
26/07/2025
"လီယွန်နယ် မက်ဆီကို ပွဲပယ်တယ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ပါပဲ ။ သူက မေဂျာလိဂ်ကို အများကြီး ပြောင်းလဲစေခဲ့တာလေ ။ သူ့ကို မကစားခိုင်းတာက အသင်းကိုရော ၊ အသင်းဖန်တွေကိုရော ၊ မေဂျာလိဂ်ကိုရော Apple ကိုရော အားလုံးကို ထိခိုက်စေပါတယ် ။ စည်းမျဉ်းစည်းကမ်းတွေက အားနည်းနေတာပါ ၊ ပြီးတော့ အခုက မက်ဆီလေဗျာ . . . ။ သူ ဒီကိစ္စအပေါ် အရမ်း စိတ်ပျက်နေပါတယ် ။ ဒါက သိပ်မကြာဖို့ပဲ ကျွန်တော် မျှော်လင့်မိပါတယ်"
Jorge Mas ( Inter Miami co-owner )
မက်ဆီ နဲ့ ဂျော်ဒီ အယ်ဘာ တို့ဟာ MLS All-Star ပွဲကို ပါဝင်မကစားခဲ့တာကြောင့် မေဂျာလိဂ်ပွဲစဉ် ၁ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ် ။ မနက်ဖြန်ကစားမယ့် ပွဲမှာ မက်ဆီ နဲ့ အယ်လ်ဘာ မပါဝင်လာနိုင်တော့ပါဘူး ။