
29/03/2024
LGD Gaming Disband
*****************
LGD နည်းပြ Xiao8 က LGD Gaming ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သူရဲ့ WeChat မှတစ်ဆင့်ပရိတ်သတ်တွေကို အသိပေးပြောဆိုလိုက်ပြီဖြစ်ပါတယ်။ LGD Gaming ဒေဝါလီ ခံရတော့မယ်လို့
Ame, Chalice,နဲ့ Planet တို့၃ယောက် အတည်ပြုပြောဆိုခဲ့ပြီးရက်အနည်းငယ်အကြာမှာတော့ တကယ်ကြီးဖျက်သိမ်းသွားခဲ့ပါပြီ။
ကစားသမားတစ်ယောက်ကို ယွမ် 9 သန်း တစ်နှစ်ကို (ဒေါ်လာ 1.2 သန်း) ပေးခဲ့ရကြောင်းနဲ့ ဒီလိုပေးခဲ့ရတာကလည်း
Sponsor ကြေးတွေက တစ်နှစ်ကို ယွမ် ၁၀သန်းကနေ ၁၂သန်းနီးပါးရရှိခဲ့တာကြောင့်ပါ။
Covid ဖြစ်ပြီးနောက်မှာတော့ Sponsor တွေနည်းလာပြီး တစ်နှစ်ကို ယွမ် 3 သန်းရဖို့တောင်အနိုင်နိုင်ဖြစ်လာခဲ့ပါတယ်။ အဲ့တာကြောင့် ကစားသမားတွေကို လစာပေးဖို့က ပိုပြီးခက်ခဲလာခဲ့ပါတယ်လို့ အသင်းရဲ့ မန်နေဂျာဖြစ်သူ Pan Fei ကပြောပြခဲ့ပါတယ်။
china region ရဲ့ super power အသင်းတစ်သင်းဖြစ်ခဲ့တဲ့ LGD Gaming ကတော့ dota 2 လောကကနေ အပြီးတိုင်ထွက်ခွာသွားတော့မှာလား ဒါမှမဟုတ် တစ်ဖန်ပြန်လာဦးမှာလားဆိုတာကိုတော့ အတတ်မပြောနိုင်သေးပါဘူး။