မွတ္သားဖြယ္ရာ

မှတ်သားဖွယ်ရာ ကျွန်တော်ဖတ်ရှုခဲ့သောစာများမှစာဖတ်?

🍂Passport QR Service Online Booking 🍂Fast & Right ✅ခုတင် ခုချက်ချင်း QR ရ 😍ကိုယ်တိုင်လျှောက်ဖို့ အခက်အခဲရှိလို့ဘဲဖြစ်ဖြစ...
15/02/2025

🍂Passport QR Service Online Booking 🍂

Fast & Right ✅
ခုတင် ခုချက်ချင်း QR ရ 😍

ကိုယ်တိုင်လျှောက်ဖို့ အခက်အခဲရှိလို့ဘဲဖြစ်ဖြစ်
ငွေချေတဲ့နေရာမှာအဆင်မပြေတာဘဲဖြစ်ဖြစ်
Passport QR လျှောက်ပေးပါတယ်

Passport အသစ်လျှောက်ချင်တာပဲဖြစ်ဖြစ်
သက်တမ်းတိုးချင်တာပဲဖြစ်ဖြစ်
QR service ပေးပါတယ်

ဘဏ်သွင်းငွေ(40000)ကိုလဲ
ကိုယ်တိုင်ပေးချေနိုင်ပါတယ်

Service feesက (10000)ကျပ်ပါ🌻

လိုအပ်ပါက
09449541256 ကိုဆက်သွယ်မေးမြန်းနိူင်ပါတယ်🌻

13/02/2025

Page Admin မှ passport qr ယူပေးပါတယ်...
passport qr အခက်အခဲ ဖြစ်​နေလား ??
- အစိုးရ ဘဏ်သွင်းခ ၄၀၀၀၀ ကျပ်
- Service ခ ၁၀၀၀၀ ကျပ်
QR လျောက်ဖို့ အခက်အခဲ ရှိပါက Message ကနေ ဆက်သွယ်ပေးပါ...

မဖြူ ဆိုတဲ့ အမျိုးသမီးတစ်ယောက်စီးပွားရေး စလုပ်ရန်ကြံသည်.. အဖေ့ဆီက သိန်း 30 ချေးပြီး ဆေးဆိုင်ဖွင့်သည်သိန်း 30 ဖိုး ဆေးဝါး...
29/05/2024

မဖြူ ဆိုတဲ့ အမျိုးသမီးတစ်ယောက်

စီးပွားရေး စလုပ်ရန်ကြံသည်..

အဖေ့ဆီက သိန်း 30 ချေးပြီး ဆေးဆိုင်ဖွင့်သည်

သိန်း 30 ဖိုး ဆေးဝါးများဝယ်ကာ
အမြတ်နည်းနည်းဖြင့်သာ တင်ရောင်းသည်

အမြတ်နည်းနည်းပဲ တင်ထားတာမလို့
ဆေးဆိုင်မှာ အရမ်းရောင်းကောင်းသည်

မကြာမီပင် ဆိုင်ရှိဆေးများအားလုံးကုန်သွားသည်..
လက်ထဲတွင် အရင်း+အမြတ် 35 သိန်းကျန်သည်

မဖြူတစ်ယောက် အမြတ်အစွန်းလဲရ
လူတွေကိုလဲ ကူညီနိုင်သဖြင့် အလွန်ပျော်နေသည်..

ဆိုင်ပေါ်မှာတင်ရန် ဆေးပြန်ဝယ်သောအခါ
စျေးတက်သွားသဖြင့် ယခင်အမျိုးအမည်အတိုင်း
ထပ်ဝယ်မည်ဆိုလျှင် သိန်း 40 ကျမည်ဟုဆိုသည်

မဖြူမှာ ဆိုင်ပေါ်တွင် ဆေးထပ်တင်ချင်ဇောဖြင့်
အဖေ့ဆီမှာ 5 သိန်း ထပ်ချေးကာ သိန်း 40 နှင့်
ယခင်ဆေးအမျိုးအမည်များဖြင့် ဆိုင်ပြန်ဖွင့်သည်

ယခင်လို အမြတ်နည်းနည်းနဲ့သာ ရောင်းသဖြင့်
ဆေးဆိုင်မှ ဆေးများအကုန် ကုန်သွားပြန်သည်

ဆေးများကုန်အောင်ရောင်းရသဖြင့်
မဖြူတစ်ယောက် ပျော်နေမိသည်

ယခုတစ်ခေါက်လက်ထဲတွင် 45သိန်းကျန်သည်..

ဆေးကုမ္ပဏီဘက် ဆေးထပ်မှာသောအခါ
ယခင်အမျိုးအမည်တိုင်းထပ်မှာယူဖို့
သိန်း 50 ကျပါမည်ဟု ပြောသည်

"ဟာ.. စျေးတက်လှချည််လား" ဟု တွေးကာ
အဖေ့ဆီမှ 5သိန်း ထပ်ချေးရပြန်သည်..

ယခုတစ်ခေါက်ချေးသောအခါ အဖေမှ
"နင့်ဆေးဆိုင်ကမြတ်ကောမြတ်ရဲ့လား"​ဟု မေးသည်

မဖြူကလဲ ရောင်းရသဖြင့် မြတ်သည် ဟုဖြေသည်

ဒါဆို အမြတ်ကဘယ်မလဲ ဟု အဖေမှမေးသောအခါ
မဖြူတစ်ယောက် ခေါင်းကုတ်လေပြီ...

မူရင်း​ဆိုင်စဖွင့်ဖွင့်ချင်း သိန်း 30 ချေးသည်..
ပထမအကြိမ်ပစ္စည်းပြန်တင်ဖို့5သိန်းထပ်ချေးသည်
ဒုတိယအကြိမ်ပစ္စည်းတင်ဖို့ 5 သိန်းထပ်ချေးရသည်

အဖေ့ဆီအကြွေးတွေက တဖြည်းဖြည်းတိုးလာသည်

အမြတ်ဘယ်မလဲ မေးသောအခါ
ဝယ်ထားတဲ့ပစ္စည်းတွေကိုပဲ ထိုးပြရမလိုလို၊
ဖွင့်ထားတဲ့ဆိုင်ကိုပဲ ထိုးပြရမလိုလို၊
မဖြူတစ်ယောက် စဥ်းစားခေါင်းကုတ်ရလေပြီ..

ဆိုင်က မရောင်းတာမဟုတ်၊ အရမ်းရောင်းရသည်

သို့သော် အမြတ်ဟူသည်ကား ရှာမတွေ့

မဖြူတစ်ယောက် အမြတ်ကိုလိုက်ရှာရင်း
ဆေးဆိုင်မဖွင့်ခဲ့ရင်ကောင်းသားဟု တွေးမိလေသည်

ဤမှာတွင်ကား "ရောင်းရှုံး" ဟူသော
ဇာတ်လမ်းတစ်ပုဒ် တစ်ခန်းရပ်လေသည်


ိမ်စာ

အိမ်‌မှာ‌နေရင်း ဗဟုသုတ တိုးပွား‌စေဖို့ မြန်မာ့ ပထမဆုံးများ(သို့) ပထမ မြန်မာများအကြောင်းကို ဂုဏ်‌ယူစွာဖြင့်ဖော်‌ပြလိုက်‌ပ...
28/05/2024

အိမ်‌မှာ‌နေရင်း ဗဟုသုတ တိုးပွား‌စေဖို့ မြန်မာ့ ပထမဆုံးများ(သို့) ပထမ မြန်မာများအကြောင်းကို ဂုဏ်‌ယူစွာဖြင့်ဖော်‌ပြလိုက်‌ပါသည်‌။
၁ ပထမဆုံး မြန်မာနိုင်ငံ သမ္မတကြီး စဝ်ရွှေသိုက် (၁၈၉၆-၁၉၆၂) (၁၉၄၈-၁၉၅၂)

၂ ပထမဆုံး ဝန်ကြီးချုပ် ဦးနု (၁၉၀၇-၁၉၉၅) (၁၉၄၈-၁၉၆၂)

၃ ပထမဆုံး မြန်မာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် (၁၉၀၉-၁၉၇၄) (၁၉၆၁ -၁၉၇၁) U Thant (1963)

၄ ပထမဆုံး အလင်္ကာကျော်စွာ ဘွဲ့ရသူ သခင်ကိုယ်တော်မှိုင်း (၁၈၇၆-၁၉၆၄) (၁၉၅၀)

၅ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သံအမတ် ဒေါ်ခင်ကြည် (၁၉၁၂-၁၉၈၈) (၁၉၆၀-၁၉၆၇)

၆ ပထမဆုံး အင်္ဂလိပ်-မြန်မာအဘိဓာန်ရေးသူများ မက္ခရာမင်းသားကြီးနှင့် မစ္စတာလိန်း (ဒေါက်တာ ဆင်မျူယ် ဂျွန်ဆင်၏ အင်္ဂလိပ်အဘိဓာန်ကို ပြန်ဆို) (၁၇၉၁- ၁၈၄၈) (၁၈၄၁)
၇ ပထမဆုံး မြန်မာလူမျိုး အင်ဂျင်နီယာဘွဲ့ရ ဦးရွှေအိုး (၁၈၃၆-၁၉၀၅)

၈ ပထမဆုံး သိပ္ပံစာပေ ပြုစုသူ ယောမင်းကြီး ဦးဘိုးလှိုင် (မြန်မာ ၁၁၉၁-၁၂၄၅)

၉ ပထမဆုံး အနောက်တိုင်းဆေးဒေါက်တာ ဒေါက်တာ ရှောလူး (၁၈၃၉-၁၉၂၉)

၁၀ ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ ဒေါက်တာ တီသံပြာ (၁၈၇၁- ? )

၁၁ ပထမဆုံး အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်း(အိုင်စီအက်) ရာထူးရသူ ဦးတင်ထွဋ် (၁၈၉၅-၁၉၄၈)

၁၂ ပထမဆုံး မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း တည်ထောင်သူ ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀) U Ye Kyaw Thu

၁၃ ပထမဆုံး ပန်းကန်စက်ပိုင်ရှင် ဦးသော်(ပန်းကန်စက်) (၁၈၉၃-၁၉၈၀) UThaw

၁၄ ပထမဆုံး ကျောက်စာဝန် တော်စိန်ခို (၁၈၆၄-၁၉၃၀)

၁၅ ပထမဆုံး ပြည်ထဲရေးဝန်ကြီး ဆာဦးခင် (၁၈၇၂-၁၉၂၄) (၁၉၂၃)

၁၆ ပထမဆုံး အမျိုးသမီး မင်းတိုင်ပင် အမတ် ဒေါ်နှင်းမြ (၁၈၈၇-၁၉၇၄)

၁၇ ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ရသူ ဦးရာဇတ် (၁၈၈၉-၁၉၄၇)

၁၈ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် ဒေါက်တာဆာမြဘူး (၁၈၈၅-၁၉၆၆)

၁၉ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ပညာမင်းကြီး စည်သူဦးကောင်း (၁၉၀၄-၁၉၅၇) (၁၉၅၅-၁၉၅၆)

၂၀ ပထမဆုံး မြန်မာပါရဂူ ဒေါက်တာဘဟန်(ပြင်သစ်နှင့်ဂျာမနီပြန်) (၁၈၉၀-၁၉၆၉)

၂၁ ပထမဆုံးရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃)

၂၂ ပထမဆုံး ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခ ဦးမေအောင်(စွယ်စုံပညာရှင်) (၁၈၈ဝ - ၁၉၂၆)

၂၃ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက ဒေါက်တာဘမော် (၁၈၉၃-၁၉၇၇) (၁၉၁၇ )

၂၄ ပထမဆုံး အမျိုးသမီးဆရာဝန် ဒေါ်စောဆ (၁၈၈၄-၁၉၆၂) (၁၉၁၂)

၂၅ ပထမဆုံး အသည်းအစားထိုးကု ဆရာဝန်ကြီး ဒေါက်တာနော်မန်လှ (၁၉၄၄- ? )

၂၆ ပထမဆုံး သွားစိုက်ဆရာဝန် ဦးထောင်ဘို (၁၈၈၅-၁၉၆၄)

၂၇ ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေးခဲ့သူ ဆရာတော် အသျှင်ဦးဥတ္တမ (၁၈၇၉-၁၉၃၉)

၂၈ ပထမဆုံး နိုင်ငံရေးဖြင့် ထောင်အကျခံခဲ့ရသူ ဆရာတော် အသျှင်ဦးဥတ္တမ (၁၈၇၉-၁၉၃၉)

၂၉ ပထမဆုံး နိုင်ငံရေးပုဒ်မဖြင့် ထောင်အကျခံခဲ့ရသည့် အမျိုးသမီးကြီး ဒေါ်သိန်းတင်(သခင်မကြီး) (၁၉၀၆-၁၉၈၃) (၁၉၂၄-၁၉၂၅)

၃၀ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ-က-သ)၏ ဥက္ကဋ္ဌ ဦးရာရှစ် (၁၉၁၂-၁၉၇၈) (၁၉၃၆-၁၉၄၀)

၃၁ ပထမဆုံး အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပသူ မြို့မ-ဦးသန်းကြွယ်(၁၉၄၆-၁၉၄၈ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ) (၁၉၄၈)

၃၂ ပထမဆုံးနိုင်ငံခြားရောက် ဆိုင်းဆရာ စိန်ဗေဒါ မြန်မာ၁၂၄၄-၁၃၀၄) (မြန်မာ၁၂၇၂) (မြန်မာ၁၂၇၃)

၃၃ ပထမဆုံး လေသူရဲ မီးပုံးပျံ ဦးကျော်ရင် (၁၈၇၃-၁၉၃၉) (၁၉၂၉-၁၉၃၉)

၃၄ ပထမဆုံး ကိုယ်ကာယအလှ ဖော်ထုတ်သူ ဒေါက်တာ ဝါလတာချစ်ထွန်း

၃၅ ပထမဆုံး အိုလံပစ်သွား အားကစားသမား ဦးဇော်ဝိတ် (၁၉၁၁-၂၀၀၀) (၁၉၃၆)

၃၆ ပထမဆုံး လူမှုဝန်ထမ်းအမျိုးသမီး ဒေါ်ဦးဇွန်း (၁၂၃ဝ-၁၃ဝ၆)

၃၇ ပထမဆုံး လူမှုထူးချွန် ပထမဆင့်ကို ရရှိသူ အမျိုးသမီး ဟာဂျီမ ပျဉ်းမနားဒေါ်ပု (၁၉၀၆-၁၉၈၂) (၁၉၈၁)

၃၈ ပထမဆုံးစက်ရုပ်တီထွင်သူ ဦးကြည် (၁၉၃၄- ? )

၃၉ ပထမဆုံး မြန်မာနိုဘဲလ် ငြိမ်းချမ်းရေးဆု ဒေါ်အောင်ဆန်းစုကြည် (၁၉၄၅- ) (၁၉၉၁)

၄၀ ပထမဆုံး မြန်မာနိုင်ငံမှ ဖလောရင့် နိုက်တင်ဂေးဆု ရရှိသူ ဒေါ်ခင်အုန်းမြ(စာရေးဆရာမကြီး မြမာလာ (၁၉၁၇-၂၀၀၉) (၁၉၆၃)

၄၁ ပထမဆုံး နယ်လှည့်ဇာတ်သဘင် ဂရိတ်ဦးဘိုးစိန် (မြန်မာ၁၂၄၄-၁၃၁၅)

၄၂ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ လန်ဒန်အက် ဦးအုန်းမောင် (၁၈၉၂-၁၉၆၄)

၄၃ ပထမဆုံး မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ဒါရိုက်တာ ဦးသုခ (၁၉၁၀-၂၀၀၅) (၁၉၅၄)
(၁၉၅၆)
(၁၉၆၈)
(၁၉၇၀)
(၁၉၇၃)
(၁၉၇၅)

၄၄ ပထမဆုံး မြန်မာရုပ်ရှင် မင်းသား ဦးညီပု (၁၉၁၅-၁၉၉၆)

၄၅ ပထမဆုံး မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ မင်းသား ဦးကျော်ဝင်း (၁၉၁၈-၁၉၉၃) (၁၉၅၂)

၄၆ ပထမဆုံး မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ မင်းသမီး ကြည်ကြည်ဌေး (၁၉၁၄-၂၀၀၀) (၁၉၅၂)
(၁၉၅၆)
(၁၉၇၀)
(၁၉၇၈)

၄၇ ပထမဆုံး မြန်မာ့ရုပ်ရှင် စတန့်မင်းသား ကျော်စိုး (၁၉၁ဝ-၁၉၃ဝ)

၄၈ ပထမဆုံး မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသား ဦးကျောက်လုံး (၁၉၁၇-၁၉၈၂) (၁၉၆၂)
(၁၉၆၄)
(၁၉၆၅)

၄၉ ပထမဆုံး မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုဇာတ်ပို့ဆုရ အမျိုးသမီး ဒေါ်မေနွဲ့ (၁၉၁၉-၂၀၀၈) (၁၉၆၂)
(၁၉၇၅)

၅ဝ ပထမဆုံး ကလေးသရုပ်ဆောင်ဆုကို ရရှိသူ အောင်ထွန်းလေး ( - ) (၁၉၇၇) 'အဖေတစ်ခု သားတစ်ခု' ဇာတ်ကား

၅၁ ပထမဆုံး စတီရီယိုအဆိုတော် တက္ကသိုလ်ထွန်းနောင် ( ၁၉၄၅-၂၀၀၉)

၅၂ ပထမဆုံး မြန်မာနိုင်ငံမှ သတင်းစာဆရာမ ဒေါ်စန်းယုံ (ခေါ်) အင်ဒီပင်းဒင့် ဒေါ်စန်း (မြန်မာ၁၂၄၈-၁၃၁၁)

၅၃ ပထမဆုံး ကာလပေါ် ဝတ္တုရေး စာရေးဆရာ ဂျိမ်းစ်လှကျော် (မောင်ရင်မောင် မမယ်မဝတ္ထု) (မြန်မာ၁၂၂၈-၁၂၈၁)

၅၄ ပထမဆုံး ဗုဒ္ဓအဘိဓမ္မာကို အင်္ဂလိပ်ဘာသာပြန်ဆိုသူ ဦးရွှေဇံအောင် (မြန်မာ၁၂၃၂ - ၁၂၉၄)

၅၅ ပထမဆုံး ခေတ်ဆန်း ကဗျာဆရာ ဇော်ဂျီ (၁၉ဝ၇-၁၉၉ဝ)

၅၆ ပထမဆုံး ခေတ်သစ် ကလေးကဗျာ ဆရာ မင်းသုဝဏ် (၁၉၀၉-၂၀၀၄)

၅၇ ပထမဆုံး ခေတ်သစ် မဂ္ဂဇင်း ထုတ်ဝေသူ ဦးရွှေကြူး (၁၈၆၆-၁၉၂၁)

၅၈ ပထမဆုံး ခေတ်သစ် ပန်းချီဆရာ ဦးဘဉာဏ် (၁၈၉ရ-၁၉၄၅)

၅၉ ပထမဆုံး မြန်မာလူမျိုး ကာတွန်းဆရာ ဦးဘကလေး(ရွှေတလေး) (၁၈၉၀-၁၉၄၅)

၆၀ ပထမဆုံး မြန်မာ ကာတွန်းရုပ်ရှင်ဆရာ ဦးဘဂျမ်း (၁၉၀၂-၁၉၅၂)

၆၁ ပထမဆုံး မြန်မာ ကာတွန်းဆရာမ ဒေါ်သိန်းရှင် (၁၉၀၆-၁၉၆၆)

၆၂ ပထမဆုံး ကျားကစားနည်းစာအုပ် ရေးသားသူ စာရေးဆရာ ချစ်ညို (၁၉၂၄-၁၉၈၇)

၆၃ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင် (၁၉၈၉- )

၆၄ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာန တည်ထောင်သူ ဒေါက်တာတင်လှိုင် (၁၉၄၁- )

၆၅ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် ဦးဝင်းမြင့်(မန္တလေး) (၁၉၆၄- )

၆၆ ပထမဆုံး အဂ္ဂမဟာသီရိသုဓမ္မာသိင်္ဂီဘွဲ့ ရရှိသူ နဂါးဒေါ်ဦး (၁၉၁၀-၁၉၉၅)

၆၇ ပထမဆုံး တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ သခင်ဗစိန် (၁၉ ? -၁၉၆၃) (၁၉၃၅-၁၉၆၃)

၆၈ ပထမဆုံး ရဲဘော်သုံးကျိပ်တွင် ကျဆုံးခဲ့သူ ဗိုလ်စောအောင် (၁၉၁၄ -၁၉၄၂)

၆၉ ပထမဆုံးကရင်အမျိုးသား ခရစ်ယာန်ဓမ္မဆရာ ကိုသာဖြူ (၁၇၇၆ -၁၈၄၀)

၇၀ မြန်မာကာတွန်းများကို ပထမဆုံး ရေးဆွဲခဲ့သူ မစ္စတာ မာတင်ဂျုန်း

၇၁ အလုပ်သမား အစည်းအရုံး၏ ပထမဆုံး ဥက္ကဋ္ဌ သခင်လေးမောင် (၁၉၁၀- ၁၉၉ဝ)

၇၂ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ပထမဆုံး ဥက္ကဋ္ဌ ဦးကျော်ခင် (၁၉၃၁- )

၇၃ ပထမဆုံးဂျပန်ပြည်၌ ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကား ဂျပန့်ရင်သွေး (၃၀-၁၁-၁၉၃၅)

၇၄ ပထမဆုံး ဇာတ်လမ်းရုပ်ရှင် မေတ္တာ နှင့် သူရာ (၁၃-၁၀-၁၉၂၀)

၇၅ ပထမဆုံး ဆာဘွဲ့ရသူ ဆာမောင်ခင် (၁၈၇၂-၁၉၂၄) ၁၉၂၄−ခုနှစ်

၇၆ ပထမဆုံး တိပိဋကဓရ ဆရာတော် ဆရာတော် ဦးဇာဂရ

Post & Photos #

မင်္ဂလာဆောင်ပြီး လို့ သုံးရက်မြောက် တဲ့ နေ့မှာပဲ သူမကို အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လာစေရန် စတင် ပုံစံသွင်းယူခဲ့သည်။"မိန်...
26/05/2024

မင်္ဂလာဆောင်ပြီး လို့
သုံးရက်မြောက် တဲ့ နေ့မှာပဲ
သူမကို အိမ်ရှင်မကောင်းတစ်ယောက်
ဖြစ်လာစေရန် စတင် ပုံစံသွင်းယူခဲ့သည်။

"မိန်းကလေးဆိုတာ မိဘအိမ်မှာ
ခြေမွှေး မီးမလောင်
လက်မွှေးမီးမလောင်နေလာခဲ့လည်း
အိမ်ထောင်ကျရင်တော့
အိမ်ထောင့်ကိစ္စတွေတာဝန်ယူရမှာပဲလေ "

"ဟုတ်..."

"အရင်ကမလုပ်ခဲ့ရလို့
မလုပ်တတ်တာက အပြစ်မဟုတ်ဘူး
အခု ယောကျာ်းယူပြီးချိန်မှာတော့
မတတ်တာကိုတတ်အောင်သင်ပြီး
အိမ်မှု့ကိစ္စတွေကို
နိုင်နင်းအောင်လုပ်ရမယ်"

"ဟို... အဲ့ဒါတွေက ဘယ်သူ့ဆီမှာ
သွားသင်ရမလဲဟင် "

"ဘယ်သူ့ဆီမှ သွားသင်စရာမလိုဘူး
ငါကိုယ်တိုင် ရှေ့ကလုပ်ပြပြီးသင်ပေးမယ်
မင်းကထိုင်ကြည့်ပြီးသင်ယူ၊

အဲ.. တတ်သွားတဲ့အခါ
အိမ်မှု့ကိစ္စတွေ မင်းပဲဆက်တာဝန်ယူပေါ့
ဟုတ်ပြီလား "

"ဟုတ်.."

ပြောလိုက်တော့လည်း မျက်နှာငယ်လေးနဲ့ ။

ဒါပေမဲ့.. ကြည့်ပြီး
သနားနေလို့လည်းမဖြစ်သေးဘူး
အခုရှုပ်မှ နောင်ရှင်း
မယားနေစ ကြောင်သေမှ မဟုတ်လား

နောက်တစ်နေ့ကစပြီး
ချက်ပြုတ်လျှော်ဖွတ် မှ အစ
အိမ်သန့်ရှင်းရေး က အလယ်
ဈေးဝယ်တာ ခြမ်းတာ က အဆုံး
ကိုယ်တိုင်လုပ်ရင်း ကိုင်ရင်း သင်ပြပေးတယ်။

သူခမျာ နေ့စဉ်ကြည့်တယ် သင်ယူရှာတယ်။

ခက်တာက..တစ်ခုပဲခက်နေတာ ......

သူမက သိပ်ညဏ်ကောင်းပုံမရဘူး
သင်ရကြားရတာ တော်တော်လက်ဝင်တယ်

ပြောရရင်သင်လွယ် တတ်လွယ်
လူမျိုးစားမဟုတ်ဘူးထင်တယ်။

ကိုယ်မှာစိတ်ရှည်ရှည်ထားပြီး
လုပ်ရင်းကိုင်ရင်းသင်ကြားပြ လာခဲ့လိုက်တာ
အခုဆို အိမ်ထောင်သက်၂၆နှစ်ကျော်လာပြီ..

ဒင်းက
အခုထိ တတ် မဲ့ ပုံမပေါ်သေး ။

နောက်ဘီးပေါက်တယ်။ကားပေါ်မှာ တာယာတွေအများကြီးကိုသယ်ဆောင်လာပေမယ့်...ပေါက်နေတဲ့ ဘီးနေရာမှာ အစားထိုးဖို့တစ်လုံးမှ အဆင်မပြေဘူ...
24/04/2023

နောက်ဘီးပေါက်တယ်။

ကားပေါ်မှာ တာယာတွေအများကြီးကို
သယ်ဆောင်လာပေမယ့်...

ပေါက်နေတဲ့ ဘီးနေရာမှာ အစားထိုးဖို့
တစ်လုံးမှ အဆင်မပြေဘူး။

ဒီလိုပါပဲ...
လူ့ဘဝမှာ... ...
အပေါင်းအသင်းတွေ မိတ်ဆွေတွေ
အများကြီး ရှိကြပေမယ့်

အခက်အခဲကြုံတဲ့အခါ...
အကူအညီပေးမယ့်သူ
တစ်ဦးတစ်ယောက်မျှ မရှိတတ်ကြဘူး။
Credit ပေးပါသည်။

ဒီနေ့ ပျော်သည် မိမိဆိုင်ရှေ့မှာချိတ်ထားတဲ့အရုပ်လေးတွေကိုရပ်ကြည့်နေတဲ့ကိုရင်လေးကို ...ကိုရင်လေးဘုရားဆွမ်း၊ ဆွမ်းဟင်းပြည့်...
23/04/2023

ဒီနေ့ ပျော်သည်

မိမိဆိုင်ရှေ့မှာချိတ်ထားတဲ့
အရုပ်လေးတွေကိုရပ်ကြည့်နေတဲ့
ကိုရင်လေးကို ...

ကိုရင်လေးဘုရား
ဆွမ်း၊ ဆွမ်းဟင်းပြည့်စုံပါလားဘုရား လို့ မေးလိုက်တော့

ပြည့်စုံပါတယ် ဒကာမကြီး။

ကိုရင်လေးစာဝါလိုက်နေပါလားဘုရားဆိုတော့
၁ တန်းပါ တဲ့ .

ကိုရင်ဘုရား
အရုပ်လိုချင်လို့လားဘုရားလို့
မေးလိုက်တော့

မိမိကို ပြုံးစိစိနဲ့ကြည့်ပြီး
ခေါင်းလေးငြိမ့်ပြတယ်။

ကိုရင်လေးလိုချင်တဲ့
ကားအရုပ်လေးတွေကို
လှူပေးခဲ့တယ်။
မိမိလှူပေးတာတွေ့တော့
ဘေးကလူတစ်ချို့က ...

ကိုရင်ဆိုတာ
စာသင်ရမှာလေ
ကစားရမှာ မဟုတ်ဘူးတဲ့ .

အလွန်ဆုံးရှိ
၆ - ၇ နှစ် အရွယ်
မိဘ နဲ့ ဝေးပြီး
ခုလို အလွန်အေးတဲ့
မန္တလေး ဆောင်းနံနက်ခင်း
၆ - ၇ နာရီ
မိမိတို့ အများစု
ကုတင်ပေါ် စောင်ခြုံလို့
ကွေးကောင်းတုန်း အချိန် ...

အနွေးထည် ဦးထုပ်မပါ
ခြေဗလာ နှင့်
ဆွမ်းခံကြွနေတဲ့
ဘုရားသားတော်
ကိုရင်လေး
နေရာဝင်ကြည့်ပါ🙏

ကလေးဘဝအရွယ်မှာ
သူလည်း
အဖေ့အိမ်မှာ ပျော်ချင်မှာပဲ
အမေ့ရင်ခွင်မှာ နွေးထွေးမှုတွေ
လိုချင်မိမှာပဲလေ ...
မောင်နှမ သူငယ်ချင်းတွေနဲ့
ပျော်ပျော်ပါးပါး
ဆော့ကစားချင်မိမှာပေါ့ ...

ကိုရင်လေးကို
အရုပ်ပေးလှူခဲ့တာ
အပြစ်ဖြစ်တယ်တဲ့လား?

သူတို့လေးတွေ
စာဝါလိုက်ချိန်လိုက်
ကစားချိန်ကစား
နားချိန်နားပြီး
သာသနာတော်မှာပျော်မှ
မြတ်စွာဘုရား သာသနာတော်ကြီး
ရေရှည်တည်တံ့ခိုင်မြဲမှာမဟုတ်လား?

ကိုရင်လေးတွေဆိုတာ
အနာဂါတ်ရဲ့
စာချဆရာတော်လောင်း
တရားဟောဆရာတော်လောင်း
အရိယာလောင်း တွေလို့ပဲ
မြင်မိပါတယ် 🙏

သူတို့လေးတွေ
သာသနာတော်မှာ
ပျော်ကြပါစေ 🙏

သာသနာတော်ကြီးကို
စောင့်ရှောက်နိုင်ကြပါစေ 🙏

ကိုရင်လေးကို
နောက်နောင်
ဆွမ်းဟင်းမပြည့်စုံရင်ပဲဖြစ်ဖြစ်
လိုအပ်တာရှိရင်ပဲဖြစ်ဖြစ်
တပည့်တော်ဆိုင်ကို
ကြွခဲ့ပါဘုရား ဆိုတော့
ကိုရင်လေး ပြုံးပြခဲ့တဲ့ အပြုံးက
မိမိတစ်ဘဝလုံးအတွက်
အမြဲ အမှတ်ရစေမှာဖြစ်သလို
မိမိတစ်ဘဝလုံးအတွက်
အားတွေလည်းဖြစ်စေပါတယ်
😊😊😊

🙏ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု🙏

pln (ဖြူလွင်နီ)

ဘုံဘေဘားမား ကုမ္ပဏီဟာ သစ်ပင် တစ်ပင်ကို ခုတ်ချိန်တန်လို့ ခုတ်တော့မယ်ဆိုရင်တောင် အဲဒီ့ သစ်ပင်ကို သေအောင် သတ်ပါတယ်။ သစ်ပင်က...
15/04/2023

ဘုံဘေဘားမား ကုမ္ပဏီဟာ သစ်ပင် တစ်ပင်ကို ခုတ်ချိန်တန်လို့ ခုတ်တော့မယ်ဆိုရင်တောင် အဲဒီ့ သစ်ပင်ကို သေအောင် သတ်ပါတယ်။ သစ်ပင်ကို သေအောင်သတ်ဖို့က အချိန်တော်တော် ပေးရပါတယ်။ သစ်ပင်တစ်ပင်ကို ဒီအတိုင်းခုတ်လိုက်ရင် ပြန် မရှင်သန်ပေမယ့် အဲဒီ့ အပင်အောက်က ရေသောက်မြစ်တွေကတော့ အလုပ်လုပ်နေတုန်းပါပဲတဲ့။ အလုပ်လုပ်နေရင် မြေဆီလွှာထဲက အရာတွေကို သစ်ပင်ရဲ့ အမြစ်တွေက စုပ်ယူနေဆဲ ဖြစ်နေလို့ ဘာအမြစ်မှ အလုပ်မလုပ်ဘဲ သေမှသာ သစ်ပင်ကို ခုတ်ခိုင်းပါတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ရတော့ အံ့သြခဲ့ရဖူးတယ်။

British တွေဟာ သူတို့ colonized လုပ်ထားတဲ့ နယ်မြေက သစ်ပင်တစ်ပင်ချင်း အပေါ်မှာ အဲလို စည်းကမ်းရှိခဲ့ကြသလားပေါ့။ ငါတို့ ငယ်စဉ်ကကတည်းက သင်ရတာတော့ ဘုံဘေဘားမားဟာ လက်ဝါးကြီးအုပ်တဲ့ လုပ်ငန်းကြီးတစ်ခုပါပဲ။ တကယ် လက်ဝါးကြီး အုပ်ခဲ့ရင်တောင် ဒီလောက် ကောင်းတဲ့ ပညာကို ဘာလို့ မသင်ခဲ့ရလဲဆိုတာ ဆယ်ကျော်သက်ဘဝမှာ မေးခွန်းကြီး တစ်ခုပါပဲ။

အသက်တွေ ကြီးလာတဲ့အခါ အမေရိကန်က သူတို့ဆီမှာ ရေနံထွက်တဲ့ ဒေသတွေ အများကြီး ရှိပေမယ့် တစ်ချို့ ဒေသလောက်ပဲ တူးကြောင်း၊ သူများနိုင်ငံတွေဆီကပဲ ရေနံ ဝယ်ယူကြောင်း သိလာရတော့ တဖြည်းဖြည်း သဘောပေါက်နားလည်လာတယ်။ ဂေဟစနစ်ဆိုတာ တစ်နိုင်ငံတည်း လိုက်နာလို့ မရဘူးဆိုတာလည်း သဘောပေါက်လာတယ်။

စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတွေကို သဘောကျတဲ့ အထဲမှာ အချစ်အကြောင်း ဇာတ်ကောင် အကြောင်းတွေထက် သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ဗဟုသုတအနေနဲ့ ထည့်ထည့်ပေးတာလည်း ပါခဲ့တာပေါ့။ အသက် ၃၅ လောက်မှာ ဘာအအေး ဝယ်သောက်သောက် မော့သောက်တဲ့ အကျင့် ဖြစ်လာတယ်။ ပလက်စတစ်ပိုက်တွေ မယူတော့ဘူး။

ကျနော်တို့ဟာ ကမ္ဘာမြေကို ချစ်တတ်ဖို့ လိုပါတယ်။ ဒီလိုအချိန်မျိုးမှာ လူအချင်းချင်းတောင် သတ်ဖြတ်နေတဲ့ အချိန် သက်မဲ့လို့ ခေါ်ဆိုနိုင်တဲ့ သစ်ပင်တွေ၊ မြစ်ချောင်းတွေကို ချစ်ဖို့ ပြောရတာတော့ တော်တော် ခက်နေပါလိမ့်ဦးမယ်။ အဲဒါတွေက အရေးမကြီးသေးဘူးလို့ လာငြင်းရင်လည်း ကျနော်က သက်မဲ့ ဖြစ်တဲ့ လေကို မရှူဘဲ နေကြည့်ပါလို့ ပြောရပါလိမ့်မယ်။

ကျနော်တို့ ရှူနေရတဲ့ အောက်ဆီဂျင်ကို သစ်ပင်တွေက ထုတ်ပေးနေတယ်ဆိုတာ မှန်ပေမယ့် တကယ့် တကယ်ကတော့ ကျနော် တို့ ပတ်ဝန်းကျင်က သစ်ပင်တွေက ထုတ်တာ အင်မတန်နည်းပါတယ်။ ပင်လယ်အောက်က Plankton လို့ ခေါ်တဲ့ ရေညှိရေမှော်အပင်မျှောလေး(တချို့ကလည်း သစ်ပင်၊ တစ်ချို့ကလည်း တိရိစ္ဆာန်) တွေက ထုတ်နေကြတာပါတဲ့။ ကုန်းမြေပေါ်က သစ်ပင်တွေကတော့ ကျနော်တို့ လူတွေအတွက် မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူကြပါတယ်။

ဂေဟစနစ်ဆိုတာ ဒီအတိုင်းပါပဲ။ တစ်ယောက်မလိုတာကို တစ်ယောက်ကလိုအပ်ခြင်း၊ တစ်ယောက်လိုတာကို တစ်ယောက်က မလိုအပ်လို့ ထုတ်ပေးခြင်းနဲ့ လည်ပတ်နေကြတဲ့ ကမ္ဘာကြီးပါပဲ။ ခေတ်အဆက်ဆက်မှာ ဂေဟစနစ်နဲ့ အံဝင်ဂွင်ကျ လိုက်မပြောင်းနိုင်လို့ မျိုးတုန်းသွားကြတဲ့ သတ္တဝါတွေ မနည်းပါဘူး။လူအများနဲ့ သဟဇာတမဖြစ်လို့ အခု မျိုးတုန်းတော့မယ့် စနစ်တွေဆိုရင်လည်း ဒီလိုပါပဲ။ အံဝင်ဂွင်ကျ လိုက်မပြောင်းနိုင်ရင် အရာအားလုံးဟာ ပျောက်ကွယ်သွားကြလေ့ ရှိပါတယ်။

ဘာပဲဖြစ်ဖြစ်ပါလေ။ သဘာဝတရားကြီးကို ချစ်ကြပါ။
အချစ်ဆိုတာလေ အသိဉာဏ်နဲ့ဆိုင်ပါတယ်။
လမ်းဘေး အကြော်သည် အမေက သူ့သားသမီးကို ချစ်လို့ အော်ဆဲနေတာလည်း အချစ်ပါပဲ။ အသိဉာဏ်ကွာသွားတော့ သက်ရောက်မှုတွေ ကွာကြတာပဲပေါ့။

ကျနော်တို့ ကမ္ဘာကြီးကို ပိုမြင့်တဲ့ အသိဉာဏ်တွေနဲ့ ချစ်တတ်ကြဖို့ တိုက်တွန်းပါရစေဗျာ။

Credit - Si Thu Myint Mgmg

လေ့ကျင့်ခန်းလုပ်တာနဲ့မလုပ်တာနဲ့ ဘယ်လိုကွာခြားသွားနိုင်လဲ။❇️ one day အနေနဲ့ကြည့်မယ်ဆိုရင် လေ့ကျင့်ခန်း/ အားကစားလုပ်တာ မလု...
27/03/2023

လေ့ကျင့်ခန်းလုပ်တာနဲ့မလုပ်တာနဲ့ ဘယ်လိုကွာခြားသွားနိုင်လဲ။

❇️ one day အနေနဲ့ကြည့်မယ်ဆိုရင် လေ့ကျင့်ခန်း/ အားကစားလုပ်တာ မလုပ်တာ ဘာမှကွာခြားမှုမရှိပါ။

❇️ one month အနေနဲ့ကြည့်မယ်ဆိုရင်လည်း ကွာခြားမှု မရှိသလောက်လို့ပြောလို့ရသေးတယ်။

❇️ one year အနေနဲ့ကြည့်မယ်ဆိုရင် ကွာခြားမှုကသိသာပေမဲ့ ၊ အရမ်းကြီးထူးခြားမှုမရှိသေးဘူး။

❇️ 5 years ကြာလာပြီဆိုရင် ခန္ဓာကိုယ် ၊ စိတ်နေစိတ်ထား (ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ) ကွာခြားမှုတော်တော်ရှိလာပါပြီ ။

❇️ 10 years တာအချိန်ကြာလာပြီဆိုရင် မတူညီတဲ့ ဘဝ ၂ မျိုး ဖြစ်သွားနိုင်တယ်။

- တချို့လူအပြင်ထွက်ရင် စက်ဘီးစီးထွက်လို့ရတယ်၊ တချို့ကျ wheel chair နဲ့ အပြင်ထွက်ရတယ်။

- တချို့လူက မနက် အိမ်ကအိမ်ယာပေါ်ကနိုးလာတယ်၊ တချို့ကျတော့ ဆေးရုံလူနာကုတင်ပေါ်ကနေနိုးလာရတယ်။

- တချို့လူ မနက်နိုးရင် အပြင်ထွက် လေကောင်းလေသန့်ရှူရင်းနဲ့ စက်ဘီးစီး၊ လမ်းလျှောက်ထွက်လို့ရတယ်။ တချို့ကျ နာကျင်တဲ့ဒဏ်နဲ့နိုးလာရပြီး ဆေးရုံရဲ့ပိုးသတ်ဆေးရည်အနံ့နဲ့သာတနေ့တာကိုဖြတ်သန်းရတယ်။

- တချို့အသက်ကြီးလာချိန် မိသားစုနဲ့ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ထမင်းဝိုင်းဖွဲ့ စကားလေးပြောပြီး တနေ့တာပြီးသွားတယ်။ တချို့ကျ လူနာကုတင်ပေါ်ပဲအိပ်နေရပြီး ဆရာဝန်၊ သူနာပြုတွေနဲ့ စကားပြော ကျန်ရှိနေသေးတဲ့ဘဝကိုဆက်လျှောက်သွားရတယ်။

မိတ်ဆွေများအားလုံး ကျန်းမာကြပါစေ 🙏

credit original post

24/03/2023

အရက်ရောင်းသူက
ဘယ်ကိုမှမသွားရဘဲရောင်းနေရပြီး
နွားနို့ရောင်းသူက အိမ်တိုင်းစေ့ ရောက်နေရတယ်။

ကြေးမုံပြင်က မှန်တယ်
ကိုယ်ငိုရင် ဘယ်တော့မှသူမရီဘူး။

ဖယောင်းတိုင်တွေထွန်းပြီး
သေသူကို သတိတရ ဝမ်းနည်းကြပေမယ့်
ဖယောင်းတိုင်မှုတ်ပြီး
မွေးနေ့ပွဲတွေ ကျင်းပကြတယ်။

ခြေကျင်းစွပ်ကို သိန်းချီပေးဝယ်ရတယ်။
ပြီးတော့ ခြေထောက်မှာ စွပ်ကြတယ်။
ဒါပေမယ့်
ဆံပင်ချည် သရေပင်က ရာဂဏန်းပဲ
တန်ဖိုးရှိပြီး ခေါင်းမှာနေရာရတယ်။

ဒါကြောင့် တန်ဖိုးထက်
လုပ်ဆောင်ရမယ့် နေရာက
အဓိက ဖြစ်လာတယ်။

မှန်ကန်တဲ့ အကြံပေးသူဟာ
ဆားခါးနဲ့တူတဲ့
မိတ်ဆွေစစ်ဖြစ်တယ်လို့ ယူဆပြီး
အလိုလိုက် အကြိုက်ဆောင်
အချိုသတ်ပေါင်းသူတွေဟာ သကြားလိုပါပဲ။

ဆားခါးက ပိုးပုရွက်မကျဘဲ ၊
သကြားကတော့ ပိုးပုရွက်ကြောင့်
ပျက်စီးခြင်းကိုရောက်ရတယ်။

ကောင်းတဲ့လမ်းကို
ဘယ်သူမှ မသွားချင်ကြဘူး။
မကောင်းတဲ့ လမ်းကိုတော့
အားလုံးသွားကြတယ်။

ဒါကြောင့်
အရက်ရောင်းသူက ဘယ်မှမသွားရဘဲ
နွားနို့ရောင်းသူက အိမ်တိုင်းထိသွားရတယ်။

နံရံပေါ်ကဓာတ်ပုံရဲ့ဝန်ကို
တကယ်ထမ်းထားတာက သံချောင်းလေး။
ဒါပေမယ့်
လူတွေချီးမွမ်းကြတာက
သူ့ပေါ်ချိတ်ထားတဲ့ ဓာတ်ပုံ။

လူတွေက
သူတို့ကို တိရိစ္ဆာန်လို့ ပြောရင်
ထသတ်ချင်ကြပြီး
ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာဆိုရင်တော့
ကျေနပ်နေကြပြန်ပါလေရော ။

မင်္ဂလာပွဲတွေမှာ
လူတွေက အရှေ့ကနေ လိုက်ကြပြီး
မသာပို့ချိန်ကြ နောက်ရောက်သွားကြတယ်။

ဒါကိုမြင်ရတော့ လောကကြီးက
ပျော်နေချိန်မှာ သင့်ရှေ့ကနေကြပြီး
ဝမ်းနည်းချိန်မှာ
နောက်ကို ဆုတ်သွားတတ်ကြတဲ့
သင်ခန်းစာကို ယူမိတယ်။

မွေးမယ် သေမယ် ဖြစ်နေကြအုံးမယ့်
တလောကလုံးမှာ အမြဲတမ်းကျန်ခဲ့မယ့်
ကိုယ့်သမိုင်းလေးကိုတော့
လက်ရေးလှအောင် အမှန်ကန်ဆုံး
ရေးနိုင်ကြစေချင် ပါတယ်။

.

သူက ဒီအပင်ကို သူ့ပုဆိန်နဲ့ ခုတ်ဖို့ ကြိုးစားနေတယ် ! မောလာတော့ အဲ့အပင်ရဲ့ အရိပ်အောက်မှာ အိပ်စက်ခဲ့ပြန်ရော ! ဒီလိုမျိုးပဲတ...
23/03/2023

သူက ဒီအပင်ကို
သူ့ပုဆိန်နဲ့ ခုတ်ဖို့ ကြိုးစားနေတယ် !

မောလာတော့
အဲ့အပင်ရဲ့ အရိပ်အောက်မှာ
အိပ်စက်ခဲ့ပြန်ရော !

ဒီလိုမျိုးပဲ
တချို့လူတွေ
သင့်ကို ဆက်ဆံကြလိမ့်မယ် !

အဲ့ဒါကြောင့်
မင်းလဲ အံ့သြမနေနဲ့ !!!

Azizi

ဆဲတဲ့အကျင့်လေးတွေ ဖျောက်နိုင်ကြပါစေ ။" ပါးစပ်က ထွက်သော ထိုစကားကြောင့် " တဲ့တစ်ခါကရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မ...
22/03/2023

ဆဲတဲ့အကျင့်လေးတွေ ဖျောက်နိုင်ကြပါစေ ။

" ပါးစပ်က ထွက်သော ထိုစကားကြောင့် " တဲ့

တစ်ခါက
ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာ
တစ်ပါးက မေးတယ်။

အသက်ကလည်း ငယ်တယ်၊ အရွယ်လည်းရှိပါရဲ့နဲ့
ဘာ့ကြောင့်အိမ်ထောင် မပြုတာလည်းဆိုတော့
တစ်ပါးက သူ့ဇာတ်ကြောင်းကို ပြောပြတယ်။

သူဟာ ဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့
လက်ထပ်ခဲ့တယ်။

ပေါင်းသင်းပြီး မကြာခင်မှာဘဲ ယောင်္ကျားက
ကုန်ကူးသွားတော့ သူ့မှာ ကိုယ်ဝန်နဲ့ကျန်ခဲ့တယ်။

ယောက္ခမတွေက သူ့သားနဲ့ ရတဲ့
ကိုယ်ဝန်မဟုတ်ဘူး ဆိုပြီး နှင်ချလိုက်တယ်။

ဗိုက်တစ်လုံးနဲ့ ထွက်သွားခဲ့ရတယ်။
ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး
ကလေးမွေးတယ်။

ကလေးကိုဇရပ်မှာ ခဏထားပြီး
ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်က
စွန့်ပစ်ထားတဲ့ ကလေးဆိုပြီး ယူသွားတယ်။

ဒီလိုနဲ့ စိတ်လေပြီး လျောက်သွားနေတုန်း
ဓါးပြဗိုလ်ကြီးနဲ့တွေ့ပြီး ပေါင်းသင်းခဲ့ပြန်တယ်။

မိန်းခလေးတစ်ယောက် မွေးတယ်။

တစ်နေ့ ကလေးပုခက်ထဲက ပြုတ်ကျပြီး
ခေါင်းမှာ ဒဏ်ရာရလို့ ယောင်္ကျားကိုကြောက်ပြီး
ထွက်ပြေးခဲ့ပြန်တယ်။

အဲဒီလိုနဲ့ တစ်ယောက်ထဲ နှစ်ပေါင်းများစွာ
လျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့
တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။

အဲဒီ ကုန်သည်ပေါက်စလေးနဲ့ ပေါင်းသင်းနေတုန်းမှာဘဲ
တစ်နေ့ကုန်သည်လေးက မိန်းမငယ်ငယ်လေး
တစ်ယောက်ကို ခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရ
ပြန်တယ်။

တစ်နေ့တော့ မယားအငယ်လေးကို
သန်းရှာပေးနေတုန်း ခေါင်းက ဒဏ်ရာကိုတွေ့တော့
သူ့သမီးဒဏ်ရာနဲ့ တူလိုက်တာလို့ တွေးပြီး
ဇာတိကိုမေးကြည့်တော့ တကယ်ဘဲ ဓါးပြဗိုလ်ကြီးနဲ့
ရခဲ့တဲ့ သူ့သမီး ဖြစ်နေပါတော့တယ်။

သားအမိနှစ်ယောက်ယူကြုံးမရဖြစ်နေပြီး
သူတို့လင်ကို ပြောပြတော့ သူ့လင်ကလည်း
တစ်ချိန်ကဇရပ်မှာ ပျောက်သွားတဲ့ သူ့သားလေး
ဖြစ်နေပြန်တယ်။

ဆိုးလိုက်တဲ့ အဖြစ်ရယ်နော်။

ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကို
ပြောပြပြီး သူလောကီမှာ မနေဝံ့တော့လို့
တရားထူးရအောင် အားထုတ်ရတာပါလို့
ပြောပြခဲ့ပါတယ်။

အဲဒါဟာ သူ " မအေ " နဲ့တပ်ပြီး ဆဲခဲ့မိလို့
ပြန်လည် ပေးဆပ်ရတာပါတဲ့။ ဘယ်လောက်ထိ
ကြောက်စရာ ကောင်းလိုက်ပါသလဲ...?

ညီမလေးတို့
ဘာကြောင်းနဲ့ပဲ ဖြစ်ဖြစ်
ဘယ်လောက်ဘဲ ဒေါသထွက်နေပါစေ။

သူတစ်ပါးကို " မအေ" နဲ့တပ်ပြီး မဆဲဖြစ်အောင်
ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။

ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း
ဒီပါးစပ်က ထွက်တာပါဘဲ။
ဆဲလို့သံသရာမှာ ပေးဆပ်ရမှာလည်း
ဒီပါးစပ်က ထွက်တာပါဘဲ။

ဘုရားရှင်က " ပါးစပ် " က ထွက်တဲ့
စကားလုံးတွေဟာ အကျိုးမခံစားရဘဲ
ပျောက်ပျက်မသွားပါဘူး " တဲ့။
ပါးစပ် စည်းကမ်း ရှိနိုင်ကြပါစေ။

to ......(ဦးတိလောက)
ပြန်လည်မျှဝေပါသည်......ဦးသိန်း
Copy > U Thein Hlaing -acc
အညတရ အရှင်သောပါကမြိုင်

Address

ဇဗ္ဗူသီရိ
Naypyidaw
15016

Website

Alerts

Be the first to know and let us send you an email when မွတ္သားဖြယ္ရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share