Anonymous News

Anonymous News True news from inside the terrorist army.

လက်နက်ကိုင်များကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသော စစ်လေယာဉ်များကို ကာချုပ်ကြီး မင်းအောင်လှိုင် တပ်မတော်အတွင်း ပြန်လည်ဖြည့်...
01/02/2024

လက်နက်ကိုင်များကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသော စစ်လေယာဉ်များကို ကာချုပ်ကြီး မင်းအောင်လှိုင် တပ်မတော်အတွင်း ပြန်လည်ဖြည့်တင်းရန် လိုအပ်သည့်အတွက် ကမ္ဘာအမွေအနှစ် စာရင်းဝင် ရွေဆံတော်ဘုရားဌာပနာကို ဖောက်ထွင်းမှုလုပ်ငန်း စတင်

နေပြည်တော်/ Feb -1

မန္တလေးတိုင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေဆံတော်ဘုရားတွင် PVC ပိုက်မြှုပ်ရန်အတွက် ကြမ်းခင်းကို နစက ဌာနဆိုင်ရာက တူးနေသည်ဟု ကောလဟာလ ဖြစ်အောင် ဆိုရှယ်မီဒီယာများနှင့် ပဒက်သတင်း ဌာနများကို ကာချုပ်ကြီးမင်းအောင်လှိုင်၏(ကကကွန်) မှ ပျံ့နှံ့အောင် ဖြန့်ဝေထား နိုင်ခဲ့ပြီး (ကကကွန်) မှ ဖြန့်ဝေထားခဲ့သော ၎င်းကောလဟာလ ကို ပဒက် မီဒီယာများနှင့် နီပိန်း အများစုမှ ယုံကြည်ပြီဖြစ်ကြောင်းလည်း သိရသည်။

နစက မှ ကမ္ဘာအမွေအနှစ် စာရင်းဝင် ရွေဆံတော်ဘုရား ဌာပနာကို ဖောက်ထွင်းမှုလုပ်ငန်း စတင်ရခြင်း ရည်မှန်းချက်မှာ စစ်‌လေယာဉ်များ ပြည်လည်ဖြည့်တင်းကာ ကာချုပ် တပ်မတော်သားများရဲ့ အသက်ကို များစွာ လုံခြုံမှု ပိုမိုရှိစေရန်၊ ကယ်တင်နိုင်ရန်အတွက်ဖြစ်ကြောင်း ဗိုလ်မှူး သူရိန် မှ ပြောဆိုထားသည်။

"စစ်လေယာဉ်ပြန်ဝယ်ဖို့ ငွေကြေးအခက်အခဲရှိနေတာကြောင့် အရင်လိုပဲ ခဏ ယူသုံးထားတဲ့သဘောမျိုး ထင်တယ်။ စစ်အသုံစရိတ်တွေလည်း လိုတယ်လေ အဲ့ဒါကြောင့် ဌာပနာ ဖောက်ထွင်းတာလို့ ထင်တာပဲ"ဟု ၎င်းကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ကြီး တစ်ဦးမှပြောဆို ထားသည်။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ သုံးစွဲမှုကို ကာချုပ် မင်းအောင်လှိုင်မှ ထိန်းချုပ်ထားသော်လည်း ဗိုလ်မှူးချုပ် ရန်နေ...
09/07/2023

သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ သုံးစွဲမှုကို ကာချုပ် မင်းအောင်လှိုင်မှ ထိန်းချုပ်ထားသော်လည်း ဗိုလ်မှူးချုပ် ရန်နောင်စိုး လာဘ်စားကာ အမေရိကန်ဒေါ်လာ ၂ သန်း နီးပါးရှိ သွင်းကုန်များ Unilever companyကို တင်သွင်းခွင့်ပေး

နေပြည်တော်/ July -9

ကာချုပ် မင်းအောင်လှိုင်မှ သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ သုံးစွဲမှုများအားလုံးကို ထိန်းချုပ်ထားသော်လည်း ထိပ်တန်း ဗိုလ်ချုပ်များနှင့် ရင်းနှီးသော စီးပွားရေးသမားများနှင့် ကုမ္ပဏီများမှာ ဗိုလ်ချုပ်များထံ လာ ဘ် ထိုး၍ သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာသန်းချီ၍ ဝယ်ယူခွင့်လိုင်စင် ရရှိလျက်ရှိကြောင်း ရန်ကုန်စီးပွားရေးလုပ်ငန်းရှင်များမှ သိရှိရသည်။

လွန်ခဲ့သည့် တစ်ပတ်တွင် Unilever Myanmar စက်ရုံအတွက် လိုအပ်သော ကုန်ကြမ်းများ တင်သွင်းရန်အတွက် Heritage Capital Investment ကုမ္ပဏီက ပွဲစားအဖြစ် နေပြည်တော်တွင် ဗိုလ်မှူးချုပ် ရန်နောင်စိုးနှင့်သွား ရောက်သွားတွေ့ဆုံပြီး သွင်းကုန်လိုင်စင်အတွက် အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး ဝယ်ယူတင်သွင်းခွင့် ပါမစ်ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သည့်အပတ်အတွင်း Unilever company အတွက် လိုအပ်နေသည့် ကုန်ကြမ်း Soda solvay (Sodium Carbonate) နှင့် Linear Alkyl Benzene sulfonic acid or sulphonic acid တင်သွင်းရန် အမေရိကန်ဒေါ်လာ ၁ သန်း ၉ သိန်း တန်ဖိုးရှိ လိုင်စင်များကို ဗိုလ်မှူးချုပ်ရန်နောင်စိုးက လာဘ်ငွေယူ၍ ချပေးခဲ့ခြင်းဖြစ်သည်ဟု လည်းသိရှိရသည်။

ကာချုပ် မင်းအောင်လှိုင်မှစည်ကမ်းများချမှတ်ထားသော်လည်း ထိပ်ပိုင်း ခေါင်းဆောင်များမှာ လာဘ်စားကာ စည်းကမ်းဖောက်ဖျက်နေကြောင်းသိရသည်။

ဓာတ်ပုံ- နစက ၏ စီးပွားရေးကော်မတီတွင် အရေးပါသူ ဗိုလ်မှူးချုပ် ရန်နောင်စိုး။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

မူဆယ်မြို့ စက်မှုလမ်းဆုံပစ်ခတ်မှုတွင် ကာချုပ် မင်းအောင်လှိုင်စစ်တပ်မှ အရာရှိအပါအဝင် ၂ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့နေပြည်...
24/06/2023

မူဆယ်မြို့ စက်မှုလမ်းဆုံပစ်ခတ်မှုတွင် ကာချုပ် မင်းအောင်လှိုင်စစ်တပ်မှ အရာရှိအပါအဝင် ၂ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့

နေပြည်တော် / Jun -24

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စက်မှု လမ်းဆုံတွင် ယမန်နေ့ည ၇ နာရီခွဲအချိန်၌ သေ နတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ အရာရှိ အပါအဝင် ၂ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာ ပြင်းထန်စွာရရှိ ခဲ့ကြောင်း ခမရ- ၅၁၄ ၊ ရလခ မှသတင်းထုတ်ပြန်ခဲ့သည်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ တို့ ကင်းလှည့်နေစဉ် လမ်းလုံခြုံရေးတာဝန် ယူနေသော ပြည်သူ့စစ်တပ်ဖွဲ့ နှင့် မှားယွင်းပစ် ခတ်ကြရာမှ အရာရှိတစ်ဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာပြင်ထန်စွာ ရရှိခဲ့သည်။

သေဆုံးသူများ နှင့် ဒဏ်ရာ ရရှိသူများကို မူဆယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီ ဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့တွင် ကာချုပ် မင်းအောင်လှိုင်စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့အစည်း (၄၂) ဖွဲ့ ရှိနေပြီး ယင်း ပြည်သူ့စစ်အမည်ဖြင့် အဖွဲ့အစည်း များသည် ကာစီနို လောင်းကစားဝိုင်းများ၊ KTV များ၊ မူးယစ်ဆေးရောင်းဝယ် ဖောက် ကား ထုတ်လုပ်မှုများနှင့် ရှမ်းမြောက်ရှိ စီးပွား ရေး လုပ်ကွက်အတော်များများကို ချုပ်ကိုင်
ထားကြပြီး ယင်းစီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် လက်နက်ကိုင်ဆောင်ထားကြ ခြင်းဖြစ်သည်။

မူဆယ်မြို့တွင် နေ့စဉ်ရက်ဆက် သေနတ်ပစ် ခတ်မှုများ ရှိနေပြီး ပြည်သူများ၏ ဘဝလုံခြုံ မှု၊ ရှင်သန်မှုကို အချိန်နှင့်အမျှ ခြိမ်းခြောက် ခံနေရသောမြို့ ဖြစ်သည်နှင့်အညီ ယမန်နေ့ ညနေခင်းတွင်လည်း
မူဆယ်မြို့ စက်မှုဇုံ တွင် လက်ဘက်ရည်ဆိုင်ထိုင်နေသော ပြည်သူ့ စစ်တပ်ဖွဲ့ ဝင် နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ မှု ရှိခဲ့သည်။

ဓာတ်ပုံ။ ။ မူဆယ်ဆက်မှုလမ်းဆုံ ပစ်ခတ်မှုတွင် သေဆုံးသွားသူများ နှင့် ဒဏ်ရာရရှိသူများ။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင် လှကြည် ပစ်ခတ်ခံရပြီး သေဆုံးခဲ့နေပြည်တော် /Jun -24ရန်ကုန်၊ ဒဂုံ...
24/06/2023

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင် လှကြည် ပစ်ခတ်ခံရပြီး သေဆုံးခဲ့

နေပြည်တော် /Jun -24

ရန်ကုန်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင် လှကြည် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရန်ကုန်မြို့ရဲတပ်ဖွဲ့ဝင်များမှ သတင်းထုတ်ပြန်ခဲ့သည်။

ဇွန်လ ၂၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော် C ဘလောက် ၁ လမ်းတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင် လှကြည်သည် လက်နက်ကိုင်များရဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးခဲ့သည်ဟုဆိုသည်။

"သူက အရင်တုန်းက ၉၃ ရပ်ကွက် အုပ်ကြီးဟောင်းပါ အခု လက်ရှိမှာတော့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင်ပါ ဒီည ၇ နာရီ ၃၀ မိနစ်မှာ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခံရလို့ သေနတ်ကျည် ၆ ချက်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရတယ်" ဟု ရဲတပ်သား ဟိန်းမင်းသန့်မှဆိုသည်။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

ကင်းမွန်းချောင်းရဲစခန်းမှ စခန်းမှူးအပါဝင် (၄)ဦး ရဲပြေးလုပ်သွားနေပြည်တော်/ Jun- 24မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်းမွန်း...
24/06/2023

ကင်းမွန်းချောင်းရဲစခန်းမှ စခန်းမှူးအပါဝင် (၄)ဦး ရဲပြေးလုပ်သွား

နေပြည်တော်/ Jun- 24

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းရဲစခန်းမှ စခန်းမှူးအပါအဝင် (၄)ဦး ၂၀၂၃ခုနှစ် ဇွန်လ(၂၂)ရက်နေ့က ရဲပြေးလုပ်သွားသဖြင့် ကာချုပ် မင်းအောင်လှိုင်စစ်တပ်မှ ပိတ်ဆို့ရှာဖွေလုပ်ခဲ့ကြောင်း သိရသည်။

ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းအောင် ရဲပြေးလုပ်သွားသဖြင့် စစ်တပ်မှ ကျိုက်ထို-ဘီးလင်းနယ်စပ်ရှိ စစ်ဆေးရေးဂိတ်များကို ပိတ်ဆို့ရှာဖွေခဲ့ပြီးနောက်ဇွန်လ(၂၃)ရက်နေ့တွင်မူ စခန်းမှူးအပါအဝင်(၄)ဦးထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ(၂၂)ရက်နေ့က ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းအောင်သည် နေ့စဥ် ပုံမှန်တန်းစီချိန်တွင် လာရောက်ခြင်းမရှိသောကြောင့် နယ်ထိန်း အရာရှိ ဒုရဲအုပ် ဝင်းကိုကို က ၎င်းနေထိုင်သည့် နေအိမ်လိုင်းခန်းကို သွားရောက် ရှာဖွေစဥ် နေအိမ်လိုင်းခန်းအတွင်း ၎င်းကိုင်ဆောင်သည့် သေနတ်(၃၈)ဗို့ ခလပ တစ်လက်၊ ကျည် (၁၂)တောင့်တို့ကို ထားခဲ့ကာ ထွက်သွားသည်ဟု ဆိုသည်။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

PDF များအလင်းဝင်သည်ဆိုပြီး ဆုငွေလိမ်လည်ထုတ်ယူမှု တိုင်းမှူးများကို သတိပေးနေပြည်တော် / Jun -24PDF တွေ အလင်းဝင်တယ်ဆိုပြီး ...
24/06/2023

PDF များအလင်းဝင်သည်ဆိုပြီး ဆုငွေလိမ်လည်ထုတ်ယူမှု တိုင်းမှူးများကို သတိပေး

နေပြည်တော် / Jun -24

PDF တွေ အလင်းဝင်တယ်ဆိုပြီး ဆုကြေးငွေထုတ်ယူတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ အခုရက်ပိုင်းအတွင်း နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တိုင်းမှူးတွေကို ခေါ်ယူသတိပေးခဲ့ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဇွန် ၂၀ ရက်က တိုင်းမှူးတွေကို ကာကွယ်ရေးဝန်ကြီးက ခေါ်တွေ့ကာ အခုလို သတိပေးခဲ့တာဖြစ်တယ်။

“PDF တွေ အလင်းဝင်တယ်ဆိုပြီး စစ်ဌာနချုပ်တွေက ချပြတယ်။ PDF ဘက်က အဲ့လူတွေဟာ သူတို့အဖွဲ့က မဟုတ်ပါဘူးဆိုပြီး ထုတ်ပြန်ရော။ တချို့တပ်ရင်းတွေဆို ဆေးမှု၊ ဓားပြမှုတွေက သေနတ်တွေယူပြီး တခြားအမှုကလူတွေ အလင်းဝင်တဲ့ ပုံစံတွေလုပ်တာ၊ တရားခံဘက်ကရော စစ်တပ်ဘက်ကပါ နှစ်ဖက်ပိုက်ဆံယူနေကြတာ”လို့ ဗက သူရိန်ထွန်းမှပြောသည်။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

အမှတ်(၃၄၄)အမြောက်တပ်တွင် စကားများရန်ဖြစ်ပစ်ခတ်ရာမှ တပ်ကြပ်ကြီးသေဆုံးခဲ့နေပြည်တော် / Jun - 22ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်...
22/06/2023

အမှတ်(၃၄၄)အမြောက်တပ်တွင် စကားများရန်ဖြစ်ပစ်ခတ်ရာမှ တပ်ကြပ်ကြီးသေဆုံးခဲ့

နေပြည်တော် / Jun - 22

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် အမှတ်(၃၄၄)အမြောက်တပ်တွင် ကာချုပ် မင်းအောင်လှိုင်စစ်တပ်သားနှစ်ဦး ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းပစ်ခတ်ရာတွင် တပ်ကြပ်ကြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အမှတ်(၃၄၄)အမြောက်တပ်ရှိ စစ်တပ်သားနှစ်ဦးသည် ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် တပ်အ တွင်း၌ အရက်မူးကာစကားများရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သေဆုံးသူမှာ အသက် ၅၆ နှစ်အရွယ် တပ်ကြပ်သန့်စင်ဖြစ်ပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာ သုံးချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

“ခေါင်းကို သေနတ်နဲ့သုံးချက် ပစ်ထားတာ၊ ခေါင်းတစ်ခုလုံး မွနေတာပဲ။ အဲ့ဒီကိစ္စကို သေနတ်သန့်ရှင်းရေး လုပ်ရင်း ကျည်မတော်တဆထွက်ပြီး သေတာလိုလို၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလိုလို သတင်းလွှင့်ထားရတယ်” ဟု တပ်သား ရန်နိုင်မှ ပြောကြားထာသည်။

ဓာတ်ပုံ- လက်နက်ကြီး လေ့ကျင့်ပစ်ခတ်နေပုံ (ပုံဟောင်း)

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

နမ့်စန်လေတပ်ကို စာရင်းစစ် ဝင်ရောက်ချိန် အထက်လူကြီးများ၏ ခိုးယူမှုကြောင့် စာရင်းမကိုက်ဘဲ အပြစ်ပုံချခံရသော တပ်ကြပ်မြင့်ဦး ...
18/06/2023

နမ့်စန်လေတပ်ကို စာရင်းစစ် ဝင်ရောက်ချိန် အထက်လူကြီးများ၏ ခိုးယူမှုကြောင့် စာရင်းမကိုက်ဘဲ အပြစ်ပုံချခံရသော တပ်ကြပ်မြင့်ဦး ကြိုးဆွဲချလျှက်သေဆုံး

နေပြည်တော် / Jun -18

၂ဝ၂၃ ဇွန် ၁၄ ရက် ၇ နာရီ ၂၀ မိနစ် အချိန်၌ စလခ၊ အခတမှ လေတပ် ၂***၂ ဦးစီးတကက မြင့်ဦးသည် မော်တော်ယာဥ် ဌာန၊ အေရိုးလတ်ကား ဘေးဘောင်တန်း၌ ကြိုးဆွဲချလျှက်သေဆုံးနေကြောင်းတွေ့ရှိခဲ့သည်။

စာရင်းစစ်များ ဝင်ရောက်ချိန် အဆင့်ဆင့် ခိုးယူထားသော တပ်ရေးဗိုလ်ကြီး၊ ဗိုလ်မှူးများမှ အမှုပေါ်မည်စိုးရိမ်သဖြင့် တာဝန်ခံစာရေးဖြစ်သော တကကမြင့်ဦးကို အပြစ်ပုံချရန် လုပ်ကြံသည်ဟု ယူဆရသော်လည်း ကိုယ့်ကိုကိုယ်သ*တ်သေသော နှလုံးနှင့်အဆုတ်လုပ်ငန်းဆောင်တာ ရုတ်တရက်ရပ်ဆိုင်းခြင်းရောဂါဖြင့်သာ ဆေးမှုမှတ်တမ်းထုတ်ပြန်ခဲ့သည်။

တကက မြင့်ဦးသည် အသက် ၅၇နှစ်ဖြစ်ပြီး ၃၃နှစ်ကြာ စစ်တပ်တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ အရက် သောက်သုံးခြင်းမရှိသလို ကျန်းမာရေးစစ်ဆေးခြင်းများကို ၆ လတစ်ကြိမ် စစ်ဆေးခဲ့သည်။ ရုပ်အလောင်းအား ၂၀၂၃ ဇွန် ၁၆ ရက် ၁ နာရီချိန်တွင်မြို့မသုဿန်၊ နမ့်စန်မြို့၌စစ်အခမ်းအနားဖြင့် သင်္ဂြိုလ်ခဲ့သည်။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

ရေး - မော်လမြိုင်လမ်းမပေါ် PDF တွေရဲ့ စစ်ဆေးမှုကို လက်သုံးချောင်းထောင် ကြည်ကြည်ဖြူဖြူလက်ခံတဲ့အထဲ တပ်မတော်သားများတစ်ချို့...
17/06/2023

ရေး - မော်လမြိုင်လမ်းမပေါ် PDF တွေရဲ့ စစ်ဆေးမှုကို လက်သုံးချောင်းထောင် ကြည်ကြည်ဖြူဖြူလက်ခံတဲ့အထဲ တပ်မတော်သားများတစ်ချို့ပါ ပါဝင်ခဲ့

နေပြည်တော် / Jun -17

မွန်ပြည်နယ်၊ ရေး - မော်လမြိုင် လမ်းမပေါ်မှာ PDF တွေရဲ့ လုံခြုံရေး စစ်ဆေးမှုကို တပ်မတော်သားတစ်ချို့ပါ လက်သုံးချောင်းထောင်ပြီး ကြည်ကြည်ဖြူဖြူလက်ခံကာ အားပေးနေတယ်လို့ သိရပါတယ်။

မော်လမြိုင်-ရေးလမ်းပိုင်းတလျှောက်မှာ တပ်မတော်မှ အရပ်သားကားတွေနဲ့ အသွင်ယူသွားလာနေတဲ့အပြင် လက်သုံးချောင်းထောင်ကာ အားပေးနေကြောင်း အမည်မဖော်လို တပ်သားတစ်ယောက်မှ ပြောထားပါတယ်။

စစ်တပ်ရဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကာချုပ် မင်းအောင်လှိုင်စစ်တပ်လက်အောက် ဝန်ထမ်းတွေကို ခွင့်ပြချက်မရှိဘဲ ရေးမြို့ကနေ မထွက်ခွာဖို့လည်း လျှို့ဝှက်အမိန့်ထုတ်ပြန်ထားသည်။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

ကာချုပ် မင်းအောင်လှိုင်စစ်တပ်မှ မှာယူထားသည့် ပစ္စည်းများ ထိုင်းနိုင်ငံတွင် သိမ်းဆည်းခံရနေပြည်တော် / Jun -15ကာချုပ် မင်းအ...
15/06/2023

ကာချုပ် မင်းအောင်လှိုင်စစ်တပ်မှ မှာယူထားသည့် ပစ္စည်းများ ထိုင်းနိုင်ငံတွင် သိမ်းဆည်းခံရ

နေပြည်တော် / Jun -15

ကာချုပ် မင်းအောင်လှိုင်စစ်တပ်မှ အမျိုးသမီးစစ်သည်များအတွက် ဝယ်ယူထားသည့် အမျိုးသမီးသုံး အာသာဖြေ ပစ္စည်းများ သိမ်းဆည်းခံခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်ဟု တပ်မ (၇၇) ဗက အောင်မြင့်လွင်မှ ပြောကြားခဲ့သည်။

"ထိုင်းနယ်စပ် မဲဆောက် ကနေ မြဝတီဘက် ပို့ခါနီးသိမ်းခံလိုက်ရတာ။ အထုပ်တွေ မသင်္ကာလို့ ဖောက်စစ်ခံရရင်းပါသွားတာလို့တော့ ကြားတယ်။ တပ်ထဲမှာက ယောကျာ်းတွေကို ဆုံးရှုံးထားတဲ့ မိန်းမတွေများတယ်။ အဲ့ဒါကြောင့် သူတို့အတွက် လိုရမယ်ရ ဝယ်ပေး ထားတာ" ဟု၎င်းမှဆိုသည်။

#တပ်တွင်းသတင်းမှန်ကြားရေး

နတ်မောက်မြို့နယ်၊ အမှတ် ၂ ဆက်သွယ်ရေးတပ် အတွက် ရိက္ခာထွက်ဝယ်သည့် တပ်ကြပ်ကြီး ၁ ဦး သည် လက်နက်ကိုင်များပစ်ခတ်မှုကြောင့် သေဆ...
15/06/2023

နတ်မောက်မြို့နယ်၊ အမှတ် ၂ ဆက်သွယ်ရေးတပ် အတွက် ရိက္ခာထွက်ဝယ်သည့် တပ်ကြပ်ကြီး ၁ ဦး သည် လက်နက်ကိုင်များပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရ

နေပြည်တော် /Jun -15

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အမှတ် ၂ ဆက်သွယ်ရေးတပ်အတွက် ရိက္ခာထွက်ဝယ်သည့် တပ်ကြပ်ကြီး ထက်ကိုလင်းသည် လက်နက်ကိုင်များရဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းခံခဲ့ရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အမှတ် ၂ ဆက်သွယ်ရေးတပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် အမှတ် ၂ တပ်အတွင်းရှိ ကာချုပ် မင်းအောင်လှိုင်၏ စစ်တပ်သားများ စားသောက်ရန် ရိက္ခာဝယ်ဖို့ ထွက်သွားစဉ် လက်နက်ကိုင်များပစ်ခတ်ခဲ့သဖြင့် နေရာမှာပင်သေဆုံးသွားကြောင်း၊ ၎င်းသည် တပ်ကြပ်ကြီးစာရေးတစ် ဦးဖြစ်ပြီး တပ်အတွင်း၌ အရေးပါအရာရောက်ရုံသာမက စားဖိုဆောင်တွင်လည်း အဓိကကျသည့်နေရာ၌ တာဝန်ယူထားသူဖြစ်သည်။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

ညောင်ပင်ကြီးရဲစခန်းမှ ဒုရဲအုပ်ငွေစိုး မိန်းမက သူ့ရဲ့လုပ်ရပ်အမှားကြောင့် သူ့ယောကျာ်း အခုလိုဖြစ်ရသည်ဟုဆိုကာ ယူကျုံးမရဖြစ်န...
15/06/2023

ညောင်ပင်ကြီးရဲစခန်းမှ ဒုရဲအုပ်ငွေစိုး မိန်းမက သူ့ရဲ့လုပ်ရပ်အမှားကြောင့် သူ့ယောကျာ်း အခုလိုဖြစ်ရသည်ဟုဆိုကာ ယူကျုံးမရဖြစ်နေ

နေပြည်တော် / Jun -15

ညောင်ပင်ကြီးရဲစခန်းကနေ ထွက်ပြေးသွားခဲ့သည့် ဒုရဲအုပ်ငွေစိုးကို ကျောင်းဆရာမဖြစ်တဲ့ သူ့မိန်းမ အကူအညီနဲ့ "နမခ" မှ ပြန်လည်ဖမ်းမိသော်လည်းပြန်လည်ဖမ်းမိသည့်နေ့တင် ရိုက်နှက်စစ်မေးခြင်းကြောင့် သေလုမတတ်ဖြစ်နေသည့် အတွက် သူ့မိန်းမမှ တွေ့ခွင့်ရရန် လိုက်ဆက်သွယ်သော်လည်း အဆက်အသွယ်မရဖြစ်နေ၍ စိတ်သောကများစွာရောက်နေကြောင်းသိရှိရသည်။

ဘယ်သူနဲ့မှလည်း တွေ့ခွင့်မရကြောင်းလည်းသိရှိရသည်။ ဒုရဲအုပ်ငွေစိုး မိန်းမကသူ့ရဲ့လုပ်ရပ်အမှားကြောင့် သူ့ယောကျာ်း အခုလိုဖြစ်ရသည်ဟုဆိုကာ ယူကျုံးမရဖြစ်နေ သည်ဟု သူ့ဆွေမျိုးမှဆိုသည်။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

Address

Naypyidaw

Alerts

Be the first to know and let us send you an email when Anonymous News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share