Alexa’s English Class

Alexa’s English Class Your English Language Mentor! 👩🏻‍🏫

ကျွန်မ IELTS Training လုပ်ပေးနေတဲ့ သက်တမ်းတစ်လျှောက် တစ်လတည်းနဲ့ intensive train ခဲ့ရတဲ့ ကျောင်းသူတစ်ယောက်ရဲ့ achievemen...
18/06/2024

ကျွန်မ IELTS Training လုပ်ပေးနေတဲ့ သက်တမ်းတစ်လျှောက် တစ်လတည်းနဲ့ intensive train ခဲ့ရတဲ့ ကျောင်းသူတစ်ယောက်ရဲ့ achievement လေးကို အမှတ်တရ တင်ချင်လို့ပါ။ 👩🏻‍🏫❤️✨

ဒီကျောင်းသူအမက တစ်လပဲ အချိန်ရပြီး အလုပ်တစ်ဖက်နဲ့ဆိုတော့ တစ်ပတ်ကို သုံး/လေးရက်နှုန်းလောက် ညဘက်တွေ အကြီးအကျယ်တွေ train ပေးခဲ့ရပေမယ့် နောက်ဆုံး overall 7.5 ရသွားလို့ အရမ်းတွေ ဝမ်းသာနေပါတယ်။ 🥳🥳

Congratulations also to whoever did well in their IELTS Exam ပါရှင် ✨🎉🎉

06/06/2024

မင်္ဂလာပါရှင် 👩🏻‍🏫
Alexa’s English Class မှ ပြန်လည်ကြိုဆိုပါတယ်။ ✨

Tr. Alexa ကို ဘယ်အတန်းတွေသင်လည်း မေးတဲ့သူတွေအတွက် Tr က General English (Listening, Speaking focus), Business English အပြင် IELTS Preparation, Duolingo Preparation တွေလည်း သင်ပေးပါတယ်။ 💁🏻‍♀️

ဒီနေ့မှာတော့ Tr. Alexa ကို IELTS နဲ့ ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ရမလဲ၊ အချိန်ဘယ်လောက်ယူရမလဲ၊ preparation က အရမ်းခက်တာပဲ tips လေးတွေပြောပြပါလားဆိုပြီး လာမေးတဲ့သူတွေ အားလုံးအတွက် အသုံးဝင်မယ့် ✨Tips for IELTS Preparation✨ video လေးကို တင်ပေးလိုက်ပါတယ်။

ဒီထဲမှာ IELTS Takers တွေအတွက် အရမ်းအသုံးဝင်မယ့် tips လေးတွေပြောပြပေးထားတာမို့ အဆုံးထိကြည့်ပေးနော် ❤️

တစ်ခုခုသိချင်တာရှိရင်လည်း Tr ကိုလာမေးလို့ရပါတယ်။

📣 အားလုံးစောင့်မျှော်နေတဲ့ Thammasat University Scholarship Round 2 ဖွင့်ပြီမို့ အားလုံးလျှောက်လို့ရအောင် မျှဝေပေးလိုက်ပ...
12/03/2024

📣 အားလုံးစောင့်မျှော်နေတဲ့ Thammasat University Scholarship Round 2 ဖွင့်ပြီမို့ အားလုံးလျှောက်လို့ရအောင် မျှဝေပေးလိုက်ပါတယ် 😇🏆👩🏻‍🏫

Tr. Alexa တက်နေတဲ့ Thammasat University ရဲ့ နှစ်စဥ်ခေါ်နေကျ scholarship ဖြစ်တဲ့ Thammasat International Student Recruitment (TISR) Scholarship ပြန်ဖွင့်နေပါပြီ။ 🎉 သူက တစ်နှစ်ကို 2 ကြိမ်ခေါ်ပါတယ်။ ပြီးခဲ့တဲ့ November intake ခေါ်တုန်းက မလျှောက်လိုက်ရတဲ့သူတွေ ဒီတစ်ခေါက်တော့ သေချာပေါက်လျှောက်ဖို့ တိုက်တွန်းပါတယ်နော်။ ‼️

Thammasat University ကို လျှောက်ဖို့ ဘာလို့ recommend ပေးလဲဆိုရင် သူက ထိုင်းနိုင်ငံရဲ့ ✨Top 2✨ စာရင်းဝင်တဲ့ တက္ကသိုလ် ဖြစ်ပြီး QS World Ranking အနေနဲ့လည်း ✨Ranking 600✨ ထဲမှာပါတဲ့အတွက် International Ranking တော်တော်ကောင်းတဲ့ တက္ကသိုလ်မို့ လျှောက်သင့်တယ်လို့ တိုက်တွန်းပါတယ်။

📌နောက်ပြီး ဒီတစ်ခေါက်ခေါ်တဲ့အထဲမှာ Faculty ပိုစုံပါတယ်။ အရင်တစ်ခေါက် November intake တုန်းက Tr.Alexa တက်နေတဲ့ Language Institute Faculty မပါပေမယ့် ခုတစ်ခေါက်တော့ပါလာပါပြီ။ ကျွန်မနဲ့ Faculty တစ်ခုတည်းမှာ တက်ချင်ရင် လာခဲ့ကြပေါ့နော် xD 😆

📌 ဒီတစ်ခေါက်မှာတော့ Faculty စုစုပေါင်း 25 ခုက Bachelor ရော Master Program တွေအများကြီး ပါဝင်ပါတယ်။ 📣

Scholarship လျှောက်ဖို့ ဘာတွေလိုလဲ?
📌 Program တစ်ခုနဲ့ တစ်ခု requirements မတူကြပေမယ့် ယေဘုယျအားဖြင့်တော့
🏆 Passport Copy
🏆 Academic Records and Transcripts
🏆 English Proficiency Test Score (IELTS, TOFEL etc)
🏆 GED Score (for Engineering Programs)
🏆 Recommendation Letter
🏆 Statement of Purpose (Personal Statement)
အဲ့တာတွေလိုပါတယ်။
Program တစ်ခုနဲ့တစ်ခု requirements တွေမတူတဲ့အတွက် Program အကြောင်း အသေးစိတ်နဲ့ Requirement တွေကို ဒီ link မှာ ကိုယ်တိုင် အသေးစိတ်ဝင်ကြည့်ပေးပါ။ ‼️
http://sa.tu.ac.th/oth/tu_oia_program/tacon.pdf

(English Proficiency Score မရှိသေးတဲ့သူတွေက Thammasat University က စီစဥ်ပေးတဲ့ TU-GET ဖြေလို့ရပါတယ်နော်)

ကဲ.. ဘာတွေပြင်ဆင်ရမလဲသိပြီးရင် ဘယ်လိုလျှောက်ရမလဲ ပြောပြမယ်နော်!
📌 Application link - http://sa.tu.ac.th/oth/tu_oia_program/OIA_apply/

1️⃣ အဲ့ဒီမှာ Application Form ကို download ဆွဲပြီးဖြည့်ပါ။
2️⃣ ကိုယ့် program ကတောင်းတဲ့ document တွေ အကုန်ပြည့်စုံအောင်လုပ်ပါ။
3️⃣ ပြီးရင် အဲ့ link ထဲကပဲ Submission Form ကို ဖြည့်ပြီး application form and other documents တွေ attach တွဲပြီး submit လုပ်ရုံပါပဲ။

✨✨✨✨🏆🏆🏆✨✨✨✨✨
🎖️အကယ်၍ Statement of Purpose (Personal Statement) ရေးပြီး Proofreading and Feedback ပေးမယ့်သူ မရှိဖြစ်နေရင် Tr. Alexa ဆီမှာ 🔖 Essay Checking Service ✨ ရှိပါတယ်နော်။

ဒီ service မှာ တီချယ့်အနေနဲ့
📌 Essay တွေကို Proofreading ဖတ်ပေးပါမယ်
📌 ပြီးရင် one on one Feedback Session လုပ်ပေးပြီး polishing and improve လုပ်ပေးပါမယ်။

အကူအညီလိုရင် လာရောက်ဆက်သွယ်လို့ရပါတယ်။

‼️ TISR Scholarship Deadline ကတော့ March 25, 2024 (Monday) ဖြစ်လို့ အမြန်ဆုံးလျှောက်ဖို့ တိုက်တွန်းလိုပါတယ်။ ‼️

ကဲ ဒီနေ့ကတော့ ဒီလောက်ပါပဲရှင် Good Luck everyone 🍀

📣 Hi Myanmar Students..DISP Deadline ရောက်ဖို့ 2 ရက်ပဲလိုပါတော့တယ် 📣📌ကျွန်မဆီမှာ Essay Checking လာလုပ်ကြတဲ့ ကျောင်းသားတွ...
21/02/2024

📣 Hi Myanmar Students..DISP Deadline ရောက်ဖို့ 2 ရက်ပဲလိုပါတော့တယ် 📣📌

ကျွန်မဆီမှာ Essay Checking လာလုပ်ကြတဲ့ ကျောင်းသားတွေ အများဆုံးလုပ်တတ်တဲ့အမှားလေးတွေကို မျှဝေရင်း Application မထပ်ရသေးတဲ့ deadline fighter တွေ essay ရေးတဲ့အခါ သတိထားလို့ရအောင် ပြောပြလိုက်ပါတယ်။ 😇👩🏻‍🏫

📌အဓိကအချက်ကတော့ Essay Questions တွေကို နားမလည်တဲ့ ပြဿနာပါပဲ။ ❗️မေးခွန်း သေချာနားမလည်တော့ မေးခွန်းနဲ့ အဖြေက လွဲပြီး idea ရှိပါရက်နဲ့ ကိုယ့်ရဲ့ idea တွေကို ပေါ်လွင်အောင် မရေးပြနိုင်ကြတဲ့ ကျောင်းသားတွေ တွေ့ရပါတယ်။ ⚠️

ဒါ့ကြောင့် မေးခွန်းလေးတွေ နည်းနည်းရှင်းပြပါမယ်။

1️⃣ Write a personal statement about what motivated you to choose your field of study, explaining your goals in academics and work. Make sure to explain how this scholarship would benefit your personal development and contribute to your community.

ဒါကတော့ မေးခွန်းရှည်ပေမယ့် အဓိကမေးတာကတော့
🏆ကိုယ်ဘယ်မေဂျာရွေးမှာလဲ
🏆ဘာကြောင့်ရွေးတာလဲ (your motivation)
🏆ကိုယ့်ရဲ့ academic and work goal တွေကို ပြောပြရင်း ကိုယ်ရွေးတဲ့မေဂျာနဲ့ ဘယ်လောက်ဆက်စပ်မှုရှိကြောင်း
🏆ဒီ scholarship က ကိုယ့်ရဲ့ personal development နဲ့ community ကို ပြန် contribute ဖို့အတွက် ဘယ်လိုအထောက်အကူပြုမှာလဲ
အဲ့တာတွေရေးပေးရမှာပါ

2️⃣ Describe a difficulty you faced - whether in an academic, professional, or social situation and how you used your leadership skills to overcome the challenge.

🏆 ဒါကတော့ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတစ်ခု (academic, professional or social difficulty) ကို ပြောပြရမှာပါ
🏆 ပြီးတော့ ကိုယ့်ရဲ့ leadership skill ကိုသုံးပြီး ဘယ်လိုဖြေရှင်းခဲ့လဲ
အဲ့တာကိုမေးတာပါ

စစ်ပေးရသလောက် ကျောင်းသားတွေ ဘယ်လိုအမှားတွေလုပ်တတ်လဲဆို
❗️ကိုယ့်အကြောင်းကို CV လို အများကြီးရေးပြတာ
❗️အဖြေကို တိုက်ရိုက်မရေးပဲ အရမ်းသွယ်ဝိုက်တာ
❗️Question no. 2 မှာ ကိုယ့်ရဲ့ leadership skill ကိုပေါ်အောင်မရေးပြတာ
❗️Words 700 max ကို 700 အပြည့်ရေးရမယ်ထင်ပြီး မရှည်ရှည်အောင်ရေးတာ (အမှန်က 700 ထပ်မကျော်ရဘူးပြောတာပါ၊ လုံးဝ 700 ကွက်တိဖြစ်စရာမလိုပါဘူးနော် ❌အဲ့ထပ်နည်းလို့လည်းရပါတယ်)

ကျမတို့ essay ရေးတဲ့ နေရာမှာ စာစစ်တဲ့သူက ကိုယ့် essay ကိုဖတ်လို့အဆင်ပြေအောင် သူနားလည်အောင်သေချာလေးရေးပြနိုင်ဖို့ ဂရုစိုက်ပေးပါ။ ❗️🫧

ဒီနေ့တော့ ဒီလောက်ပါပဲရှင့် 😇

✨✨✨✨🏆🏆🏆🏆✨✨✨✨
ကိုယ့် essay နဲ့ပတ်သက်ပြီး proofread and advice ပေးမယ့်သူမရှိဖြစ်နေရင် ကျမရဲ့ Essay Checking Service လာယူလို့ရပါတယ်။ Scholarship essay၊ Motivation letter၊ University Admission, etc စတာတွေအတွက် အကုန်စစ်ပေးပါတယ်။

Essay Checking Service မှာ ဘာတွေပါလဲဆိုရင်
- Essay Proofreading
- 1 on 1 Feedback Session and Polishing
- Interview Preparation
- Consultation for those who don’t know what major to choose
စတာတွေ ပါဝင်ပါတယ်။ အကူအညီလိုတယ်ဆိုရင် ကျွန်မဆီ အချိန်မရွေးလာလို့ရပါတယ်ရှင်။ 👩🏼‍🏫

📌ကျောင်းလျှောက်နေတဲ့ မောင်လေးတွေ ညီမလေးတွေအတွက် Recommendation Letter နဲ့ ပတ်သက်ပြီး ပြောပြပေးချင်လို့ပါ ✨⁉️Recommendati...
12/02/2024

📌ကျောင်းလျှောက်နေတဲ့ မောင်လေးတွေ ညီမလေးတွေအတွက် Recommendation Letter နဲ့ ပတ်သက်ပြီး ပြောပြပေးချင်လို့ပါ ✨

⁉️Recommendation Letter ဆိုတာဘာလဲ⁉️
Scholarship or university လျှောက်တဲ့ နေရာမှာ Personal Statement နီးတူ အရေးကြီးတာက recommendation letter ပါ။ ကိုယ့်အကြောင်းကို မသိသေးတဲ့ admission team အတွက် ကိုယ်က ဘယ်လိုတော်ပြီး competent ဖြစ်တဲ့သူလဲ ဆိုတာပြဖို့ recommendation letter တစ်စောင်တော့ အနည်းဆုံး မဖြစ်မနေ ပေးကြရပါတယ်။

📌 ဆိုတော့ ဘယ်သူတွေကို recommendation letter ရေးခိုင်းမလဲ? ❗️
✨ အဓိကကတော့ ကိုယ့်အကြောင်းကို အနီးကပ်သိတဲ့သူကို ရေးခိုင်းဖို့ အရေးကြီးပါတယ်။
အဲ့နေရာမှာ မိသားစုဝင်၊ သူငယ်ချင်း မဖြစ်ရပါဘူးနော်။❌
ကိုယ့်ကို စာသင်ပေးဖူးတဲ့ ဆရာ/ဆရာမ ဒါမှမဟုတ် ကိုယ်အလုပ်လုပ်ဖူးတဲ့ အလုပ်က ကိုယ့် manager or boss ဒါမှမဟုတ် volunteering တို့လို တခြား activities တွေ လုပ်တုန်းက ကိုယ့် mentor တွေကို ရေးခိုင်းသင့်ပါတယ်။ 🫧
ရာထူး ranking တွေထပ် ကိုယ့်ရဲ့ talent ကို အနီးကပ်သိတဲ့သူကို ရေးခိုင်းတာက အကောင်းဆုံးပါ။ 👍🏻

📌 ကဲ အဲ့တော့ recommender ကို recommendation letter ရေးပေးဖို့သွားပြောတော့မယ်ဆို ဘာတွေပြောပြရမလဲ? ❗️
ဒီအကြောင်းအရာကို ပြောပြချင်နေတာကြာပါပြီ။ ကျွန်မကို recommendation letter လာရေးခိုင်းတဲ့သူတွေရော Essay Checking Service လာအပ်တဲ့ ကလေးတွေရော လုပ်တတ်တဲ့ အမှားလေးကို အရင်ပြောပြမယ်နော်။

Recommender ကို ကျွန်တော်/ ကျွန်မကို recommendation letter ရေးပေးပါပြောရုံနဲ့ မပြီးပါဘူးနော်။ ❌
recommender တွေက ကိုယ်ဘယ်ကျောင်းတက်မယ် ဘာလျှောက်မယ် auto မသိပါဘူးနော်။ အဲ့ info ကို သိမှလည်း ရေးပေးတဲ့သူဘက်က အဲ့ program နဲ့ကိုက်ညီတဲ့ အချက်အလက်တွေရေးပေးနိုင်မှာပါ။ ☺️

✨ ဆိုတော့ recommender ကို ကိုယ်လျှောက်မယ့် program details (link တွေရှိရင်လည်း ပို့ပေးပါ)၊ ကိုယ့်အကြောင်းကို သူတို့သိဖို့ CV (if available)၊ ကိုယ် highlight လုပ်စေချင်တဲ့ အကြောင်းအရာလေးတွေ ပြောပြပေးပါ။ ✨ အဲ့တာမှ recommender အပေါ်လေးစားရာရောက်မယ်မြင်ပါတယ်။ ☺️

✨🏆 ကိုယ် highlight လုပ်စေချင်တဲ့ အကြောင်းအရာတွေမှာ
- ကိုယ်ဘာတွေတော်တယ်
- ဘယ်လိုမျိုး skill တွေရှိတယ်
- လျှောက်မယ့် ဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု သို့မဟုတ် အတွေ့အကြုံရှိတယ်
- Extracurricular activities တွေမှာပါဖူးတယ်
- အဲ့လိုအချက်တွေ ထည့်ရေးရင်တော့ ကောင်းပါတယ်။
ဒီလိုမျိုး scope ကို narrow down လုပ်ပေးခြင်းဖြင့် recommender တွေအနေနဲ့လည်း ရေးရတာ ပိုအဆင်ပြေမှာပါ။ 👍🏻

ဒီနေ့ကတော့ scholarship or university admission မှာ အရေးကြီးတဲ့ recommendation letter အကြောင်းကို ကျွန်မရဲ့ experience ကိုအခြေခံပြီး ပြောပြပေးသွားတာဖြစ်ပါတယ်။ 😇

✨✨✨✨🏆🏆🏆🏆✨✨✨✨
Scholarship or University Admission အတွက် Personal Statement or Essay အတွက် ကျွန်မဆီမှာ Essay Checking Service ရှိပါတယ်။

Essay Checking Service မှာ ဘာတွေပါလဲဆိုရင်
- Essay Proofreading
- 1 on 1 Feedback Session and Polishing
- Interview Preparation
- Consultation for those who don’t know what major to choose
စတာတွေ ပါဝင်ပါတယ်။ အကူအညီလိုတယ်ဆိုရင် ကျွန်မဆီ အချိန်မရွေးလာလို့ရပါတယ်ရှင်။ 👩🏼‍🏫

📌 မြန်မာနိုင်ငံသားတွေအတွက်ပဲ သီးသန့်ပေးတဲ့ USAID က DISP Scholarship လေးကို လျှောက်စေချင်လွန်းလို့ ဝေမျှလိုက်ပါတယ်။ 🏆✨👩🏼‍...
07/02/2024

📌 မြန်မာနိုင်ငံသားတွေအတွက်ပဲ သီးသန့်ပေးတဲ့ USAID က DISP Scholarship လေးကို လျှောက်စေချင်လွန်းလို့ ဝေမျှလိုက်ပါတယ်။ 🏆✨👩🏼‍🏫

The Diversity and Inclusion Scholarship Program (DISP) ဟာဆိုရင် မြန်မာနိုင်ငံကကျောင်းသားတွေအတွက် သီးသန့်ဖွင့်ပေးထားတဲ့ အစီအစဥ်ဖြစ်ပါတယ်။ ✨🫧

ဒီ scholarship ရဲ့ ထူးခြားချက်ကတော့ Bachelor and Master’s Degree တွေကို in person ရော online program တွေတင်မကပဲ Online Graduate and Short-term Certificate Courses တွေအတွက်ပါ ပညာတော်သင်ဆုထောက်ပံ့ပေးတာပဲဖြစ်ပါတယ်။ 📚🎖️ တော်တော်ကို ထူးခြားတယ်ပြောရမယ်။
(Phd ကတော့ ကိုယ်တက်မယ့် program မှာ အရင် enroll လုပ်ရမယ်ပြောပါတယ် ကျန်တဲ့ degree and diploma တွေကတော့ enroll လုပ်ထားစရာမလိုပါဘူး)

ပညာသွားရောက်သင်ကြားလို့ရမယ့် နိုင်ငံတွေကတော့ Thailand 🇹🇭, Philippines 🇵🇭, Cambodia 🇰🇭, Indonesia 🇮🇩 and Myanmar 🇲🇲 ပဲဖြစ်ပါတယ်။ ASEAN တွင်းက နာမည်ကြီးကျောင်းတွေမှာ သွားတတ်လို့ရမယ့် အခွင့်အရင်းဆိုတော့ လက်မလွှတ်ပဲ လျှောက်ကြည့်ကြဖို့တိုက်တွန်းပါတယ်။ ❤️

သူက scholarship ပါသွားရင် University of Arizona က course တွေကိုလည်း အခမဲ့သင်ယူခွင့်ရဦးမှာပါ။ 📚 ကျောင်းဝင်ခွင့်ရဖို့အတွက် သူတို့ဘက်က အကုန်လုံး ပံ့ပိုးပေးမှာဖြစ်လို့ မောင်လေး ညီမလေးတို့ အနေနဲ့ ကြိုးစားဖို့ပဲ လိုတာပါနော်! 🫶🏻

ဒီလို အခွင့်အရေးကိုတော့ အဆင်သင့်မဖြစ်သေးပါဘူးဆိုပြီး လက်လွှတ်ဖို့ မကြိုးစားပါနဲ့နော်။ ရသည်ဖြစ်စေ မရသည်ဖြစ်စေ try ကြည့်ပါ။ Tr. Alexa ရဲ့ experience နဲ့ ယှဥ်ပြောရရင် တီချယ် scholarship နှစ်ခုရတယ်သာ လူတွေမြင်ကြပေမယ့် အဲ့အရှေ့က try ခဲ့ရတဲ့ အကြိမ်ရေတွေကို ဘယ်သူ့မှမသိကြပါဘူး။ ပြောရရင် အဲ့လို ရရမရရ try ခဲ့လို့သာ အခုလို အသီးအပွင့်တွေ ခံစားရတာပါ။ 💪🏻

ကဲ တရားလည်းချပြီးပြီဆိုတော့ ဘယ်လိုလျှောက်ရမလဲပြောပြမယ်နော်။
🏆 Application Link : https://myapp.iie.org/apply/?sr=bc974283-c66f-455a-ab83-7a0c706b28fd (Please create account first)
🏆 Academic Records, Copy of NRC, Copy of Passport တို့လိုပါတယ်။
🏆 Essay နှစ်ပုဒ်ရေးရပါမယ်။ ဒီ essay နှစ်ပုဒ်က အရမ်းအရေးကြီးပါတယ်နော်။ သေချယအချိန်ပေးပြီးရေးပါ။ ✨✨✨
🏆 Recommendation Letter 3 ဆောင်လိုပါတယ်။

✨✨✨✨🏆🏆🏆✨✨✨✨✨
🎖️အကယ်၍ Essay ရေးပြီး Proofreading and Feedback ပေးမယ့်သူ မရှိဖြစ်နေရင် Tr. Alexa ဆီမှာ 🔖 Essay Checking Service ✨ ရှိပါတယ်နော်။

ဒီ service မှာ တီချယ့်အနေနဲ့
📌 Essay တွေကို Proofreading ဖတ်ပေးပါမယ်
📌 ပြီးရင် one on one Feedback Session လုပ်ပေးပြီး polishing and improve လုပ်ပေးပါမယ်။
📌 နောက်အဆင့်ပါသွားတယ်ဆိုရင် interview အတွက်ပါ ပြင်ဆင်ပေးဦးမှာပါ။

အကူအညီလိုရင် လာရောက်ဆက်သွယ်လို့ရပါတယ်။

‼️ DISP Deadline ကတော့ February 23, 2024 at 11:30 p.m. MMT ဖြစ်လို့ အမြန်ဆုံးလျှောက်ဖို့ တိုက်တွန်းလိုပါတယ်။ ‼️

ကဲ ဒီနေ့ကတော့ ဒီလောက်ပါပဲရှင် Good Luck everyone 🍀

Photo crd USAID Website

It’s Scholarship Season, everyone!! 🥳✨Yes that’s true. This is the peak period of a lot of scholarship programs calling ...
05/02/2024

It’s Scholarship Season, everyone!! 🥳✨

Yes that’s true. This is the peak period of a lot of scholarship programs calling for applicants. ✨📚

‼️Is writing “Personal Statement” or “Statement of Purpose” holding you back to apply scholarships? 💭🔖

Don’t worry. 🎖️I’m here to help you! At “Alexa’s English Class”, we have “Essay Checking Service” where you can get everything in one package! 📌
🏆 Proofreading service (Motivation Letter, Statement of Purpose, Personal Statement for university or scholarship application)
🏆 One on one feedback session
🏆 Tips to win a scholarship
🏆 Career Coaching (for those who don’t know what subject to apply)

Just for your background, I am a full-ride scholarship winner of ✨Thammasat University with 100% tuition fees + monthly stipend✨. Plus, I was also chosen as the finalist of ✨Stipendium Hungaricum Scholarship✨ program in the same year! 🫧

Don’t think twice to apply for a scholarship! Road to become a scholarship winner is just one call away 🍀👩🏼‍🏫

📌Scholarship applicants of any nationality can make an inquiry via my page inbox! 📚

📌လုပ်ငန်းခွင်မှာ Presentation တွေ Public Speaking တွေလုပ်ရတော့မယ်ဆိုတာနဲ့ အရမ်း စိတ်လှုပ်ရှားတတ်တဲ့သူတွေ လက်ထောင် 🙋🏻‍♀️🙋...
30/01/2024

📌လုပ်ငန်းခွင်မှာ Presentation တွေ Public Speaking တွေလုပ်ရတော့မယ်ဆိုတာနဲ့ အရမ်း စိတ်လှုပ်ရှားတတ်တဲ့သူတွေ လက်ထောင် 🙋🏻‍♀️🙋🏻‍♂️

ဒီလိုမျိုး အလုပ်မှာ ဘယ်လောက်ပဲရာထူးမြင့်မြင့်လူတွေအရှေ့ထွက်ပြောရတော့မယ်၊ interview တွေဝင်ရတော့မယ်ဆို ကြောက်တတ် စိတ်လှုပ်ရှားတတ်တာ လူ့သဘာဝပါ။

ဒါပေမယ့် အဲ့ကြောက်စိတ်ကို ဖျောက်လို့ရတဲ့နည်းရှိပါတယ်။ ... အဲ့တာကတော့ များများလေ့ကျင့်တာပါပဲ။ ✨

လေ့ကျင့်တယ်ဆိုတဲ့နေရာမှာလည်း တတ်သိတဲ့လူနဲ့ လေ့ကျင့်မှသာ anxiety ကို overcome ဖြစ်မှာပါ။ 👩🏼‍🏫

✨ အဲ့အတွက် Tr. Alexa ရှိပါတယ်။ ကျွန်မဆီမှာ Working Professional တွေအတွက် Meeting, Public Speaking, Presentation and Interview တွေအတွက် ရက်တိုလေ့ကျင့်လို့ရတဲ့ Professional English Bootcamp ရှိနေပါပြီ 📣

ဘာတွေလေ့ကျင့်ပေးမှာလဲဆိုရင်
ကိုယ်ပြောရမယ့် topic, situation and people အပေါ်လိုက်ပြီး Customized Simulation တွေနဲ့ 1 on 1 intensive လေ့ကျင့်ပေးသွားမှာပါ။ (အသေးစိတ်ကို ပုံမှာကြည့်ပေးပါ) 🌸

Duration : 1 month (2 days per week/ 75 minutes a day) Schedule is flexible to adjust between student and teacher! တစ်ယောက်ချင်းဖြစ်လို့ အချိန်ညှိလို့ရပါတယ် 📌

ကျွန်မဆီမှာ လာတက်ကြတဲ့ Head Level/ C Level ကျောင်းသားတွေရဲ့ feedback ကောင်းများစွာရရှိထားတဲ့ Bootcamp မို့ English Presentation တွေအတွက် Alexa’s English Class ကိုသာ လာလိုက်ပါ! 👩🏼‍🏫🌸

📣 Alexa’s English Class ရဲ့ Group Class တွေ အမြဲမေးနေကြတဲ့ သူတွေအတွက် ပထမဆုံး Group Class လေး စပါပြီ! 🎉Tr. Alexa ပထမဆုံး...
29/01/2024

📣 Alexa’s English Class ရဲ့ Group Class တွေ အမြဲမေးနေကြတဲ့ သူတွေအတွက် ပထမဆုံး Group Class လေး စပါပြီ! 🎉

Tr. Alexa ပထမဆုံးအနေနဲ့ ဖွင့်မယ့် Group Class ကတော့ Listening & Speaking ကို အဓိကထားတဲ့ Speak Up Fluency Class လေးပဲဖြစ်ပါတယ်။ 🎉👩🏼‍🏫

☘️ သင်တန်းမှာ ဘာတွေသင်ယူရမှာလဲ? 🍀
✨ Listening & Speaking ကို ပုံမှန်သင်နေကြ ပုံစံတွေလိုမဟုတ်ပဲ fun & activity ဖြစ်တဲ့ interactive classroom system နဲ့ သင်ယူရမယ်
✨ Fluency and Accuracy ကို focus ထားပြီး လေ့ကျင့်ရမယ်
✨ Presentation တွေ Public Speaking တွေပါ လေ့ကျင့်ပေးမှာဖြစ်လို့ Working Professionals တွေအတွက် အရမ်းသင့်တော်ပါတယ်။

🍀 သင်တန်းသားဦးရေ? 🍀
✨ Interactive Classroom ပုံစံနဲ့သွားမှာဖြစ်လို့ သင်တန်းသား 5 - 7 ယောက်ပဲ လက်ခံပါမယ်ရှင့်။

သင်တန်းကတော့ Pre-Intermediate Level နဲ့ Intermediate Level နှစ်မျိုးရှိလို့ ကိုယ့် level အပေါ်မူတည်ပြီးတက်လို့ရပါတယ်။ Level မသိတဲ့သူတွေ Level Test ဖြေလို့ရပါတယ်။ 🤍

🍀 သင်တန်းကာလ နဲ့ အချိန် 🍀
✨ 1 ရက် ကို 1 နာရီနှုန်းနဲ့ 1 ပတ် 2 ရက် သင်ပါမယ်
✨ သင်တန်းကာလ - 2 လ

✨ Schedules (အားလုံး အဆင်ပြေအောင် Weekdays နဲ့ Weekends ဆိုပြီး နှစ်မျိုးခွဲပေးထားပါတယ်)
📣 Pre-Intermediate
Weekday Class - Monday and Tuesday 3pm to 4pm Myanmar Time
Weekend Class - Saturday and Sunday 6:30pm to 7:30pm Myanmar Time

📣 Intermediate
Weekday Class - Monday and Tuesday 4:30 to 5:30pm Myanmar Time
Weekend Class - Saturday and Sunday 8pm to 9pm Myanmar Time

Weekday Class ကတော့ February 19 ရက်နေ့ အတန်းစပါမယ်။
Weekend Class ကတော့ February 24 ရက်နေ့ စပါမယ်ရှင်။

🍀 သင်တန်းကြေး 🍀
Fees ကတော့ နှစ်လအပြတ်ကို 250,000 ပါရှင့်။

မေးခွန်းလေးတွေရှိရင် Page Messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။ 🤍🌸

23/01/2024

📌 4 situations to use ✨Run Into✨👩🏼‍🏫

ဒီနေ့မှာတော့ အခုနောက်ပိုင်းလူသုံးများနေတဲ့ expression လေးတစ်ခုဖြစ်တဲ့ "run into” ဆိုတဲ့ phrase ကို ဘယ်လို အခြေအနေတွေမှာ သုံးလို့ရမလဲ ကြည့်လိုက်ရအောင်! 😇

Tr. Alexa အနေနဲ့ အရင်တုန်းကနဲ့ မတူတဲ့ content ပုံစံမျိုး ဖန်တီးထားလို့ suggestion လေးတွေ ပေးသွားလို့ရပါတယ်။ example situation တွေပါထည့်ပေးထားတော့ fun & entertain ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 🤍

နောက်ပိုင်း ဘယ်လို အကြောင်းအရာတွေ sharing လုပ်ပေးစေချင်လည်းဆိုတာကို comment မှာ ရေးသွားလို့ပါတယ်။ Enjoy and have fun! ✨👩🏼‍🏫

22/01/2024

“Run Into” ဆိုတဲ့ expression ကို ဘယ်လိုနေရာတွေမှာ သုံးလို့ရမလဲ သိကြလား?? 👩🏼‍🏫
အဖြေလေးတွေကို comment မှာ ရေးသွားပေးပါဦး! 🏆

Do you know how to use the expression “Run into”?
Comment down below and let’s check the answer tomorrow! 🤍

Address

Yangon

Telephone

+66804181755

Website

Alerts

Be the first to know and let us send you an email when Alexa’s English Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alexa’s English Class:

Share