11/10/2025
မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီထူထောင်သည့် နှစ်ပေါင်း ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားကို ပြုလုပ်ရာတွင် အင်အားအပြင်းဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသခဲ့
11.October.2025
မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီထူထောင်သည့် နှစ်ပေါင်း ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားကို ပြုလုပ်ရာတွင် အင်အားအပြင်းဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသခဲ့ နိုင်ငံပိုင်မီဒီယာမှဖော်ပြပါတယ်။
အောက်တိုဘာ ၁၀ ရက်ညပိုင်းက ပြုံယမ်းမြို့တော်တွင် ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် အင်အားအပြင်းဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသခဲ့တာဖြစ်ပြီး မဟာဗျူဟာမြောက် နျူကလီးယားလက်နက်စနစ်ဟု KCNA သတင်းက ဖော်ပြခဲ့သည့် Hwasong-20 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အသစ်အပါအဝင် မြောက်ကိုရီးယား၏ ခေတ်အမီဆုံး လက်နက်အချို့ကို ပြသခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာဖြစ်သည့် KNCA သတင်းအေဂျင်စီက အောက်တိုဘာ ၁၁ ရက်တွင် ဖော်ပြပါတယ်။
စစ်ရေးပြအခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အနီးကပ်မဟာမိတ်ဖြစ်သည့် ရုရှားလုံခြုံရေးကောင်စီ လက်ထောက်အကြီးအကဲ ဒီမီထရီမက်ဗီးဒက်၊ တရုတ်ဝန်ကြီးချုပ် လီချင်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီအကြီးအကဲ တိုလမ်တို့ တက်ရောက်ခဲ့ကြပြီး အဆိုပါစစ်ရေးပြအခမ်းအနားအတွင်း ထောင်နှင့်ချီသည့် မြော်ကကိုရီးယားပြည်သူများသည် အရောင်အသွေးစုံလင်သည့် ရိုးရာဝတ်စုံများကို ဝတ်ဆင်ခဲ့ကြပြီး စစ်လက်နက်ပစ္စည်းများ စီတန်းလှည့်လည်ပြသချိန်တွင် နိုင်ငံတော်အလံများကို ဝှေ့ယမ်းခဲ့ကြသည်။
ထိုလက်နက်စနစ်များအနက် မဟာဗျူဟာမြောက် တာဝေးပစ် ခရုဇ်ဒုံးကျည်များ၊ ဒရုန်းလွှတ်တင်သည့် ယာဉ်များ၊ မြေပြင်မှဝေဟင်ပစ်၊ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များလည်း ပါဝင်ခဲ့သည်။
ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ကူညီတိုက်ခိုက်ပေးနေသည့် မြောက်ကိုရီးယားစစ်သားများအနက် ၆၀၀ ခန့်သည် ေ-သဆုံးခဲ့ပြီး ထောင်နှင့်ချီသည့် စစ်သားများ ဒဏ်ရာရခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။
စစ်ရေးပြအခမ်းအနားသည် မြောက်ကိုရီးယား၏ မကုန်ခန်းနိုင်သည့် ကာကွယ်ရေးနည်းပညာ အလားအလာနှင့် ကမ္ဘာက မျက်ကွယ်မပြုနိုင်တော့သည့် အံ့အားသင့်ဖွယ် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ပြသရာရောက်ကြောင်းလည်း KCNA က ဖော်ပြခဲ့သည်။
■ Ref: AFP
■ Photo: AFP
https://t.me/myanmarswesonenewsagency/17904