MMS Flowers' Paradise

MMS Flowers' Paradise We do gardening because of passion.

25/06/2025
Cherry 🌸🌸🌸
15/01/2025

Cherry 🌸🌸🌸

💛💛💛💛💛
15/01/2025

💛💛💛💛💛

September
01/09/2024

September

28/08/2024

Birth FlowersCrd - Blooming Artificial
15/08/2024

Birth Flowers

Crd - Blooming Artificial

📌အပူဒဏ်ကိုကာကွယ်ဖို့ စိုက်ပျိုးသင့်သော အပင်များအပူချိန် အဆမတန်မြင့်တက်လာမှုကို ကာကွယ်ရန် တစ်နိုင်တစ်ပိုင် အပင်စိုက်လိုသေ...
29/04/2024

📌အပူဒဏ်ကိုကာကွယ်ဖို့ စိုက်ပျိုးသင့်သော အပင်များ

အပူချိန် အဆမတန်မြင့်တက်လာမှုကို ကာကွယ်ရန် တစ်နိုင်တစ်ပိုင် အပင်စိုက်လိုသော NSCI Team မှ အဖွဲ့ဝင်များအတွက် မိမိတို့ ဒေသအလိုက် တစ်နိုင်တစ်ပိုင် စိုက်သင့်တဲ့ အပင်များကို အကြမ်းဖျဉ်းစာရင်းပြုစုပြီး ဖော်ပြလိုက်ပါတယ်။ အောက်ပါအပင်တွေဟာ အရိပ်အားဖြင့်သော်လည်းကောင်း၊ အသီးအပွင့်အားဖြင့်သော်လည်းကောင်း လူသားတွေကို အကျိုးပြုကြမယ့် အပင်တွေဖြစ်တာမို့ သေချာပြုစုစိုက်ပျိုးပေးကြမယ်ဆိုရင် လာမယ့်ဆယ်စုနှစ် တစ်ခုအတွင်းမှာပဲ ချက်ချင်း အကျိုးခံစားရမှာပါ။ ဒီနေရာမှာ အဖွဲ့ဝင်တွေကို သတိပေးချင်တာတစ်ခုက ကိုယ်စိုက်ထားတဲ့ အပင်တွေကို မှန်မှန်လေး ရေလောင်း၊ပေါင်းသင် ဂရုစိုက်ပေးကြဖို့ပါ။ ဒီလို ဂရုမစိုက်ဘဲ စိုက်ပြီးပြီးရော ထားလိုက်မယ်ဆိုရင် နောက်နှစ်မှာ ဒီအပင်တွေ ပြန်သေသွားရပါလိမ့်မယ်။ ဒါကြောင့် အပင်လေး အရွယ်တစ်ခု ရောက်သည်အထိတော့ ဂရုစိုက်ပေးကြဖို့ ထပ်လောင်းမေတ္တာရပ်ခံချင်ပါတယ်။ စိုက်တဲ့အခါမှာလည်း ဇွန်၊ဇူလိုင်လတွေလို မိုးမှန်မှန်ရွာတဲ့ အခါမှာပဲ စိုက်သင့်ပါတယ်၊ အခုကာလမှာ အပူချိန်အရမ်းမြင့်နေတာမို့ ပူပြင်းခြောက်သွေ့ဒေသမှာ အပင်သစ်တွေ မစိုက်သင့်သေးပါဘူး။

နောက်ထပ်ပြောချင်တာက ဒီကာလမှာ အဖွဲ့အစည်းအားဖြင့်သော်လည်းကောင်း ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီအားဖြင့်သော်လည်းကောင် အပင်တွေစိုက်ဖို့ စိတ်အားထက်သန်တာ တွေ့လာရပါတယ်။ ဒါဟာ ကောင်းတဲ့အလေ့အထပါ၊ သို့သော်လည်း စိုက်တဲ့အခါမှာ အပင်ဖြစ်ရင်ပြီးရော တွေ့ကရာအပင်ကို မစိုက်ကြဖို့အင်မတန်အရေးကြီးပါတယ်။ ဥပမာ- မိတ်ဆွေက ပူပြင်းတဲ့ဒေသမှာ နေတယ်ဆိုပါစို့၊ မိတ်ဆွေအနေနဲ့ အပူပိုင်းဒေသနဲ့လိုက်ဖက်မယ့်၊ တနည်းအားဖြင့် အပူဒဏ်ကို ခံနိုင်မယ့် အပင်တွေကို စိုက်မှသာ ဒီအပင်က ကြာရှည်ခံမှာ ဖြစ်ပါတယ်။ ခြောက်သွေ့မိုးနည်းဒေသဖြစ်တဲ့ ပခုက္ကူမှာ နေတဲ့သူတစ်ယောက်က မိုးရေကြိုက်တဲ့ ဒူးရင်းပင်ကို သွားစိုက်လို့မရသလို၊ အအေးပိုင်းဒေသဖြစ်တဲ့ ပူတာအိုမှာ နေတဲ့သူတစ်ဦးက အအေးဒဏ်မခံနိုင်တဲ့ သော်ကကြီးလိုပင်ကို စိုက်လို့မရပါဘူး။ ဒါကြောင့် ကိုယ့်ဒေသနဲ့ လိုက်ဖက်မယ့် အပင်ကို ရွေးစိုက်ဖို့က အင်မတန် အရေးကြီးပါတယ်။ နောက်ပြီး မျိုးရင်းအပင်တွေကို စိုက်ဖို့ကလည်း အရေးကြီးပါတယ်။ ဆိုချင်တာက နိုင်ငံခြားဖြစ် အပင်တွေကို မစိုက်ကြဖို့ပါ၊ အကြောင်းကတော့ နိုင်ငံခြားမျိုး အပင်အများစုဟာ ကိုယ့်နိုင်ငံ ကိုယ့်ရေမြေနဲ့ မကိုက်ညီတာတွေက များလို့ပါ၊ အကျိုးပြုတဲ့ နိုင်ငံခြားဖြစ်အပင်တချို့ (ဥပမာ-သကြားသီးပင်) ရှိပေမယ့် အများစုကတော့ ကျွန်တော်တို့ရေမြေနဲ့မကိုက်ညီတဲ့အပြင် အခန့်မသင့်ရင် ဒီအပင်တွေအများအပြားပွါးသွားပြီး ဂေဟစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ (၁) မိမိဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့အပင်မျိုးဖြစ်ဖို့လိုပါတယ်၊ (၂) မိမိ မိသားစုနဲ့ ပတ်ဝန်းကျင်ကို အကျိုးဖြစ်စေမယ့် အပင်မျိုးဖြစ်ဖို့ လိုပါတယ်၊ (၃) မြန်မာမျိုးရင်း၊ဒေသရင်းဖြစ်တဲ့ မျိုးစိတ်လေးတွေကို စိုက်ပျိုးဖို့ပါတယ်။

ဒီလိုအချက်တွေနဲ့ ကိုက်ညီစေဖို့အတွက် ကျွန်တော်တို့ အဖွဲ့က မြန်မာနိုင်ငံရဲ့ အပူချိန်နဲ့ မြေမျက်နှာသွင်ပြင်များအလိုက် စိုက်သင့်တဲ့ အပင်နာမည်စာရင်းတွေကို ဖော်ပြလိုက်ပါတယ်။ နောက်တစ်ချက်က ကိုယ့်အိမ်က ဓာတ်ကြိုးတွေသွယ်တဲ့ ဘက်ခြမ်းဆိုရင် စစိုက်တည်းက အပင်ရဲ့အမြင့်၊ကိုင်းဖြာထွက်မယ့် အကွာအဝေးတွေနဲ့ ချိန်စိုက်ဖို့လည်းလိုပါတယ်။မဟုတ်ရင် အပင်ကြီးလာတဲ့အခါ မီးကြိုးတွေနဲ့ မလွတ်တာမို့ ခုတ်ရတာမျိုး၊လမ်းဘက်ကို ကိုင်းကျနေလို့ ခုတ်ရတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ကိုယ်စိုက်မယ့် အပင်အကြောင်းတွေကို အနည်းအကျဉ်းလောက်တော့ ရှာဖတ်ထားဖို့လိုပါတယ်။ (ဥပမာ- ရေကြိုက်တဲ့အပင်လား ရေမကြိုက်တဲ့အပင်လား/ အပူဒဏ်ခံနိုင်လား မခံနိုင်လား အစရှိသဖြင့်)။
အရိပ်ရပင်တွေ၊နှစ်ရှည်ခံ သီးပင်စားပင်တွေနဲ့ ပန်းပွင့်သော အပင်အကြီးမျိုးတွေကို အဓိကစိုက်ဖို့ အကြံပြုချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် မိမိခြံတွင်းသာမကပဲ လမ်းနဲ့လည်းလွတ်၊အများနဲ့ဆိုင်တဲ့ နေရာလွတ်တွေမှာလည်း စိုက်ပျိုးစေချင်ပါတယ်။ ကိုယ်စိုက်တဲ့ အပင်လေးတွေ ငယ်သေးတဲ့အချိန်မှာ ဆိတ်တွေ၊နွားတွေ စားတဲ့ဒဏ်က ခံနိုင်စေဖို့ ဝါးကပ်လေးတွေနဲ့ လေးဘက်လေးတန် ကာထားပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ အကယ်၍ ကိုယ့်ဒေသနဲ့ အပ်စပ်ဖို့ ဘာပင်ရွေးစိုက်သင့်သလဲ သိချင်တယ်ဆိုရင် ကျွန်တော်တို့ NSCI group Native Species Conservation and Identification in Myanmar မှာ လွတ်လပ်စွာ လာမေးလို့ ရပါတယ်၊ ဒေသအလိုက် သင့်တော်မယ့် အပင်မျိုးတွေကို ပြန်ရွေးထုတ်ပေးပါမယ်။ ပူပြင်းလှတဲ့မြန်မာ့နွေကို အတူတကွ ဝိုင်းဝန်းထိန်းသိမ်းကာ ကာကွယ်ပေးကြပါစို့🤝 NSCI Group Link : https://m.facebook.com/groups/nscimy/?ref=share&mibextid=NSMWBT

အရိပ်ရအပင်များနှင့် ပန်းပွင့်အပင်ကြီးများစာရင်း

သစ်ပိတောက် (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
မန်ကျည်း (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
ထနှောင်း (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
သင်းဝင်ဖြူ
ကံ့ကော် (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ငုဝါ (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
မယ်ဇလီ
တမာ (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
ပျဉ်းမ (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ခရေ
အညာကုက္ကို (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
အသောက
သော်ကကြီး (အအေးပိုင်းစိုက်၍မရပါ)
တောင်မရိုး
ယင်းတ
မယ်ဇယ် (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ပန်းပိတောက် (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
သပြေ
ထောက်ကြန့်
ပညောင်
ဗောဓိညောင် (ညောင်မျိုးများအား အိမ်တွင်မစိုက်သင့်ပါ)
ညောင်မုတ်ဆိတ် (ညောင်မျိုးများအား အိမ်တွင်မစိုက်သင့်ပါ)
ဂင်ဂို (အအေးပိုင်းဒေသနှင့်အထူးသင့်လျော်)
ကျွန်း
ပျဉ်းကတိုး
အင်ကြင်း
ကညင်
စိန်ပန်းနီ (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
စိန်ပန်းပြာ (အအေးပိုင်းဒေသနှင့်အထူးသင့်လျော်)
သော်ကကလေး
မဟော်ဂနီ
မြရာ
ရေတမာ
ငုစပ်
တတိုင်းမွှေး
ညမွှေးပန်း
တောင်ကံ့ကော်(ပန်းမ) (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ဆိပ်ဖလူး (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
စံကားဝါ (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
စံကားစိမ်း
စံကားဖြူ
နံ့သာဖြူ
နံ့သာနီ
ဆူးဖြူ (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
လက်ထုပ်ကြီး (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ရေသင်းဝင်
စွယ်တော် (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ဝက်သစ်ချ
ယမနေ
တောင်ဇလပ်
ထင်းရှူး(နိုင်ငံခြားအလှစိုက်မျိုးများမစိုက်ပါရန်)
သခွပ်
လက်ပံ
အကျော် (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
တရုတ်စံကား (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
အင်ကြင်း
အမြှောက်ဆံ
ကြောင်လျှာ
ကျွဲမချိုလိမ်
မလွှ
သန်း
ဒဟက်
သစ်ပုလွေ
သစ်ပုဂံ
ဘုံမဲဇာ

နှစ်ရှည်ခံသီးပင်စားပင်များစာရင်း

သရက် (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
မာလကာ
ဆီး (အပူပိုင်းဒေသနှင့်အထူးသင့်လျော်)
ဩဇာ
မရမ်း (အအေးပိုင်းစိုက်၍ မရပါ)
ဆေးရိုး
သကြားသီး (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ရှောက်
ကျွဲကော
ပန်းသီး (အအေးပိုင်းဒေသနှင့်အထူးသင့်လျော်)
လိမ္မော် (အအေးပိုင်းဒေသနှင့်အထူးသင့်လျော်)
ကြက်မောက်
ငှက်ပျော (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
တည်ပင်
ရဲယို
ရှားစောင်း
နှင်းသီး
အုန်း (အဆောက်အအုံများ နံရံများနှင့် ပေ၃၀ခန့် ခွါစိုက်ရပါမည်) (အအေးပိုင်းစိုက်၍ မရပါ)
ထန်း (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
ပိန္နဲ (အအေးပိုင်းဒေသနှင့်အထူးသင့်လျော်)
ဒညင်း
လိုင်ချီး (အအေးပိုင်းဒေသနှင့်အထူးသင့်လျော်)
ဒူးရင်း (အပူပိုင်းစိုက်၍မရပါ)
သင်္ဘော (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ရှောက်ဘီလူး
ဒူးရင်းဩဇာ
ခံတက်
နဂါးမောက် (အအေးပိုင်းဒေသနှင့်အထူးသင့်လျော်)
ဝါးပင်
မျောက်ငို
ထောပတ် (အပူပိုင်းစိုက်၍မရပါ)
မယ်ဇလီ (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
သံပရာ (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ရှမ်းဆီးသီး (အပူပိုင်းစိုက်၍မရပါ)
ဂွေးသီး
ဗာဒံ (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
ကတ်တီပါသီး
မင်းဂွတ်
ဥသျှစ်
ဓနိ
ပိုးစာ

အလှစိုက် ပန်းပွင့်အပင်များ

စိန်ပန်းကလေး
ငုချယ်ရီ
ချယ်ရီ (အအေးပိုင်းဒေသနှင့်အထူးသင့်လျော်)
သော်ကတံတိုင်း (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ပုဏ္ဏရိပ်
ခေါင်ရမ်း
ထားဝယ်မှိုင်း (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ပွင့်တူရွက်တူ
ခတ်တာ
ကြည်ပြာ
စံပယ်/ စံပယ်ကြီး/ စံပယ်ကြက်ရုန်း (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ဇီဇဝါ
ဇလပ်
ခွာညို (အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်သင့်သည်)
ခင်လေးဆတ်ဆတ်တုန်
သမကနွယ်
ညမွှေးပန်း
နှင်းဆီ
မြတ်လေး
ကျားလျှာ (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
ပိန်းပန်း
ရှားစောင်းလက်ပတ် (အပူပိုင်းဒေသနှင့် အထူးသင့်လျော်)
လေးကျွန်းစက်ြာ
ကြွေပန်းများ(ကျောက်ချဉ်ပေါင်ပန်းများ) (အအေးပိုင်းဒေသနှင့်အထူးသင့်လျော်)
ထောလပတ်။

{စာရင်းကို လိုအပ်တဲ့သူများ Save သိမ်းထားနိုင်အောင် ပို့စ်မှာ ပုံအနေနဲ့လည်း ထည့်ပေးထားပါတယ်။}

တစ်ခုသတိပြုဖို့က အပင်ကြီးမျိုးတွေထဲက အမြစ်ကုပ်အားမကောင်းသော အပင်များ၊ကိုင်းဆက်ပြီးကျိုးလွယ်သော အပင်များကို လေတိုက်နှုန်းများသောဒေသများနှင့် အဆောက်အအုံနှင့် နီးသောနေရာများ၊လူသွားလူလာများသော နေရာများတွင် မစိုက်ရန်အရေးကြီးပါတယ်။ ကင်းမွန်းချဥ်၊ဆူးပုတ်စတဲ့ စားလို့ရပေမယ့် ဆူးများတဲ့ အပင်များကိုလည်း ခြံစည်းရိုးအပင်အနေနဲ့ လိုသလိုလေး ပြုပြင်ပြီး စိုက်ပျိုးလို့ရပါတယ်။ မိမိ အိမ်ခြံလုံခြုံရေးအတွက် ဆူးစည်းရိုး ကာပြီးသားလည်း ဖြစ်သလို မိမိအိမ်စားရုံတင်မကဘဲ ပိုလျှံပါက အပိုဝင်ငွေ တစ်ခုအနေနဲ့ပါ ရနိုင်မှာပါ။ ကြွေကျတဲ့ အရွက်တွေကို နွေအခါမှာ မီးဘေးစိုးရိမ်ရလို့ သေချာသိမ်းဖို့လိုပါတယ်၊ ဒီအရွက်တွေကို မီးမရှို့ဘဲ မြေဆွေးအနေနဲ့သုံးလို့ရမယ့် နည်းစနစ်တွေလေ့လာပြီး သုံးရင် အလွန်အကျိုးရှိနိုင်မှာပါ။ အပူပိုင်းဒေသမှာက အကြီးမြန်တဲ့ ပဲမျိုးရင်း Fabaceae ထဲက အပင်ကြီးမျိုးတွေ၊ အရွက်ကြီး အရိပ်ကောင်းမယ့် ညောင်မျိုးရင်း Moraceae တွေကို အပင်ကြီးအနေနဲ့ စိုက်သင့်ပါတယ်ဗျ။ အပင်ကြီးပဲ စိုက်ရင် မြေပြင်အစိုဓာတ်ပါ ထိန်းပေးနိုင်မယ့်အပြင် အပင်တွေကို သဘာဝအတိုင်းကာကွယ်ပေးနိုင်မယ့် ရှားစောင်းပြဿာ၊ ကျားလျှာ၊ ဆူးဖြူ စတာလေးတွေပါ တွဲစိုက်သင့်ပါတယ်။ ဆူးပါတဲ့ အပင်တွေဟာ ညအခါမှာ ရတဲ့ အအေးဓာတ်ကနေ ရေငွေ့စုတတ်တဲ့ သဘောရှိပြီး ပင်ခြေပိုင်းတွေမှာ အစိုဓာတ်သိမ်းထားတတ်ကြပါတယ်ဗျ။ အဲ့အတွက် နီးစပ်ရာ အပင်ကြီးတွေမှာ မြေအစိုဓာတ်ရှိနေနိုင်တဲ့အတွက် ပိုပြီးအကျိုးရှိပါမယ်ဗျ။

မိုးနည်း < 650 mm
မိုးများ>1000 mm
မိုးအလယ်အလတ် 650-1000 mm
မိုးအလွန်များ >1600 mm

Temperature
ပူ >24.5°C

အလယ်အလတ် 22-24.5°C
Altitude 500-1500 m

အလွန်အေး 1500 m

ပန်းပိတောက်လေးရဲ့အဓိပ္ပာယ်ကတော့❝မင်းဟာကိုယ့်ဘဝအတွက်ရှားပါး            ဆုလာဘ်ပါတဲ့ ❞ 💛 #ပိတောက်ပန်းPhoto - Google
13/04/2024

ပန်းပိတောက်လေးရဲ့အဓိပ္ပာယ်ကတော့

❝မင်းဟာကိုယ့်ဘဝအတွက်ရှားပါး
ဆုလာဘ်ပါတဲ့ ❞ 💛

#ပိတောက်ပန်း
Photo - Google

ဆိတ်ဖလူးပန်းလေးရဲ့ အဓိပ္ပါယ်က " ချစ်လွန်းလို့ရူးတော့မယ် " လို့အဓိပ္ပါယ်ရပါတယ် ✨✨✨ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုပြီးတော့ ဘ...
22/03/2024

ဆိတ်ဖလူးပန်းလေးရဲ့ အဓိပ္ပါယ်က " ချစ်လွန်းလို့ရူးတော့မယ် " လို့အဓိပ္ပါယ်ရပါတယ် ✨✨✨

ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုပြီးတော့ ဘယ်လိုဆင်းရဲဒုက္ခမှ မကြုံတွေ့ပါစေနဲ့လို့လည်း သက်ရောက်ပါတယ် 💛💛

Crd Paphiro

တရုတ်စကားပန်း
13/03/2024

တရုတ်စကားပန်း

❤❤❤❤❤
10/03/2024

❤❤❤❤❤

🌻"ကံ့ကော်ပန်း" 🌻သူ့အသွင်  ဖြူဖြူအဆင်းငယ်နှင့်နုအယဉ်   ကြူကြူသင်းပါဘိ ဇမ္ဗူဝင်းတဲ့   ရွှေကံ့ကော် ။ ပွင့်မြညှာ   ငွေဇာအတွန...
07/03/2024

🌻"ကံ့ကော်ပန်း" 🌻

သူ့အသွင် ဖြူဖြူအဆင်းငယ်နှင့်
နုအယဉ် ကြူကြူသင်းပါဘိ
ဇမ္ဗူဝင်းတဲ့ ရွှေကံ့ကော် ။

ပွင့်မြညှာ ငွေဇာအတွန့်မှာလ
ဆင့်လှဖြာ ရွှေဝါကွန့်ပါလို့
လေလွန့်လွန့် အခိုင်ခိုင်က
အပြိုင်ပြိုင် ငုံငုံဖူးရယ်နှင့်
ကြိုင်လှိုင်လှိုင် မှုန်မှုန်ထူးပါငဲ့
နွေဦးမှာပျော် ။

ဝတ်ရည်သယ် ပိတုန်းပျားတွေက
ညွှတ်ကြည်ဖွယ် သုံးစားလေတော့
ပင်းဖျားမှ မြေကမ္ဗလာပေါ်
ကြွေရှာသော် ပျိုခင်မြူး ။

ပတ္တမြားပလ္လင်
နောင်ဘုရား ပွင့်တော်မူလျှင်လ
ဗုဒ္ဓဟေပင် ဖွားမြင်ဖက်ဟာမို့
ဒုက္ခစင် သားစဉ်ဆက်တွေက
(အိုကွယ်)
ဦးရွက်လို့ဖူး ။ ။

လေးချိုး
#ကဗျာရေးသားသူ- #ဆရာနေဘုန်းမိုရ်

ကံ့ကော်ပန်း=Mesuaferrea

ကံကော်/ ဂန့်ဂေါ် / န- ပွင့်ချပ်ဖြူlဝတ်ဆံဝါlရနံ့မွှေး
သောအပွင့်ပွင့်သည့် တန်ခူးလ၏ရာသီပန်းပင် ။
မြန်မာအဘိဓာန်

ကံ့ကော်ပင် ။ ။ ကံ့ကော်ပင်၏ ရုက္ခဗေဒအမည်မှာ မက်ဆူဝါဖဲရီး
ဖား ဖြစ်သည်။ အရိပ်အာဝါသကောင်းခြင်းlလှပ၍ ရနံ့ကြိုင်သော ပန်းများပွင့်ခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် အနှံ့အပြားစိုက်ပျိုးကြ
သည်။ နောင်ပွင့်တော် မူလတံ့သော အရိမေတ္တေယျမြတ်စွာဘုရားရှင်
သည် ကံ့ကော်ပင်၌ ပွင့်တော်မူမည် ဆိုခြင်းကြောင့် အချို့က ကံ့ကော်ပင်များကို အထွတ်အမြတ်ထားကာ ဘုရားကျောင်းဝင်းအတွင်း၌ တမင်သက်သက်ပင် စိုက်ပျိုးလှူဒါန်းကြသည်။ အလွန်ကြီးခဲသည့်အ
တွက် လမ်းဘေးအပင်များအဖြစ် စိုက်ပျိုးရန်ကား မသင့်တော်ချေ ။

အဝါရောင် ဝတ်ဆံပတ်လည်တွင် ဖြူဖွေးသော ပွင့်ဖတ်များ ဝိုင်းရံလျက်
ရှိသည့် ကံ့ကော်ပန်းများသည် တန်ခူးလတွင် ဝေဆာစွာ ဖူးပွင့်ကြသည်။
ကံ့ကော်ပန်းကို ဘုရားတင်ကြသည်။ အခိုင်လိုက်ဖြစ်စေlတစ်ပွင့်ချင်းကို
အပ်ချည်ကြိုးl နီး များဖြင့်သီ၍ဖြစ်စေlပန်းကလပ်lလင်ပန်းl
ပန်းကန်ပြားများဖြင့်ဖြစ်စေ ကပ်လှူကြသည်။ မြန်မာအမျိုးသမီးများ အ
လွန်နှစ်သက်မြတ်နိုးစွာ ပန်ဆင်လေ့ရှိသည့် ပန်းတမျိုးလည်းဖြစ်သည်။
ကံ့ကော်ပန်း အခြောက်ကို နေလှမ်း၍ ဝတ်ဆံများခြွေယူကာ ရှင်မတောင် သနပ်ခါး အမြစ်တုံးဖြင့်ဖြစ်စေl ပင်စည် အပွေးတုံးဖြင့်ဖြစ်စေ ရော၍သွေး
လူးလျှင် ထူးခြားမွှေးပျံ့သောရနံ့ကိုရရှိသဖြင့် မြန်မာအမျိုးသမီးများ
အခုတ်တရ လူးကြသည်။အထူးသဖြင့် သွေးဆေးဖော်စပ်ရာတွင် အသုံး
ပြု၍ ကံ့ကော်ဝတ်ဆံ အမည်ဖြင့် ပရဆေးဆိုင်များတွင် ရောင်းချသည်။
ကံ့ကော်ရွက်မှာမူ မြွေအဆိပ်ကို နိုင်သည်ဟု ဆိုသည်။

ကံ့ကော်သီးမှာ ရှည်လျားလျားဖြစ်၍ တစ်လက်မခန့်ရှည်သည်။ အသီးမှ အဆံကို ကြိတ်လျင်ဆီရနိုင်သည်။ ကံ့ကော်ပင်များသည် အာသံပြည်နှင့် နိုင်ငံရှိ အမြဲစိမ်းတောများမှ အပင်ကြီးတစ်မျိုးဖြစ်သည်။မြန်မာနိုင်ငံတွင် အထူးသဖြင့် အထက်မြန်မာနိုင်ငံနှင့် တနင်္သာရီတိုင်း၌ အပေါက်များသည်။ပေ၈၀မှ၉၀အထိ မြင့်၍ ပင်စည်လုံးပတ်မှာ
၈ပေမှ၁၀ပေအထိရှိတတ်သည်။ကံ့ကော်သား၏အရောင်မှာ နီညစ်ညစ်ရှိ
သည်။အလွန်မာကျောလေးလံပြီး ကြာရှည်ခံသည်ခြောက်သွားသော
အခါပြုပြင်ရ ခဲယဉ်းသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်းအတွဲ၁lစာမျက်နှာ ၃၈၆

Crd - သမိုင်းအကြောင်း

Address

Nyaungshwe

Telephone

+959265458547

Website

Alerts

Be the first to know and let us send you an email when MMS Flowers' Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MMS Flowers' Paradise:

Share