
24/06/2023
ငါတို့ ရွာပြန်ကြရအောင် ...
ငါတို့ ရွာပြန်ကြရအောင် ..
ဆိုသည့် အသံက ကျွန်တော့်ရင်ထဲမှာ
ပဲ့တင်သံတွေ ရိုက်ခတ်နေလျက် ။
အမှန်တော့ ရွာပြန်ကြရအောင် ဆိုတာက
ကျေးလက်ရွာကိုပဲ ပြောလိုခြင်း မဟုတ်ပါ ။
ကိုယ့်မွေးရပ်မြေနှင့် ငယ်ဘဝနှင့်
လောကဝန်းကျင်ကိုလည်း ရည်ညွှန်းပါသည် ။
ငယ်ဘဝလောကဝန်းကျင်ကလေးသည်
ရွာနှင့်မခြား သေးငယ်ကျဉ်းမြောင်းသည်။
အဲသည်မှာ
ပေါ့ပါး ပျော်ရွှင်ခဲ့ကြသည်။
ကြီးလာတော့မှ အနားသတ်မဲ့သည့်
လောကဝန်းကျင်ကြီးထဲသို့
ကျွန်တော်တို့ ရောက်သွားခဲ့ကြသည် ။
သို့ရာတွင် မည်သူမဆို
ကိုယ့်ဇာတိမြေနှင့် ကျင်လည်ခဲ့သည့်
လောကဝန်းကျင်ကလေးကို
သတိရကြစမြဲ ။
လွမ်းကြစမြဲ ။
ဒါကြောင့်လည်း နှစ်သစ်ကူးချိန် ရောက်တိုင်း
ကိုယ့်နေရာဟောင်းကို ပြန်ဖို့အတွက်
လေဆိပ်တွေ၊
မော်တော်ကားဂိတ်နှင့်
မီးရထားဘူတာရုံတွေမှာ
ခရီးသည်တွေ ဒင်းကြမ်းပြည့်ကပ်နေလျက်။
ပြန်ခွင့်မသာသူတွေကတော့
လွမ်းစိတ်ဖြင့် ဖြေသိမ့်နေကြ ရှာပါလိမ့်မည် ....
ဆရာညိုထွန်းလူ၏ အသစ်ထွက်စာအုပ်လေးဖြစ်ပါသည် ။
ကိုယ့်မွေးရပ်
ရပ်ရွာဇာတိမြေလေးကို
လွမ်းဆွတ်နေကြသူတွေ...
အပြန်ခက်နေကြသူတွေ....အတွက်
အလွမ်းပြေ စာအုပ်လေးတစ်အုပ်ပါပဲ ...။
✅ညိုထွန်းလူ
✅တန်ဖိုး - ၁၂၀၀၀ ကျပ်
ဖုန်းနဲ့ဆက်သွယ်မှာယူလိုပါက
09772778607
09950746269
Mr.J Barbershop Page Messenger ကနေလဲမှာယူလို့ရပါတယ်ခင်ဗျာ
Page Link
https://www.facebook.com/pg/mrjbarbershopnlp/community/
ပို့ခ - ၁၂၀၀ ကျပ်၊ *ထပ်တိုးတအုပ်+၂၀၀
Waiting time 3ရက်မှ7ရက်ပါခင်ဗျာ
စာအုပ်လေးတွေဝယ်တိုင်း စာမှတ်ကဒ်လေးတွေ
လက်ဆောင်ပေးပါမယ်
မဒေါက် ရွှေကျင်ဆိုရင် ကားဂိတ်တွေ တင်ပေးပါတယ်
(ကားခကို ဝယ်သူဖက်ကရှင်းပေးရပါမယ်ခင်ဗျာ)
#စာအုပ်နှင့်သင့်ကြားဝေးကွာမှုမရှိစေရ
( စာအုပ်ရောက်ငွေရှင်းစနစ် COD နဲ့
မှာယူနိုင်ပါပြီ။ )
တခြားလိုချင်တဲ့စာအုပ်များရှိရင်လဲ Page Messengerမှာလာရောက်မေးမြန်းအော်ဒါတင်လို့ရပါတယ်ခင်ဗျာ
သင့်ဘက်က စာဖတ်ဖို့သာတာဝန်ယူပါ
ဈေးအသက်သာဆုံးနဲ့ အိမ်အရောက်ဝန်ဆောင်မှုပေးဖို့ ကျတော်တို့တာဝန်ယူပါတယ်
----------------------