ၿမန္မာစြယ္စံုသတင္း

ၿမန္မာစြယ္စံုသတင္း နေ့စဉ်ထူးခြားသတင်းများနှင့် သုတ ၊ ရသ ၊ ဆောင်းပါး များကို Up to Date ဖတ်ရှု့နိုင်ပါသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” နှင့်ပတ်သတ်ပြီး သတင်းထုတ်ပြန်ချက်6.November.2025တ...
06/11/2025

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” နှင့်ပတ်သတ်ပြီး သတင်းထုတ်ပြန်ချက်

6.November.2025

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း တိုင်းနှင့် ပြည်နယ်များရှိ အချို့ဒေသများ၌ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ (Da Nang) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အဆိုပါတိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့်ရှိနိုင်ကြောင်း သိရသည်။

မိုးဇလ

ချင်းမိုင်မြို့မှာ လွိုင်ကထုံမီးမျှောပွဲကို ပင်းမြစ်တလျှောက်မှာ ကျင်းပနေပြီး ထိုင်းလူမျိုးတွေနဲ့အတူ ရွှေ့ပြောင်းမြန်မာတွ...
06/11/2025

ချင်းမိုင်မြို့မှာ လွိုင်ကထုံမီးမျှောပွဲကို ပင်းမြစ်တလျှောက်မှာ
ကျင်းပနေပြီး ထိုင်းလူမျိုးတွေနဲ့အတူ ရွှေ့ပြောင်းမြန်မာတွေလည်း ပါဝင်ဆင်နွဲ

ချင်းမိုင်၊ နိုဝင်ဘာ ၆.၂၀၂၅

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လွိုင်ကထုံမီးမျှောပွဲကို ပင်းမြစ်တလျှောက် ၃ နေရာထက်မနည်းမှာ နိုဝင်ဘာ ၅ ရက်နေ့ ဒီနေ့ည ကျင်းပပြုလုပ်နေပြီး ထိုင်းလူမျိုးတွေနဲ့အတူ ရွှေ့ပြောင်းမြန်မာတွေလည်း ပါဝင်ဆင်နွဲနေပါတယ်။

လွိုင်ကထုံပွဲကို နိုဝင်ဘာ ၅ ရက်နေ့နဲ့ ၆ ရက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး မကောင်းတဲ့ ကံအညံ့တွေကို ဖယ်ရှားတဲ့အနေနဲ့ ပြုလုပ်ကြတာလို့ သိရပါတယ်။

လွိုင်- မျှောခြင်း၊ ကထုံ- ငှက်ပျောဖက်နဲ့ပြုလုပ်ထားတဲ့ ပန်းအလှဆင်မှုတွေနဲ့အတူ ဖယောင်းတိုင်၊ အမွှေးတိုင်တို့ကိုထွန်းညှိ ရေထဲမျှောကြရတာဖြစ်ပြီး လွိုင်ကထုံပွဲမှာ မီးမျှောတာအပါအဝင် မီးရှူးမီးပန်းဖောက်တာ၊ အစားအသောက်ရောင်းချတာ၊ မီးအလှဆင်ထွန်းတာတွေနဲ့ စည်ကားနေပါတယ်။

မြောက်ကိုရီးယားရဲ့ ကင်မ်မျိုးဆက် ခေါင်းဆောင် ၃  ယောက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထိပ်တန်းခေါင်းဆောင် အသက် ၉၇ နှစ်အရွယ်...
05/11/2025

မြောက်ကိုရီးယားရဲ့ ကင်မ်မျိုးဆက် ခေါင်းဆောင် ၃ ယောက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထိပ်တန်းခေါင်းဆောင် အသက် ၉၇ နှစ်အရွယ်မှာ ကွယ်လွန်

5.November , 2025

မြောက်ကိုရီးယားအာဏာရှင် ကင်မ်မျိုးဆက် ခေါင်းဆောင် ၃ ယောက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နိုင်ငံအကြီးအကဲ ကင်မ်ယောင်နမ်ဟာ အသက် ၉၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲံတယ်လို့ သိရပါတယ်။

ကင်မ်ယောင်နမ်ဟာ မြောက်ကိုရီးယားနိုင်ငံကို စတင်ထူထောင်တဲ့ ကင်မ်အီဆွန်း၊ သားဖြစ်သူ ကင်မ်ဂျုံအီနဲ့ မြေးဖြစ်သူ ကင်မ်ဂျုံအန်းတို့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထိပ်တန်းအရာရှိတယောက် ဖြစ်ခဲ့ပါတယ်။ကင်မ်ယောင်နမ်ဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ကင်မ်ယောင်နမ်ဟာ နိုဝင်ဘာ ၃ ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဈာပနကို နိုင်ငံတော်အဆင့် ကျင်းပမယ်လို့ မြောက်ကိုရီးယားသတင်း အေဂျင်စီ KCNA က ဖော်ပြပါတယ်။

ကင်မ်ယောင်နမ်ဟာ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တွေ ကိုလိုနီပြုထားတဲ့အချိန်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ပြုံယမ်းမှာ ဖွင့်ခဲ့တဲ့ ကင်မ်အီဆွန်းရဲ့ တက္ကသိုလ်မှာ ပညာသင်ကြားခဲ့သလို ရုရှားနိုင်ငံမှာလည်း ပညာသင်ကြားခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်မှာ နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ရာထူးအဆင့်ဆင့် တက်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီး စဖြစ်ခဲ့ပြီးနောက် ကင်မ်အီဆွန်း လက်ထက်တလျှောက် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ကင်မ်ယောင်နမ်ဟာ မြောက်ကိုရီးယားနိုင်ငံ ကိုယ်စားပြု အကြီးအကဲအဖြစ် နိုင်ငံတကာအဆင့် ဆွေးနွေးပွဲတွေ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ကင်မ်ယောင်နမ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် မျိုးဆက် ၃ ဆက်အောက်မှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ရာထူးလျှော့ချတာမျိုး လုံးဝမခံရသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ တာဝန်ကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။

Source: Reuters

အောင်မြေသာစံမြို့နယ်ရှိ ငါးကန်တခုအတွင်း အမျိုးသား (၁)ဦး ရေနစ်​ေ-သဆုံးမန္တလေး။နိုဝင်ဘာ ၅.၂၀၂၅မန္တလေးတိုင်းဒေသကြီး၊ အောင်မ...
05/11/2025

အောင်မြေသာစံမြို့နယ်ရှိ ငါးကန်တခုအတွင်း အမျိုးသား (၁)ဦး ရေနစ်​ေ-သဆုံး

မန္တလေး။နိုဝင်ဘာ ၅.၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ (၇၆x၇၄)နှင့် (၁x၃)လမ်းကြား၊ ငါးကန်တခုအတွင် နိုဝင်ဘာလ ၄ရက် နံနက် ၀၈ ၀၃ အချိန်ခန့်က အမျိုးသား (၁)ဦး ရေနစ်နေကြောင်း သတင်းရရှိခဲ့သည်။

သတင်းအရ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အိုးဘိုရွှေကျင်အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနီအရှေ့လူမှုကူညီရေးအသင်း၊ နှလုံးလှလူမှုကူညီရေးအသင်းတို့မှ အဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ပြည်သူများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရေနစ်သူ အမျိုးသား(၁)ဦး (​ေ-သဆုံး)၏ ရုပ်အလောင်းအား ၁၀ ၃၅ အချိန်
တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဌာနီအရှေ့လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။

MFSD

ကန်ချနဘူရီခရိုင်တွင်  တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့်မြန်မာနိုင်ငံသား ၂၅ဦး  ဖမ်းဆီးခံရကန်ချနဘူရီ။ နိုဝင်ဘာ ၅.၂၀၂၅ထိုင်းနို...
05/11/2025

ကန်ချနဘူရီခရိုင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့်မြန်မာနိုင်ငံသား ၂၅ဦး ဖမ်းဆီးခံရ

ကန်ချနဘူရီ။ နိုဝင်ဘာ ၅.၂၀၂၅

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စိုင်ယို့မြို့နယ်တွင် နိုဝင်ဘာ ၄ ရက် နံနက်က တရားမဝင်နယ်စပ်ဖြတ်ကျော် လာသည့်မြန်မာနိုင်ငံသား ၂၅ဦး ဖမ်းဆီးခံရ တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီ ဒေသအာဏာပိုင်များသည် နိုဝင်ဘာ ၄ ရက် နံနက်က ကန်ကျနဘူရီခရိုင် စိုင်ယို့မြို့နယ် ဝပ်ခေါင်ခေ့ဘုန်းကြီးကျောင်းအနီး ဓာတ်ဆီဆိုင်အဟောင်းတွင် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစီး တွေ့ရှိ၍စစ်ဆေးခဲ့သည်။

ယင်းသို့ ဒေသအာဏာပိုင်များစစ်ဆေးရာကားအတွင်း၌တွေ့ရသော မြန်မာနိုင်ငံသား ၂၅ ဦးတွင် မည်သည့်အထောက်အထားမှမရှိသည့် အတွက် စစ်ဆေးဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါမြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့သွားရောက်ရန် လူကယ်ရီပွဲစားအား တစ်ဦးလျှင် ဘတ်၂၅၀၀၀(မြန်မာကျပ်ငွေ သိန်းသုံးဆယ်ကျော် )ပေးဆောင်ခဲ့ရကြောင်း၊ထိုင်းနိုင်ငံ နခေါပထုမ်နှင့် စမွတ်ဆာခေါတို့တွင် သွားရောက်အလုပ်လုပ်ကိုင်မည်ဖြစ်ကြောင်းသိရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကိုလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရသိရသည်။

Photo-LHT

ထိုင်းတောင်ပိုင်း ထာ့ဆဲ့မြို့နယ်ကနေ မြန်မာဘက်ခြမ်းတွင် အလှူလုပ်ပြီးပြန်လာသည့် ထိုင်းရွာသူကြီးနှင့် အထောက်အထားမဲ့ မြန်မာရ...
05/11/2025

ထိုင်းတောင်ပိုင်း ထာ့ဆဲ့မြို့နယ်ကနေ မြန်မာဘက်ခြမ်းတွင် အလှူလုပ်ပြီးပြန်လာသည့် ထိုင်းရွာသူကြီးနှင့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀ ခန့် ဖမ်းဆီးခံရ

5.November , 2025

ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်၊ ထာ့ဆဲ့မြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းကိုသွားရောက်ပြီး တန်ဆောင်တိုင် ကထိန်ခင်းအလှူလုပ်ခဲ့တဲ့ ထိုင်းရွာသူကြီး၊ သူကြီးတပည့်နဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၈ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနယ်ခြားစောင့်တပ် အမှတ် ၄၁၄ နဲ့ တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၂ ရက် မနက်က ထာ့ဆဲ့မြို့နယ်၊ လပ်လောအုပ်စု၊ ဘန့်ဟင်ဒတ်ရွာအနီး လမ်းပေါ်မှာ စစ်ဆေးရေးဂိတ်ချပြီး ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးချိန် နယ်စပ်ဘက်က ဝင်ရောက်လာတဲ့ ဟိုင်းလပ်စ်ကား ၂ စီးကိုပါ တားဆီးစစ်ဆေးခဲ့ပါတယ်။

သူကြီးတပည့် နိုင်းမိန်ဖိတ် မောင်းနှင်လာတဲ့ အဖြူရောင်ဟိုင်းလပ်စ်ကားထဲမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၆ ယောက်နဲ့ ကလေး ၁၄ ယောက် စုစုပေါင်း ၂၁ ယောက်ကို ခရီးသွားအထုပ်အပိုးတွေနဲ့ပါ တွေ့ရှိတယ်၊ ဒါ့အပြင် ကားနောက်ကနေ ခြေလျင်လျှောက်လာတဲ့ အထောက်အထားမဲ့ မြန်မာအမျိုးသား ၉ ယောက် အမျိုးသမီး ၈ ယောက် ပေါင်း ၁၇ ယောက် တွေ့ရှိတယ်၊ အဲဒီနေရာအနီးကနေ တရားမဝင် မြန်မာစုစုပေါင်း ၃၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ကလိုက်လာတဲ့ ဟိုင်းလပ်စ်ကားမှာတော့ ကားမောင်းသူမှာ အဲဒီနယ်ထဲမှာ ဩဇာအာဏာရှိတဲ့ တိုက်နယ်သူကြီး နိုင်းဆွန်ထွဏ်း ဖြစ်တယ်၊ သူကြီး မောင်းတဲ့ကားပေါ်မှာတော့ ထိုင်းနိုင်ငံသား ၈ ယောက် လိုက်ပါလာတယ်။ တာဝန်ကျစစ်ကြောင်းမှူးက စစ်ဆေးမေးမြန်းရာမှာ သူကြီးက သူတို့ဟာ အောက်တိုဘာ ၃၁ ရက်က မြန်မာဘက်ခြမ်းရှိ မီးလောင်သွားတဲ့ ဘုန်းကြီးကျောင်းတကျောင်းကို သွားရောက်ကူညီပြီး ကထိန်ခင်းခဲ့တယ်၊ သူ့တပည့် တင်လာတဲ့ သူတွေ အထောက်အထား ရှိ၊ မရှိ မသိရကြောင်း၊ သူနဲ့လည်း ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ စစ်ဆေးရေးဘက်ကတော့ သူကြီးဟာ တရားမဝင်လမ်းကြောင်းကနေ မြန်မာဘက်ခြမ်းကို အဝင်အထွက် လုပ်တယ်၊ အတူဝင်လာတဲ့ မြန်မာတွေနဲ့လည်း ပတ်သက်မှုရှိတယ်လို့ ပြောတာကြောင့် စစ်ကြောင်းမှူးနဲ့ သူကြီးတို့ အချေအတင်စကားများကြတယ်၊ သူကြီးက စစ်ကြောင်းမှူးကို သူ အုပ်ချုပ်တဲ့နယ်မြေမှာလာပြီး ဩဇာအာဏာပြတယ်လို့ ဆိုကာ ကြမ်းတမ်းစွာ ဆဲဆိုကြတဲ့အထိ ဖြစ်သွားပါတယ်။

စစ်ဆေးရေးဂိတ်တာဝန်ရှိသူတွေကတော့ သူကြီးရဲ့တပည့်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အထောက်အထားမဲ့သူတွေကို နိုင်ငံအချုပ်အခြာတွင်း သယ်ဆောင်လာပြီး သူတို့ အဖမ်းမခံရအောင် အကာအကွယ်ပေးမှုတွေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။

သူကြီးကိုတော့ အသရေဖျက်မှု၊ ဝတ္တရားနှောင့်ယှက်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး အလုပ်သမားတွေ ဖမ်းမိတဲ့ကိစ္စ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိကို ဆက်လက်စစ်ဆေးသွားမယ်လို့ပြောကြောင်း ချန်နယ်လ် ၇ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: CH7 TV News

အမေရိကန်ပြည်ထောင်စု လူးဝစ်ဗီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကုန်တင်လေယာဉ်တစင်း ပျံတက်စဉ် ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့လို့ ...
05/11/2025

အမေရိကန်ပြည်ထောင်စု လူးဝစ်ဗီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကုန်တင်လေယာဉ်တစင်း ပျံတက်စဉ် ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့လို့ လက်ရှီအချိန်ထိ ၇ဉီး​ေ-သဆုံးထား ပျောက်ဆုံးနေသူများလည်းရှိ

ဝါရှင်တန်၊ နိုဝင်ဘာ-၅-၂၀၂၅

အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ်၊ လူးဝစ်ဗီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကုန်တင်လေယာဉ်တစင်း ပျံတက်စဉ် ပျက်ကျပြီးနောက် မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယခုအချိန်အထိ ​ေ-သဆုံးသူ ခုနှစ်ယောက်ယောက်ရှိကြောင်း အတည်ပြုပြီး ​ေ-သဆုံးသူတိုးလာမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဖြစ်စဉ်ကြောင့် လူ ၁၁ ယောက်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။

အနီးနားမှာ နေထိုင်သူတွေကတော့ ဘေးလွတ်ရာ ရွှေ့ဖို့ ညွှန်ကြားထားပါတယ်။ လေယာဉ်ဟာ လောင်စာဆီဂါလံ သုံးသောင်းရှစ်ထောင်ခန့် သယ်ဆောင်လာစဉ် ပေါက်ကွဲခဲ့ပြီး မီးတောက်တွေဟာ အနီးအနားရှိ လုပ်ငန်းတွေကိုပါ လောင်ကျွမ်းခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းသုံးယောက် လိုက်ပါလာပြီး အားလုံး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဟာဝိုင်အီသို့ ဦးတည်ပျံသန်းနေတဲ့ လေယာဉ်ခရီးစဉ် ၂၉၇၆ ဟာ ဒေသစံတော်ချိန် ၅ နာရီ ၁၅ မိနစ်မှာ ပျက်ကျခဲ့တယ်လို့ အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာနက အတည်ပြုထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ မီးသတ်သမား အယောက် ၁၀၀ ကျော်က မီးငြှိမ်းသတ်ဖို့ အပြင်းအထန် ကြိုးပမ်းနေပါတယ်။

Photo:Reuters

(တန်ဆောင်မုန်းလပြည့်) ညပိုင်းက ရန်ကုန်နဲ့ နေပြည်တော်မှာ ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ထက်မနည်း ရှိခဲ့ရန်ကုန်။ ...
05/11/2025

(တန်ဆောင်မုန်းလပြည့်) ညပိုင်းက ရန်ကုန်နဲ့ နေပြည်တော်မှာ ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ထက်မနည်း ရှိခဲ့

ရန်ကုန်။ နိုဝင်ဘာ ၅ ။ ၂၀၂၅

နိုဝင်ဘာ ၄ ရက် (တန်ဆောင်မုန်းလပြည့်) ညပိုင်းက ရန်ကုန်နဲ့ နေပြည်တော်မှာ ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာ မြို့နယ်မှာ မနေ့ည ၈ နာရီ ၅၂ မိနစ်ဝန်းကျင်က ပံ့သကူကောက်ရင်း အမျိုးသား နှစ်ယောက် ရန်ဖြစ်စကားများရာက တယောက် ဦးခေါင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် လှိုင်သာယာ ပြည်သူဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ ခွန်အားသစ် လူမှုကူညီရေး ပရဟိတအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒါအပြင် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ဂျမားကျောင်းနားမှာလည်း ပံ့သကူကောက်ရင်း လူနှစ်ယောက် ဆိုင်ကယ်နဲ့ တိုက်မိမှု ဖြစ်ပွားခဲ့သလို သာကေတမြို့နယ်မှာလည်း ကားတိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူ တယောက် ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“အပျော်ကနေ အပျက်ဖြစ်ရတယ်။ သန်လျင်မှာ ဖြစ်တာကတော့ အဲဒီ နှစ်ယောက်က အခုထိ သေလား၊ ရှင်လားတော့ မသိသေးဘူး။ ပံ့သကူဆိုတာ အရင် ရေရိုး အစဉ်အလာက လူခြေတိတ်ချိန် ဘယ်သူမှ မသိအောင် ပံ့သကူပစ်ကြတာ။ အခုကတော့ ကားတွေနောက် အော်ဟစ် လိုက်တောင်းနေတာ ဖြစ်သွားပြီ။ တချို့ဆို လာနေတဲ့ ကားရှေ့ကနေ ပိတ်ရပ်ပြီး တောင်းကြတာတွေလည်း တွေ့နေရတယ်။ တကယ့်ကို အန္တရာယ်လည်း အရမ်းများတဲ့ အခြေအနေပါ” လို့ သန်လျင်မြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။

ဒါအပြင် အင်းစိန်၊ ဖော့ကန်နဲ့ ကြို့ကုန်းဘက်မှာလည်း ပံ့သကူကောက်ရင်း ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိသူ နှစ်ယောက် ရှိခဲ့တယ်လို့ တွဲလက် လူမှုကူညီရေးအသင်း တာဝန်သူက ပြောပါတယ်။

ပံ့သကူပစ်တဲ့ အလေ့အထဟာ တန်ဆောင်တိုင်ပွဲတော်ကာလ ရိုးရာအစဉ်အလာတခု ဖြစ်ပေမယ့် ကိုဗစ်ကာလအတွင်းကစလို့ လူစည်ကားရာ လမ်းမတွေပေါ် မောင်းနှင်လာတဲ့ ကားတွေပေါ်ကနေ ပံ့သကူခေါင်းစဉ်နဲ့ ပိုက်ဆံတွေ ကြဲချတဲ့ အလေ့အထ စတင်ပေါ်ပေါက်လာရာက ယာဉ်မတော်တဆမှုတွေလည်း နှစ်စဉ် ဖြစ်ပေါ်နေတာပါ။

နေပြည်တော် ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့၊ လက်ပန်ခါးလှ ကျေးရွာအနီးမှာ မနေ့ည ၈ နာရီဝန်းကျင်က ပံ့သကူကောက်နေတဲ့ အမျိုးသားတယောက်နဲ့ ကိုရင်တပါးကို ဆိုင်ကယ် တစီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်းမှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဒါအပြင် ပျဉ်းမနားမြို့၊ ပန်းခင်း မီးပွိုင့်အနီးမှာလည်း ပံ့သကူပစ်ပြီး လမ်းဘေးမှာ ရပ်နေတဲ့ အသက် ၁၁ အရွယ် မိန်းကလေးတယောက်ကို ကားတစီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ခြေ၊ လက်နဲ့ ဘယ်ဘက်မျက်လုံး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

“ပန်းခင်းမီးပွိုင့် ဖြစ်စဉ်က သူက ပိုက်ဆံထွက်ကြဲပြီး ရပ်ကြည့်နေတဲ့ အချိန်မှာ ကားက ဝင်တိုက်သွားတာ။ ညက ဖြစ်စဉ် ငါးခု၊ ခြောက်ခုလောက်ရှိတယ်။ ‌အချိန်တွေကတော့ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပဲ ဖြစ်သွားတာ။ ရန်ကုန် - မန္တလေး လမ်းဟောင်းမှာလည်း ဖြစ်တယ်။ စုစုပေါင်း ထိခိုက်ဒဏ်ရာရတာက ခုနစ်ယောက်လောက် ရှိမယ်” လို့ သူက ပြောပါတယ်။

ဒီလို မတော်တဆမှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ တွဲလက် လူမှုကူညီရေးအသင်း တာဝန်သူက “ပံ့သကူ ကောက်တာလည်း ကောက်ပါ။ ဒါပေမယ့် လမ်းတွေပေါ်တော့ အရမ်း မတက်ကြပါနဲ့လို့ ပြောချင်တယ်။ တချို့လမ်းတွေဆို ကားက တလမ်းသွားစာပဲ ရှိတာကိုး။ ဒါကြောင့် လူတွေ အပြင်ထွက်မယ် ဆိုရင်လည်း ကားလမ်းဘေးမှာပဲ နေကြဖို့ ပြောချင်တယ်” လို့ ဆိုပါတယ်။

ဒါအပြင် ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ ညပိုင်းမှာလည်း ပံ့သကူအပြင် သူခိုးကြီးည (ကျီးမနိုးပွဲ) ပါ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အပျော်ကနေ အပျက်မဖြစ်အောင် ဂရုပြုကြစေလိုတယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်း (မြောက်ဒဂုံ) မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဓာတ်ပုံ -လူမူ့ကူညီရေးအသင်းများ

ဆူဒန်နိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့အကြားပဋိပက္ခကြောင့် လူထောင်ချီ အိုးအိမ်စွန့် ထွက်ပြေးနေရ5.November , 2025ဆူဒ...
05/11/2025

ဆူဒန်နိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့အကြားပဋိပက္ခကြောင့် လူထောင်ချီ အိုးအိမ်စွန့် ထွက်ပြေးနေရ

5.November , 2025

ဆူဒန်နိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) အကြား ဒါဖာနဲ့ ကော်ဒိုဖန် ပြည်နယ်တွေတလျှောက် တိုက်ပွဲတွေ ပိုပြင်းထန်လာလို့ ဆူဒန်နိုင်ငံ မြောက်ဒါဖာပြည်နယ်ရဲ့ မြို့တော် အယ်လ်ဖာရှာကနေ မကြာသေးမီရက်တွေအတွင်း လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြပါတယ်။

မြောက်ကော်ဒိုဖန်ပြည်နယ်က ဘာရာနဲ့ အယ်လ်ဖာရှာ အပါအဝင် မဟာဗျူဟာကျတဲ့ မြို့အတော်များများကို RSF က ပြန်သိမ်းပိုက်ပြီးတဲ့နောက် ခုလို အစုလိုက် ပြည်တွင်း ရွှေ့ပြောင်းတဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့တာပါ။

အောက်တိုဘာ ၂၆ ရက်မှာ မြို့ကျရှုံးပြီးကတည်းက အယ်လ်ဖာရှာနဲ့ အနီးတဝိုက်ဒေသတွေက လူပေါင်း ၇၁,၀၀၀ နီးပါး ထွက်ပြေးခဲ့ကြပြီး အများစုက ကီလိုမီတာ ၄၀ အကွာ တာဝီလာမြို့က လူဦးရေထူထပ်တဲ့ စခန်းတွေဆီ ထွက်ပြေးခဲ့ကြတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့အစည်းက ဖော်ပြခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေက RSF တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ ကင်းလှည့်မှုတွေကို ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးတွေကို ပြန်ပြောင်း ပြောပြခဲ့ကြပါတယ်။

လမ်းတလျှောက်မှာ အစုလိုက်အပြုံလိုက် ကွပ်မျက်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ရိုက်နှက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

တာဝီလာမြို့မှာ ပြည်တွင်းအိုးအိမ်စွန့်ခွာရသူ (IDP) အရေအတွက်ဟာ မတ်လမှာ ၂၃၀,၀၀၀ ကျော်ကနေ စက်တင်ဘာလမှာ ၆ သိန်းခွဲကျော်အထိ ၃ ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

အိမ်ရှင်အသိုက်အဝန်းတွေဟာလည်း အကျပ်အတည်းကြုံတွေ့နေရပြီး ရောက်လာသူ အသစ်တွေ အတွက် အစားအစာ၊ ဆေးဝါးနဲ့ နေစရာ အလုံအလောက် ထောက်ပံ့ပေးဖို့ ရုန်းကန်နေရပါတယ်။

အိုးအိမ်စွန့်ခွာရသူများစွာဟာ မြောက်ပိုင်းပြည်နယ်က အယ်လ်-ဒဘ်ဘာစခန်းမှာ ခိုလှုံဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရပြီး အကြမ်းဖက်မှုတွေ မလျော့သေးလို့ ထောင်ပေါင်းများစွာသော သူတွေ ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှာ စဖြစ်ခဲ့တဲ့ SAF နဲ့ RSF အကြား ကြီးမားတဲ့ ပဋိပက္ခက ဆူဒန်နိုင်ငံကို ဝိုင်းရံထားဆဲပါ။

စစ်ပွဲကြောင့် လူထောင်ပေါင်းများစွာ ​ေ-သဆုံးပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို နိုင်ငံဟာလည်း လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းထဲကို ပိုနက်နက်ရှိုင်းရှိုင်း ကျရောက်ခဲ့ပါတယ်။

Source: Reuters

ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းကို ရွှေ့လျားလာသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၆ နာရီအတွင်း ဘင်္ဂလားဒေ့ရ...
05/11/2025

ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းကို ရွှေ့လျားလာသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော်နိုင်

5.November.2025

ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းကို ရွှေ့လျားလာသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် (၆) နာရီအတွင်း မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းကြောင်း မိုး/ဇလက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက် စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
--------------------------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင်(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၈ ပေမှ ၁၀ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
----------------------------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၈ ပေမှ ၁၀ ပေခန့်။

မိုးဇလ

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်း(Typhoon Kalmaegi )ကြောင့် ​ေ-သဆုံးသူ ၆၆ အထိ မြင့်တက်လာမနီလာ။ နိုဝင်ဘာ ၅.၂၀၂၅ဖိလစ်ပို...
05/11/2025

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်း(Typhoon Kalmaegi )ကြောင့် ​ေ-သဆုံးသူ ၆၆ အထိ မြင့်တက်လာ

မနီလာ။ နိုဝင်ဘာ ၅.၂၀၂၅

ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်း (Typhoon Kalmaegi )ကာလ်မေဂီကြောင့် ​ေ-သဆုံးသူဦးရေ အယောက် ၆၆ အထိ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေက မီဒီယာမှတဆင့်ဖြေကြားပါတယ်။

အားကောင်းတဲ့ ကာလ်မေဂီ မုန်တိုင်းကြောင့် အလယ်ပိုင်းဒေသတလျှောက် မိုးသည်းပြီး ရေကြီးရေလျှံခဲ့တာပါ။ အိမ်တွေကို ရေလွှမ်းမိုးခဲ့ပြီး ထောင်ပေါင်းများစွာသောလူတွေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။

ဒေသအလိုက် တီနိုလို့ နာမည်ပေးထားတဲ့ ကာလ်မေဂီမုန်တိုင်းဟာ အင်္ဂါနေ့အစောပိုင်းမှာ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ပြီးတဲ့နောက် အားပျော့သွားပေမဲ့ တနာရီ လေတိုက်နှုန်း ၁၃၀ ကီလိုမီတာနဲ့ လေပြင်းတိုက်ခတ်မှု ၁၈၀ ကီလိုမီတာတို့နဲ့ နိုင်ငံတဝန်း ဆက်လက် တိုက်ခတ်ခဲ့ပါတယ်။

မြောက်ပိုင်း ပလာဝမ်နဲ့ တောင်တရုတ်ပင်လယ်ဆီ မုန်တိုင်းက ဦးတည်ခဲ့ပါတယ်။ ​ေ-သဆုံးသူ ဦးရေဟာလည်း အင်္ဂါနေ့နှောင်းပိုင်းမှာ အယောက် ၆၆ အထိ မြင့်တက်လာခဲ့ပြီး တယောက်ကလွဲလို့ ကျန်သူအားလုံးဟာ အလယ်ပိုင်း စီဘူးပြည်နယ်က ဖြစ်တယ်လို့ ပြည်နယ်သတင်း အချက်အလက်အရာရှိ အိန်းဂျယ်လစ်ဇ် အိုရွန်က ပြောပါတယ်။အနားက ဘိုဟိုကျွန်းမှာ လူတယောက် ​ေ-သဆုံးတယ်လို့ ဘေးအန္တရာယ်အေဂျင်စီက သတင်းပို့ထားပါတယ်။

အင်္ဂါနေ့နှောင်းပိုင်းက စီဘူးမြို့မှာ ရေကြီးမှုတွေ လျော့ပါးသွားပေမဲ့ နေရာအတော်များများမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေဆဲဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုတွေလည်း ပြတ်တောက်နေတယ်လို့ စီဘူးမြို့က ရိုက်တာသတင်းထောက်တယောက်က ပြောပါတယ်။

Source: Reuters

မြိတ်မြို့တွင် ၉၅ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပပြုလုပ်မြိတ်။ နိုဝင်ဘာ ၅.၂၀၂၅တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ...
05/11/2025

မြိတ်မြို့တွင် ၉၅ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပပြုလုပ်

မြိတ်။ နိုဝင်ဘာ ၅.၂၀၂၅

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဗုဒ္ဓဘာသာအသင်းကြီးက ကြီးမှူးကျင်းပတဲ့ ၉၅ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ကန်ဖျားရပ်ကွက်၊ ဘုရားငါးဆူကွင်းမှာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ၆ ရက်တိုင်တိုင် ကျင်းပခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာ ၄ ရက် ၊ တန်ဆောင်မုန်းလပြည့်ည မှာတော့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို ပွင့်စဥ်အလိုက် ဘုရားငါးဆူကွင်းက စတင်ပြီး ပျူစောထီးတွေနဲ့ လုံခြုံရေးယူကာ မြို့ထဲကို လှည့်လည်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဘုရားလှည့်ရာမှာ လုံခြုံရေးတွေပါပါတယ်။ ​ေ-သ
နတ်တွေနဲ့ အရှေ့ဆုံးဘက်မှာ နေရာယူထားတာတွေ့ရပြီး အနောက်နဲ့ အလယ်တွေမှာ သိပ်မတွေ့ရဘူး” လို့ ပြောပါတယ်။

ဒေသခံနောက်တယောက်က “ကုန်တိုက်နားတလျှောက်မှာ ရဲတွေ၊ ပျူတွေ
လုံခြုံရေးယူထားပြီး ထောင်ကားပါအသင့်ရှိနေတယ်လို့ပြောပါတယ်။

မြိတ်မြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကနေ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဆက်လက်ရပ်နားခဲ့ပြီး ၂၀၂၃ ခုနစ်မှသာ ပြန်လည်ကျင်းပခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

Address

Mahabandola Road
Yangon
11181

Alerts

Be the first to know and let us send you an email when ၿမန္မာစြယ္စံုသတင္း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share