13/12/2017
ငါးသေးလေးများအကောင်မပျက်ပေါင်းနည်း။×××××။
လိုအပ်သောပစ္စည်း။-----။လတ်လတ်ဆတ်ဆတ်ငါး
သံပရာသီး
ဆား
ဟင်းချိုမှုန့်
ဆီ
တုတ်ချောင်းလေးများ၊အစိုရလျှင်ပိုကောင်းသည်။
ချက်နည်း။-----။ငါးလေးများကိုချီး(ချေး)ပြောင်အောင်ဆေးပါ၊ဆား၊ဟင်းချိုမှုန့်၊သံပရာသီး၊အရောင်တင်တို့ကိုရော၍နှံ့အောင်နှယ်ပေးပါ၊တုတ်ချောင်းလေးများကိုဒန်အိုးအတွင်းအောက်တွင်စီပါ၊ငါးများကိုတစ်ကောင်စီ သေချာစီပါ၊ပြီးလျှင်ဆီထည့်ပါ၊ရေအနည်းငယ်သာထည့်ပါများလျှင်ကြေတတ်သည်၊မီးကိုသင့်တင့်ရုံသာထည့်ပါမီးများလျှင်မနပ်ပဲတူးတတ်ပါသည်။လိုအပ်မှထပ်ထည့်ပါ။နှစ်နာရီလောက်ပေါင်းရပါသည်။