
30/06/2025
#ဦးတင်ဧ(ရှမ်းပြည်)အထိမ်းအမှတ် အင်းသားတိုင်းရင်းသားပညာရေးဖောင်ဒေးရှင်း လျှောက်လွှာခေါ်ယူခြင်း
နဝမအကြိမ် ဦးတင်ဧ(ရှမ်းပြည်)အထိမ်းအမှတ် အင်းသားတိုင်းရင်းသားပညာရေးဖောင်ဒေးရှင်း ပညာသင်ထောက်ပံ့ကြေးများကို နှစ်အလိုက် အစီအစဉ်များအရ နှစ်စဉ်ထောက်ပံ့ပေးလျှက်ရှိပါသည်။
ယခုနှစ်တွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံအထက်တန်းအောင်မြင်ပြီး အောက်ပါအသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၌ပထမနှစ်တွင်တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား/သူများမှ ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားနိုင်ပါရန် ကြေညာအပ်ပါသည်။
#အောက်ဖော်ပြပါတက္ကသိုလ်များတွင် တက်ရောက်၍ ဤပညာသင်ထောက်ပံ့ကြေးရရှိခဲ့ဖူးသော ကျောင်းသား/သူ ဟောင်းများ(ဒုတိယနှစ်၊တတိယနှစ်၊နောက်ဆုံးနှစ်များ) ပြန်လည် လျှောက်ထားရမည်။
#လျှောက်ထားနိုင်ရန် တက္ကသိုလ်များမှာ
၁။ဆေးတက္ကသိုလ်
၂။သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်
၃။ဆေးဝါးတက္ကသိုလ်
၄။ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်
၅။ သူနာပြုတက္ကသိုလ်
၆။ အခြေခံကျန်းမာရေးတက္ကသိုလ်
၇။ တိုင်းရင်းဆေးတက္ကသိုလ်
၈။ နည်းပညာတက္ကသိုလ်
၉။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
၁၀။မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်
၁၁။မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
၁၂။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
၁၃။ မွေးမြူးရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)
၁၄။ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း)
၁၅။ ကွန်ပျူတာတက္ကသိုလ်
၁၆။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်
၁၇။ နိုင်ငံခြားဘာသာတက္ကသိုလ်
၁၈။ပညာရေးတက္ကသိုလ်
၁၉။ စီးပွားရေးတက္ကသိုလ်
၂၀။ Polytechnic University
လျှောက်လွှာနှင့်အတူ
#လျှောက်ထားသူသည် အင်းသားအနွယ်ဝင်ဖြစ်ရမည်။
၁။Passport (2)ပုံ
၂။ ကျောင်းထောက်ခံစာ/ကျောင်းပြေစာ/ကျောင်းသားကဒ်
၃။ မှတ်ပုံတင်မိတ္တူ
#လျှောက်လွှာမျာကို (၁.၇.၂၀၂၅) နေ့ရက်မှစ၍
အင်းသားစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း ရုံချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပြီး
#(၂၁.၇.၂၀၂၅ )နောက်ဆုံးထားပြီ လာရောက်လျှောက်ထားနိုင်ပါသည်။
သတ်မှတ်ရက်အတွင်း မရောက်ရှိလာသော လျှောက်လွှာများနှင့် မပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။