F&B Channel

F&B Channel Who are we? We are simply regular men who enjoy travelling to new places, trying new foods, and making new friends.

Our goal is to create a memorable catered experience through food presentation, personalized service, and customizable menus.

15/07/2025

သူများတွေကြိုက်မကြိုက်တော့မသိဘူးဗျာ vlog ရိုက်တဲ့နေ့က စားခဲ့ရတာ အားမရလို့ တစ်ပတ်အတွင်းမှာပဲ နောက်တစ်ခေါက်အဝသွားစားခဲ့ရတဲ့ ပြည်ကြက်သောက်ဆမ်းဘူဖေးဆိုင်ပါ။ တစ်မိသားစုလုံး ဟင်းချက်ကောင်းကြတာမို့ အရသာကတော့ စံကြီးပြောသလို ကျွတ်ဆင်ကြီးပဲဗျို့။ သွားစားကြည့်မယ်လို့ဆုံးဖြတ်ပီးရင်တော့ ဆိုင်ဖုန်း 095045393 အရင်ဆက်ကြည့်ကြအုံးနော် - နေရာ ရ/မရ သိရအောင်။ ဆိုင်လိပ်စာကတော့ ထုံးစံအတိုင်း comment မှာရေးပေးထားပါတယ်။

12/07/2025

ဒီဆိုင်လေးကတော့ ဆိုင်နာမည်လဲမရှိတာနဲ့ မှတ်ရလွယ်အောင် "ဖွယ်ဖွယ်ရာရာ" ဆိုပီးပဲ ကိုယ့်ဟာကိုယ် နာမည်ပေးခဲ့လိုက်တယ်။ သူက နံနက်စာရောင်းတာဗျာ၊ မနက်ဆို ၇း၀၀ နာရီလောက်ဆိုရပီ၊ ဒါပေမဲ့ ၈း၃၀ - ၉း၀၀ လောက်ဆိုသွားကြည့်မနေနဲ့တော့ ကုန်ပီ။ အဲ့လောက်ကို ရပ်ကွက်ထဲက လူတွေက အားပေးကြမ်းကြတာ။ အရေးကြီးဆုံးကတော့ တန်တာပဲ၊ ကျွန်တော်တို့ ထပ်ကြိုက်ခဲ့ရတဲ့ဆိုင် နောက်တစ်ဆိုင်ပေါ့။

10/07/2025

စားမဲ့စားတော့လဲ ကောင်းကောင်းစားမယ် ဆိုတဲ့သူတွေအတွက် ရွာမကျောင်းလမ်းမှာတစ်ဆိုင်၊ မြောက်ဒဂုံ ဗိုလ်မှူးဗထူးလမ်းမပေါ်တစ်ဆိုင် အသစ်ထပ်ဖွင့်ထားကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

07/07/2025

မနက်စာကို မြန်မာငွေ (၅၀၀) ကျပ်တည်းနဲ့ဝယ်စားလို့ရနေသေးတာ ယုံချင်မှ ယုံလိမ့်မယ်။ ဒါဆိုရင်တော့ မိတ်ဆွေ ဒီ vlog ကိုကြည့်လိုက်ပါ။

05/07/2025

ဒီတစ်ခါကတော့ ရန်ကုန်ထဲစားမှာမဟုတ်ဘူးဗျာ ညောင်တုန်းဘက်က ဆားမလောက်ကျေးရွာဘက်ကြုံတုန်း လမ်းကြုံဝင်ဆွဲခဲ့တာ။ မြန်မာထမင်းဟင်းဆိုတာကလဲ ငါးပိရည်တို့စရာ စုံပီဟေ့ဆို အသားဟင်းတောင်မလိုဘူး။ အဲ့လိုပြောပြောပီး အသားဟင်း ငါးဟင်းတွေနဲ့ ထမင်းအဝစားခဲ့တာတော့ ကိုသူရနဲ့ စံကြီးပေါ့ဗျာ။

03/07/2025

ပျင်းစရာမကောင်းတဲ့ဆီချက်ဆိုင်ကိုကြည့်မလား? ပုံမှန်ဆီချက်ဆိုင်တွေမှာရနေကျ ကြက်ပေါင်း၊ နံရိုးပေါင်းအပြင် foodie ဖြစ်တဲ့ဆိုင်ရှင်က ဆီချက်နဲ့တွဲစားလို့ကောင်းမဲ့ menu ဆန်းဆန်းလေးတွေပါ ထပ်လုပ်ထားပေးတော့ စားရတာပိုမိုက်တာပေါ့ဗျာ။ ဆိုင်လေးကတော့ သာကေတမြို့နယ်ထဲမှာရှိပါတယ်။ Comment မှာလဲဆိုင်မြေပုံလမ်းညွှန်လေးရှာနိုင်ပါတယ်။

27/06/2025

ဆိုင်သစ်မို့လို့ဝင်စားမိပါတယ်ဗျာ အဲ့လိုလက်ရာနဲ့ရောင်းနေမှတော့
ရောင်းကောင်းတော့မှာပေါ့ 😂🤭

21/06/2025

မုန့်ဟင်းခါးမျိုးစုံစားခဲ့ဖူးတဲ့ ကျွန်တော်တို့ဘော်ဒါ နှစ်ယောက် အမေကြီး ဒေါ်ခင်မြ မုန့်ဟင်းခါးနဲ့တွေ့တော့ ဘာပြောရမှန်းကိုမသိတော့တာ။ ကောင်းလိုက်တာဗျာ _ အပေါ့အငန်ဘာမှထပ်ထည့်စရာမလိုပဲ ဘေးကကြော်နေတဲ့ အကြော်ဖိုဆီကနေ အကြော်ပူပူလေးတွေနဲ့ စားရတဲ့အရသာဟာလေ _ အခုဒီစာရေးနေရင်းနဲ့ကို ပြန်စားချင်လာတဲ့အထိကိုဖြစ်တယ်။ ကဲဗျာ vlog လေးသာ ဆက်ကြည့်ကြပီး သွားရည်ယိုကြပေတော့ 🤤🤤

17/06/2025

ဒီတစ်ခါတော့ စျေးထဲမှာဖွင့်ထားတဲ့ ချစ်တီးထမင်းဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးမယ်ဗျာ။ ကျွန်တော်တို့လဲတွေ့ထားတာမကြာသေးဘူး။ အိမ်ချက်လက်ရာကောင်းကောင်းကို စျေးတန်တန်နဲ့စားရမှာဆိုတော့ လူတိုင်းကြိုက်ကြမှာ ကျိန်းသေပဲ။ ပီးတော့ ဆိုင်ကရှာရတာလဲမခက်ဘူး - မြင်သာစျေးထိပ် သံသုမာလမ်းမကြီးနဲ့ ကပ်လျက်ဆိုတော့။ ကဲပါဗျာ ကြုံရင် ဝင်စားကြည့်ပါအုံး။

14/06/2025

ဒီ vlog ကိုရိုက်တော့ ကျွန်တော်တို့ သေသေချာချာအချိန်ယူရပါတယ်၊ ဘာလို့လဲဆိုတော့ ဘယ်အချက်ကိုမှမကျန်ခဲ့ရအောင်ပါ။ မြန်မာထမင်းဟင်းအပြင် ထူးထူးခြားခြားဖြစ်တဲ့ တိုင်းရင်းသားရိုးရာစားဖွယ်ရာတွေပါ စုံစုံလင်လင်ရတဲ့ဒီဆိုင်လေးဟာ သွားစားတဲ့သူတိုင်းကို စိတ်ကျေနပ်မှုပေးနိုင်မှာပါ။ အပွင့်လင်းဆုံးပြောရရင် ရန်ကုန်မှာ သူ့လိုဆိုင်မျိုးနောက်တစ်ဆိုင်မရှိလောက်တော့ဘူးဗျာ။

12/06/2025

မအူပင်ရောက်မှတော့ ဒီဆိုင်ကိုမေ့ထားခဲ့လို့ရပါ့မလား။ ကဲဗျာ ဒီတစ်ခါတော့ ကြည့်ရှုသူတွေတောင်းဆိုထားတဲ့ ဝူရှူးထမင်းပေါင်း ဆိုင်လေးအကြောင်း တင်ဆက်ပေးပါရစေ။ အစ အလယ် အဆုံး ကြည့်ဖြစ်ရင်တော့ ဒီထမင်းပေါင်းရဲ့ ရာဇဝင်ပါ နားလည်ပါလိမ့်မယ်။

05/06/2025

Food Tour လုပ်ရတာ အရသာတွေ့သွားကြပြီဖြစ်တဲ့ ကိုသူရနဲ့ စံကြီးဟာ ဒီတစ်ခါမှာတော့ ရေကျော်ဘက်ကို Leapmotor T03 EV ကားလေးနဲ့အတူ ခြေဆန့်ခဲ့ကြပါတော့တယ်။ စားစရာများလှတဲ့ ရေကျော်ညနေခင်းကတော့ မုန့်ဝယ်စားသူတွေနဲ့ စည်းကားလွန်းလှတာကြောင့် ဘယ်ဆိုင်ကြည့်ကြည့် အဆာပြေလာစားကြသူတွေအပြည့်နဲ့ပေါ့ဗျာ။

Address

Naypyidaw

Telephone

+959960339966

Website

Alerts

Be the first to know and let us send you an email when F&B Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to F&B Channel:

Share

Category