16/08/2025
ဘဝမှာတစ်ခုခုအဆင်မပြေဖြစ်နေရင် ဘာမှမတွေးပဲကျေးဇူးတရားတွေထိုင်တွေးထိုင်ရေးနေလိုက်ပါ။ အဆင်ပြေမှုတွေဖြစ်လာပါလိမ့်မယ်။
ကျေးဇူးတရားများ
1. ကျွန်မရဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့ နှစ်လုံးသားလေးကို ကျေးဇူးတင်ပါတယ်။
2. အရာ၀တ္တုတွေကိုထိတွေ့နိုင်တဲ့ လက်တွေကိုကျေးဇူးတင်ပါတယ်။
3. ပွေ့ဖက်နိုင်တဲ့လက်မောင်းတွေရှိလို့ကျေးဇူးတင်ပါတယ်။
4. သွားလိုရာကိုသယ်ဆောင်ပေးတဲ့ ခြေထောက်တွေရှိလို့ကျေးဇူးတင်ပါတယ်။
5. သွားလိုရင်လှမ်းပေးပြီးရပ်ချင်ရင်ထောက်တည်ပေးလို့ခြေထောက်တွေကိုကျေးဇူးတင်ပါတယ်။
6. အမှားအမှန်ကို ဝေဖန်ပိုင်ခြားပေးတဲ့ ခေါင်းထဲက ဦးနှောက်ကိုကျေးဇူးတင်ပါတယ်။
7. ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်မသိပဲအလုပ်လုပ်ပေးနေတဲ့ ကိုယ်တွင်းအင်္ဂါတွေ အားလုံးကိုကျေးဇူးတင်ပါတယ်။
8. ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိလို့ ကျေးဇူးတင်ပါတယ်။
9. ကိုယ်တောင် အားစိုက်စရာမလိုပဲ ပြင်ပကရောဂါဝေဒနာတွေဘေးကနေကာကွယ်ပေးလို့ ကိုယ်ခန္ဓာရဲ့ခုခံအားကို ကျေးဇူးတင်ပါတယ်။
10. ကြွက်သားတွေထဲက ခွန်အားတွေကို ကျေးဇူးတင်ပါတယ်။
11. ခန္ဓာကိုယ်တစ်ခုလုံးက အင်အားတွေကို ကျေးဇူးတင်ပါတယ်။
12. ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ သွေးတွေကို ကျေးဇူးတင်ပါတယ်။
13. ခိုင်မာတဲ့စိတ်ဓာတ်အတွက် ကျေးဇူးတင်ပါတယ်။
14. ကိုင်ပိုင်စဥ်:စားနိုင်စွမ်းရှိလို့ ကျေးဇူးတင်ပါတယ်။
15. အာရုံ(၅)ပါးကို ခံစားနိုင်စွမ်းရှိလို့ ကျေးဇူးတင်ပါတယ်။
16. ဘ၀မှာရခဲ့ဖူးတဲ့ ရွေးချယ်ခွင့်တွေအတွက် ကျေးဇူးတင်ပါတယ်။
17. ဘ၀မှာရရှိဖူးတဲ့ ရရှိနေဆဲဖြစ်တဲ့ ချစ်ခြင်းမေတ္တာတရာတွေအတွက်လည်းကျေးဇူးတင်ပါတယ်။
18. ဒီမေတ္တာတွေကို လက်ခံယူနိုင်စွမ်းရှိတာကိုကျေးဇူးတင်ပါတယ်။
19. ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းကို ကျေးဇူးတင်ပါတယ်။
20. ကိုယ့်မှာရှိနေတဲ့ အရည်အချင်းတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။
21. လေ့လာသင်ယူခွင့်ကြောင့် နောက်ထပ်တတ်မြောက်လာမဲ့ အရည်အချင်းတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။
22. အချိန်တွေရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
23. လေ့လာသင်ယူခွင့်တွေရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
24. သင်ပေးခဲ့တဲ့ ဆရာသမားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
25. သဘာ၀တရားကြီးကို ကျေးဇူးတင်ပါတယ်။
26. ပွင့်နေတဲ့ပန်းလေးတွေ သစ်ပင်ကြီးတွေ တောအုပ်တွေ အပင်ငယ်လေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
27. အသက်ရှုသွင်းရတဲ့အတွက် အသက်ရှုသွင်းခွင့်ရဖို့ရာအတွက် လေကို အလကားရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
28. ကမ္ဘာကြီးကို အလင်းရောင်နဲ့ အနွေးဓာတ်ပေးနေတဲ့ နေမင်းကြီးကိုကျေးဇူးတင်ပါတယ်။
29. ညဘက်မှာအလင်းရောင်ပေးပြီး ဒီရေလှိုင်းတွေကိုထိန်းညှိပေးတဲ့ လမင်းကြီးကိုလည်း ကျေးဇူးတင်ပါတယ်။
30. ကမ္ဘာဂြိုလ်အပြင် တခြားဂြိုလ်တွေရှိသေးတယ်ဆိုတဲ့ အသိကိုပေးတဲ့ ကောင်းကင်က ကြယ်လေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။
31. ညအချိန်အခါရှိပြီး အိပ်စက် အနားယူခြင်းတွေရှိလို့ ကျေးဇူးတင်ပါတယ်။
32. လှပပြီး နေလို့ကောင်းတဲ့နေ့တွေအတွက် ကျေးဇူးတင်ပါတယ်။
33. အပြုံးတွေ ပြုံးခွင့် ရလို့ကျေးဇူးတင်ပါတယ်။
34. သောက်စရာ သောက်ရေသန့်နဲ့ သုံးစရာရေများရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
35. သမုဒ္ဒရာထဲကရေတွေနှင့် လှပတဲ့လှိုင်းလုံးတွေ အတွက်လည်း ကျေးဇူးတင်ပါတယ်။
36. ပင်လယ်ကမ်းခြေကိုလည်း ကျေးဇူးတင်ပါတယ်။
37. တိရိစ္ဆာန်၊ သတ္တဝါလေးတွေနှင့် ကောက်ပဲသီးနှံများစွာနှင့် လတ်ဆတ်ချိုမြိန်သော သစ်သီးသစ်ဥ သစ်ဖု များစွာကိုလည်း ကျေးဇူးတင်ပါတယ်။
38. စားစရာ သောက်စရာ သုံးစရာ ရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
39. စားနိုင်သောက်နိုင်တဲ့ စွမ်းရည်နဲ့ ခွန်အားရှိနေလို့လည်း ကျေးဇူးတင်ပါတယ်။
40. ကိုယ့်မှာရှိနေတဲ့ ပြည့်စုံမှုတွေအတွက် ကျေးဇူးတင်ပါတယ်။
41. နေ့ရက်တိုင်းရှင်သန်နေထိုင်ခွင့် သွားလာလှုပ်ရှားခွင့်အတွက် ကျေးဇူးတင်ပါတယ်။
42. မွေးဖွားခဲ့တဲ့အချိန်မှ စ၍ ယနေ့အထိ သုံးစွဲခွင့်ရခဲ့တဲ့ ပိုက်ဆံတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။
43. ယနေ့အချိန်ထိ ဘာသာတရားအပေါ်မှာ ကိုးကွယ် ယုံကြည်သက်ဝင်ပူဇော်ခွင့် ရနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။