
29/04/2025
#စားသောက်ဆိုင်သုံး နဲ့ #စတိုးဆိုင်သုံး လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
🖥️🖨️🧾မင်္ဂလာပါ
W&O POS SOFTWARE မှ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေကို မြန်ကောင်းသက်သာဖြစ်အောင် ကူညီပေးပါရစေ။
21st Century မှာ စားသောက်ဆိုင်၊ ကုန်စုံဆိုင်တို့ရဲ့ သတိမထားမိသောအလေအလွင့်များ
ဒီ 21st Century မှာ စားသောက်ဆိုင်၊ ကုန်စုံဆိုင်တွေဟာ အပြိုင်အဆိုင်များလာတာနဲ့အမျှ စရိတ်စကတွေဟာပိုပြီးကုန်ကျလာပါပြီ။
စရိတ်စကကုန်ကျတာဘဲလား မဟုတ်ပါဘူး။ လုပ်ငန်းရှင်တွေသတိမထားမိတဲ့အလေအလွင့်တွေအများကြီးရှိနေပါသေးတယ်။
အဲ့ သတိမထားမိတဲ့ အလေအလွင့်တွေဆိုတာဘာတွေလဲ?
ပထမဆုံးကတော့ အချိန်အလေအလွင့်ပါ။
ဥပမာအနေနဲ့ ကုန်စုံဆိုင်ပိတ်တဲ့အချိန်မှာ ဆိုင်ကတံခါးသာပိတ်ထားပေမယ့် ဆိုင်ထဲမှာတော့ အလုပ်ရှုပ်နေကြတုန်းပါဘဲ။ တစ်နေ့တာအရောင်းတွေ စာရင်းတွေပြန်လုပ်ရတာမျိုးတွေ၊ ရှိသမျှ Voucher တွေအကုန်ပြန်စစ်ရတာတွေ၊ ဒီနေ့ဘယ်လောက်ရောင်းအားရှိတယ်ဆိုတာလည်းပြန်တွက်ရဦးမယ်ဆိုတော့ အချိန်အတိုင်းအတာတစ်ခုထိပေးလိုက်ရပြီ။
အချိန်အတိုင်းအတာတစ်ခုထိပဲပေးလိုက်ရတာလားဆိုတော့မဟုတ်ပါဘူး စာရင်းချုပ်တဲ့ ဝန်ထမ်းတွေအတွက် Overtime ကြေးတွေ ဝန်ထမ်းစရိတ်တွေ ထပ်စောင်းပိုပါလာပါပြီ။
အချိန်အလေအလွင့်နောက်က ငွေကြေးအလေအလွင့်က အလိုအလျောက်လိုက်လာမှာပါ။ အဲ့အတွက် ဒုတိယအချက်အနေနဲ့က လုပ်ငန်းရှင်တော်တော်များများသတိမထားမိတာကတော့ ငွေကြေးအလေအလွင့်ပါ။
အချိန်အလေအလွင့်များနဲ့ ငွေကြေးအလေအလွင့်တွေဟာ လုပ်ငန်းတစ်ခုရဲ့ Productivity ကိုကျဆင်းစေတဲ့အဓိကတရားခံတွေပါ။
ဆိုတော့ အဲ့လိုအလေအလွင့်တွေ ကိုဘယ်လိုထိန်းချုပ်ကြမလဲ။ "Modern Problem needs Modern Solution" ဆိုတဲ့အတိုင်း ကျွန်တော်တို့ဟာ နည်းပညာခေတ်မှာနေထိုင်နေကြတဲ့အတွက် POS Software System ကိုအသုံးပြုပြီးတော့ဖြေရှင်းလို့ရပါတယ်။
တကယ်လို့ လုပ်ငန်းတစ်ခုမှာသာ POS Software System ကိုအသုံးပြုထားမယ်ဆိုရင် အချိန်အလေအလွင့်တွေကိုနည်းစေမှာပါ။
ဘယ်လိုမျိုးအချိန်အလေအလွင့်တွေကိုနည်းစေမှာလည်းဆိုတော့ ဆိုင်ပိတ်တဲ့အချိန် Computer မှာ Click နှိပ်ရုံနဲ့ အရောင်းစာရင်းချုပ်တွေ၊ ပစ္စည်းစာရင်းတွေ၊ ဝင်ငွေထွက်ငွေတွေအကုန်လုံးကို Report လုပ်နိုင်တယ်ဆိုတဲ့အတွက် အချိန်အလေအလွင့်ကိုထိန်းချုပ်နိုင်မှာဖြစ်ပြီးတော့ မိမိလုပ်ငန်းမှာရှိတဲ့ လူအင်အားကိုပိုပြီးကျစ်ကျစ်လစ်လစ်နဲ့အသုံးချနိုင်လာမယ်။
နောက်တစ်ချက်ကတော့ အချိန်အလေအလွင့်နည်းပါးသွားတဲ့အတွက် Overtime အချိန်တွေလျော့ချလို့ရလာမယ်ဆိုတဲ့အတွက် မလိုအပ်တဲ့ထပ်စောင်းကုန်ကျစရိတ်တွေကိုလျှော့ချနိုင်မယ်။
အချိန်နဲ့ ငွေကြေးအလေအလွင့်ကိုထိန်းချုပ်နိုင်သွားပြီဆိုရင်တော့ လုပ်ငန်းတစ်ခုရဲ့ Productivity ဟာလည်း အလိုအလျှောက်တက်လာမှာဖြစ်တဲ့အတွက် Myanmar SMEs တွေအနေနဲ့ POS Software System တွေကို အသုံးပြုသင့်ပါပြီ။
POS Software System တစ်ခုကိုရွေးချယ်တဲ့အချိန်မှာလည်း မိမိလုပ်ငန်းနဲ့ကိုက်ညီတဲ့ Feature မျိုးရှိတဲ့ Software မျိုးကိုရွေးချယ်သင့်တယ်။ ကိုယ်လုပ်ချင်တဲ့ပုံစံအတိုင်းဆောင်ရွက်ပေးနိုင်တဲ့ Software မျိုးကိုရွေးချယ်သင့်တယ်။
နောက်တစ်ချက်က Usability။ လူတိုင်းအသုံးပြုရလွယ်ကူတဲ့ Software မျိုးဖြစ်သင့်တယ်။ တကယ်လို့သာ ကိုယ်ဝယ်ယူလိုက်တဲ့ Software ဟာ Usability မကောင်းဘူးဆိုရင် Software နဲ့အကျွမ်းတစ်ဝင်ဖြစ်ဖို့အတွက်ကို မလိုအပ်ဘဲအချိန်တွေကုန်ဆုံးစေပါတယ်။
Support and Services ဟာလည်း Software ဝယ်တဲ့အခါမှာ ထည့်စဉ်းစားရမယ့်အရေးကြီးတဲ့အချက်ထဲမှာပါဝင်ပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ Software ကတစ်ခုခုဖြစ်လို့ Service ကိုဖုန်းဆက်တဲ့အခါမကိုင်တာတို့၊ ဖုန်းပိတ်ထားတာတို့၊ Action ယူပေးတာမျိုးတို့မရှိတဲ့အခါကျရင်အခက်တွေ့တတ်တဲ့အတွက် Support and Service ကောင်းတဲ့ Software Company မျိုးကိုရွေးချယ်သင့်ပါတယ်။
Pricing ကလည်းသင့်တင့်မျှတနေဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံက လုပ်ငန်းရှင်တော်တော်များများ အမြင်မှာ Software တစ်ခုဝယ်ယူတော့မယ်ဆိုရင်သိန်း ဆယ်ဂဏန်း ရာဂဏန်းလောက်ကုန်မယ်လို့ ထင်နေဆဲပါဘဲ။ တကယ်တော့အခုနောက်ပိုင်းမှာတော့ POS Software System တစ်ခုကို လက်လှမ်းမှီတဲ့ သိန်းဂဏန်းဝန်းကျင်နဲ့တင်ဝယ်လို့ရနေပါပြီ။
အဲ့အတွက် အခုလိုပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်လုပ်ငန်းရဲ့ အလေအလွင့်တွေကိုမထိန်းချုပ်နိုင်ရင်၊ Productivity တွေကျဆင်းနေခဲ့ရင် ပြိုင်ဘက်တွေဟာ ခဏချင်းအတွင်းမှာတင် ကျော်တက်သွားမှာပါ။ အဲ့အတွက် အလေအလွင့်တွေထိန်းချုပ်ဖို့နဲ့ Productivity တွေတက်လာနိုင်ဖို့အတွက်ကို POS Software ကိုအသုံးပြုသင့်ပါတယ်။
W&O POS Software တွင်လူကြီးမင်းတို့ လုပ်ငန်းလည်ပတ်မှု အသေးစိတ် လိုအပ်ချက်များအတွက် သင့်တော်သော အကြံဉာဏ်များ ပေးပြီး မည်သည့်ပုံစံဖြင့် အသုံးပြုသင့်သည်ကို အကောင်းဆုံး ဆွေးနွေး တိုင်ပင်ပေးလျှက် ရှိပါသည်။ မိမိလုပ်ငန်း လက်ရှိ လုပ်ဆောင်မှုများမှကွဲထွက်မသွားပဲ အသုံးပြုသူတိုင်း လွယ်ကူ အဆင်ပြေစေရန်အတွက် ဦးစားပေး စဉ်းစားပေးပါသည်။
One Stop Service အနေဖြင့် Software, Hardware နည်းပညာပိုင်းအားလုံး ဝန်ဆောင်မှုပေးပါသည်။ Customer တိုင်းအတွက် Data Entry သွင်းပေးခြင်း ၊ သင်တန်းပေးခြင်း ၊ Site Visit / Phone /Real time Online Support ပေးခြင်း
အစရှိသည့် ဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။
ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူ စီမံခန့်ခွဲနိုင်သော
အရည်အသွေးမြင့် W&O SOFTWARE SYSTEMS ဖြင့်အစားထိုး အသုံးပြုကြည့်ပါ။
👍 သင့်တင့်သောဈေးနှုန်း
👍 ကောင်းမွန်သော အရည်အသွေး
👍 မြန်ဆန်သော ဝန်ဆောင်မှု
👍 ချက်ချင်းယူသွား သုံးနိုင်သည့် One Stop Package
👉စားသောက်ဆိုင်အမျိုးမျိုး ( Restaurant/ Bar/ Pub/ Fast Food/ Food Court/
Tea Shop/ KTV/ Bakery/ စည်ဘီယာ )
👉လက်လီလက်ကားနှင့် ကုန်စုံဆိုင်အမျိုးမျိုး ( ဆန်ဆိုင်/ ဖိနပ်ဆိုင်/ အလှကုန်ပစ္စည်း အရောင်းဆိုင်/ Online Shopping အစရှိလုပ်ငန်းများ )
👉၀န်ထမ်းများအား ရောင်းအားပေါ် မူတည်၍ ကော်မရှင် ပြန်ပေးနိုင်သောလုပ်ငန်များ ( ဆံပင်ညှပ်ဆိုင်/ Spa/Beauty Salon/ ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ချီရောင်း၀ယ်ရေး)
👉ဆေးဆိုင်များ
အပါအ၀င် ဘောက်ချာထုတ်ပေးသည့် မည်သည့်လုပ်ငန်းမဆိုအသုံးပြုနိုင်ပါသည်။
လူကြီးမင်းတို့၏ လုပ်ငန်း မည်သည့် အရွယ်အစားမဆို စီမံ ခန့်ခွဲမှုကို
လွယ်ကူမြန်ဆန်စွာ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန်အတွက် W&O SOFTWARE SYSTEMS ကို စတင်အသုံးပြုလိုက်ပါ။
Ph .... 09-420-028-429