Linux For Beginners

Linux For Beginners If so, you are in the right place.

🚀 Welcome to Linux for Beginners! 🚀

Hey there, tech enthusiasts, cloud adventurers, and DevOps devotees! 👋

Are you ready to dive into the world of Linux, DevOps, CICD and Cloud Computing?

AI IDE တွေများပြားလာတဲ့ ခေတ်မှာ AWS ကလည်းနောက်ကျမကျန်ခဲ့အောင် သူတို့ရဲ့ကိုယ်ပိုင် IDE တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။ နာမည်ကတ...
17/07/2025

AI IDE တွေများပြားလာတဲ့ ခေတ်မှာ AWS ကလည်းနောက်ကျမကျန်ခဲ့အောင် သူတို့ရဲ့ကိုယ်ပိုင် IDE တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။ နာမည်ကတော့ Kiro (ကီရို) တဲ့၊ ဘာလို့ ဒီနာမည်ပေးထားလဲဆိုတာကိုတော့ သူတို့ရဲ့ website ထဲမှာရှင်းပြထားပါတယ်။ Kiro ဆိုတာ Hero (ဟီးရိုး) နဲ့ အသံဆင်တူပြီး အလုပ်လုပ်တဲ့အခါ ကြိုးစားလုပ်ပြီး ဘယ်တော့မှ အရှုံးမပေးတဲ့ လူတစ်ယောက်ကို ကိုယ်စားပြုချင်တယ်လို့လည်းဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ AI Agent IDE ဆိုတဲ့အတိုင်းပဲ MCP integration တွေ AI Agentic coding တွေရမယ်ပေါ့ဗျာ၊ ဒါမယ့်သူ့ရဲ့ထူးခြားချက်ပဲ ပြောရမလား၊ unique selling point ကတော့ Specs driven workflows ကို built-in လုပ်ပေးထားတာပေါ့၊ ပြောချင်တာက Kiro ကိုသုံးပြီး project တစ်ခု create လုပ်မယ်ဆိုပါစို့၊ သူက choice ၂ မျိုးပေးမယ်၊ Free form နဲ့ vibe coding လုပ်မလား? ဒါမှမဟုတ် spec files တွေနဲ့ structured approach သွားမလား? ဆိုပြီး ၂မျိုးရွေးချယ်လို့ရတယ်။ Free form နဲ့ဆိုရင်တော့ ကျွန်တော်တို့ တစ်ခြားသုံးတဲ့ cursor တို့လိုမျိုးပဲ chat ထဲမှာမေး၊ agent mode နဲ့ဆိုရင် file တွေကိုပါ တစ်ခါထဲ edit လုပ်ပေးမယ်ပေါ့။

Specs driven coding လုပ်ရင်တော့ သူကကိုယ်ရေးလိုက်တဲ့ prompt ပေါ်မှာ for example web app တစ်ခုအသစ်ဆောက်မယ်ဆိုပါစို့။ သူက .kiro ဆိုပြီး directory တစ်ခုဆောက်ပြီးအဲ့ထဲမှာ design.md, requirements.md နဲ့ tasks.md ဆိုပြီး markdown structure နဲ့ files တွေအရင်လုပ်လိုက်တယ်၊ အဲ့ထဲမှာမှ design.md ထဲမှာ ဒီ project ရဲ့ repo structure ဘယ်လိုရှိတယ်၊ ဘာ tech stack တွေသုံးထားတယ်၊ API endpoints တွေဘာတွေပါမယ်၊ Data Models တွေ၊ Frontend Backend error handling စသဖြင့် မျိုးစုံသော design considerations တွေကိုအဲ့ထဲမှာဖော်ပြထားတယ်။

requirements.md ထဲမှာကျတော့ user ရဲ့ requirements တွေဖြစ်တဲ့ ဘာ features တွေပါချင်တယ်၊ ကိုယ့်ရဲ့ acceptance criteria တွေကဘယ်လိုရှိတယ်၊ users data တွေကို ဘယ်လို store လုပ်မယ်၊ integrity ရှိအောင်လုပ်ရမယ် စသဖြင့် requirements တွေပါတယ်။ ဒီ requirements တွေပေါ်မှာမူတည်ပြီး ခုနက design နဲ့ tasks တွေကို structure ချပေးတာဖြစ်တယ်။

tasks.md ထဲမှာတော့ ဒီခုနကပြောတဲ့ design.md ထဲကအတိုင်းရဖို့ လုပ်ဆောင်ရမယ့် tasks တွေကို section တွေခွဲပြီး ရေးပေးထားတယ်။ ကိုယ်ကအဲ့တာတွေကို sub- section တစ်ခုချင်းဆီခွဲ run လို့ရသလို section အကြီးတစ်ခုလုံးကိုတစ်ခါထဲ run လည်းရတယ်။ အဲ့မှာလိုတဲ့ project init လုပ်တာတွေကစပြီး backend logic ထည့်တာ၊ routes တွေ controllers တွေ middleware တွေထည့်တာတွေ အကုန်အစီအစဉ်လိုက် သူက agentic coding လုပ်ပေးသွားတယ်။

အဲ့တော့ ဒီနေ့ကတော့ ဒီ product သစ်လေးကို ကိုယ်လည်း beta testing လုပ်ခဲ့ဖူးတာနဲ့ share ပေးလိုက်တာပါ။ စမ်းသုံးချင်တယ်ဆိုရင် comment အောက်က link ထဲမှာ waitlist join ပြီး preview stage မှာတော့ free ပေးသုံးထားပါသေးတယ်။ (အော် underlying model ကတော့ sonnet4 ကိုပဲ အဓိကသုံးထားပါတယ်တဲ့) အဲ့တော့စမ်းကြည့်ပြီး ကိုယ့် requirements နဲ့ကိုက်မကိုက် အထောက်အကူဖြစ်လား မဖြစ်လားပြန်ပြောခဲ့ကြပါဦး။

အားလုံးကိုကျေးဇူးတင်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ။ 🙏🍀အားလုံးကိုသတင်းလေးတစ်ခု share ပေးချင်လို့ပါ။ အဲ့တာကတော့ ဒီနေ့ July 15 ရက်နေ့ကစပြီး AWS account သစ...
15/07/2025

အားလုံးပဲ မင်္ဂလာပါ။ 🙏🍀

အားလုံးကိုသတင်းလေးတစ်ခု share ပေးချင်လို့ပါ။

အဲ့တာကတော့ ဒီနေ့ July 15 ရက်နေ့ကစပြီး AWS account သစ်တွေကို 100$ credit ပေးသွားမှာပါတဲ့၊ နောက်ပြီး နောက်ထပ် 100$ ကိုလည်း သူလုပ်ခိုင်းတဲ့ additional activities တွေလုပ်ပြီးရင်ရနိုင်သေးတယ်လို့ဆိုထားပါတယ်။

သတိထားရမှာကတော့ ဒီ offer က July 15 နောက်ပိုင်းဖွင့်မယ့် AWS account တွေအတွက်ပဲ အကျုံးဝင်တာဖြစ်ပြီး account ဟောင်းတွေတွက်တော့မပါဝင်ပါဘူး။

အဲ့တော့ကိုယ်က AWS account ဖွင့်ပြီး Proof of Concept testing လုပ်ချင်တာဖြစ်ဖြစ်၊ ဒီတိုင်း development အတွက်စမ်းချင်တာဖြစ်ဖြစ်လုပ်လို့ရနေပြီနော်။

အသေးစိပ်ကိုတော့ ဒီ post အောက်က comment လင့်ခ်မှာဖတ်ကြည့်ပါ။

14/07/2025
07/07/2025
အားလုံးကိုဒီနေ့မှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 🤩အဲ့တာကတော့ Lambda Hackathon ပဲဖြစ်ပါတယ်...
21/06/2025

အားလုံးကိုဒီနေ့မှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 🤩

အဲ့တာကတော့ Lambda Hackathon ပဲဖြစ်ပါတယ်။ ဒီထဲမှာ cash prize တွေအဖြစ်

✅ 1st Prize - $6,000 in cash
✅ 2nd Prize - $4,000 in cash
✅ 3rd Prize - $3,000 in cash
✅ Honarable mentions(4 winners) - $500 in cash

တွေပါဝင်တဲ့အပြင် ကိုယ့်ရဲ့ Portfolio ထဲမှာလည်း ထည့်လို့ရတာမို့စိတ်ဝင်စားရင်ကိုယ့် သူငယ်ချင်းတွေစုပြီးဝင် join ကြည့်စေချင်ပါတယ်။

လုပ်ရမှာတွေကတော့

✅ Lambda ကိုသုံးပြီး သင်က serverless architecture ပုံနဲ့ solution တစ်ခုထုတ်ရမယ်ပေါ့
✅ အဲ့မှာ Trigger အနေနဲ့ API Gateway or EventBridge ကိုသုံးနိုင်တယ်။
✅ ပြီးရင် one or more AWS services တွေ (S3, DynamoDB, BedRock) တို့နဲ့ integrate လုပ်ထားတာပါရမယ်ပေါ့။

အဲ့လို services တွေသုံးပြီး ကိုယ့် application ကို build လုပ်ပြီးသွားပြီဆိုရင်တော့ သူတို့ကို submit လုပ်ပေးရမှာက:

✅ ကိုယ် code တွေ store လုပ်ထားတဲ့ Public Github repository နဲ့
✅ Video တစ်ခုရိုက်ပြီး ကိုယ့် application ကိုစမ်းသပ်အသုံးပြုပြထားတာ ပါဝင်ရမှာပဲဖြစ်ပါတယ်။

အဲ့တော့ ကံကောင်းလို့ကိုယ့် idea က ရွေးချယ်ခံရတယ်ဆိုလည်း dollar အများကြီး အနိုင်ရမှာဖြစ်သလို ရွေးချယ်မခံရခဲ့ရင်တောင် ကိုယ်က project experience နဲ့ portfolio ကောင်းကောင်းလေးရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါပဲ။

Registration Link - https://awslambdahackathon.devpost.com

ဒီနေ့မှာလည်းအားလုံးအတွက် Career Opportunity တစ်ခုသတင်းပေးချင်ပါတယ်! 😍ကျွန်တော့်မှာ Senior level Backend Developer ခေါ်ဖိ...
20/06/2025

ဒီနေ့မှာလည်းအားလုံးအတွက် Career Opportunity တစ်ခုသတင်းပေးချင်ပါတယ်! 😍

ကျွန်တော့်မှာ Senior level Backend Developer ခေါ်ဖို့ရှိပါတယ်။ တစ်ရက် ၈-၉ နာရီအပြည့်လုပ်ရမှာဖြစ်ပြီး compensation ကတော့ experience ပေါ်လိုက်ပြီး competitive ဖြစ်မှာပါ။

Note: Client က technical သမားဖြစ်ပြီး စေ့စေ့ပေါက်ပေါက် interview လေ့ရှိတာမို့ တစ်ကယ် senior or team lead level မှာလုပ်ဖူးမှ apply လုပ်ဖို့ပြောချင်ပါတယ်။

တစ်ခုရှိတာကတော့ side job အနေနဲ့ main job လေးလုပ်ရင်းလုပ်လို့မရပါဘူး၊ အဲ့လိုလုပ်တာသိခဲ့ရင်လည်း ချက်ချင်း contract terminate လုပ်မှာပါ။အဲ့တော့ fully committed လုပ်နိုင်မှပဲ apply လုပ်ဖို့ပြောချင်ပါတယ်။ ⚠️

Job Description and Responsibilities ကိုအောက်မှာ ဆက်ကြည့်ပါ။

𝐊𝐞𝐲 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬:

✅ Backend Architecture: Design and implement scalable backend systems using Node.js, Python, and serverless technologies.
✅ Serverless Solutions: Develop and deploy serverless applications using SAM framework for cost-effective AI service scaling
✅ System Integration: Integrate multiple AWS services and third-party AI/ML platforms to create seamless AI agent experiences
✅ Code Quality & Testing: Maintain high code standards with TypeScript, implement comprehensive testing strategies, and ensure CI/CD best practices

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐝 𝐒𝐤𝐢𝐥𝐥𝐬 & 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬:

✅ Node.js & Express: 𝟓 - 𝟕 𝐲𝐞𝐚𝐫𝐬 building scalable REST APIs and microservices with Express framework, middleware, and database integrations.
✅ Python Frameworks: Extensive experience with Django, Flask, and FastAPI for web applications.
✅ AWS Lambda & Serverless: Expert in serverless architecture design with event-driven systems and auto-scaling Lambda functions
✅ AWS Services Integration: Proficient with AWS SDK, Step Functions, EventBridge, and Lambda with proper IAM configuration
✅ TypeScript Development: Strong experience writing type-safe Lambda functions using TypeScript for better code quality
✅ SAM Framework: Expert in AWS SAM for infrastructure-as-code, local development, testing, and CI/CD deployments
✅ Event-Driven Architecture: Skilled in designing complex workflows using Step Functions orchestration and EventBridge routing
✅ Performance Optimization: Proven ability to optimize serverless applications for cost efficiency and reduced cold starts

𝐎𝐮𝐫 𝐎𝐟𝐟𝐞𝐫:

💰 Competitive salary. (in USD $$$)
🌍 Fully remote culture.
🚀 Work on emerging AI products with modern tech stacks.
📈 Grow and learn about different industry in different region.

𝐇𝐨𝐰 𝐭𝐨 𝐚𝐩𝐩𝐥𝐲:

Write email to [email protected] with Subject: Senior Backend Dev Application - [Your Name].

Attach your latest resume and if possible, your public GitHub repository with projects you've built.

⚠️⚠️ မှတ်ချက်:

စိတ်ဝင်စားသူများအားလုံးသည် အီးမေးလ်ဖြင့်သာ လျှောက်ထားရန်နှင့် comment များ (သို့) Direct Messages (DM) ဖြင့် လျှောက်ထားခြင်းကို လက်မခံပါ။

Please re-share to your network if you think there is someone interested.

Edited: Application closed! ရွေးချယ်ခံရတဲ့ သူတွေကို first round အတွက် mail ပို့ပေးပြီးပါပြီ။ဒီနေ့မှာတော့အားလုံးအတွက် Car...
01/06/2025

Edited: Application closed! ရွေးချယ်ခံရတဲ့ သူတွေကို first round အတွက် mail ပို့ပေးပြီးပါပြီ။

ဒီနေ့မှာတော့အားလုံးအတွက် Career Opportunity တစ်ခုသတင်းပေးချင်ပါတယ်! 😍

ကျွန်တော့်မှာ Junior to mid-senior level (1-3 years exp) Web Developer ခေါ်ဖို့ရှိပါတယ်။ တစ်ရက် ၈-၉ နာရီအပြည့်လုပ်ရမှာဖြစ်ပြီး compensation ကတော့ experience ပေါ်လိုက်ပြီး competitive ဖြစ်မှာပါ။

တစ်ခုရှိတာကတော့ side job အနေနဲ့ main job လေးလုပ်ရင်းလုပ်လို့မရပါဘူး၊ အဲ့လိုလုပ်တာသိခဲ့ရင်လည်း ချက်ချင်း contract terminate လုပ်မှာပါ။အဲ့တော့ fully committed လုပ်နိုင်မှပဲ apply လုပ်ဖို့ပြောချင်ပါတယ်။ ⚠️

Job Description and Responsibilities ကိုအောက်မှာ ဆက်ကြည့်ပါ။

𝐊𝐞𝐲 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬:

✅ Develop responsive, accessible, and performant web interfaces using React, Next.js, HTML5, CSS3, and JavaScript (ES6+).
✅ Translate UI/UX designs into clean, reusable code and component libraries.
✅ Optimize applications for speed, scalability, and SEO.
✅ Collaborate with backend engineers to integrate REST/GraphQL APIs.

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐝 𝐒𝐤𝐢𝐥𝐥𝐬 & 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬:

✅ Core: HTML5, CSS3, JavaScript (ES6+).
✅ Frameworks: React (Hooks, State Management), Next.js (App Router, SSR/SSG).
✅ Tools: Git, npm/yarn, Webpack/Vite, Jest/React Testing Library.
✅ Bonus: TypeScript, Tailwind CSS.

𝐎𝐮𝐫 𝐎𝐟𝐟𝐞𝐫:

💰 Competitive salary.
🌍 Fully remote culture.
⏱️ Flexible schedule (after probation passed!).
🚀 Work on emerging AI products with modern tech stacks.
📈 Mentorship from senior engineers and growth opportunities.

𝐇𝐨𝐰 𝐭𝐨 𝐚𝐩𝐩𝐥𝐲:

Write email to 𝐡𝐞𝐢𝐧𝐮𝐱.𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦 with Subject: Frontend Dev Application - [Your Name]. Attach your latest resume and if possible, your public GitHub repository with projects you've built.

⚠️⚠️ မှတ်ချက်:

စိတ်ဝင်စားသူများအားလုံးသည် အီးမေးလ်ဖြင့်သာ လျှောက်ထားရန်နှင့် comment များ (သို့) Direct Messages (DM) ဖြင့် လျှောက်ထားခြင်းကို လက်မခံပါ။

Please re-share to your network if you think there is someone interested.

ကျွန်တော်တို့ CodeLite Myanmar  နဲ့ပူးပေါင်းတင်ဆက်ခဲ့တဲ့ Webinar လေးကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ 🚀Webinar မ join ...
25/05/2025

ကျွန်တော်တို့ CodeLite Myanmar နဲ့ပူးပေါင်းတင်ဆက်ခဲ့တဲ့ Webinar လေးကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ 🚀

Webinar မ join လိုက်ရတဲ့သူတွေအတွက်လည်း Recording ကို CodeLite Myanmar ရဲ့ Youtube channel မှာပြန်တင်ပေးသွားဖို့ရှိပါတယ်။ တင်ပြီးသွားရင်လည်း Link ကို ဒီ post ရဲ့ comment အောက်မှာ share ပေးသွားမှာဖြစ်လို့ သတင်းကောင်းပေးအပ်ပါတယ်။ ☘️

ကျွန်တော်နဲ့အတူ ဝင်ရောက်ဆွေးနွေးပေးခဲ့တဲ့ AYA Innovation Lab မှ ကိုဖြိုးမင်းသူကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏

နောက်များမှာလည်း ဒီလို Industry leader တွေနဲ့ ပူးပေါင်းတင်ဆက်သွားမယ့် plan တွေရှိတာမို့ ကျွန်တော့် Page ကနေဖြစ်ဖြစ် CodeLite Myanmar ရဲ့ Page ကနေဖြစ်ဖြစ် follow လုပ်ထားပြီးစောင့်ကြည့်ပေးကြပါလို့ပြောချင်ပါတယ်။

𝐖𝐞 𝐀𝐫𝐞 𝐒𝐨𝐫𝐫𝐲! 😢𝙊𝙣𝙡𝙞𝙣𝙚 𝙛𝙧𝙚𝙚 𝙒𝙚𝙗𝙞𝙣𝙖𝙧 𝙍𝙚𝙜𝙞𝙨𝙩𝙧𝙖𝙩𝙞𝙤𝙣 𝙞𝙨 𝘾𝙡𝙤𝙨𝙚𝙙! 🤗 CodeLite ရဲ့ (၂၄, မေလ, ၂၀၂၅) မှာ ကျင်းပပြုလုပ်မယ့် How DevO...
20/05/2025

𝐖𝐞 𝐀𝐫𝐞 𝐒𝐨𝐫𝐫𝐲! 😢

𝙊𝙣𝙡𝙞𝙣𝙚 𝙛𝙧𝙚𝙚 𝙒𝙚𝙗𝙞𝙣𝙖𝙧 𝙍𝙚𝙜𝙞𝙨𝙩𝙧𝙖𝙩𝙞𝙤𝙣 𝙞𝙨 𝘾𝙡𝙤𝙨𝙚𝙙!

🤗 CodeLite ရဲ့ (၂၄, မေလ, ၂၀၂၅) မှာ ကျင်းပပြုလုပ်မယ့် How DevOps Engineers Play A Huge Role In The FINTECH Industry: Free Online Webinar Registration Form ကို တစ်ပတ်အတွင်း Form Registered ပြုလုပ်သူဉီးရေ (𝟐𝟓𝟎)ကျော်အထိရှိခဲ့ပြီဖြစ်ပါတယ်..

✅Zoom Platform မှ ကန့်သတ်လူဉီးရေရှိတာမို့ CodeLite Team မှ Registration Form ကို ပိတ်ဖို့ဆုံးဖြတ်ရလိုက်ပါတယ်ခင်ဗျ

🤗Form ဖြည့်သွင်းသူများအားလုံးကို မကြာခင်အချိန်အတွင်းမှာ Zoom Invitation link ကို Email မှတဆင့်ပို့ပေးသွားပါ့မယ်ခင်ဗျ

👾Form မဖြည့်ရသေးသူများလည်း ကျနော်တို့ရဲ့ Telegram Channel ကနေတဆင့် Recorded video ရယူနိုင်ပါတယ်။ t.me/codelitemm

💪အားလုံးပဲ 24, May မှာ ပြန်ဆုံကြမယ်၊ Email လေးတွေစစ်ကြည့်ပေးဖို့လည်းမမေ့ပါနဲ့နော်!

𝐃𝐞𝐯𝐎𝐩𝐬 𝐯𝐬 𝐒𝐑𝐄 𝐯𝐬 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐞𝐧𝐠𝐢𝐧𝐞𝐞𝐫 ဘာတွေကွာလဲ?👨‍💻Hello အားလုံးပဲ မင်္ဂလာပါ👉ဒီကနေ့မှာတော့ CodeLite ကနေ Tech Industry တွေမ...
17/05/2025

𝐃𝐞𝐯𝐎𝐩𝐬 𝐯𝐬 𝐒𝐑𝐄 𝐯𝐬 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐞𝐧𝐠𝐢𝐧𝐞𝐞𝐫 ဘာတွေကွာလဲ?

👨‍💻Hello အားလုံးပဲ မင်္ဂလာပါ

👉ဒီကနေ့မှာတော့ CodeLite ကနေ Tech Industry တွေမှာအသုံးပြုတဲ့ စကားလုံး အသုံးပြုပုံ/ကွဲပြားချက်တွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။

🤖လူတော်တော်များများက DevOps, SRE, Platform Engineer စတဲ့ စာလုံးတွေတွေ့ပြီဆိုရင် အတူတူပဲလို့ အလွယ်မှတ်ယူကြပါတယ်။ တကယ်တော့ နေရာဒေသ၊ Organization တွေ အပေါ်မှာ မူတည်ပြီးတော့ Roles သတ်မှတ်ချက် ကွဲပြားတာတွေရှိပါတယ်။

📥အသေးစိတ်ကို အောက်မှာ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်..

ဒီနေ့မှာတော့ AWS Community Builder အနေနဲ့ ၃ နှစ်ဆက်တိုက်ရွေးချယ်ခံခဲ့ရပါပြီ။ 🤩🏅ကျွန်တော်တို့လည်း အမြဲတမ်း contribute လုပ...
15/05/2025

ဒီနေ့မှာတော့ AWS Community Builder အနေနဲ့ ၃ နှစ်ဆက်တိုက်ရွေးချယ်ခံခဲ့ရပါပြီ။ 🤩🏅

ကျွန်တော်တို့လည်း အမြဲတမ်း contribute လုပ်မနေနိုင်ပေမယ့် ကိုယ့်အချိန်ထဲက တတ်နိုင်သလောက်ဖဲ့ပြီး အမြဲတမ်း community အတွက် blog posts ရေးတာတွေ၊ news တွေ share ပေးတာတွေကို ကြိုးစားလုပ်နေပါတယ်။

ဒါတွေလုပ်တဲ့အတွက် ဘာရလဲဆိုရင်တော့ ဒီလိုမျိုးအသိအမှတ်ပြုခံရတာလေးတွေကတော့ ပီတိပေါ့ဗျာ။ နောက်နှစ်တွေမှာလည်း ဆက်ပြီး contribute တွေလုပ်နိုင်အောင်ကြိုးစားရင်း.... 🍀🙏

အားလုံးပဲ မင်္ဂလာပါ။ 🙏☘️ဒီနေ့မှာဆိုရင်တော့ ကျွန်တော်တို့ Linux For Beginners နဲ့ CodeLite Myanmar တို့ပူးပေါင်းပြီးတင်ဆက...
14/05/2025

အားလုံးပဲ မင်္ဂလာပါ။ 🙏☘️

ဒီနေ့မှာဆိုရင်တော့ ကျွန်တော်တို့ Linux For Beginners နဲ့ CodeLite Myanmar တို့ပူးပေါင်းပြီးတင်ဆက်သွားမယ့် webinar တစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့ဖြစ်ပါတယ်။

Totally free webinar ဖြစ်ပြီး Local က Hiring Manager/Team Leader တစ်ယောက်ကိုပါဖိတ်ခေါ်ထားပြီး မေးချင်တာတွေလည်းမေးရဦးမှာဆိုတော့ ဘာလိုသေးလဲဗျာ 😃 အော်ဒါနဲ့အထူးအစီအစဉ်တွေလည်းပါသေးလို့ post ကိုအဆုံးထိကြည့်သွားကြနော်။ 🚀
ďżź
နှစ်စဉ် တိုးတက်ပြောင်းလဲနေတဲ့ Fintech နည်းပညာလုပ်ငန်းတွေမှာ DevOps နဲ့ Cloud Computing က ဘာကြောင့် အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါ၀င်ပတ်သက် နေတာလဲ ဆိုတာနဲ့ပတ်သက်ပြီး Free Online Webinar တစ်ခု ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။
_____________________________
ďżź
👨‍💻 ဘယ်သူတွေ ဦးဆောင်ဆွေးနွေးသွားမှာလဲ ?

ဒီ Webinar မှာတော့ Codelite နဲ့အတူ..
AYA Pay, AYA Banking အစရှိတဲ့ မြန်မာ့ Fintech Products တွေကို ထုတ်လုပ်ပေးနေတဲ့ AYA Innovation Labs ရဲ့ Department Head ဖြစ်သူ Ko Phyo Min Thu နဲ့ ဘန်ကောက် အခြေစိုက် SS&C Technologies Company မှာ Cloud DevOps Engineer အဖြစ်လုပ်ကိုင်နေတဲ့ Ko Hein Htet Win တို့က ပါဝင်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။
_____________________________
ďżź
🤔 ဘာတွေဆွေးနွေးသွားမှာလဲ?

ဒီ Webinar လေးမှာတော့ Industry တွေမှာ

✅ DevOps နဲ့ Cloud Computing ရဲ့ အရေးပါမှု
✅ လုပ်ငန်းတွေမှာ AWS နဲ့ DevOps အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေ
✅ မြန်မာ FinTech လုပ်ငန်းတွေမှာ AWS နဲ့ DevOps သုံးပြီး ရရှိခဲ့တဲ့ အောင်မြင်မှု Case Study တွေကို အဓိကထားဝေမျှပေးသွားမှာဖြစ်ပါတယ်.
_____________________________
ďżź
⏰ Webinar ပြုလုပ်မည့်အချိန်နှင့် နေ့ရက်

အချိန်။ ။ (07:00)PM (MMT)
နေ့ရက်။ ။ 24th May, 2025 (Saturday)
Venue။ ။ Zoom (Online)

ဒါ့ကြောင့် Fintechကို စိတ်၀င်စားတယ်၊ DevOps Engineer Career နဲ့ပတ်သတ်ပြီး Key Speaker တွေဆီကနေလဲလေ့လာချင်တယ်၊ ဆွေးနွေးချင်တယ်ဆိုရင်တော့ ဒီလင့်ခ်ကနေတစ်ဆင့် Webinar ကို တက်ရောက်ဖို့ register လို့ ရပါပြီခင်ဗျာ။

𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐟𝐨𝐫𝐦 𝐥𝐢𝐧𝐤: https://shorturl.at/Gi6sB

Hey Wait..
ďżź
🎁 Free Giveaway alert
ďżź
Webinar လာတက်တဲ့ သူတွေထဲမှ သုံးဉီးတိတိရွေးချယ်ပြီး AWS Credits တွေ Giveaway ပေးအပ်သွားမှာမို့ ကန့်သတ်လူဉီးရေမပြည့်ခင် Registration လုပ်ထားဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်နော်

Address

Naypyidaw

Alerts

Be the first to know and let us send you an email when Linux For Beginners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share