27/02/2026
မနက်တိုင်းညတိုင်း အမြဲရွတ်ဖတ်တဲ့ဂါထာတော်ကြောင့်🍀
အမျက် မာန မာန်တက်နေသူများနှင့် မဆုံစည်းရ
တွေ့ဆုံပေါင်းဖော်ခြင်းမပြုရ သည်သာ ဖြစ်ပါစေသတည်း။
🍀သိကြားမင်း သက်စောင့်ဂါထာတော်ကြီး 🍀
ဝေ ဒါ သာ ကု ၊ကု သာ ဒါ ဝေ
ဒါ ယ သာ ဒ ၊ ဒ သာ ယ ဒါ
သာ သာ ဓိ ကု ၊ ကု ဓိ သာ သာ
ကု ဒ ကု ဘု ၊ ဘု ကု ဒ ကု။
ဝေ– ငါ၏ရန်သူ ဟူသမျှတို့သည်။
ဒါ – ဝေးစွာ အရပ်သို့။
သာ – လျှင်စွာ။
ကု – ပြေးစေကုန်သတည်း။
ကု – ငါ့အား မကောင်းသဖြင့််ကြံကုန်သူတို့သည်။
သာ – မိမိအလိုလို။
ဒါ – အကြံအစည် ပျက်သောအားဖြင့်။
ဝေ – ပျောက်စေကုန်သည်။
ဒါ – ငါ၏စေတနာကြောင့်။
ယသာ – အခြံအရံံ အကျော် အစောတို့သည်။
ဒ – ပွားများပါစေကုန်သတည်း။
ဒသာ – ငါပြုမိသော အကုသိုလ်ဆယ်ပါးတို့သည်။
ယ – ငါပြုမိသမျှသော ကုသိုလ်ဆယ်ပါး၏
တန်ခိုးတော်ကြောင့် ။
ဒါ – ပြေပျောက်စေကုန်သတည်း။
သာ – စက်ဆုပ်ဖွယ်သောသူတို့အားလည်းကောင်း။
သာ – အမျက်မာန ဒေါသရှိသောသူတို့အားလည်းကောင်း။
ဓိ – ဆုံးမ သြဝါဒပေးခြင်းဖြင့်သာလျှင်။
ကု – အောင်မြင်စေသတည်း။
ကု – ထိုသို့သော အမျက်မာန မာန်တက်သူတို့နှင့် ။
ဓိ – ရှည်မြင့််စွာ။
သာ – မပေါင်းဖော်ရသည်။
သာ – ဖြစ်ပါစေသတည်း။
ကု – ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော။
ဒ – သူတော်ကောင်း တို့နှင့်သာလျှင်။
ကု – ဖြစ်လေရာ သံသရာ ဘ၀ အဆက်ဆက်၌။
ဘု – တွေ့ဆုံပေါင်းဖော်ခြင်းကို ပြုရစေသတည်း။
ဘု – အကုသိုလ် စရိုက်ပွားများသူတို့နှင့်။
ကု – ဖြစ်လေရာ ဘဝသံသရာ အဆက်ဆက်၌။
ဒ – အခါခပ်သိမ်း။
ကု – တွေ့ဆုံပေါင်းဖော်ခြင်း မပြုရသည်သာ
ဖြစ်ပါစေသတည်း။
🙏🙏🙏