Okpho Thadin

Okpho Thadin ပဲခူးတိုင်း အုတ်ဖိုမြို့နယ်၏ သတင်းများကိုဖော်ပြပါသည်

ကရင်ဒေါင်းစပါး၊ ဖလံပင်ရွာနှင့် ရွာသစ်ရွာတို့ကို စက်တင်ဘာလ ၂၇ရက်နေ့ ညနေတွင် အကြမ်းဖက်စစ်တပ်က လက်နတ်ကြီးများနဲ့ ရမ်းသမ်းပစ...
29/09/2025

ကရင်ဒေါင်းစပါး၊ ဖလံပင်ရွာနှင့် ရွာသစ်ရွာတို့ကို စက်တင်ဘာလ ၂၇ရက်နေ့ ညနေတွင် အကြမ်းဖက်စစ်တပ်က လက်နတ်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ကာ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်၁လုံး ပျက်စီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၂ရက် ညနေ ၄နာရီခန့်ကလည်း ဘုတလက်တန်းအုပ်စု၊ ဆိပ်ကြီးရွာပေါ်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ထုပြီး ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ ရွာထဲကို ဗုံး ၂လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့အဖွဲ့တွေ ရာအိမ်မှူး မြင့်အောင်အိမ်ထဲကို ဝင်သွားတော့ စခတွေထင်ပြီး ဆရာတို့ကဘယ်တပ်စိပ်ကလဲလို့ မေးပါတယ်။ ဆရာတိ...
28/09/2025

"ကျွန်တော်တို့အဖွဲ့တွေ ရာအိမ်မှူး မြင့်အောင်အိမ်ထဲကို ဝင်သွားတော့ စခတွေထင်ပြီး ဆရာတို့ကဘယ်တပ်စိပ်ကလဲလို့ မေးပါတယ်။ ဆရာတို့ထိုင်အုံးနော် လက်ဖက်သုတ်အုံးမယ်ပြောပြီးထရော သေနတ်နဲ့ရင်ဘတ်ကို ၄ချက်ပစ်ထည့်လိုက်တယ်။ ၄ချက်ပစ်တာ ကျည်၃ချက်ထွက်ပြီး မြင့်အောင်နေရာတင်သေတယ်။ သူ့အိမ်နဲ့ ခမရ(၆)က ကပ်နေတော့ စခတွေရောက်မလာခင် အမြန်ဆုတ်ခဲ့ရလို့ သူ့ဆီမှာ စခတွေပေးထားတဲ့ လက်ပစ်ဗုံးရှိတာ မရှာလိုက်နိုင်ဘူး"ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေ က Tharyarwaddy 8 City ကို ရှင်းပြသည်။

အုတ်ဖိုမှာ စစ်မှုထမ်းကြေးငွေ မပေးသူများအား စစ်တပ်ခေါ်ဖမ်းခိုင်းတဲ့ ရာအိမ်မှူးမှ PDFတွေကို စစ်သားတွေထင်ကာ ဧည့်ခံနေစဥ် ပစ်သတ်ခံရ

Tharyarwaddy 8 City / စက်တင်ဘာ၂၈၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်​၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာ ရာအိမ်မှူး မြင့်အောင် အား စက်တင်ဘာလ ၂၇ရက် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၁၅မိနစ် အချိန်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ မှ ၄င်း၏ နေအိမ်ထဲကို ရှင်းလင်းရန် သွားရောက်ခဲ့ရာ PDFရဲဘော်များကို စစ်သားများထင်ကာ ဧည့်ခံရန် လုပ်ဆောင်နေစဥ် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

"ကျွန်တော်တို့အဖွဲ့တွေ ရာအိမ်မှူး မြင့်အောင်အိမ်ထဲကို ဝင်သွားတော့ စခတွေထင်ပြီး ဆရာတို့ကဘယ်တပ်စိပ်ကလဲလို့ မေးပါတယ်။ ဆရာတို့ထိုင်အုံးနော် လက်ဖက်သုတ်အုံးမယ်ပြောပြီးထရော သေနတ်နဲ့ရင်ဘတ်ကို ၄ချက်ပစ်ထည့်လိုက်တယ်။ ၄ချက်ပစ်တာ ကျည်၃ချက်ထွက်ပြီး မြင့်အောင်နေရာတင်သေတယ်။ သူ့အိမ်နဲ့ ခမရ(၆)က ကပ်နေတော့ စခတွေရောက်မလာခင် အမြန်ဆုတ်ခဲ့ရလို့ သူ့ဆီမှာ စခတွေပေးထားတဲ့ လက်ပစ်ဗုံးရှိတာ မရှာလိုက်နိုင်ဘူး"ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေ က Tharyarwaddy 8 City ကို ရှင်းပြသည်။

သေဆုံးသွားသည့် ရာအိမ်မှူး မြင့်အောင် ဟာ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သလို အကြမ်းဖက်စစ်တပ် အမာခံထောက်တိုင်ဖြစ်ပြီး စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံခြင်း၊ စစ်မှုထမ်းကြေး မပေးသူများအား စစ်တပ်ခေါ်​ကာ ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း သိရပါသည်။

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီကိုသာမက စစ်ကောင်စီထောက်တိုင်များကိုပါ အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေနဲ့ ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသိပေးထားသည်။

ဓာတ်ပုံ - ပစ်ခတ်ခံရပြီး သေဆုံးနေသော ရာအိမ်မှူး မြင့်အောင်

သတင်း - တက်တိုးအောင်
စာတည်း - ရာမန်

#အုတ်ဖိုမြို့နယ်

28/09/2025
"ထန်းပင်ကုန်း​ရွာသား ကောင်လေးတစ်ယောက် တိမ်မြုပ်ကိုသွားရင်း စစ်သားတွေပေါ်တာဆွဲထားလို့ မိသားစုက သိန်း၆၀နဲ့ ပြန်ထုတ်လိုက်ရတ...
23/09/2025

"ထန်းပင်ကုန်း​ရွာသား ကောင်လေးတစ်ယောက် တိမ်မြုပ်ကိုသွားရင်း စစ်သားတွေပေါ်တာဆွဲထားလို့ မိသားစုက သိန်း၆၀နဲ့ ပြန်ထုတ်လိုက်ရတယ်။ ၁၈ရက်နေ့က လိပ်ဥကုန်းမှာ ပေါ်တာဆွဲရတဲ့ ကောင်လေးတွေထဲမှာ ထန်းပင်ကုန်းက ဟိန်းဇင်မောင် ဆိုတဲ့ကောင်လေးလည်းပါတယ်။ အဲ့ကောင်လေးမိသားစုကလိုက်ထုတ်တော့ သိန်း၂၀ပေးရင် လွတ်ပေးမယ်ပြောလို့ ရှိတာရောင်းချပြီး ပေးလိုက်တယ်။ စစ်တပ်နဲ့ထွေအုပ်က သိန်း၂၀ပေးတာ ယူထားပြီး ပြန်မလွှတ်ပေးဘဲ သိန်း၂၀၀ထပ်တောင်းနေပါတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ရှင်းပြပါသည်။

သာယာဝတီနဲ့အုတ်ဖိုမှာ အကြမ်းဖက်စစ်တပ်မှ လက်ဖက်ရည်ဆိုင်၌ ထိုင်နေသူများ အပါအဝင် လူငယ်လေးဦးအား အတင်းအကြပ် ပေါ်တာဆွဲ

Tharyarwaddy 8 City / စက်တင်ဘာ ၂၃၊ ၂၀၂‌၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ "Shwe Maung"လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသူများအား စက်တင်ဘာလ ၁၇ရက်နေ့ မွန်းတည့် ၁၂နာရီခန့် အချိန်မှာ အကြမ်းဖက်စစ်တပ်နဲ့အတူ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ အတင်းအကြပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် ဆိုင်အတွင်း ထိုင်နေသည့် လူငယ်၃ဦး ဖမ်းဆီးခံရကာ သုံးဆယ်ရဲစခန်းသို့ ခေါ်သွားကြောင်း၊ အဆိုပါ ဖမ်းဆီးခံထားရသူများအား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ မင်းလှမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ငွေကြေးများရယူကာ ရောင်းစားထားကြောင်း သိရသည်။

"လက်ဖက်ရည်ဆိုင်ထဲကို စစ်တပ်နဲ့ထွေအုပ်ဝန်ထမ်းတွေ အတင်းအကြပ်ဝင်လာပြီး ပေါ်တာဆွဲလို့ ဆိုင်ထဲမှာထိုင်နေတဲ့ လူငယ်၃ယောက်ဖမ်းခံရတယ်။ ကြားရသလောက်တော့ အဲ့လူငယ်တွေကို သုံးဆယ်ရဲစခန်းမှာ ဖမ်းထားပြီး သာယာဝတီထွေအုပ်က မင်းလှထွေအုပ်ဆီ သိန်း၇၀နဲ့ရောင်းစားထားတယ်တဲ့။ လူငယ်တွေကိုပြောချင်တာတော့ စစ်သားရဲနဲ့ထွေအုပ်ဝန်ထမ်းတွေကိုမြင်ရင် ပေါ်တာဆွဲမခံရအောင် ဝေးဝေးကရှောင်ကြဖို့ အကြံပြုပါတယ်"ဟု သုံးဆယ်မြို့ခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပါသည်။

အလားတူ စက်တင်ဘာလ ၂၁ရက်နေ့ မွန်းလွဲ၂နာရီခန့် အချိန်မှာလည်း အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာကိုလာသည့် ထန်းပင်ကုန်းရွာမှ လူငယ်၁ဦးအား အကြမ်းဖက်စစ်တပ်က အတင်းအကြပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး အဆိုပါလူငယ် ပြန်လည်လွတ်မြောက်ရန် မိသားစုအနေနဲ့ ကျပ်သိန်း၆၀ပေး၍ ရွေးထုတ်ခဲ့ရကြောင်း သိရသည်။

"ထန်းပင်ကုန်း​ရွာသား ကောင်လေးတစ်ယောက် တိမ်မြုပ်ကိုသွားရင်း စစ်သားတွေပေါ်တာဆွဲထားလို့ မိသားစုက သိန်း၆၀နဲ့ ပြန်ထုတ်လိုက်ရတယ်။ ၁၈ရက်နေ့က လိပ်ဥကုန်းမှာ ပေါ်တာဆွဲရတဲ့ ကောင်လေးတွေထဲမှာ ထန်းပင်ကုန်းက ဟိန်းဇင်မောင် ဆိုတဲ့ကောင်လေးလည်းပါတယ်။ အဲ့ကောင်လေးမိသားစုကလိုက်ထုတ်တော့ သိန်း၂၀ပေးရင် လွတ်ပေးမယ်ပြောလို့ ရှိတာရောင်းချပြီး ပေးလိုက်တယ်။ စစ်တပ်နဲ့ထွေအုပ်က သိန်း၂၀ပေးတာ ယူထားပြီး ပြန်မလွှတ်ပေးဘဲ သိန်း၂၀၀ထပ်တောင်းနေပါတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ရှင်းပြပါသည်။

သတင်း - ဝတီမောင်၊ တက်တိုးအောင်
စာတည်း - ရာမန်

#သာယာဝတီမြို့နယ်
#အုတ်ဖိုမြို့နယ်

"လိပ်ဥကုန်းလမ်းဆုံမှာ ရန်ကုန်ဘက်ကလာတဲ့ ခရီးသည်တင်ယာဥ်ကို စစ်သားတွေနဲ့ပျုတွေက အတင်းရပ်ခိုင်းပါတယ်။ စစ်သားနဲ့ပျူတွေ ကားပေါ...
20/09/2025

"လိပ်ဥကုန်းလမ်းဆုံမှာ ရန်ကုန်ဘက်ကလာတဲ့ ခရီးသည်တင်ယာဥ်ကို စစ်သားတွေနဲ့ပျုတွေက အတင်းရပ်ခိုင်းပါတယ်။ စစ်သားနဲ့ပျူတွေ ကားပေါ်တက်သွားပြီး လူငယ် ၇ယောက်ကို အတင်းဆွဲချလာတာတွေ့တယ်။ အဲ့လူငယ်တွေကို ငွေညှစ်တာမပေးလို့ စစ်မှုထမ်းရမယ်ဆိုပြီး အတင်းအကြပ်ပေါ်တာဆွဲတာ"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြသည်။

အုတ်ဖိုမှာ အကြမ်းဖက်စစ်တပ်နဲ့ ပျူအဖွဲ့မှ အတင်းအကြပ် ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် ခရီးသွားများအပါအဝင် လူငယ်၉ဦး ဖမ်းခံရ

Tharyarwaddy 8 City / စက်တင်ဘာ ၂၀၊ ၂၀၂‌၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်အပိုင် ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ လိပ်ဥကုန်းလမ်းဆုံတွင် စက်တင်ဘာလ ၁၈ရက်နေ့ နံနက် ၇နာရီခန့် အချိန်မှာ ရန်ကုန်ဘက်ကပြန်လာသည့် လူငယ်၇ဦးအား ခရီးသည်တင်ယာဥ်ပေါ်ကနေ အကြမ်းဖက်စစ်တပ်နဲ့ ပျူအဖွဲ့မှ အတင်းအကြပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

"လိပ်ဥကုန်းလမ်းဆုံမှာ ရန်ကုန်ဘက်ကလာတဲ့ ခရီးသည်တင်ယာဥ်ကို စစ်သားတွေနဲ့ပျုတွေက အတင်းရပ်ခိုင်းပါတယ်။ စစ်သားနဲ့ပျူတွေ ကားပေါ်တက်သွားပြီး လူငယ် ၇ယောက်ကို အတင်းဆွဲချလာတာတွေ့တယ်။ အဲ့လူငယ်တွေကို ငွေညှစ်တာမပေးလို့ စစ်မှုထမ်းရမယ်ဆိုပြီး အတင်းအကြပ်ပေါ်တာဆွဲတာ"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြသည်။

အလားတူ စက်တင်ဘာလ ၁၈ရက်နေ့ နံနက် ၈နာရီခန့် အချိန်မှာလည်း ကဝေစုရွာမှ လူငယ်၂ဦးအား အကြမ်းဖက်စစ်တပ်နဲ့ ပျူအဖွဲ့မှ ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး ငွေမပေးနိုင်တာကြောင့် စစ်မှုထမ်းရန် အတင်းအကြပ်ဖမ်းခေါ်သွားကြောင်း သိရပါသည်။

"အုတ်ဖိုမှာ အေးမြသာယာက ပျူစောထီးတွေဦးဆောင်ပြီး စစ်သားတွေနဲ့ ဆက်တိုက်ပေါ်တာဆွဲနေပါတယ်။ စစ်မှုထမ်းတပ်သားသစ်စုဆောင်းဖို့အတွက် အတင်းအကြပ်ကို​ မရရတဲ့လူဆွဲနေတာ။ ရွာထဲဝင်ဆွဲတဲ့အပြင် ရန်ကုန်-ပြည်ကားလမ်းမှာလည်း လမ်းသွားလမ်းလာတွေကို စောင့်ဆွဲနေတယ်။ ရွာတွေမှာက လူငယ်တွေလည်း ပေါ်တာရန်ကြောက်ပြီး ရှောင်နေကြလို့ လူတောင်မရှိတော့ဘူး"ဟု အုတ်ဖိုမြို့ခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောသည်။

ဓာတ်ပုံ - အုတ်ဖိုတာဆုံတွင် တွေ့ရသည့် အကြမ်းဖက်စစ်တပ်လက်အောက်ခံများ(ပုံအဟောင်း)

သတင်း - တက်တိုးအောင်
စာတည်း - ရာမန်

#အုတ်ဖိုမြို့နယ်

09/09/2025

“အမေသားညောင်းနေပြီ - ကျွန်မသားလေးကို ဆေးရုံတင်ပေးကြပါ” (ဆောင်းပါးကဏ္ဍ)

Tharyarwaddy 8City/စက်တင်ဘာ၉၊၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ထဲက အုတ်ဖိုမြို့နယ်ရှိ ချင်းစု‌ကျေးရွာ အပေါ်တည့်တည့်ကို စက်တင်ဘာလ ၇ရက်‌နေ့ ညနေ ၅နာရီ၁၀မိနစ်အချိန်မှ စတင်ကာ အကြမ်းဖက်စစ်တပ်မှ လေထီးများနှင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၃ဦး ထိခိုက်သေဆုံးခဲ့ရသည်။

အကြမ်းဖက်စစ်တပ်မှ မြေပြင်ရော ဝေဟင်ပါထိုးစစ်ဆင်ရန် စစ်ဖောကား၉စီးကြို့ပင်ကောက်မြို့ပေါ်မှစက်တင်ဘာလ၇ရက်နေ့ ညနေ၅နာရီအချိန်တွင် စတင်ထွက်ခွာပြီး ညောင်သုံးပင်ကျေးရွာအနီး သို့ ည၉နာရီတွင်ရောက်ရှိသည်။ ထို့နောက် စစ်ဖောကား ၉စီးထဲမှ ၃စီးဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်အင်အားများကို ညောင်သုံးပင်ကျေးရွာတွင် အခြေချထားရှိကာ အင်အားဖြည့်တင်းရန် စစ်ဖောကား၃စီး ကြို့ပင်ကောက်မြို့ပေါ်သို့ ပြန်သွားသည်။ ကျန်ရှိသည့် စစ်ဖောကား ၆စီးသည် စက်တင်ဘာလ၈ရက်နေ့ညနေ၅နာရီတွင် ညောင်သုံးပင်ရွာ မှ ကျောက်တန်းရွာသို့ချီတက်သည်။ထိုညနေတွင်လည်း စစ်တပ်လေထီးများ အုတ်ဖိုမြို့နယ်ထဲက ကျေးရွာတွေအပေါ် ပျံဝဲခဲ့သည်။

စက်တင်ဘာလ ၇ရက်နေ့ညနေတွင် ၈ရက်နေ့ပျံဝဲသော လေထီးများကဲ့သို့ ချင်းစုကျေးရွာအပေါ် ပျံဝဲနေရာမှ ဗုံးကျဲချပြီး အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ အရပ်သားပြည်သူ၃ဦးသေဆုံးပြီး ပြင်းထန် ဒဏ်ရာ ရရှိသူများရှိခဲ့သည်။ ဒဏ်ရာပြင်းထန်သူများထဲမှ သားတစ်ဦး၏မိခင်သည် လောလောလတ်လတ် ဗုံး၏ရမ်းနံ့မပျောက်ခင် အခင်းဖြစ်ပွားရာနေရာမှာ သားကိုပွေ့ချီထားလျက် ပတ်၀န်းကျင်ကို အော်ဟစ်အကူအညီတောင်းနေသည်။ သေဆုံးသူများ၏ ကျန်ရစ်သော မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိသူများ၏မိသားစု၀င်များ၊ ဒဏ်ရာရသူများ ၏အသံများနှင့် ကျေးရွာသူ၊ကျေးရွာသား၏အသံတို့သည် ၀မ်းနည်းဖွယ်ရာထွက်ပေါ်လာသည်။စစ်ဘေးဒဏ်ကို ပူပူ‌နွေးနွေးခံစားရချိန် ထွက်ပေါ်လာသော အသံများကြားထဲမှ အသံတစ်ခုသည် ထင်ထင်ရှားရှားပေါ်ထွက်လာခဲ့သည်။

“သားလေး၊သားကြီးရေအမေ့သားကြီးကိုကြည့်ကြပါဦး၊ကျွန်မသား‌လေးကိုဆေးရုံတင်ပေးကြပါအုံး”အမေဖြစ်သူအော်ဟစ်အကူအညီတောင်းနေသည်။ထိုမိခင်၏သားဖြစ်သူမှာ ခန္ဓာကိုယ်အောက်ပိုင်း ဗုံးထိမှန်ပြီး ပျက်စီးသွားသည်။ လက်ချောင်းအချို့လဲ ပျက်ထွက်နေသည်။ သွေးသံတရဲရဲနှင့် ထိုလူငယ်၏ မိခင်မှာ ကမ္ဘာပျက်နေပါပြီ။ လူငယ်မှာ ‌ခန္ဓာကိုယ်အောက်ပိုင်း ဗုံးထိမှန် ပျက်စီးသွားပြီး လက်ချောင်းတချို့ ပျက်နေသော်လည်း သတိရနေသေးသည်။ အမေဖြစ်သူကို လူငယ်မှ “အမေသားညောင်းနေပြီ”ဟုပြန်ပြောသည်။ လူငယ်မှာ သတိရနေသေးသော်လည်း ညောင်းတာထပ် ပိုသောဝေဒနာကိုခံစားနေရသည်။ ခန္ဓာကိုယ်အောက်ပိုင်းနှင့် လက်ချောင်းတချို့မရှိတော့ပေ။

အကြမ်းဖက်စစ်တပ်မှ ချင်းစုကျေးရွာအပေါ်ကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ်အောက်ပိုင်းမရှိတော့သည့် လူငယ်နှင့် ပွေ့ချီထားသော မိခင်ဖြစ်သူတို့၏ မလှမ်းမကမ်းအနီးတဝိုက်တွင် ‌ဗုံးဒဏ်ကြောင့် သေဆုံးသည့် အ၀တ်ဗလာ သွေးသံရဲရဲ ရုပ်အလောင်းများ၊ သေလုနီးနီး ပြင်းထန်ဒဏ်ရာရရှိသူများနှင့် ကျေးရွာသူကျေးရွာသား ပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်မှ ဘယ်အငြိုးနှင့် ယခုကဲ့သို့လုပ်ဆောင်သည်ကိုမသိရသော်လည်း သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ကျေးရွာသူ ကျေးရွာသား အရပ်သားပြည်သူများဖြစ်သည်မှာမှန်ကန်ပါသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်မှ ဗုံကျဲတိုက်ခိုက်ခဲ့သော ကိုင်းကြီးကျေးရွာနှင့်ချင်းစုကျေးရွာတို့အပါအ၀င်အနီးအနားကျေးရွာများနှင့် ထိုပတ်၀န်းကျင်နေရာများမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ပေ။ အကြမ်းဖက်စစ်တပ်ကို အားပေးထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ ပြီးခဲ့သည့် လပိုင်းများတွင် အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့မှ ပဲခူးရိုးမနှင့်ထိစပ်နေသည့် ကျေးရွာများကို PDFရွာများဟု စွတ်စွဲကာ အပျက်ရှင်းဖို့အထိကို စစ်တပ်သိရှိရန် မဟုတ်မမမှန်ကောလဟာလများ ရေးသားပြီး ပို့စ်တင်ခဲ့သည်။

အကြမ်းဖက်စစ်တပ်မှ အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများနှင့် ကျန်းမာရေး၊ဘာသာရေးအဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကိုင်းကြီးရွာမှ ကိုတင်မျိုး၀င်း၊ ချင်းစုရွာမှ ကိုချစ်ကောင်းနှင့် မောင်ခန့်ကျော်သူတို့ အသက်ဆုံးရှုံးခဲ့ရသည်။ ဒဏ်ရာပြင်းထန်သူများလည်းရှိခဲ့သည်။ဘာသာရေးအဆောက်အဦးဖြစ်သည့် ‌ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ကျန်းမာရေးအဆောက်အဦးဖြစ်သည့် ကျေးလက်ဆေးခန်းတစ်ခုအပါအ၀င် လူနေအိမ်တွေပျက်စီးခဲ့ပြီး လယ်ယာလုပ်ငန်းသုံးနွားတစ်ကောင်သေဆုံးခဲ့သည်။ထိုသို့ အရပ်သားပြည်သူများကို စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့သောစစ်တပ်မှာ တပ်မ၆၆ဖြစ်ပြီး
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ရဟက်ယာဉ်ကွင်းမှ တက်လာသော စစ်တပ်လေထီးများနှင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

ပြင်ပဆောင်းပါးရှင်-ကိုမြတ်ထင်‌

#ပြင်ပဆောင်းပါးကဏ္ဍ

ဒီကနေ့ စက်တင်ဘာလ ၈ရက် ‌မွန်းလွဲ ၂နာရီ ၃၀မိနစ် အချိန်မှစတင်ကာ စက်တပ်လေထီးတွေ ပျံ‌ဝဲနေကြောင်းဒေသခံများထံမှ စုံစမ်းသိရှိရပါ...
08/09/2025

ဒီကနေ့ စက်တင်ဘာလ ၈ရက် ‌မွန်းလွဲ ၂နာရီ ၃၀မိနစ် အချိန်မှစတင်ကာ စက်တပ်လေထီးတွေ ပျံ‌ဝဲနေကြောင်းဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။

Breaking News အုတ်ဖိုက ဖလံပင်၊ ငှက်ကြီးသိုက်၊ ညောင်ဝိုင်း ရွာတွေမှာ အခုစစ်တပ်လေထီးတွေ ပျံဝဲနေတယ်

စစ်ဖောကား၆စီး ငှက်ကြီးသိုက်ရွာမှ ကျောက်တန်းရွာဘက်စထွက်

Tharyarwaddy 8 City / စက်တင်ဘာ ၈၊၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်အပိုင်ရှိ ဖလံပင်၊ငှက်ကြီးသိုက်၊ ညောင်ဝိုင်းရွာတွေရဲ့ အပေါ်ကောင်းကင်ယံမှာ ဒီကနေ့ စက်တင်ဘာလ ၈ရက် ‌မွန်းလွဲ ၂နာရီ ၃၀မိနစ် အချိန်မှစတင်ကာ စက်တပ်လေထီးတွေ ပျံ‌ဝဲနေကြောင်းဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၇ရက် ညနေ ၅နာရီအချိန်တွင် ကြို့ပင်ကောက်မြို့‌မှ စထွက်တဲ့ စစ်ဖောကား ၉စီးမှာ ငှက်ကြီးသိုက်ရွာကိုရောက်ကာ ည၉နာရီမှာတော့ စစ်ဖောကား ၉စီးထဲမှ ၃စီးဟာ အင်အားဖြည့်ဖို့ ကြို့ပင်ကောက်မြို့ပေါ်သို့ ပြန်သွားပါတယ်။ လက်ရှိစက်တင်ဘာလ ၈ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀မိနစ်အချိန်တွင် စစ်ဖောကား ၆စီးနဲ့ စစ်တပ်အင်အားတွေစုစည်းပြီး ငှက်ကြီးသိုက်ကျေးရွာမှ ကျောက်တန်းရွာဘက်ကိုစထွက်နေတာကို မျက်မြင်တွေ့ရှိသူတစ်ယောက်က ပြောပါတယ်။

ယမန်နေ့တွင် အကြမ်းဖက်စစ်တပ်မှ အုတ်ဖိုမြို့နယ် ချင်းစုရွာ၊ ကိုင်းကြီးရွာ‌‌နဲ့ အနီးအနားရွာတွေကို စက်တပ်လေထီးများနဲ့ ဗုံးကျဲတိုက်ခိုက်လို့ အရပ်သားပြည်သူ၃ယောက်သေဆုံးကာ ဒဏ်ရာရသူများရှိပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

မနေ့က အကြမ်းဖက်စစ်တပ်မှ စက်တက်လေထီးနဲ့ ဗုံးကျဲတိုက်ခိုက်ချိန်တွင် ရွာသူ၊ ရွာသားများမှ အပြင်ကိုထွက်ကြည့်တာတွေရှိကြောင်း၊ အဲ့ဒီလိုမမြင်ဖူးလို့ဆိုပြီး ထွက်မကြည့်သင့်ကြောင်း ပြည်သူတစ်ယောက်က Tharyarwaddy 8 City မှတဆင့် သတင်းစကားပါးထားပါတယ်။

သတင်း - တက်တိုးအောင်
စာတည်း - ကိုမိုက်

#အုတ်ဖိုမြို့နယ်

ယမန်နေ့  နံနက် ၁၁နာရီ ၃၀မိနစ် အချိန်တွင် အုတ်ဖိုမြို့နယ်၊ သမန်းကုန်းအုပ်စု၊ စစ်တောရွာနေ ရာအိမ်မှူး သန်းစိုး(ခေါ်)ကိုစိုး...
08/09/2025

ယမန်နေ့ နံနက် ၁၁နာရီ ၃၀မိနစ် အချိန်တွင် အုတ်ဖိုမြို့နယ်၊ သမန်းကုန်းအုပ်စု၊ စစ်တောရွာနေ ရာအိမ်မှူး သန်းစိုး(ခေါ်)ကိုစိုး ဆိုသူကို ၄င်း၏လယ်ထဲတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။

ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့နယ်တို့မှ ပျူစောထီးတစ်ဦး နှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Tharyarwaddy 8 City / စက်တင်ဘာ ၈၊၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့နယ်တို့မှ ပျူစောထီးနှင့် ရာအိမ်မှူးတို့ကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံမှ သတင်းရရှိပါသည်။

ဩဂုတ်လ ၂၈ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်အချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ ကြည်စုရွာနေ ပျူစောထီး ဘိုကြီးအား ၄င်း၏နေအိမ်မှာ သေနတ်နှင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။ သေဆုံးသွားသည့် ပျူစောထီး ဘိုကြီး သည် ကြည်စုကျေးရွာတွင် အိမ်ထောင်စု တစ်စုကို ငွေကျပ် ခြောက်သောင်းကျပ် ကောက်ခံသလို ထောက်ပို့ပြည်သူများနှင့် PDFသတင်းများကို စုံစမ်းထောက်လှမ်းနေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းသည်ဟု ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ မှ ပြောဆိုသည်။

ထို့အပြင် စက်တင်ဘာလ ၇ရက် ယမန်နေ့ နံနက် ၁၁နာရီ ၃၀မိနစ် အချိန်တွင် အုတ်ဖိုမြို့နယ်၊ သမန်းကုန်းအုပ်စု၊ စစ်တောရွာနေ ရာအိမ်မှူး သန်းစိုး(ခေါ်)ကိုစိုး ဆိုသူကို ၄င်း၏လယ်ထဲတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။ သေဆုံးသွားသည့် ရာအိမ်မှူး သန်းစိုး(ခေါ်)ကိုစိုးသည် ပျူစောထီး ဘိုကြီး ကဲ့သို့ စစ်မှုထမ်းကြေးကောက်ခံပြီး ထောက်ပို့ပြည်သူများနှင့် PDFသတင်းများ စုံစမ်းနေသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

ပြည်သူကို အဓမ္မ စစ်မှုထမ်းခိုင်းနေသော အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများကို ယခုအချိန်မှ စတင်ကာ အချိန်နေရာမရွေး သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ မှ အသိပေးထုတ်ပြန်ထားသည်။

ပုံစာ-သေဆုံးသွားသည့် ပျူစောထီးနှင့် ရာအိမ်မှူး၊၄င်းတို့ထံမှ သိမ်းဆည်းရရှိသည့် လက်ပစ်ဗုံး။

သတင်း - ခန့်စိုး
စာတည်း - ရာမန်

#ကြို့ပင်ကောက်မြို့နယ် #အုတ်ဖိုမြို့နယ်

08/09/2025

သတင်းထုတ်ပြန်ကြေငြာချက်။ ။

"ပျူခေါင်းဆောင်လှရွှေနဲ့ အုပ်ကြီးဝင်းသိန်း စကားပြောနေတာကို ဝင်ပစ်တာ အုပ်ကြီးခေါင်း ၃ချက်မှန်ပြီး နေရာတင်သေတယ်။ ပျူခေါင်း...
08/09/2025

"ပျူခေါင်းဆောင်လှရွှေနဲ့ အုပ်ကြီးဝင်းသိန်း စကားပြောနေတာကို ဝင်ပစ်တာ အုပ်ကြီးခေါင်း ၃ချက်မှန်ပြီး နေရာတင်သေတယ်။ ပျူခေါင်းဆောင်လှရွှေက ထွက်ပြေးသွားပြီး စခတွေဆီ ဖုန်းဆက်အကြောင်းကြားလို့ လက်နက်ကြီး၂လုံးနဲ့ စခတွေရွာကိုထုပါတယ်။ အုပ်ကြီးအိမ်က စစ်မှုထမ်းနံမည်တွေပါတဲ့ စာရွက်စာတမ်းတွေနဲ့ တခြားစာရွက်စာတမ်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်။ အုပ်ကြီးဝင်းသိန်းက ခေတ်အဆက်ဆက် စစ်တပ်အမာခံထောက်တိုင်လုပ်ခဲ့သူဆိုတော့ သူခိုင်းတဲ့အတိုင်း တခြားအုပ်ကြီးတွေ လုပ်ရတယ်။ ပျူခေါင်းဆောင်တွေကိုလည်း ပျူစောထီးဆိုတာ ဘာတွေလုပ်ရတယ် ဘယ်လိုလုပ်ရတယ် ပြည်သူကိုဘယ်လိုဖိနှိပ်ထားရမယ်ဆိုပြီး သူကအမိန့်ပေးခိုင်းစေနေတာပါ"ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေ က Tharyarwaddy 8 City ကို ရှင်းပြသည်။

အုတ်ဖိုမှာ ပြည်သူများအား ဒုက္ခပေးနေသော စစ်တပ်အမာခံ ထောက်တိုင် အုပ်ချုပ်ရေးမှူး ထွန်းသိန်း သေနတ်နဲ့၃ချက်ပစ်ခံရလို့သေဆုံးယ

Tharyarwaddy 8 City / စက်တင်ဘာ ၈၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်​၊ ကန်သာယာရွာနေ ပျူခေါင်းဆောင် လှရွှေ၏ အိမ်ရှေ့၌ စကားပြောနေကြသည့် ကန်သာယာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းသိန်း နှင့် ပျူခေါင်းဆောင် လှရွှေတို့အား စက်တင်ဘာလ ၆ရက်နေ့ ည ၇နာရီ ၃၀မိနစ်ခန့် အချိန်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့တိုက်ခိုက်စဥ် အုပ်ချုပ်ရေးမှူး ထွန်းသိန်း၏ ရင်ဘတ်အား သေနတ်ကျည် ၃ချက်မှန်ကာ သေဆုံးခဲ့သော်လည်း ပျူခေါင်းဆောင် လှရွှေမှာ ထွက်ပြေးလွတ်မြောက်သွားပြီး အုပ်ချုပ်ရေးမှူး ထွန်းသိန်း၏ နေအိမ်မှ စစ်မှုထမ်းစာရွက်များနှင့် အခြားစာရွက်စာတမ်းများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ၄င်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အုပ်ချုပ်ရေးမှူး ထွန်းသိန်း သည် အကြမ်းဖက်စစ်တပ်၏ အမာခံထောက်တိုင်ဖြစ်သလို ပြည်သူလူထုအား ဖိနှိပ်ရန် ပျူခေါင်းဆောင်များအား အမိန့်ပေးခြင်း၊ အကြမ်းဖက်စစ်တပ်မှ ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲ၌ ပျူစောထီးအဖွဲ့များ လုံခြုံရေးယူကြရန် ဖိအားပေးပြောဆိုခြင်း၊ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ အတင်းအကြပ်ဆပ်ခိုင်းပြီး မဆပ်ပါက စစ်တပ်ခေါ်ဖမ်းမည်ဟု ခြိမ်းခြောက်ခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရတာဖြစ်ကြောင်း သိရပါသည်။

"ပျူခေါင်းဆောင်လှရွှေနဲ့ အုပ်ကြီးဝင်းသိန်း စကားပြောနေတာကို ဝင်ပစ်တာ အုပ်ကြီးခေါင်း ၃ချက်မှန်ပြီး နေရာတင်သေတယ်။ ပျူခေါင်းဆောင်လှရွှေက ထွက်ပြေးသွားပြီး စခတွေဆီ ဖုန်းဆက်အကြောင်းကြားလို့ လက်နက်ကြီး၂လုံးနဲ့ စခတွေရွာကိုထုပါတယ်။ အုပ်ကြီးအိမ်က စစ်မှုထမ်းနံမည်တွေပါတဲ့ စာရွက်စာတမ်းတွေနဲ့ တခြားစာရွက်စာတမ်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်။ အုပ်ကြီးဝင်းသိန်းက ခေတ်အဆက်ဆက် စစ်တပ်အမာခံထောက်တိုင်လုပ်ခဲ့သူဆိုတော့ သူခိုင်းတဲ့အတိုင်း တခြားအုပ်ကြီးတွေ လုပ်ရတယ်။ ပျူခေါင်းဆောင်တွေကိုလည်း ပျူစောထီးဆိုတာ ဘာတွေလုပ်ရတယ် ဘယ်လိုလုပ်ရတယ် ပြည်သူကိုဘယ်လိုဖိနှိပ်ထားရမယ်ဆိုပြီး သူကအမိန့်ပေးခိုင်းစေနေတာပါ"ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေ က Tharyarwaddy 8 City ကို ရှင်းပြသည်။

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီကိုသာမက စစ်ကောင်စီထောက်တိုင်များကိုပါ အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေနဲ့ ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသိပေးထားပါသည်။

ဓာတ်ပုံ - ပစ်ခတ်ခံရပြီး သေဆုံးနေသော အုပ်ချုပ်ရေးမှူး ထွန်းသိန်း

သတင်း - တက်တိုးအောင်
စာတည်း - ရာမန်

#အုတ်ဖိုမြို့နယ်

“ကိုင်းကြီးက ကိုတင်မျိုးမင်းက ချင်းစုရွာဘက်ကိုထွက်ပြေးရင်း ချင်းစုရွာမှာ ဗုံးထိသေတာ သေတဲ့သူတွေအကုန်လုံးက ချင်းစုမှာကြဲတဲ...
07/09/2025

“ကိုင်းကြီးက ကိုတင်မျိုးမင်းက ချင်းစုရွာဘက်ကိုထွက်ပြေးရင်း ချင်းစုရွာမှာ ဗုံးထိသေတာ သေတဲ့သူတွေအကုန်လုံးက ချင်းစုမှာကြဲတဲ့ဗုံးထိသေတာ”လို့ ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပါတယ်။

အုတ်ဖိုမှာ အကြမ်းဖက်စစ်တပ်က လေထီး၃စီးနဲ့ဗုံးကျဲလို့ အရပ်သားပြည်သူ၃ဦးသေဆုံးပြီးဒဏ်ရာပြင်းထန်သူလဲရှိ

Tharyarwaddy 8 City / စက်တင်ဘာ ၇၊၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးကျေးရွာနဲ့ ချင်းစုကျေးရွာကို ဒီကနေ့ စက်တင်ဘာလ ၇ရက်နေ့ ညနေ ၅နာရီ ၁၀မိနစ် အချိန်မှ စတင်ကာ အကြမ်းဖက်စစ်တပ်မှ စက်တပ်လေထီး ၃စီးနဲ့ ဗုံးကြဲလို့ အရပ်သားပြည်သူသေဆုံးမှုတွေရှိသလို ဒဏ်ရာရသူများလဲရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ၁ YoMa GBK PDFထံမှ သတင်းရရှိပါတယ်။

ဒီကနေ့ညနေ ၅နာရီ ၁၀မိနစ်အချိန်တွင် ကိုင်းကြီးကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားပြီး စက်တပ်လေထီး ၃စီးနဲ့ အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲသွားလို့ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းပျက်စီးကာ အရပ်သားပြည်သူဖြစ်တဲ့ အသက် ၃၅နှစ်အရွယ် ကိုတင်မျိုးမင်း သေဆုံးသွားပါတယ်။

“ကိုင်းကြီးက ကိုတင်မျိုးမင်းက ချင်းစုရွာဘက်ကိုထွက်ပြေးရင်း ချင်းစုရွာမှာ ဗုံးထိသေတာ သေတဲ့သူတွေအကုန်လုံးက ချင်းစုမှာကြဲတဲ့ဗုံးထိသေတာ”လို့ ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပါတယ်။

အလားတူ ညနေ ၅နာရီ ၂၅မိနစ် အချိန်မှာလဲ ချင်းစုကျေးရွာကို စက်တပ်လေထီး ၅စီးနဲ့အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့တာ‌ကြောင့် အရပ်သားပြည်သူ‌တွေဖြစ်တဲ့ အသက် ၃၆နှစ်အရွယ် ကိုချစ်ကောင်းနဲ့ အသက် ၁၅နှစ်အရွယ် (၇)တန်း‌ ကျောင်းသား မောင်ခန့်ကျော်သူ တို့သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေါင်းစပါးကွင်းကျေးရွာမှ ပြည်သူ၂ဦး ထိခိုက်ဒဏ်ရာရရှိကာ နွား ၁ကောင် သေဆုံးကြောင်းသိရပါတယ်။

"ချင်းစုရွာကပြည်သူ၃ဦးသေသွားတာ၊ ကိုင်းကြီးရွာကို ၂လုံးကျတယ်၊ ချင်းစုရွာကို ၁လုံးကျတယ်၊ ဒေါင်းစပါးကွင်းရွာဘက်မှာလဲ ပြည်သူ၂ဦးထိပြီး နွား ၁ကောင်သေတယ်လို့ သတင်းရတယ်ဗျ"လို့ YoMa GBK PDF တပ်ခွဲမှူး ရဲဘော် ကရင်လေး မှ Tharyarwaddy 8 City ကို ပြောပါတယ်။

ဒီ‌က‌နေ့ညနေ၃နာရီ အချိန်ခန့်ကလဲ မင်းလှမြို့နယ်၊ ထောက်ကြန့်‌ကျေးရွာနဲ့ တောင်ပြတ်‌ကျေးရွာ‌တွေမှာ စစ်တပ်လေထီးနဲ့ ဗုံးကြဲနေလို့ ပြည်သူတွေပြေးနေရပြီး ထောက်ကြန့်ကျေးရွာက ပြည်သူ၂ဦး ဒဏ်ရာရရှိကာ ၄င်း ကျေးရွာများရှိ နေအိမ်များလည်း ထိခိုက်ပျက်ဆီးသွားကြောင်းသိရပါတယ်။ ဗုံးကြဲသွားတဲ့ ပါရာမော်တာတွေဟာ ရွှေတောင်မြို့နယ် လေယာဥ်ကွင်းကလို့သိရပါတယ်။

ဓာတ်ပုံ - အကြမ်းဖက်စစ်တပ်မှ စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် သေဆုံးသူများ

သတင်း - တက်တိုးအောင်
စာတည်း - အနတ္တ

#အုတ်ဖိုမြို့နယ်

Address

Othegon

Alerts

Be the first to know and let us send you an email when Okpho Thadin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category