် သိန်းပေါင်း၊ သန်းပေါင်းများစွာ ထုတ်လုပ်နိုင်သော စိတ်ကြွရူးသွပ်ဆေးများသည် ဝိသမ လောဘသားများ၏ သည်းခြေကြိုက်များဖြစ်လာခဲ့သည်။
ထိုသို့သော ဝိသမလောဘသားများ၏ သည်းခြေကြိုက်ဖြစ်သော မူးယစ် ဆေးဝါးများ သုံးစွဲခြင်းကြောင့် ကောင်း ကျိုးမရှိဘဲ ဆိုးကျိုးသာရရှိနိုင်မည်ဖြစ် သည်။ ထို့အတူ မူးယစ်ဆေးစွဲပြီးနောက် တွင် ထပ်မံသုံးစွဲလိုသည့် ဆန္ဒပြင်းထန်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရန်ပြုလိုစိတ်များဖြစ်ပေါ်ခြင်း၊ မှတ်ဉာဏ် ချို့ယွင်းခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း၊ မိသားစုနှင့် လုပ်ငန်းများအပေါ် စိတ်ဝင် စားမှုနည်းလာခြင်း၊ အာရုံစူးစိုက်မှုလျော့ပါးလာခြင်း၊ ပြင်းထန်စွာ စိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း၊ ကူးစက် ရောဂါများဖြစ်သည့် အသည်းရောင်အသားဝါ၊ ဘီပိုး၊ စီပိုး ရောဂါနှင့် AIDS ရောဂါပိုး ကူးစက်ခံရခြင်း၊ ဆေးလွန်သဖြင့် သတိလစ်မေ့မြောခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ရာဇဝတ်မှု ကျူးလွန်တတ်သဖြင့် ဥပဒေအရအရေးယူခံရခြင်း စသောဆိုးကျိုးများကိုသာ ကြုံတွေ့ရတတ်သည် ကို သိရှိကြရန် လိုအပ်ပါသည်။ ဆိုးကျိုး သာဖြစ်စေနိုင်သော မူးယစ်ဆေးဝါးသည် ကမ္ဘာပေါ်ရှိ လူငယ်များကိုဦးတည်၍ ခြိမ်းခြောက်အန္တရာယ် ပြုလျက်ရှိသည်ကို တွေ့မြင်နေရသည်။ အနာဂတ်ခြေ လှမ်းတို့ကို ပိုင်ဆိုင်နေသော အခြေခံ ပညာ ကျောင်းသား၊ ကျောင်းသူအရွယ်မှစ၍ အသက် ၃၅ နှစ်အထိ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်သော လူ့စွမ်းအားတို့ကို ပျက်စီးစေနိုင်သည်။
လူငယ်များသည် ဆေးလိပ်ကို စတင်စမ်းသပ်သောက်သုံးမိရာမှ မူးယစ် ဆေးဝါးသုံးစွဲခြင်း၏ ခြေလှမ်းအစ ဖြစ် လာနိုင်သည်။ နီကိုတင်း၏ စွဲလမ်းစေသော အာနိသင်၏အောက်ဝယ် ခြေ လှမ်းတစ်လှမ်း ကျွံလိုက်ခြင်းဖြင့် ပြဿနာ တစ်ခု၏ အရင်းအမြစ်ကို စိုက်ထူလိုက်ခြင်းဖြစ်သည်။ ယင်းဆေးလိပ်ကို အစ ပြုသုံးစွဲမိရာမှ ကမ္ဘာ့လူဦးရေ၏ သန်းသုံးရာနီးပါးသည် တစ်နှစ်အတွင်း မူးယစ် ဆေးဝါးကို အနည်းဆုံးတစ်ကြိမ် သုံးစွဲသူများ ဖြစ်လာရသည်။ နှစ်စဉ် လူခြောက် သန်းခန့်သည် နီကိုတင်းဓာတ်၏ ခြေ ထောက်အောက်၌ပင် ပြားပြားမှောက်ကာ အသက်စွန့်နေကြရသည်။
မူးယစ်ဆေးဝါးသည် ပြည်သူလူထု အေးချမ်းစွာနေထိုင်ရေးနှင့် ကျန်းမာရေး အခြေအနေများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ထို့အပြင် နိုင်ငံ၏ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေများ ကိုလည်း ပွတ်တိုက်လျက်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မူးယစ် ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၁၉၄၇ ခုနှစ်မှစတင်၍ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေကို ပြဋ္ဌာန်း ခဲ့သည်။ ထိုဥပဒေပြဋ္ဌာန်းချက်အတိုင်း “မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့”ကို ၁၉၇၆ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သည်။
ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဋ္ဌာန်း ချက်များနှင့်အညီ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့ပြန်သည်။ မူးယစ်ဆေးဝါး အထူးသတင်းပေးဌာနကိုလည်း ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းကာ ပြည်သူတို့ထံမှ တိုင်ကြားလာသည့် တိုင်ကြားစာများကို စိစစ်၍ သတင်းထုတ်ပြန်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို စီမံချက်ဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိမှုများမှာလည်း နှစ်စဉ်တိုးမြင့်လာသည်ကို တွေ့ရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ၌ ဘိန်းစိုက်ပျိုးမှု အနည်းငယ် မြင့်တက် လာသဖြင့် ဘိန်းစိုက်ပျိုးထုတ် လုပ်မှု လျှော့ချနိုင်စေရန်အတွက် ဘိန်းစိုက်ရာသီတွင် တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင်လာအောင် စည်း ရုံးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် ၂၀၂၃-၂၀၂၄ ခုနှစ် ဘိန်းစိုက်ပျိုးရာသီအတွင်း ဘိန်းခင်း ၆၁၈၁ ဧကကို ဖျက်ဆီးနိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်လျက်ရှိပြီး ဓာတုပစ္စည်း များ လမ်းလွဲမရောက်ရှိစေရေးအတွက် အဆင့်ဆင့် စစ်ဆေးကြပ်မတ်၍ ဆောင် ရွက်လျက်ရှိသည်။ ပြည်ပနိုင်ငံများမှ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက် မှုမရှိစေရေးနှင့် လမ်းလွဲမရောက်ရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဓာတု ပစ္စည်း တင်ပို့ရောင်းချသည့် ပြည်ပနိုင်ငံများနှင့် ပို့ကုန်ကြိုသတင်းပေး (Pre-Export Notification, PEN) စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ကြိမ်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း Operation 39 အထူးစစ်ဆင်ရေး ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင် ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို အောင်မြင်စွာဖော်ထုတ် ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်တွင်လည်း Operation 39/24 အထူးစစ်ဆင်ရေးကိုလည်း ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည်” ဟူသည့် စကားရပ်အတိုင်း ကျောင်းသား လူငယ်များအတွက် အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများ၊ ကျောင်း ပြင်ပစခန်းများတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးလုပ်ငန်းများကိုလည်း ဆောင် ရွက်လျက်ရှိသည်။ ပြည်သူတစ်ရပ်လုံး မူးယစ်ဆေးဝါးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရှောင်ရှားနိုင်ရန်အတွက် အသိပညာပေးလှုံ့ဆော်ရေး လုပ်ဆောင်မှုများကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှုထောင့်မှ ကြည့် ပါကလည်း မူးယစ်ဆေးဝါးထုတ်လုပ်ကုန်သွယ်မှုသည် လက်နက်ကိုင်သောင်း ကျန်းသူ အဖွဲ့အစည်းအချို့တို့၏ ပင်မ ဝင်ငွေလမ်းကြောင်းဖြစ်နေပြီး မူးယစ်ဂိုဏ်းများ၏ အဓိက စီးပွားရေးပင်ဖြစ်ခြင်းကြောင့် တားဆီးနှိမ်နင်းမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ မူးယစ်ဆေးဝါးအမျိုးမျိုး ရောင်းဝယ် ဖောက်ကားသုံးစွဲမှုများမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ယနေ့အချိန်ထိ ကျယ် ပြန့်လျက်ရှိသဖြင့် လူသားများလူညွန့်မတုံး ဘဝမပျက်စေရန်နှင့် နိုင်ငံများ တည်ငြိမ်းအေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက် မှုကို မထိခိုက်စေရန် မူးယစ်ဆေးဝါးများကို အရှိန်အဟုန်ဖြင့် တိုက်ဖျက်နေသည့် မြန်မာ့တပ်မတော်၊ ရဲတပ်ဖွဲ့တို့နှင့်အတူ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းလက်တွဲကာ အမျိုးသားရေး အသွင်ဖြင့် ကာကွယ်တိုက်ဖျက်နိုင်မှသာလျှင် လူငယ်များ အနာဂတ်ဘဝ တောက်ပစွာဖြင့် သာယာလှပစေနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ နဒီဆု
ဒို့ကျေးရွာဂျာနယ်အတွဲ(၂၂)၊ အမှတ်(၁၂)
photo- google.com

17/06/2025

🙏စိတ်ကိုညစ်နွမ်းစေတတ်သော
ကိလေသာတရား (၁ဝ)ပါး 🙏
(၁) လောဘ (လိုချင်တပ်မက်ခြင်း)
(၂) ဒေါသ (အမျက်ထွက်ခြင်း)
(၃) မောဟ (တွေဝေခြင်း)
(၄) မာန (ထောင်လွှားခြင်း)
(၅) ဒိဋ္ဌိ (အယူမှားခြင်း)
(၆) ဝိစိကိစ္ဆာ (သံသယရှိခြင်း)
(၇) ထိနမိဒ္ဓ (ငိုက်မြည်းခြင်း)
(၈) ဥဒ္ဒိစ (စိတ်ပျံ့လွင့်ခြင်း)
(၉) အဟိရိက
(မကောင်းမှုပြုလုပ်ရန် မရှက်ခြင်း)
(၁ဝ) အနောတ္တပ္ပ
(မကောင်းမှုပြုလုပ်ရန် မကြောက်ခြင်း)
အရှင်သုဓမ္မသာရ (အောင်စကြာကျောင်း)
#ဒို့ကျေးရွာဂျာနယ် #အသိပညာပေး #ဗဟုသုတ #သတင်း #စိုက်ပျိုးရေး #ကျန်းမာရေး #မွေးမြူရေး

01/06/2025

နှင့် ကိုပခန်း နက္ခတ်ဗေဒင် – ဆက်တိုက်ပဲနော်။ ကျွန်ုပ် အမာခံပရိသတ် ဖြစ်တာ ၈ လ ဆက်တိုက် ရှိပါပြီ။ 🎉

02/05/2025

ငါနာမယ်နော်
အောင်သိန်းဝင်း(ပွင့်ဖြူ)

သစ်တဗွေရွာသား ဖိုးပျော့သည် သဘောမနောကောင်းသည်။ သို့သော် အရက်မူးလျှင်တော့ ရစ်တတ်သည်။ တစ်နေ့ ဖိုးပျော့ဇနီး မအေးလှက ဒေါပွပြီး အိမ်ကပန်းကန်များဖြင့် ထရံကို
ပစ်ပေါက်၍ ဒေါသူပုန်ထနေ၏။ ထိုအခါ အိမ်နီးချင်းတစ်ဦးက -
‘‘ကိုဖိုးပျော့ပြန်တော့။ အိမ်က တော့်မိန်းမအေးလှ ဒေါပွနေပြီ’’
‘‘အိမ်ရောက်တော့မှ ဒီကောင်မ
ငါ့အကြောင်းပြရသေးတာပေါ့’’ဟုပြောပြီး အိမ်ကို စိတ်ဆိုးမာန်ဆိုးနှင့် ခပ်သုတ်သုတ်ပြန်သွား၏။ မကြာမီ အိမ်ပေါ်က ‘တအုန်းအုန်း’နှင့် ထုနှက်သံကြား၍ အိမ်နီးချင်းများ ပြေးလာကြပြီး
အိမ်အပေါ်ထပ်သို့ ပြေးတက်ကြည့်ရာ
အိမ်အပေါ်ထပ်၌ အရက်မူးလွန်နေသော ကိုဖိုးပျော့ကို သူ့မိန်းမ မအေးလှက ထုနေသည်ကို တွေ့ကြရသည်။ ကိုဖိုးပျော့က အောက်မှနေ၍ -
‘‘မှတ်ထား အဲဒါ ငါကွ၊ ငါနာမယ်နော်’‘ ဟူသတည်း။

12/02/2025

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Thae Mee Lay, အချစ်ကံခေသော သူ

08/01/2025

Address

Taung Nyo Sweet
Naypyidaw

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959665564422

Website

Alerts

Be the first to know and let us send you an email when Myo Thant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myo Thant:

Share