Mahar

Mahar the greatest pleasure in life is doing what people say
"You Cannot Do"

06/07/2025
"ကြိုးစားမှုရဲ့ မနက်ဖြန်"================ကောင်ကင်နဲ့ မတန်တဲ့ ကြယ်ဆိုတာ မရှိပါဘူး။ကမ်းခြေနဲ့ မလိုက်ဖက်တဲ့ လှိုင်းဆိုတာ မရ...
05/07/2025

"ကြိုးစားမှုရဲ့ မနက်ဖြန်"
================

ကောင်ကင်နဲ့ မတန်တဲ့
ကြယ်ဆိုတာ မရှိပါဘူး။

ကမ်းခြေနဲ့ မလိုက်ဖက်တဲ့
လှိုင်းဆိုတာ မရှိဘူး။

ရေကန်နဲ့ မတင့်တယ်တဲ့
ကြာပင်ဆိုတာ မရှိဘူး။

ဒုက္ခနဲ့ ကင်းဝေးတဲ့
ဘဝဆိုတာ မရှိဘူး။

ပန်းတိုင်နဲ့ ဝေးသော
ကြိုးစားမှုဆိုတာ မရှိဘူး။

အောင်မြင်မှုနဲ့ မထိုက်တန်တဲ့
ဆုလဒ်ဆိုတာ မရှိဘူး။

ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေရတဲ့
ဘဝတွေဟာ မျှော်လင့်ချက်နဲ့
အသက်ရှင်နေတာ မဟုတ်ပါဘူး။
ရည်ရွယ်ချက်တွေနဲ့ အသက်ရှင်နေတာပါ။

ကြိုးစားတာတွေ ဖြစ်မလာတဲ့အခါ
စိတ်ပျက်အားငယ်တာ သဘာဝပါ။

အဆင်မပြေတာ တစ်ခုကြောင့်
ရည်ရွယ်ချက်တော့ မပျက်စေနဲ့။
ရည်ရွယ်ချက်ပျက်ရင် ဘဝပျက်တတ်တယ်။

စိတ်ဓာတ်ကျနေရင် ပန်းတိုင်နဲ့ဝေးသွားမယ်။
ပန်းတိုင်ဆိုတာ ကိုယ့်ဆီကိုယ် မလာဘူး။
ကိုယ်ကသာ ပန်းတိုင်ဆီကိုရောက်အောင် သွားရမှာ။

ဒီနေ့ ကျရှုံးနေလို့
စိတ်ပျက်အားငယ်နေမယ့်အစား
မနက်ဖြန်မှာ
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

ကြိုးစားမှုရဲ့ မနက်ဖြန်တိုင်းမှာ
အောင်မြင်မှုတွေ ရှိပါတယ်။

မလျော့သော ဇွဲ၊လုံးလနဲ့ကြိုးစားမယ်ဆိုရင်
မနက်ဖြန်တိုင်းမှာ အောင်မြင်မှုတွေက
စောင့်ကြိုလို့နေပါတယ်။

Credit

(မူရင်းဖန်တီး၊ ရေးသားသူများကို လေးစားစွာဖြင့်အသိအမှတ်ပြု ပြန်လည်မျှဝေပါသည်။)

သူတော်ကောင်းဆိုတာ•• သူတော်မှ ကိုယ်ကောင်းရမှာမဟုတ်ပါဘူးနော်••သူမတော်လည်း ကိုယ်ကကောင်းနေရမယ်။ သူမကောင်းလည်း ကိုယ်ကောင်းအော...
05/07/2025

သူတော်ကောင်းဆိုတာ••
သူတော်မှ ကိုယ်ကောင်းရမှာမဟုတ်ပါဘူးနော်••
သူမတော်လည်း ကိုယ်ကကောင်းနေရမယ်။
သူမကောင်းလည်း ကိုယ်ကောင်းအောင်နေရမယ်။
ဒါမှသူတော်ကောင်းဖြစ်မှာပါ။
💖💖💖💖

စိတ်သည်မိမိ၏ဘဝ ********************စိတ်ဆိုတာလောကမှာအရေးအပါဆုံးတရားဖြစ်ပါတယ်။လောကကြီးတစ်ခုလုံးဟာစိတ်ဆွဲငင်ရာနောက်ကိုလိုက်...
04/07/2025

စိတ်သည်မိမိ၏ဘဝ
********************
စိတ်ဆိုတာလောကမှာအရေးအပါဆုံးတရားဖြစ်ပါတယ်။
လောကကြီးတစ်ခုလုံးဟာစိတ်ဆွဲငင်ရာနောက်ကိုလိုက်နေကြရတယ်။စိတ်ကပဲဆောင်နေတယ် ။အလုံးစုံသောတရားတွေဟာစိတ်ရဲ့အလိုကိုလိုက်ပြီးဖြစ်ပေါ်နေကြ
ရတယ်။
ထို့ကြောင့်မိမိရဲ့စိတ်လေးကိုကောင်းသထက်ကောင်းအောင်ကြိုးပမ်းအားထုတ်ခြင်းဟာအရာအားလုံးကိုကြိုးစားအားထုတ်ရာရောက်ပါတယ်။
ကိုယ့်ကိုယ်ကိုလည်းကောင်းအောင်ကြိုးစားအားထုတ်ပြီးသားဖြစ်သလို သူတစ်ပါးဘဝတွေကိုလည်းကောင်းအောင်ကြိုးစားအားထုတ်ပေးရာလည်းရောက်ပါတယ်။
သဘာဝတရားတွေထဲမှာစိတ်ဟာရှေ့သွားခေါင်းဆောင်ဖြစ်ပါတယ်။ စိတ်ဟာအမွန်မြတ်ဆုံးဖြစ်တယ်။
ထို့ကြောင့်ယုတ်ညံ့တဲ့စိတ်တွေနဲ့လုပ်မယ်ပြောမယ်ဆိုရင်အဲ့ဒိပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခ တွေဟာအစဥ်လိုက်လိမ့်မယ်။
မဆင်းရဲချင်သောပုဂ္ဂိုလ်တွေယုတ်ညံတဲ့စိတ်မထားကြပါနဲ့။
ကောင်းမွန်တဲ့စိတ်နဲ့လုပ်မယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာသုခတွေကအစဥ်လိုက်လိမ့်မယ်။ဥပမာ=မိမိ ရဲ့နောက်ကိုမိမိအရိပ်ကအစဥ်လိုက်နေသလိုပါ။
ထို့ ကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုကောင်းအောင်ကြိုးစားအားထုတ်သင့်ပါတယ်။
စိတ်သည်ဘဝတွင်အရေးအပါဆုံးဖြစ်ပါသည်။
အပါယ်လေးပါးစိတ်ကြောင့်သွားသည်။
နိဗ္ဗာန်ရောက်မှု့ စိတ်ကပြုသည်။
စိတ်ကိုလွှတ်ထား ဆင်းရဲပွားမည်။
စိတ်ကိုထိန်း အေးငြိမ်း နိဗ္ဗာန်မည်။
စိတ်ကိုမထိန်းသိမ်းမစောင့်ရှောက်လျှင်ကာယကံ ဝဇီကံမနောကံဆိုတဲ့ကံသုံးပါးကိုလည်းမထိန်းသိမ်းနိုင်မစောင့်ရှောက်နိုင်ပါဘူး။ထိုအခါလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေများလာနိုင်ပါတယ်။
ထို့ကြောင့် အရေးကြီးဆုံးဖြစ်တဲ့မိမိရဲ့စိတ်ကိုစောင့်ရှောက်ခြင်းသည်။ကာယကံဝဇီကံမနောကံကိုစောင့်ရှောက်ခြင်းဖြစ်ပါတယ်။
ထိုအခါလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေဝင်မလာနိုင် တော့ပါဘူး။
သတ္တာဝါတွေဆင်းရဲချမ်းသာကြတာတွေဟာသူတို့လုပ်ထားတဲ့လုပ်ရပ်ကဖန်တီးနေတာပါ။ထိုလုပ်ရပ်ဆိုသည်မှာကံသုံးပါးကိုဆိုလိုပါတယ်။ထိုကံသုံးပါးကိုစိတ်ကချုပ်ကိုင်ထားပါတယ်။
ထို့ ကြောင့်မိမိရဲ့စိတ်ကမိမိဘဝဖြစ်ပါတယ်။
စိတ်ကောင်းရင်ဘဝကောင်းမယ်၊စိတ်ယုတ်ရင်ဘဝဆိုးပါမယ်။
မိမိတို့စိတ်ကိုမကောင်းတဲ့စိတ်မဖြစ်အောင်အမြဲဆုံးမနေရပါမယ်။အမြဲသတိထားပြီးကြည့်နေရပါမယ်။
သတိပဌာန်တရားပွားများခြင်းသည်ကိုယ့်စိတ်ကိုကောင်းကောင်းဆုံးမနေခြင်းဖြစ်ပါတယ်။
ယခုကျန်ရှိတဲ့အချိန်လေးမှာကိုယ့်စိတ်ကိုကိုယ်အမြဲသတိထားဆုံးမနိုင်ဖို့အတွက်သတိပဌာန်တရားကိုပွားများအားထုတ်နိုင်ကြပါစေ ။
မိမိစိတ်ကိုနိုင်အောင်ထိန်းနိုင်ကြပါစေ
နှလုံးသားမှာဓမ္မကိန်းလို့အေးငြိမ်းကြပါစေ
ဦးဥတ်တမ
(သစ္စာရွှေစည်ဆရာတော်)
မူရင်း✍ 𝐂𝐫𝐞𝐝𝐢𝐭

《လောက》▪︎▪︎▪︎ မှာမကောင်းမှု့▪︎▪︎▪︎တွေမရိုးသားမှု့▪︎▪︎▪︎တွေပိုများလာတာ'ဟာဘာကြောင့်လဲ▪︎▪︎▪︎ဆို⚫️《မကောင်းတာ》လုပ်တဲ့▪︎▪︎▪︎သူတ...
04/07/2025

《လောက》▪︎▪︎▪︎ မှာ
မကောင်းမှု့▪︎▪︎▪︎တွေ
မရိုးသားမှု့▪︎▪︎▪︎တွေ
ပိုများလာတာ'ဟာ
ဘာကြောင့်လဲ▪︎▪︎▪︎ဆို
⚫️《မကောင်းတာ》
လုပ်တဲ့▪︎▪︎▪︎သူတွေ
များလာလို့ လို့
ဖြေကြလိမ့်မယ်
အဲဒီ (အဖြေ)▪︎▪︎▪︎ဟာ
တစ်စိတ်'တစ်ဒေသ ပဲ
မှန်တယ်
မကောင်းမှု့▪︎▪︎▪︎ကို
လုပ်နေတာ
သိလျက်▪︎▪︎▪︎နဲ့
မသိဟန်
ဆောင်နေတဲ့သူတွေ
များလာလို့
《မကောင်းမှု့》
လုပ်တဲ့သူ တွေ
အတားအဆီး မရှိ
ရဲရဲတင်းတင်း
လုပ်နိုင်နေကြတာ
လူ့'အသိုင်းအဝိုင်း က
တကယ် လက်မခံရင်
ရဲရဲတင်းတင်း တော့
လုပ်မှာ မဟုတ်ဘူး
ဘာ▪︎▪︎▪︎မှ
မတတ်နိုင်ရင်တောင်
ဘာ ဖြစ်နေတယ်
ဆိုတာ▪︎▪︎▪︎ကို
အမှန်အတိုင်း သိပါတယ်
ဆိုတာ▪︎▪︎▪︎ကိုတော့
ပြကြရမယ်
မသိဟန်ဆောင်ပြီး
မနေရဘူး
ရိုးသားပြီး
သတ္တိရှိတဲ့ သူတွေက
လူ့'အသိုင်းအဝိုင်း ကို
ပိုကောင်းစေချင်လို့
ပြောတာ▪︎▪︎▪︎များလာရင်
လူ့'အသိုင်းအဝိုင်း
ပိုကောင်းလာမယ်
ဘယ်သူ▪︎▪︎▪︎မှ
ဘာမှ မပြောရင်
ဘာ မျှော်လင့်ချက်'မှ
မရှိနိုင်တော့ဘူး၊
🙏ကျေးဇူးတော်ရှင်
✒️ဆရာတော် ဦးဇောတိက၊
《မဟာမြိုင်▪︎▪︎▪︎တောရ》
📙လွတ်လပ်သော(စိတ်)
《စာအုပ်》▪︎▪︎▪︎မှ

 #မိမိကိုယ်ကိုမေတ္တာပို့ပေးရတယ်ဘာလို့လဲ ဆိုတော့ ဒုက္ခ ပေးမှာ က မိမိ ကိုယ်တိုင် ဖြစ်နေတာမို့ရန်သူ ဟာ မိမိ ကိုယ်တိုင် ဖြစ်...
04/07/2025

#မိမိကိုယ်ကိုမေတ္တာပို့ပေးရတယ်ဘာလို့လဲ
ဆိုတော့ ဒုက္ခ ပေးမှာ က မိမိ ကိုယ်တိုင် ဖြစ်နေတာမို့
ရန်သူ ဟာ မိမိ ကိုယ်တိုင် ဖြစ်နေလို့ပဲ။
အပြင်မှာ တစ်ခါနိုင်တိုင်း
သံသရာ တစ်ခါ ရှုံးရလိမ့်ဦးမယ် ၊
ပစ္စုပ္ပန်မှာလည်း ကိုယ်မုန်းတဲ့လူတစ်ယောက်ကို
သတ်လိုက်ရလို့ ၊ရိုက်လိုက်ရလို့ ၊
ကိုယ်ကနိုင်တယ် မထင်ပါနဲ့ ။
ဒေါသက နိုင်သွားတာပါ ။
ခိုင်းသလို လုပ်လေ
ဒေါသက ရောင့်တက်လေ ၊
အပြင်မှာ တစ်ခါနိုင်
အတွင်းတစ်ခါရှုံး၊
ဒီနှုန်းနဲ့ သံသရာခရီးသွားခဲ့ကြလို့
အောက်ရပ် အပါယ်ဘုံတွေမှာ
ရေစုန်မျောနေတာ ၊
မကြိုက်စိတ် ဒေါသ ဖြစ်ပေါ်လာချိန်
သတိနဲ့သာစောင့်ပြီး အနိုင်သတ်နိုင်ရင်
အတွင်းရန် ဒေါသကိုလည်း
အောင်ပြီးသား ၊ အပြင်ရန်ကိုလည်း
အမုန်းပွားစရာ မလိုတော့လို့ အောင်ပြီးသား၊
အတွင်းအောင် အပြင်အောင်မှ
တကယ့် အောင်နိုင်သူ ။
🙏 မဟာဗောဓိမြိုင်ဆရာတော်ကြီး 🙏
🙏အတွင်းရန်အပြင်ရန်ကိုအောင်နိုင်သူများဖြစ်ကြပါစေ
🙏မေတ္တာဖြင့်🙏🙏🙏

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Mahar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share