Alexa’s English Class

Alexa’s English Class Your English Language Mentor! 👩🏻‍🏫

23/12/2025

ThaiBev Internship Program for ASEAN Students is accepting applicants so don't miss this opportunity! ✨️⭐️❤️ Application Link in the comment btw

You don't need to be staying in Thailand to work for this Internship and it's a paid Internship so if you're interested, watch this video till the end 💙

23/12/2025

ThaiBev Internship Program for ASEAN Students is accepting applicants so don't miss this opportunity! ✨️⭐️❤️ Application Link in the comment btw

You don't need to be staying in Thailand to work for this Internship and it's a paid Internship so if you're interested, watch this video till the end 💙

23/12/2025

Tr Alexa ဆီမှာ သင်တန်းတက်မယ်ဆိုရင် သိထားရမယ့် အချက်​လေးတစ်ခု​ပြောပြချင်လို့ပါ

အဲ့တာက​တော့ သင်တန်းစုံစမ်းပြီးလို့ အပ်မယ်ဆိုရင် တီချယ့်ဘက်က​ Placement Test ​ဖြေဖို့ ​ပေးပါလိမ့်မယ်
Test က free test ပါ .. အဲ့ဒီ Test က​နေ ရတဲ့ Result & Score breakdown ရယ် ကိုယ် focus ချင်တဲ့ skill အ​ပေါ်မူတည်ပြီး customised curriculum ဆွဲရတာ​မို့ပါ✨️👩‍🏫

ပြီး​တော့ အဲ့လို Placement Test ​​ဖြေထားခြင်းဖြင့် ဒီသင်တန်းမတက်ခင်နဲ့ တက်ပြီး ကိုယ့်ရဲ့ progress ကိုလည်း track လုပ်သွားလို့ရပါတယ်✨️ It's a good measurement tool for your improvement tracking ပါ ❤️

အဲ့တာ​ကြောင့် Placement Test မ​ဖြေချင်ဘူး ဘာညာဆိုရင်​​တော့ Alexa's English Class is not for you ပါ​နော်🙏

တီချယ်က​တော့ အဓိက Listening and Speaking ရယ် IELTS preparation ရယ်ကို one on one class ​တွေနဲ့ ထိထိမိမိသင်​ပေးပါတယ်ရှင် 👩‍🏫

တီချယ် တက်ခဲ့တဲ့ Thammasat University က​နေ Bachelors and Masters Degree Scholarship ​တွေ​ခေါ်​တဲ့အ​ကြောင်း သတင်း​ကောင်း​...
15/12/2025

တီချယ် တက်ခဲ့တဲ့ Thammasat University က​နေ Bachelors and Masters Degree Scholarship ​တွေ​ခေါ်​တဲ့အ​ကြောင်း သတင်း​ကောင်း​လေး ​ပြောပြမလို့ပါ ✨️🎊

အရင်ဆုံး Thammasat University အ​ကြောင်း​လေး ​ပြောပြရမယ်ဆိုရင် သူက ထိုင်းနိုင်ငံရဲ့ အထင်ကရ Public University ​တွေထဲက တစ်ခုဖြစ်ပြီး QS 2026 ranking အရ Thai နိုင်ငံရဲ့ top 4 university ပဲဖြစ်ပါတယ်။ ⭐️🎖🇹🇭

Thammasat က​ပေးတဲ့ scholarship နာမည်က​တော့ Thammasat International Student Recruitment (TISR) ပဲဖြစ်ပါတယ်။ ✨️

သူက တစ်နှစ်မှာ Scholarship 2 ကြိမ်​ခေါ်တယ်။ ပထမတစ်​ခေါက်က ခုလို Nov-Dec ရယ် ​နောက်တစ်ခုက April-May ​ခေါ်တယ်။ Nov-Dec ​ခေါ်တဲ့ 1st round က​တော့ ​ရွေးချယ်စရာ​မေဂျာ​တွေများတဲ့အတွက် ​လျှောက်ဖို့ recommend ​ပိုပေးပါတယ်။

Scholarship category 3 ခုရှိတယ်။
1. Full tuition fees waiver + Monthly Stipend 7,500 bhat
2. Full tuition fees waiver
3. Tuition fees 50% waiver

တီချယ့်တုန်းက​တော့ 2023 ​လောက်က 1st category scholarship ရခဲ့တယ်​။ ​ကျောင်းလခက Masters 2 years ကို ဘတ် ၃သိန်း​ (မြန်မာ​ငွေ သိန်း ၃၀၀ - ၄၀၀) လောက်ကျတာကို full tuition waiver နဲ့တက်ရတဲ့အပြင် monthly stipend လည်းရ​တော့ အိမ်လခလည်း ကာမိတယ်​​ပေါ့​နော်။ ❗️ in return အ​နေနဲ့က​တော့ စာ​တော့​သေချာကြိုးစားပြီး GPA လည်း​ကောင်းဖို့ လိုတာ​ပေါ့​နော်။ ✨️⭐️ Volunteering hours လည်း တစ်နှစ်ကို နာရီ 40 ပြန်​ပေးရပါတယ်။ Volunteering experience is so worth it too btw!

အခု ဒီနှစ်မှာ​တော့ Law, Journalism, Business, Economics, Social Administration, Liberal Arts, Engineering, Science and Technology, Medicine, Public Health, Pharmacy, Architecture, English Teaching, Innovation, Sustainability စတဲ့ faculty ​တော်​တော်များများ​ Bachelors ​ရော Masters ပါ​ခေါ်ထားပါတယ်။ faculy အရမ်းများ​တော့ List အပြည့်အစုံကို​တော့ comment က link မှာကြည့်​ပေးပါ။ ❤️

Scholarship Deadline က​တော့ 24 December 2025 ဖြစ်ပါတယ်။

Faculty ​တစ်ခုနဲ့ တစ်ခုရဲ့ requirement မတူတဲ့အတွက် ​comment ထဲက Link မှာ ဝင်ကြည့်​ပေးပါ။

Statement of Purposes (SOP) or Motivation Letter ​တောင်းတဲ့ faculty ​တွေလည်းရှိတဲ့အတွက် ကိုယ့်ရဲ့ Essay ကို check ဖို့ အ​တွေ့အကြုံရှိတဲ့သူစီက အကြံဥာဏ်လိုတယ်ဆိုရင်​တော့ တီချယ့်ဆီမှာ Essay Checking Service ​လေးရှိပါတယ်။ 👩‍🏫
Essay ​ရေး​ပေးတာမဟုတ်ပဲ ကိုယ့်ဘက်က ​ရေးထားတာကို idea improve ဖြစ်​အောင်​အဆင်မ​ပြေမချင်း feedback session ​​တွေနဲ့​သေချာ​ကူညီ​ပေးတဲ့ service ပါ။ review ​ကောင်း​တွေနဲ့အတူ Service လာအပ်သူ​တွေထဲ scholarship ရသွားတဲ့သူ​တွေ အများကြီးရှိတာမို့ အကူအညီလိုရင် လာလို့ရပါတယ်။ ✨️❤️

Good luck everyone!!! ✨️💖🤞

ဒါ​လေးက​တော့ တီချယ်နဲ့ နှစ်ပတ်အတွင်း IELTS Speaking Intensive train သွားတဲ့ ​ကျောင်းသူ​လေးရဲ့ result ​လေးပါ 🥳ဒီညီမ​လေးက ...
15/12/2025

ဒါ​လေးက​တော့ တီချယ်နဲ့ နှစ်ပတ်အတွင်း IELTS Speaking Intensive train သွားတဲ့ ​ကျောင်းသူ​လေးရဲ့ result ​လေးပါ 🥳

ဒီညီမ​လေးက Scholarship Essay Checking Service လာယူရင်း တီချယ် IELTS သင်တာပါသိသွား​တော့ တခါတည်း Speaking ​ပါ တီချယ်နဲ့လေ့ကျင့်မယ်ဆိုပြီး လာအပ်သွားတာ 🩷

Speaking ကို 6.5 ​လောက်မှန်း​ပေမယ့် ခု​နောက်ပိုင်း စည်းမျဥ်း​တွေကြပ်တာ​ကြောင့် 6 ဖြစ်သွား​တော့​ နှစ်​ယောက်လုံးစိတ်ထဲ သိပ်မ​ကောင်း​ပေမယ့်လည်း overall က သူမှန်းထားတဲ့ 6.5 ဆို​တော့ ဝမ်းသာမိပါတယ် 💖👏

Speaking session ပဲယူထားတယ်ဆို​ပေမယ့် အချိန်ရရင်ရသ​လောက် အခြား skill ​တွေအတွက်လည်း အကြံ​ပေးဖြစ်ပါတယ်
Listening practice လုပ်ရင် အစက 7 ​လောက်နဲ့ပဲ တံ့နေရာက​နေ တီချယ်​ပေးတဲ့ tips ​လေး​တွေ​ကြောင့် ​နောက်ပိုင်း 8 ​လောက်အထိ ဖြစ်သွားတယ်ဆိုတဲ့ စကား​လေး​တွေကြားရလို့လည်း အရမ်းဝမ်းသာပါတယ် 💖

ပုံ​လေး​တွေက​တော့ ညီမ​လေးနဲ့ခွင့်ပြုချက်နဲ့တင်ထားတဲ့ IELTS Result နဲ့ feedback ​လေးပါ ❤️

ညီမ​လေးလည်း scholarship attempt ​လေး​တွေ မြန်မြန်​အောင်မြင်ပြီး scholarship achiever ​​လေးဖြစ်ပါ​စေရှင် 🩷🩷


08/12/2025

ထိုင်းမှာကျောင်းတက်နေတဲ့ မြန်မာကျောင်းသားတွေအတွက် internship opportunity လေးပါ 🇹🇭
I'm recommending from my own experience so don't forget to miss out on this!


ကျွန်မ IELTS Training လုပ်ပေးနေတဲ့ သက်တမ်းတစ်လျှောက် တစ်လတည်းနဲ့ intensive train ခဲ့ရတဲ့ ကျောင်းသူတစ်ယောက်ရဲ့ achievemen...
18/06/2024

ကျွန်မ IELTS Training လုပ်ပေးနေတဲ့ သက်တမ်းတစ်လျှောက် တစ်လတည်းနဲ့ intensive train ခဲ့ရတဲ့ ကျောင်းသူတစ်ယောက်ရဲ့ achievement လေးကို အမှတ်တရ တင်ချင်လို့ပါ။ 👩🏻‍🏫❤️✨

ဒီကျောင်းသူအမက တစ်လပဲ အချိန်ရပြီး အလုပ်တစ်ဖက်နဲ့ဆိုတော့ တစ်ပတ်ကို သုံး/လေးရက်နှုန်းလောက် ညဘက်တွေ အကြီးအကျယ်တွေ train ပေးခဲ့ရပေမယ့် နောက်ဆုံး overall 7.5 ရသွားလို့ အရမ်းတွေ ဝမ်းသာနေပါတယ်။ 🥳🥳

Congratulations also to whoever did well in their IELTS Exam ပါရှင် ✨🎉🎉

06/06/2024

မင်္ဂလာပါရှင် 👩🏻‍🏫
Alexa’s English Class မှ ပြန်လည်ကြိုဆိုပါတယ်။ ✨

Tr. Alexa ကို ဘယ်အတန်းတွေသင်လည်း မေးတဲ့သူတွေအတွက် Tr က General English (Listening, Speaking focus), Business English အပြင် IELTS Preparation, Duolingo Preparation တွေလည်း သင်ပေးပါတယ်။ 💁🏻‍♀️

ဒီနေ့မှာတော့ Tr. Alexa ကို IELTS နဲ့ ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ရမလဲ၊ အချိန်ဘယ်လောက်ယူရမလဲ၊ preparation က အရမ်းခက်တာပဲ tips လေးတွေပြောပြပါလားဆိုပြီး လာမေးတဲ့သူတွေ အားလုံးအတွက် အသုံးဝင်မယ့် ✨Tips for IELTS Preparation✨ video လေးကို တင်ပေးလိုက်ပါတယ်။

ဒီထဲမှာ IELTS Takers တွေအတွက် အရမ်းအသုံးဝင်မယ့် tips လေးတွေပြောပြပေးထားတာမို့ အဆုံးထိကြည့်ပေးနော် ❤️

တစ်ခုခုသိချင်တာရှိရင်လည်း Tr ကိုလာမေးလို့ရပါတယ်။

📣 အားလုံးစောင့်မျှော်နေတဲ့ Thammasat University Scholarship Round 2 ဖွင့်ပြီမို့ အားလုံးလျှောက်လို့ရအောင် မျှဝေပေးလိုက်ပ...
12/03/2024

📣 အားလုံးစောင့်မျှော်နေတဲ့ Thammasat University Scholarship Round 2 ဖွင့်ပြီမို့ အားလုံးလျှောက်လို့ရအောင် မျှဝေပေးလိုက်ပါတယ် 😇🏆👩🏻‍🏫

Tr. Alexa တက်နေတဲ့ Thammasat University ရဲ့ နှစ်စဥ်ခေါ်နေကျ scholarship ဖြစ်တဲ့ Thammasat International Student Recruitment (TISR) Scholarship ပြန်ဖွင့်နေပါပြီ။ 🎉 သူက တစ်နှစ်ကို 2 ကြိမ်ခေါ်ပါတယ်။ ပြီးခဲ့တဲ့ November intake ခေါ်တုန်းက မလျှောက်လိုက်ရတဲ့သူတွေ ဒီတစ်ခေါက်တော့ သေချာပေါက်လျှောက်ဖို့ တိုက်တွန်းပါတယ်နော်။ ‼️

Thammasat University ကို လျှောက်ဖို့ ဘာလို့ recommend ပေးလဲဆိုရင် သူက ထိုင်းနိုင်ငံရဲ့ ✨Top 2✨ စာရင်းဝင်တဲ့ တက္ကသိုလ် ဖြစ်ပြီး QS World Ranking အနေနဲ့လည်း ✨Ranking 600✨ ထဲမှာပါတဲ့အတွက် International Ranking တော်တော်ကောင်းတဲ့ တက္ကသိုလ်မို့ လျှောက်သင့်တယ်လို့ တိုက်တွန်းပါတယ်။

📌နောက်ပြီး ဒီတစ်ခေါက်ခေါ်တဲ့အထဲမှာ Faculty ပိုစုံပါတယ်။ အရင်တစ်ခေါက် November intake တုန်းက Tr.Alexa တက်နေတဲ့ Language Institute Faculty မပါပေမယ့် ခုတစ်ခေါက်တော့ပါလာပါပြီ။ ကျွန်မနဲ့ Faculty တစ်ခုတည်းမှာ တက်ချင်ရင် လာခဲ့ကြပေါ့နော် xD 😆

📌 ဒီတစ်ခေါက်မှာတော့ Faculty စုစုပေါင်း 25 ခုက Bachelor ရော Master Program တွေအများကြီး ပါဝင်ပါတယ်။ 📣

Scholarship လျှောက်ဖို့ ဘာတွေလိုလဲ?
📌 Program တစ်ခုနဲ့ တစ်ခု requirements မတူကြပေမယ့် ယေဘုယျအားဖြင့်တော့
🏆 Passport Copy
🏆 Academic Records and Transcripts
🏆 English Proficiency Test Score (IELTS, TOFEL etc)
🏆 GED Score (for Engineering Programs)
🏆 Recommendation Letter
🏆 Statement of Purpose (Personal Statement)
အဲ့တာတွေလိုပါတယ်။
Program တစ်ခုနဲ့တစ်ခု requirements တွေမတူတဲ့အတွက် Program အကြောင်း အသေးစိတ်နဲ့ Requirement တွေကို ဒီ link မှာ ကိုယ်တိုင် အသေးစိတ်ဝင်ကြည့်ပေးပါ။ ‼️
http://sa.tu.ac.th/oth/tu_oia_program/tacon.pdf

(English Proficiency Score မရှိသေးတဲ့သူတွေက Thammasat University က စီစဥ်ပေးတဲ့ TU-GET ဖြေလို့ရပါတယ်နော်)

ကဲ.. ဘာတွေပြင်ဆင်ရမလဲသိပြီးရင် ဘယ်လိုလျှောက်ရမလဲ ပြောပြမယ်နော်!
📌 Application link - http://sa.tu.ac.th/oth/tu_oia_program/OIA_apply/

1️⃣ အဲ့ဒီမှာ Application Form ကို download ဆွဲပြီးဖြည့်ပါ။
2️⃣ ကိုယ့် program ကတောင်းတဲ့ document တွေ အကုန်ပြည့်စုံအောင်လုပ်ပါ။
3️⃣ ပြီးရင် အဲ့ link ထဲကပဲ Submission Form ကို ဖြည့်ပြီး application form and other documents တွေ attach တွဲပြီး submit လုပ်ရုံပါပဲ။

✨✨✨✨🏆🏆🏆✨✨✨✨✨
🎖️အကယ်၍ Statement of Purpose (Personal Statement) ရေးပြီး Proofreading and Feedback ပေးမယ့်သူ မရှိဖြစ်နေရင် Tr. Alexa ဆီမှာ 🔖 Essay Checking Service ✨ ရှိပါတယ်နော်။

ဒီ service မှာ တီချယ့်အနေနဲ့
📌 Essay တွေကို Proofreading ဖတ်ပေးပါမယ်
📌 ပြီးရင် one on one Feedback Session လုပ်ပေးပြီး polishing and improve လုပ်ပေးပါမယ်။

အကူအညီလိုရင် လာရောက်ဆက်သွယ်လို့ရပါတယ်။

‼️ TISR Scholarship Deadline ကတော့ March 25, 2024 (Monday) ဖြစ်လို့ အမြန်ဆုံးလျှောက်ဖို့ တိုက်တွန်းလိုပါတယ်။ ‼️

ကဲ ဒီနေ့ကတော့ ဒီလောက်ပါပဲရှင် Good Luck everyone 🍀

📣 Hi Myanmar Students..DISP Deadline ရောက်ဖို့ 2 ရက်ပဲလိုပါတော့တယ် 📣📌ကျွန်မဆီမှာ Essay Checking လာလုပ်ကြတဲ့ ကျောင်းသားတွ...
21/02/2024

📣 Hi Myanmar Students..DISP Deadline ရောက်ဖို့ 2 ရက်ပဲလိုပါတော့တယ် 📣📌

ကျွန်မဆီမှာ Essay Checking လာလုပ်ကြတဲ့ ကျောင်းသားတွေ အများဆုံးလုပ်တတ်တဲ့အမှားလေးတွေကို မျှဝေရင်း Application မထပ်ရသေးတဲ့ deadline fighter တွေ essay ရေးတဲ့အခါ သတိထားလို့ရအောင် ပြောပြလိုက်ပါတယ်။ 😇👩🏻‍🏫

📌အဓိကအချက်ကတော့ Essay Questions တွေကို နားမလည်တဲ့ ပြဿနာပါပဲ။ ❗️မေးခွန်း သေချာနားမလည်တော့ မေးခွန်းနဲ့ အဖြေက လွဲပြီး idea ရှိပါရက်နဲ့ ကိုယ့်ရဲ့ idea တွေကို ပေါ်လွင်အောင် မရေးပြနိုင်ကြတဲ့ ကျောင်းသားတွေ တွေ့ရပါတယ်။ ⚠️

ဒါ့ကြောင့် မေးခွန်းလေးတွေ နည်းနည်းရှင်းပြပါမယ်။

1️⃣ Write a personal statement about what motivated you to choose your field of study, explaining your goals in academics and work. Make sure to explain how this scholarship would benefit your personal development and contribute to your community.

ဒါကတော့ မေးခွန်းရှည်ပေမယ့် အဓိကမေးတာကတော့
🏆ကိုယ်ဘယ်မေဂျာရွေးမှာလဲ
🏆ဘာကြောင့်ရွေးတာလဲ (your motivation)
🏆ကိုယ့်ရဲ့ academic and work goal တွေကို ပြောပြရင်း ကိုယ်ရွေးတဲ့မေဂျာနဲ့ ဘယ်လောက်ဆက်စပ်မှုရှိကြောင်း
🏆ဒီ scholarship က ကိုယ့်ရဲ့ personal development နဲ့ community ကို ပြန် contribute ဖို့အတွက် ဘယ်လိုအထောက်အကူပြုမှာလဲ
အဲ့တာတွေရေးပေးရမှာပါ

2️⃣ Describe a difficulty you faced - whether in an academic, professional, or social situation and how you used your leadership skills to overcome the challenge.

🏆 ဒါကတော့ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတစ်ခု (academic, professional or social difficulty) ကို ပြောပြရမှာပါ
🏆 ပြီးတော့ ကိုယ့်ရဲ့ leadership skill ကိုသုံးပြီး ဘယ်လိုဖြေရှင်းခဲ့လဲ
အဲ့တာကိုမေးတာပါ

စစ်ပေးရသလောက် ကျောင်းသားတွေ ဘယ်လိုအမှားတွေလုပ်တတ်လဲဆို
❗️ကိုယ့်အကြောင်းကို CV လို အများကြီးရေးပြတာ
❗️အဖြေကို တိုက်ရိုက်မရေးပဲ အရမ်းသွယ်ဝိုက်တာ
❗️Question no. 2 မှာ ကိုယ့်ရဲ့ leadership skill ကိုပေါ်အောင်မရေးပြတာ
❗️Words 700 max ကို 700 အပြည့်ရေးရမယ်ထင်ပြီး မရှည်ရှည်အောင်ရေးတာ (အမှန်က 700 ထပ်မကျော်ရဘူးပြောတာပါ၊ လုံးဝ 700 ကွက်တိဖြစ်စရာမလိုပါဘူးနော် ❌အဲ့ထပ်နည်းလို့လည်းရပါတယ်)

ကျမတို့ essay ရေးတဲ့ နေရာမှာ စာစစ်တဲ့သူက ကိုယ့် essay ကိုဖတ်လို့အဆင်ပြေအောင် သူနားလည်အောင်သေချာလေးရေးပြနိုင်ဖို့ ဂရုစိုက်ပေးပါ။ ❗️🫧

ဒီနေ့တော့ ဒီလောက်ပါပဲရှင့် 😇

✨✨✨✨🏆🏆🏆🏆✨✨✨✨
ကိုယ့် essay နဲ့ပတ်သက်ပြီး proofread and advice ပေးမယ့်သူမရှိဖြစ်နေရင် ကျမရဲ့ Essay Checking Service လာယူလို့ရပါတယ်။ Scholarship essay၊ Motivation letter၊ University Admission, etc စတာတွေအတွက် အကုန်စစ်ပေးပါတယ်။

Essay Checking Service မှာ ဘာတွေပါလဲဆိုရင်
- Essay Proofreading
- 1 on 1 Feedback Session and Polishing
- Interview Preparation
- Consultation for those who don’t know what major to choose
စတာတွေ ပါဝင်ပါတယ်။ အကူအညီလိုတယ်ဆိုရင် ကျွန်မဆီ အချိန်မရွေးလာလို့ရပါတယ်ရှင်။ 👩🏼‍🏫

📌ကျောင်းလျှောက်နေတဲ့ မောင်လေးတွေ ညီမလေးတွေအတွက် Recommendation Letter နဲ့ ပတ်သက်ပြီး ပြောပြပေးချင်လို့ပါ ✨⁉️Recommendati...
12/02/2024

📌ကျောင်းလျှောက်နေတဲ့ မောင်လေးတွေ ညီမလေးတွေအတွက် Recommendation Letter နဲ့ ပတ်သက်ပြီး ပြောပြပေးချင်လို့ပါ ✨

⁉️Recommendation Letter ဆိုတာဘာလဲ⁉️
Scholarship or university လျှောက်တဲ့ နေရာမှာ Personal Statement နီးတူ အရေးကြီးတာက recommendation letter ပါ။ ကိုယ့်အကြောင်းကို မသိသေးတဲ့ admission team အတွက် ကိုယ်က ဘယ်လိုတော်ပြီး competent ဖြစ်တဲ့သူလဲ ဆိုတာပြဖို့ recommendation letter တစ်စောင်တော့ အနည်းဆုံး မဖြစ်မနေ ပေးကြရပါတယ်။

📌 ဆိုတော့ ဘယ်သူတွေကို recommendation letter ရေးခိုင်းမလဲ? ❗️
✨ အဓိကကတော့ ကိုယ့်အကြောင်းကို အနီးကပ်သိတဲ့သူကို ရေးခိုင်းဖို့ အရေးကြီးပါတယ်။
အဲ့နေရာမှာ မိသားစုဝင်၊ သူငယ်ချင်း မဖြစ်ရပါဘူးနော်။❌
ကိုယ့်ကို စာသင်ပေးဖူးတဲ့ ဆရာ/ဆရာမ ဒါမှမဟုတ် ကိုယ်အလုပ်လုပ်ဖူးတဲ့ အလုပ်က ကိုယ့် manager or boss ဒါမှမဟုတ် volunteering တို့လို တခြား activities တွေ လုပ်တုန်းက ကိုယ့် mentor တွေကို ရေးခိုင်းသင့်ပါတယ်။ 🫧
ရာထူး ranking တွေထပ် ကိုယ့်ရဲ့ talent ကို အနီးကပ်သိတဲ့သူကို ရေးခိုင်းတာက အကောင်းဆုံးပါ။ 👍🏻

📌 ကဲ အဲ့တော့ recommender ကို recommendation letter ရေးပေးဖို့သွားပြောတော့မယ်ဆို ဘာတွေပြောပြရမလဲ? ❗️
ဒီအကြောင်းအရာကို ပြောပြချင်နေတာကြာပါပြီ။ ကျွန်မကို recommendation letter လာရေးခိုင်းတဲ့သူတွေရော Essay Checking Service လာအပ်တဲ့ ကလေးတွေရော လုပ်တတ်တဲ့ အမှားလေးကို အရင်ပြောပြမယ်နော်။

Recommender ကို ကျွန်တော်/ ကျွန်မကို recommendation letter ရေးပေးပါပြောရုံနဲ့ မပြီးပါဘူးနော်။ ❌
recommender တွေက ကိုယ်ဘယ်ကျောင်းတက်မယ် ဘာလျှောက်မယ် auto မသိပါဘူးနော်။ အဲ့ info ကို သိမှလည်း ရေးပေးတဲ့သူဘက်က အဲ့ program နဲ့ကိုက်ညီတဲ့ အချက်အလက်တွေရေးပေးနိုင်မှာပါ။ ☺️

✨ ဆိုတော့ recommender ကို ကိုယ်လျှောက်မယ့် program details (link တွေရှိရင်လည်း ပို့ပေးပါ)၊ ကိုယ့်အကြောင်းကို သူတို့သိဖို့ CV (if available)၊ ကိုယ် highlight လုပ်စေချင်တဲ့ အကြောင်းအရာလေးတွေ ပြောပြပေးပါ။ ✨ အဲ့တာမှ recommender အပေါ်လေးစားရာရောက်မယ်မြင်ပါတယ်။ ☺️

✨🏆 ကိုယ် highlight လုပ်စေချင်တဲ့ အကြောင်းအရာတွေမှာ
- ကိုယ်ဘာတွေတော်တယ်
- ဘယ်လိုမျိုး skill တွေရှိတယ်
- လျှောက်မယ့် ဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု သို့မဟုတ် အတွေ့အကြုံရှိတယ်
- Extracurricular activities တွေမှာပါဖူးတယ်
- အဲ့လိုအချက်တွေ ထည့်ရေးရင်တော့ ကောင်းပါတယ်။
ဒီလိုမျိုး scope ကို narrow down လုပ်ပေးခြင်းဖြင့် recommender တွေအနေနဲ့လည်း ရေးရတာ ပိုအဆင်ပြေမှာပါ။ 👍🏻

ဒီနေ့ကတော့ scholarship or university admission မှာ အရေးကြီးတဲ့ recommendation letter အကြောင်းကို ကျွန်မရဲ့ experience ကိုအခြေခံပြီး ပြောပြပေးသွားတာဖြစ်ပါတယ်။ 😇

✨✨✨✨🏆🏆🏆🏆✨✨✨✨
Scholarship or University Admission အတွက် Personal Statement or Essay အတွက် ကျွန်မဆီမှာ Essay Checking Service ရှိပါတယ်။

Essay Checking Service မှာ ဘာတွေပါလဲဆိုရင်
- Essay Proofreading
- 1 on 1 Feedback Session and Polishing
- Interview Preparation
- Consultation for those who don’t know what major to choose
စတာတွေ ပါဝင်ပါတယ်။ အကူအညီလိုတယ်ဆိုရင် ကျွန်မဆီ အချိန်မရွေးလာလို့ရပါတယ်ရှင်။ 👩🏼‍🏫

Address

Yangon

Telephone

+66804181755

Website

Alerts

Be the first to know and let us send you an email when Alexa’s English Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alexa’s English Class:

Share