တောင်ဇင်းသတင်းစုံ

တောင်ဇင်းသတင်းစုံ တော်လှန်ကြစို့

08/04/2025

ထနောင်းစုက 4ယောက်
ကွမ်းဖလားက 3ယောက်
ကန်စောင့်ရွာက 1ယောက်
စစ်တပ်ပေါ်တာ ဆွဲခြင်းခံရလိုက်တယ်လို့ ကြားသိရပါတယ်။
သတိဝီရိယနဲ့ နေထိုင်ကြပါ၊ စကစလာလို့ ဘာမှမဖြစ်ပါဘူးလို့ ပေါ့ပေါ့လေး မတွေးစေချင်ပါဘူး။
စစ်မီးက နယ်ဘက်ကို ကူးစပြုလာပါပြီ၊ ဂရုစိုက်နေထိုင်ပေးကြပါ။

17/03/2025

သိမ်မွေ့တဲ့ ဝါဒဖြန့်ချိရေးကို မြင်ဖို့ လိုတယ် (ရုပ်/သံ)ဧရာဝတီ၊ မတ် ၁၇၊ ၂၀၂၅သတင်းအမှား (misinformation) နဲ့ ရည်ရွယ်ချက်ရ....

နိုင်ငံရေးသမားကို ဆယ်လီဇာတ်သွင်းခြင်း__________________________■ အုန်းညိုဆယ်လီဆိုတဲ့ စကားလုံး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း...
13/03/2025

နိုင်ငံရေးသမားကို ဆယ်လီဇာတ်သွင်းခြင်း
__________________________

■ အုန်းညို

ဆယ်လီဆိုတဲ့ စကားလုံး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ရေပန်းစားလာတာ ဆယ်စုနှစ်တခုလောက်ပဲ ရှိပါသေးတယ်။ ဖျော်ဖြေရေးနယ်ပယ်မှာ ကျော်ကြားသူလို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စကားလုံး celebrity ရဲ့ အတိုကောက် cele (ဆယ်လီ) ဆိုတဲ့ စကားလုံး မတွင်ကျယ်ခင်ကတော့ မြန်မာပြည် ဖျော်ဖြေရေးကဏ္ဍက ကျော်ကြားသူတွေကို စတား၊ အနုပညာရှင် စသည်ဖြင့်ပဲ ခေါ်ခဲ့ကြတာပါ။

လူမှုကွန်ရက်စာမျက်နှာတွေ ခေတ်စားလာတဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှ ဒီစကားလုံးက ရေပန်းစားလာပါတယ်။ ဖေ့ဘုတ်နဲ့ ယူကျု စာမျက်နှာတွေမှာ စောင့်ကြည့်သူ(follower) များတဲ့ သူတွေကိုပါ ဆယ်လီလို့ အမည်ပေးအသိမှတ်ပြုမှုတွေ ရှိလာပါတယ်။

ဒီဆယ်လီယဉ်ကျေးမှုဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်ကိုပါ သက်ရောက်မှုရှိခဲ့ပါတယ်။ လူထုအကြား ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေရဲ့ အားဟာ နိုင်ငံရေးအတွက် အရေးကြီးတဲ့ ကြားခံနယ်ဖြစ်တာကို မြန်မာ့နိုင်ငံရေးမှာ ပေါ်ပေါ်လွင်လွင် တွေ့နိုင်ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်နဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် အရေးပါတဲ့မိုင်တိုင်တွေ ဖြစ်သလို အနီးခေတ်မြန်မာပြည်မှာ ဆယ်လီတွေရဲ့ ပါဝင်မှုကို ထင်ထင်ရှားရှားတွေ့ရတဲ့ ပွဲတွေဆိုရင်လည်း မမှားပါဘူး။ ၂၀၁၁ မှာစတဲ့ တံခါးဖွင့်ခေတ်မတိုင်မီတုန်းက စစ်အစိုးရရဲ့ ဝါဒဖြန့်ဇာတ်ကားတွေနဲ့ သီချင်းတွေမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ခဲ့ရတာမျိုးရှိပေမဲ့ စစ်အုပ်စုနောက်ခံမဟုတ်တဲ့ နိုင်ငံရေးပါတီတရပ်အတွက် ဆယ်လီတွေ အင်တိုက်အားတိုက် ပါဝင်ကြတာကတော့ ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အထင်ရှားဆုံးပါပဲ။

လူထုအပေါ်လွှမ်းမိုးမှုရှိတဲ့ အနုပညာရှင်နဲ့ ဆယ်လီတွေရဲ့အားကို နိုင်ငံရေးလှုပ်ရှားမှုအတွက် အားထားအသုံးပြုတာမျိုးကို နိုင်ငံတကာနိုင်ငံရေးစင်မြင့်မှာလည်း တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမား နဲ့ political stakeholder တွေကို ဆယ်လီပုံစံ သွတ်သွင်းမှုတွေကတော့ မြန်မာပြည် လူမှုကွန်ရက်လောကမှာပဲ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အရပ်သားအစိုးရတက်လာပြီးတဲ့နောက် လူမှုကွန်ရက်မှာ ပြည်သူလူထုအကြား နာမည်ကြီးတဲ့ နိုင်ငံရေးသမားနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် စတဲ့ ပုဂ္ဂိုလ်တွေကို ဆယ်လီတွေလို We Love Group အမည်ရ အုပ်စုဖွဲ့ထောက်ခံမှုတွေ (Fandom) လုပ်ကြ၊ ဟာသဆန်ဆန်ရေးသား၊ ထောက်ခံသူတွေ စုရုံးပြီး ဆယ်လီ တယောက်ပုံစံ ပုံဖော်မှုတွေ လုပ်ကြတာတွေ ရှိပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေက တဖက်မှာတော့ နိုင်ငံရေးသမားဆိုတဲ့ သူ့မူလဘူတဇာစ်မြစ်သရုပ်နဲ့ တာဝန်ကို မှိန်ဖျော့စေတယ်လို့ ထင်ပါတယ်။ ဥပမာ တိုင်းဒေသကြီးဝန်ကြီးချုပ်တဦးရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ စွမ်းဆောင်ရည်ဟာ အထူးဝေဖန်ခံရဖို့ ထိုက်တန်ပေမဲ့ သူ့ကိုထောက်ခံသူတွေအတွက်ကတော့ သူ့ရဲ့ ကျော်ကြားမှုတွေအပေါ် သည်းခံနိုင်မှုက ပိုအရေးပါခဲ့တာမျိုးတွေပါ။ ဒီအတွက် နိုင်ငံရေးသမားတယောက် ရင်ဆိုင်ရမယ့် မူဝါဒပိုင်းဆိုင်ရာ ထောက်ပြပြောဆိုမှုတွေက လူထုကြားထဲ ရောက်သင့်သလောက် မရောက်တာတွေ ဖြစ်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာလည်း ဆယ်လီတွေ ဆက်လက်ပါဝင်ကြပါတယ်။ ဒီအခြေနေမှာ အရင်က ဝန်းရံသူဆယ်လီဆိုတဲ့ အနေအထားကနေ နိုင်ငံရေးပုံရိပ်ကို တည်ဆောက်နိုင်တဲ့အနေအထားအထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီလိုအခြေနေမှာ မေးခွန်းထုတ်စရာက သာမန်မဟုတ်တဲ့ နိုင်ငံ့အခြေအနေမှာ တော်လှန်ရေးအစိုးရလို့ အမည်ခံထားသူတွေကလည်း နိုင်ငံရေးအရ လူထုကို လမ်းညွှန်နိုင်တာ၊ မူဝါဒ ဦးဆောင်မှုပေးနိုင်တာမျိုး ရှိမနေတာပါ။ တော်လှန်ရေးကို ဘယ်နှစ်မှာ အဆုံးသတ်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကိုသာ လူထုက ကြားခဲ့ရပါတယ်။

လေးနှစ်တာကာလမှာ တော်လှန်ရေးအစိုးရဆီကနေ နိုင်ငံရေးအရ ဟောပြောမှုတွေဆိုတာ မတွေ့ရသလောက်ဖြစ်ပြီး တော်လှန်ရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းတွေမှာ တော်လှန်ရေးဆယ်လီတွေက တစတစ နေရာယူလာကြပါတယ်။

စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရေး လှုပ်ရှားမှုတွေကစလို့ တော်လှန်ရေးရဲဘော်တွေအတွက် ရိက္ခာနဲ့ လက်နက်တပ်ဆင်ရေးအတွက် နှိုးဆော်မှုတွေအထိ ဆယ်လီတချို့ရဲ့ ပါဝင်မှုကို ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရပါတယ်။ နိုင်ငံရေးမျိုးဆက်အသီးသီးက နိုင်ငံရေးခေါင်းဆောင်တချို့ရဲ့ တိုက်တွန်းတဲ့ ဟောပြောမှုတွေထက် ဆယ်လီတွေရဲ့ နှိုးဆော်အားက လူထုအကြားမှာ ပိုထိုးဖောက်နိုင်နေတာကလည်း နိုင်ငံရေးအရှိတရားတရပ် ဖြစ်လို့နေပါတယ်။

တော်လှန်ရေးကာလမှာ ရန်ပုံငွေရှာဖွေပေးနိုင်တဲ့ အင်အားကြောင့် နိုင်ငံရေးအရ ပြောရေးဆိုခွင့်ရှိသူဆန်ဆန်၊ ခေါင်းဆောင်ဆန်ဆန် ပြောခွင့်အနေအထားတွေရသွား၊ ရှိသွားတာကလည်း စိုးရိမ်ဖွယ်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တော်လှန်‌ရေးအစိုးရ ဝန်ကြီးဆိုသူကပါ တော်လှန်ရေးဆယ်လီ ရန်ပုံငွေရှာဖွေသူတဦးကို ပြန်လည်တောင်းပန်ရတဲ့အထိ ဆယ်လီအရှိန်အဝါက ကြီးလာခဲ့ပါတယ်။

အရေးကြီးတာက တော်လှန်ရေးရန်ပုံငွေရှာဖွေတာကစလို့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ နောက်ဆုံး စစ်သင်တန်းဆင်းပွဲတွေအထိပါ ပါဝင်လာတဲ့ တော်လှန်ရေးထဲက ဆယ်လီတွေအနေနဲ့ နိုင်ငံသစ်တည်ဆောက်ရေး၊ စစ်အာဏာရှင်တိုက်ဖျက်ရေးတိုက်ပွဲအတွက် ပြောဆိုတဲ့အခါမှာ ပြည်သူကိုမျက်နှာမူဖို့နဲ့ လူသားဆန်တဲ့ တော်လှန်ရေးရဲ့ နှုန်းစံတွေကို လိုက်နာပြီး ဝေမျှဖို့ကို မမေ့လျော့ဖို့ပါ။ ဒီမိုကရေစီအရေးအတွက် ရပ်တည်တာဟာ လေးစားရမှာဖြစ်ပေမဲ့ မိမိတို့ဟာ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတွေဖြစ်တယ်၊ ရှိခဲ့တဲ့ဘဝအခြေနေတွေကို စွန့်ခဲ့တယ်ဆိုပြီး ပြည်တွင်းနေပြည်သူတွေကို တတိယနိုင်ငံကနေ ကြိမ်းမောင်းတာမျိုးကိုလည်း ရှောင်ရှားရမှာပါ။ နိုင်ငံရေးနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုတဲ့အခါမှာလည်း လူသားဆန်မှုအခြေခံရှုထောင့်ကနေ လူထုကို တိုက်တွန်းနှိုးဆော်မှသာ သင့်လျော်မှန်ကန်ပါလိမ့်မယ်။ တော်လှန်ရေးထဲက ဆယ်လီတဦး ပြောသလို ‘တော်လှန်ရေးပြီးတဲ့အခါ Non CDM တွေကို ဝက်ခြံထဲကနေ ရှိုးပွဲကြည့်ခိုင်းမယ်’ ဆိုတာမျိုးဟာ လူ့အခွင့်အရေးစံနှုန်းတွေကနေ သွေဖည်စေသလို အန္တရာယ်လည်း များပါတယ်။ ဒါ့အပြင် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေအပေါ် ကိုယ်နဲ့ ချဉ်းကပ်ပုံမတူရုံနဲ့ စစ်တပ်လူအဖြစ်တံဆိပ်ကပ်၊ ဖြတ်သန်းမှုတန်ဖိုးတွေမှေးမှိန်အောင် လူထုအကြား ပုံဖျက်တာတွေကိုလည်း မလုပ်အပ်ပါဘူး။ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ ပြောဆိုစည်းရုံးနိုင်ဖို့လည်း နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းတွေက ထိန်းကျောင်းပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒါဟာ စစ်အာဏာရှင် တော်လှန်ရေးရဲ့ အနှစ်သာရကို ပေါ်လွင်ထင်ရှားစေရုံသာမကပဲ တော်လှန်ရေးအလွန် ပြန်လည်တည်ဆောက်ရေးအတွက်ပါ အရေးကြီးတဲ့ ကဏ္ဍတရပ်ဖြစ်ပါတယ်။

ဒီလို ထိန်းကျောင်းမှုတွေ ရှိ၊ မရှိ မသိရပေမဲ့ တော်လှန်ရေးအစိုးရကတော့ လက်ရှိအချိန်ထိ ဝေဖန်မှုတွေကြုံရတိုင်း တော်လှန်ဆယ်လီတွေရဲ့အားကို အသုံးချနေရဆဲပါပဲ။ တော်လှန်ရေးအစိုးရအပေါ် ဝေဖန်မှုတွေရလာတိုင်း ဆယ်လီတွေရဲ့ ပြန်လည်ကာကွယ်မှုတွေကို လူမှုကွန်ရက်မှာတွေ့နေရတာ ပုံသေနည်းလို ဖြစ်နေပါပြီ။ ဒါတွေဟာ တော်လှန်ဆယ်လီတွေရဲ့ အားအပေါ် တော်လှန်ရေးအစိုးရက ဘယ်လောက်မှီခိုနေရတယ်ဆိုတာ ပေါ်လွင်စေပါတယ်။

ဒါကြောင့်လည်း ဆယ်လီတွေ နိုင်ငံရေးအရပြောဆိုလာတဲ့ကိစ္စတွေအပေါ်မှာ ဝင်ရောက်ထိန်းကျောင်းနိုင်ဖို့ အားနည်းစေတာလည်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးအရ ဦးဆောင်မှုပေးနေသင့်တဲ့ အစိုးရအဖွဲ့အစည်းဟာ ဆယ်လီဆန်ဆန် ပေါ်ပြူလာဖြစ်ချင်လို့ မရသလို ဆယ်လီတွေရဲ့ အားနဲ့ပဲ အမြဲထောက်ခံမှုရယူလို့ မဖြစ်ပါဘူး။ တိုတိုပြောရရင် ဆယ်လီအစိုးရ ဖြစ်ချင်လို့မရပါဘူး။ နိုင်ငံရေးသမားတွေကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အခြေခံ ဆယ်လီပုံသွင်းခြင်း ကင်းရှင်းကြပါစေ။ လူသားဆန်မှုအခြေခံ ‌တော်လှန်ရေးနှုန်းစံများ ပြန့်ပွားနိုင်ပါစေ။

Topics Explore ISP-Myanmar’s products by ISP’s expertise themes: Conflict, Peace and Security, China Studies, and Political Economy.

CDM နှင့် Non-CDM - မြန်မာပြည်၏ အနာဂတ် လူဖြူလူမည်းပြဿနာ __________________________■ နော;ယေန် (နော;ယန်သည် နိုင်ငံရေးဆောင်...
13/03/2025

CDM နှင့် Non-CDM - မြန်မာပြည်၏ အနာဂတ် လူဖြူလူမည်းပြဿနာ
__________________________

■ နော;ယေန်

(နော;ယန်သည် နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ တအန်းတိုင်းရင်းသားလူငယ် ဖြစ်သည်)

ပြည်တွင်းစစ်၊ နိုင်ငံရေးဂယက်နဲ့ ရိုဟင်ဂျာအရေး စတဲ့ပြဿနာတွေနဲ့ လုံးပမ်းနေတဲ့ အမိမြန်မာပြည်ကြီးဟာ နောက်ပြဿနာအသစ်တွေ အစပျိုးဖို့ အခွင့်အလမ်းတွေ ရှိနေတာပါ။ တကယ်လို့ မြန်မာစစ်အာဏာရှင်ကို တော်လှန်ဖြုတ်ချနိုင်ခဲ့မယ်ဆိုရင်တောင် ဖြေရှင်းရမယ့် ပဋိပက္ခတွေ၊ စိန်ခေါ်မှုအသစ်တွေက စောင့်ကြိုနေမှာပါ။ အဲဒီအထဲက သတိကြီးကြီးနဲ့ သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ရမှာ တခုကတော့ လူဖြူလူမည်းပြဿနာပါ။​

မတူကွဲပြားမှုကို အရင်းတည်ပြီး အမေရိကန်မှာ လူဖြူလူမည်းခွဲခြားဆက်ဆံမှု ပြဿနာက ကမ္ဘာမှာ ထင်ရှားခဲ့ပါတယ်။ အမေရိကန်မှ မဟုတ်ပါဘူး။ ကမ္ဘာ့နေရာတိုင်းမှာ ခွဲခြားဆက်ဆံမှုဟာ အခြေအနေ၊ အကြောင်းအရာတွေအပေါ် မူတည်ပြီး ရှိတတ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးခံယူချက် မတူညီကြလို့ အသစ်ထွက်ပေါ်လာတဲ့ လူတန်းစားနှစ်ရပ်ရှိပါတယ်။ အဲဒီလူတန်းစားနှစ်ရပ်ကတော့ CDM နဲ့ Non-CDM တို့ပဲဖြစ်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ‘ရုံးမတက်နဲ့ ရုန်းထွက်’ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ပြီး CDM ထဲကို ဝင်လာတဲ့ အစိုးရဝန်ထမ်းတွေ၊ ကျောင်းသူ/ကျောင်းသားတွေ များစွာရှိပါတယ်။ စစ်အာဏာရှင်ဖော်ဆောင်မယ့် ယန္တရားအောက်မှာ မပါဝင်ဘဲ ကိုယ်တတ်နိုင်တဲ့နေရာကနေ တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေမယ့် CDM ဘဝကို ရဲရဲဝံ့ဝံ့ ရွေးချယ်ကြတာ ဖြစ်ပါတယ်။ အမှန်တရားဘက်ကို ရပ်တည်လိုတဲ့ စိတ်၊ အဓမ္မကို ဓမ္မနဲ့ အနိုင်ယူပြမယ့် စိတ်တွေနဲ့ အခြေခံပြီး CDM လုပ်ဖို့ ရွေးချယ်တာဟာ လွယ်ကူခဲ့တာမျိုးတော့ မဟုတ်ပါဘူး။

စစ်အာဏာသိမ်းပြီး လေးနှစ်အကြာမှာတောင် CDM တွေဟာ ခံယူချက်ခိုင်မြဲနေဆဲ ရှိနေတာကို တွေ့ရမှာပါ။ CDM တွေဟာ သူတို့ တတ်စွမ်းတဲ့ ပညာ၊ အတွေ့အကြုံတွေနဲ့ လွတ်မြောက်နယ်မြေ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ကူညီဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ စစ်အုပ်စုဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အတွက်အချက်မှားခဲ့တဲ့အရာတွေထဲမှာ CDM တွေရဲ့ အင်အားလည်း ပါဝင်ပါတယ်။ CDM ကြောင့် စစ်ကောင်စီဟာ အုပ်ချုပ်ရေးယန္တရား အကျပ်အတည်းတွေ ဖြစ်ခဲ့ရတာပါ။ ဒါ့အပြင် စစ်ကောင်စီဟာ CDM ကိစ္စကို ကိုင်တွယ်ခဲ့တဲ့အခါမှာ ကြမ်းတမ်းရက်စက်လှပါတယ်။ CDM တွေကို ဖမ်းဆီးထောင်ချတာ၊ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာနဲ့ မိသားစု ဝင်တွေကို ခေါ်ဆောင်တာမျိုးအထိ လုပ်ခဲ့ကြတာပါ။

စစ်ကောင်စီရဲ့ ပြုမူပုံတွေကြောင့် CDM တွေဟာ ရှောင်ပုန်းတာ၊ လွတ်မြောက်နယ်မြေတွေမှာ သွားရောက်ခိုလှုံတာ၊ နိုင်ငံခြားတွေမှာ အောက်ခြေအလုပ်တွေ သွားရောက်လုပ်ကိုင်ရတဲ့အထိ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါ့အပြင် မိသားစုတွေနဲ့ ခွဲခွာရတာ၊ လူမှုရေးပြဿနာတွေ ဖြစ်ပွားတာနဲ့ စီးပွားရေးအဆင်မပြေ တာတွေက လက်ရှိ CDM တွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ကူညီထောက်ပံ့ပေးမှု ဆိုတာကလည်း လက်ရှိ CDM လေးနှစ်သက်တမ်းအကြာမှာ မသက်ဆိုင်တော့တာကို တွေ့ရပါတယ်။ CDM ဟာ တော်လှန်ရေးအတွက် ဒေါက်တိုင်တခုအနေနဲ့ မားမားမတ်မတ်ရှိနေဆဲဖြစ်ပါတယ်။ CDM တွေဟာ သူတို့လုပ်ရပ်အပေါ် အမြဲဂုဏ်ယူနေပြီး တော်လှန်ရေး အောင်နိုင်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လုပ်ကိုင်နေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်လက်အောက် ဆက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေလည်း အများအပြားရှိပါတယ်။

နိုင်ငံရေးခံယူချက်မရှိတဲ့သူတွေ၊ စစ်အာဏာရှင် ဘက်တော်သားတွေ စသည်ဖြင့် သမုတ်ခံရတဲ့ Non-CDM တွေကတော့ ‘အစိုးရဝန်ထမ်းတွေဆိုတာ ပါတီနိုင်ငံရေးကင်းရမယ်’ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲနေကြတာ တွေ့ရပါတယ်။ ဒါကြောင့် အလုပ်လုပ်ဆက်လုပ်ဖို့ ရွေးချယ်ကြတာ ဖြစ်တယ်။ စီးပွားရေး/ လူမှုရေးအခြေအနေကြောင့် မတတ်သာလို့ သူတို့ လက်အောက်မှာ ဆက်လုပ်ရတာလို့ အကြောင်းပြချက်ပေးတဲ့ Non-CDM တွေလည်းရှိပါတယ်။

Non-CDM တွေထဲမှာလည်း အမျိုးမျိုးရှိပါတယ်။ တချို့ကလည်း တကယ့်စစ်ကောင်စီအမာခံ၊ တချို့ကျပြန်တော့ တကယ်ကို စီးပွားရေး/လူမှုရေး ပြဿနာကြောင့် ရုန်းမထွက်နိုင်ကြတဲ့ သူတွေလည်းရှိပါတယ်။ သူတို့တွေကိုလည်း တော်လှန်ရေးအင်အားစုဘက်က လူမှုရေးပြစ်ဒဏ် (boycott) ပြုလုပ်ကြဖို့ နှိုးဆော်ခဲ့တာတွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေဟာ စစ်ကောင်စီယန္တရား ရပ်တည်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်နေကြသူတွေ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး လေးနှစ်အကြာမှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးမှုတွေ ကျယ်ပြန့်လာပြီး သူတို့ယန္တရားအတွက် CDM အကူအညီကို တောင်းခံနေကြတာတွေ ရှိပါတယ်။ တချို့နယ်တွေမှာ Non-CDM တွေကို ပြန်လည်ခန့်အပ်မှုဟာ CDM တွေ အပြင်းအထန်ကန့်ကွက်စေတဲ့အရာတွေ ဖြစ်ပါတယ်။ CDM တွေဟာ သူတို့(Non- CDM) တွေနဲ့ အလုပ်ပြန်တွဲလုပ်လိုစိတ် မရှိကြပါဘူး။ တကယ်လို့ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ဗျူရိုကရေစီယန္တရားကို တည်ဆောက်ရာမှာ CDM နဲ့ Non-CDM အကြား ရင်ကြားစေ့ရေး၊ အတူတကွပြန်လည်ပေါင်းစည်းရေးဟာ လွယ်ကူလိမ့်မယ်လို့ မထင်ပါဘူး။

အမေရိကန်မှာ လူဖြူလူမည်း ခွဲခြားဆက်ဆံမှု မရှိအောင် လုပ်ဆောင်တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။ လူမည်းတွေကို ကျွန်အဖြစ်သတ်မှတ်တဲ့စနစ်ကို အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်းက ဖျက်သိမ်းတော့ လူဖြူတွေ မကျေနပ်ခဲ့ပါဘူး။ ဒါပေမဲ့ အမေရိကန်ခေါင်းဆောင်တွေဟာ စိတ်ရှည်ရှည်နဲ့ လူဖြူလူမည်း ခွဲခြားဆက်ဆံမှု လျော့နည်းလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မြန်မာပြည်မှာလည်း အသားအရောင် ကွဲပြားမှုကြောင့်မဟုတ်ဘဲ ခံယူချက်တွေ မတူလို့ CDM နဲ့ Non-CDM အကြား ခွဲခြားဆက်ဆံမှုပြဿနာတွေ ကြုံတွေ့ ရနိုင်ပါတယ်။ သေချာမကိုင်တွယ်တတ်ရင် အမြစ်တွယ်နိုင်ပြီး ပြင်းထန်လာနိုင်ပါတယ်။

လူဖြူလူမည်းပြဿနာဟာ အမေရိကန်အတွက်ခက်ခဲပေမဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သလို မြန်မာပြည်ရဲ့ အနာဂတ်ပြဿနာဖြစ်လာနိုင်တဲ့ CDM နဲ့ Non-CDM အရေးဟာလည်း သိမ်သိမ်မွေ့မွေ့၊ ညင်ညင်သာသာ ကိုယ်တွယ်နိုင်ဖို့ အခုခေါင်းဆောင်တွေအနေနဲ့ စဉ်းစားထားဖို့ လိုပါတယ်။ ကောင်းမွန်တဲ့ အနာဂတ်နိုင်ငံကို တည်ဆောက်ရာမှာ ကျနော်တို့ဟာ တချို့ပြဿနာတွေကို သဘောထားကြီးကြီးနဲ့ ချဉ်းကပ်ဆောင်ရွက်ဖို့ လိုပါလိမ့်ယ်။

Topics Explore ISP-Myanmar’s products by ISP’s expertise themes: Conflict, Peace and Security, China Studies, and Political Economy.

|| ပုံရိပ် ||ငါ့ရဲ့လိင်တံမှာ သမ္မတကြီးပုံတက်တူးနဲ့။ငါ့ချစ်ဇနီးဟာ ငါနဲ့လက်ထပ်ပြီးမှငါ့ကိုအော့နှလုံးနာလို့မဆုံး…။     ။-မေ...
22/07/2024

|| ပုံရိပ် ||

ငါ့ရဲ့လိင်တံမှာ သမ္မတကြီးပုံတက်တူးနဲ့။

ငါ့ချစ်ဇနီးဟာ ငါနဲ့လက်ထပ်ပြီးမှ
ငါ့ကိုအော့နှလုံးနာလို့မဆုံး…။ ။

-မောင်ဆောင်းခ
အောက်တိုဘာ၊ ၂ဝ၁၅

ညောင်ဦးတွင် လူငယ်များကို စစ်ထဲဝင်ရမည်ဟု ခြိမ်းခြောက် ခေါ်ဆောင်နေသူ ပြည်သူ့စစ်ခေါင်းဆောင် တိုးလွင် ပစ်ခတ်ခံရပြီး သေဆုံးရန...
14/04/2024

ညောင်ဦးတွင် လူငယ်များကို စစ်ထဲဝင်ရမည်ဟု ခြိမ်းခြောက် ခေါ်ဆောင်နေသူ ပြည်သူ့စစ်ခေါင်းဆောင် တိုးလွင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၄

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် လူငယ်များ ပြည်သူ့စစ်ထဲဝင်ရမည်ဟု ခြိမ်းခြောက်နေသူ ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရပြီး ညောင်ဦးမြို့နယ် အထူးချေမှုန်းရေးနှင့် ပြည်သူ့စစ်တိုက် ဖျက်ရေး တာဝန်ခံ စစ်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ညောင်ဦးမြို့နယ်၊ လက်ပန်ခြေပေါ်တိုက်နယ် အုန်နဲ ကျောင်းရွာတွင်နေထိုင်သူ ပြည်သူ့ စစ်ခေါင်းဆောင်တိုးလွင်ကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့နှင့် ညောင်ဦးခရိုင် တပ်ရင်း ၅ တို့ ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံး သွားကြောင်း သိရသည်။

“သူက စစ်ခွေးတွေနဲ့ပေါင်းတယ်၊ တစ်ခုခုဆိုရင် စစ်ခွေးတွေကို လှမ်းခေါ်တယ်။ PDF တွေ အသွာ အလာကိုစောင့်ကြည့်ပြီးတော့ သတင်းပေးတယ်၊ ပြည်သူ့စ်စုဆောင်းရာမှာလည်းသူက ထိပ်ဆုံးကပဲ၊ လူငယ်တွေ စစ်တပ်ထဲဝင်ရင် ဝင်၊ မဝင်ရင် ဖမ်းမယ်လို့ ခြိမ်းခြောက်နေတာ၊ အဲဒါကြောင့် ပစ်ခတ် ရှင်းလင်းခဲ့တာပါ” ဟု ညောင်ဦးမြို့နယ် အထူးချေမှုန်းရေးနှင့် ပြည်သူ့စစ်တိုက် ဖျက်ရေး တာဝန်ခံ စစ်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူတိုးလွင်သည် လက်ပံခြေပေါ်တိုက်နယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်းကာ PDF တပ်ဖွဲ့ဝင်များ၏ အသွားအလာကို စောင့်ကြည့် သတင်းပေးပို့ခြင်း၊ အကြမ်းဖက်စစ်တပ်ထဲတွင် စစ်မှုထမ်းစေရန် ထိပ်ဆုံးမှ ပါဝင်လှုံ့ဆော်နေခြင်း၊ အသက်ပြည့်သူ လူငယ်တွေ ပြည်သူ့စစ်ထဲဝင်ရမည်ဖြစ်ပြီး စစ်ထဲ မဝင်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပကဖ အနေဖြင့် အကြမ်းဖက်စစ်တပ်အတွင်း စစ်မှုထမ်းစေရန် မတရားလုပ် ဆောင် နေသူ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်နှင့် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မည့်သူ့ကို မဆို ရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

လက်နက်ကိုင်ပြီးသားလူကော ကိုင်ဖို့ရန် ရည်ရွယ်နေတဲ့သူတွေကော ပြည်သူကို လေးစားဦးညွတ်ကြပါ၊ ကာမလိမ်လည်မူ၊ ထိုးကြိတ်မူ ၊ သတ်ဖြတ...
29/02/2024

လက်နက်ကိုင်ပြီးသားလူကော ကိုင်ဖို့ရန် ရည်ရွယ်နေတဲ့သူတွေကော ပြည်သူကို လေးစားဦးညွတ်ကြပါ၊
ကာမလိမ်လည်မူ၊ ထိုးကြိတ်မူ ၊ သတ်ဖြတ်မူ၊လက်နက်ကိုင်ပြီး လုပ်ခဲ့တာတွေ သာဓကတွေရှိပါတယ်
၊ ဒါကြောင့် လက်နက်ကိုင်ဖို့ ရည်ရွယ်နေသူတွေ့ဟာ
COC ,Geneva convention,လိုက်နာလား၊အထက်အောက်အမိန့် စီးဆင်းမူအားကောင်းလား၊ လေ့လာဖို့လိုပါတယ်၊ ဖက်ဆစ်ပေါက်စ မလုပ်ပါနဲ့၊

ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ရဲဘော်တဦးက သူ့ကိုမကြိုက်တဲ့မိန်းကလေးကို သေနတ်နဲ့ပစ်သတ်

ဝက်လက်၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ မှ တပ်စိတ်မှူးက သူ့ကိုပြန်မကြိုက်တဲ့ မိန်းကလေးတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကထံက သိရပါတယ်။

အသတ်ခံရသူမှာ သခွတ္တောကျေးရွာက အသက် ၂၂ အရွယ် မယုမွန်ထက်ဖြစ်ပြီး သူ့ရဲ့မိဘတွေရှေ့ နေအိမ်မှာတင် သေနတ်နဲ့အပစ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

သခွတ္တောရွာကမယုမွန်ထက်ဟာ မန္တလေးမြို့မှာနေထိုင်တဲ့ လိင်တူချစ်သူအမျိုးသမီး (အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီး)နဲ့ ချစ်ကြိုက်နေတာဖြစ်ပြီး အဲဒီအမျိုးသမီးက သခွတ္တောရွာကိုလာတွေ့စဥ် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီလောက်မှာ ဝက်လက်မြို့နယ်တပ်ရင်း ၂ ရဲ့ တပ်စိတ်မှူး ကိုပြည့်ဆိုသူက ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

"ကောင်မလေးကို နင်သူ့ကို မကြိုက်နဲ့ ငါ့ကိုကြိုက်ဘာညာဆိုပြီး ပြောတာ၊ ကောင်မလေးက ချစ်လည်း မချစ်နိုင်ဘူး အိမ်ထဲကထွက်သွားလို့ ပြောတော့ သေနတ်နဲ့ပစ်သတ်သွားတာ။ သေနတ်က အိမ်ထဲရောက်မှ မောင်းတင်တာ မဟုတ်ဘူး။ အစကတည်းက မောင်းတင်ပြီး ယူလာတာ" လို့ အခင်းဖြစ်ပွားတဲ့နေရာနဲ့ အနီးဆုံးမှာရှိနေသူတဦးရဲ့ပြောကြားချက်ကို ဒေသခံတဦးက ပြန်ပြောပြပါတယ်။

ဒါ့အပြင် မန္တလေးမြို့ကနေရောက်နေတဲ့ လိင်တူချစ်သူအမျိုးသမီးကိုပါ သေနတ်နဲ့ပစ်ဖို့ ပြုလုပ်ချိန်မှာ သေနတ်က ကျည်မထွက်ဘဲဖြစ်နေတာကြောင့် အဲဒီအမျိုးသမီးဟာ အသက်ဘေးက လွတ်ခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူတွေ ကပြောပါတယ်။

အဲဒီ အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီးကို ဝက်လက်တပ်ရင်း ၂ ကပဲ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက မြေလတ်အသံကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝက်လက်မြို့နယ်တပ်ရင်း ၂ ရဲ့ ဒုတပ်ရင်းမှူး ကိုနေလှိုင်းက ဖြစ်စဥ်ဟာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး "(အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီးကို) ဖမ်းဆီးထားတဲ့ သဘောမျိုး မဟုတ်ပါဘူး။ အဲဒီအဆင့်ထိ လုပ်မထားပါဘူး။ အမှုနဲ့ပတ်သက်တဲ့သူမို့ ထိန်းသိမ်းထားတာပါ" လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့သူကိုလည်း တပ်ရင်းမှာတင်မကဘဲ သက်ဆိုင်ရာ အဆင့်အဆင့်ကနေစံနမူနာ ဖြစ်လောက်တဲ့အထိ အရေးယူမှုမျိုးတော့ ဖြစ်အောင်လုပ်သွားမယ်လို့ သူက ဆိုပါတယ်။

တပ်စိတ်မှူးကိုပြည့်ဆိုသူဟာ အရင်ကလည်းသူ့ကိုပေးထားတဲ့ ကျည်ဆံတွေကျပျောက်ခဲ့ပြီး တပ်ရင်း တာဝန်ရှိသူတွေကို အခိုးခံရတာလို့ ပြောဆိုတာမျိုးရှိခဲ့ပါတယ်။ ကျည်ဆံကောက်ရလို့ လာပေးတဲ့ဒေသ ခံတဦးကိုလည်း ခိုးယူတယ်လို့ စွပ်စွဲပြီး ဝိုင်းဝန်းရိုက်နှက်တာတွေပြုလုပ်ခဲ့သေးတယ်လို့ ဝက်လက်မြို့နယ် PDF တပ်ရင်းတခုထံက သိရပါတယ်။

သတင်း - အညို၊ စာတည်း - လင်းဇေ

#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ပြည်သူ့ကာကွယ်ရေးတပ်မတော် #တပ်ရင်း၂ #တပ်စိတ်မှူး #မိန်းကလေး #ပစ်ခတ်သတ်ဖြတ်

မြေလတ်အသံ page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/

NUG မှ ကျန်းမာရေးဝန်ထမ်းများ စတင်ခေါ်ယူ
15/02/2024

NUG မှ ကျန်းမာရေးဝန်ထမ်းများ စတင်ခေါ်ယူ

လူငယ်များအတွက် အထောက်အကူဖြစ်မယ်လို ယုံကြည်ပါတယ်၊ အဓိက ပြောချင်တာက အချက်အလက် ကောက်တဲ့အခါမဲနှိုက်ရွေးချယ်ခိုင်းအခါ မပူပေါင...
13/02/2024

လူငယ်များအတွက် အထောက်အကူဖြစ်မယ်လို ယုံကြည်ပါတယ်၊
အဓိက ပြောချင်တာက အချက်အလက် ကောက်တဲ့အခါ
မဲနှိုက်ရွေးချယ်ခိုင်းအခါ မပူပေါင်းဖို့
လူညီပါ၊ တစ်ဦးတစ်ယောက်တည်း မပူပေါင်း မဆောင်ရွက်တာမဟုတ်ဘဲ တရွာလုံး တစ်နယ်လုံး ညီဖို့ပါ၊
‌အခုကတည်းက လူငယ်အချင်းချင်း ကြိုတင်တိုင်ပင် ညှိနှိုင်ထားကြပါ၊
ခင်ဗျားတို့ကို တွန်းလှန်ရန်မြှောက်ပင့်ပေးနေတာမဟုတ်ပါ၊ ခင်ဗျားတို့ စစ်ပွဲထဲ ရောက်တဲ့အခါ သေမှာစိုးလို ဒုက္ခိတဖြစ်မှာစိုးလို့ တင်ပြနေတာ၊

NUGမှ စကစ ထုတ်ပြန်သော စစ်မှုထမ်းဥပေဒေနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်
13/02/2024

NUGမှ စကစ ထုတ်ပြန်သော စစ်မှုထမ်းဥပေဒေနှင့်
ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

12/02/2024

စာရှည်လဲ ပြီးအောင်ဖတ်စေချင်

ပြည်သူ့ကာကွယ်ရေးတပ်ထဲ ဝင်ဖို့ရန် ရည်ရွယ်နေသူတွေဟာ အဖွဲ့အစည်း၂ခု၃ခုလောက်ကို သေချာလေ့လာပါ၊ ဘယ်လိုရပ်တည်ချက်တွေရှိလဲ၊
ဘယ်လို စစ်ရေးသတ်မှတ်ချက်ရှိလဲ၊ တော်လှန်ရေးပြီးတောင် ထုတ်မပြောနိုင်တဲ့ အရာတွေ လုပ်ခိုင်းလား၊ ဖိအားပေးလား၊ (ဥပမာ-စစ်သုံ့ပန်းတွေကိုသတ်တာ၊ပိုင်ရှင်မရှိခိုက် ပြည်သူပစ္စည်းတွေ ယူတာ၊ မသေချာမရေရာဘဲ ဒလန်ရှင်းလား အခုဆို
ပျုစောထီးပေါ့၊ ပျုစောထီးလုပ်သူက အဖေ
ဒါပေမဲ့ မိန်းမနဲ့သားသမီးပါသတ်လိုက်တယ်) ဒီလိုကိစ္စတွေကို အရင်လေ့လာပါ၊ စစ်‌ခွေးတိုက်ရရင်ပြီးရော ပြီးသလွယ် မဝင်နဲ့၊ ကိုယ်ကိုကိုယ် လိပ်ပြာလုံတဲ့ စစ်သားဆိုပြီး ကိုယ်ဘာသာ ဂုဏ်ယူနိုင်ဖို့လိုတယ်၊ အသက်ပေးပြီး စစ်ခွေးနဲ့တိုက်ရတယ်ဆိုပြီး ပြည်သူတွေအပေါ် ဂုတ်ခွစီးနေတဲ့ကောင်တွေ ဒုနဲ့ဒေးပါ၊
သင်တန်းအကြောင်း
စစ်သားပီသအောင်လုပ်တဲ့ စစ်သင်တန်းတိုင်းဟာ ပင်ပန်းပါတယ်၊ကြမ်းတမ်းပါတယ်၊
ခင်ဗျားတို့ အားကျနေတဲ့ KIA MNDAA AA(TNLAသင်တန်းအကြောင်းတော့မသိလို့)
တို့ရဲ စစ်သင်တန်းဟာလဲ စစ်ပုံ(-စည်းနဲ့ကမ်းနေတတ်အောင် ပြောဆိုတတ်အောင် အမိန့်နာခံမူကောင်းအောင်)ပေါက်အောင် သင်တဲ့အတွက် ကြမ်းတမ်းပါတယ်၊ ဆဲဆိုတာပါမယ် ရိုက်ဝာာတွေပါမယ်၊ စစ်သင်တန်းတိုင်းရဲ့ သဘာဝလိုပဲ၊
စစ်ကောင်စီလဲ ထိုနည်း၎င်း၊
မလေ့လာဘဲတော့ မသွားလိုက်နဲ့
ပြန်ထွက်လို့ရတာရှိမယ် မရတာရှိမယ်
တချို့က နှစ်ကန့်သတ်ထားတယ်၊
တချို့က တော်လှန်ရေးပြီးထိ၊
သင်တန်းပြီးတာနဲ့ ထွက်လိုရတာရှိမယ်၊
ရောက်ပြီးမှ ဘယ်လိုဘယ်ကဲ့သို့ မလုပ်နဲ့၊ အဖွဲ့ရဲ့ ရပ်တည်ချက် မူဝါဒ စည်းကမ်း စစ်ရေးမူဝါဒ
လိုက်မပြောင်းဘူး၊ အဲတာကြောင့် ကိုယ်သွားမဲ့
အဖွဲ့အစည်းအကြောင်းကို အရင်လေ့လာ
စိတ်ပိုင်းဖြတ်ပါ၊ ကိုက်ညီမူ မရှိရင် မသွားနဲ့၊

စစ်တိုက်တဲ့အခါ လက်နက်ပြည့်စုံတဲ့ အဖွဲ့ရှိမယ်၊
အတော်အသင့် ရှိတဲ့အဖွဲ့ရှိမယ်၊ မပြည့်စုံတဲ့အဖွဲ့ရှိမယ်၊ စစ်တိုက်ရတာ တကယ်မလွယ်တဲ့အလုပ်ပါ၊
ငြီးငွေ့ဖို့ကောင်းပါတယ်၊ ကြောက်စိတ်လဲပေါက်နိုင်ပါတယ်၊ သွေးရူးသွေးတန်းလဲ ဖြစ်နိုင်ပါတယ်၊
ခြေပြတ် လက်ပြတ်လဲ ဖြစ်နိုင်တယ်၊
သေဖို့နီးတာက လူတိုင်းသိပါတယ်၊
လွယ်လွယ်မတွေးဖို့ပါ၊
လုပ်တဲ့သူတွေတောင် လုပ်နေတာပဲဆို ဒိုးပါ၊

Address

ဗျတ္တပန်းဆက်လမ်း
Nyaungoo

Telephone

+12032457099

Website

Alerts

Be the first to know and let us send you an email when တောင်ဇင်းသတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share