Nwe Ni

Nwe Ni Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nwe Ni, Digital creator, Pakokku.

ဘဝအတွက် အားဆေး (၁၀) မျိုး********************************စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို သောက်ပြီး ခရီးဆက်လျှောက်...
07/02/2024

ဘဝအတွက် အားဆေး (၁၀) မျိုး
********************************
စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို သောက်ပြီး ခရီးဆက်လျှောက်နိုင်ပါစေ။

(၁) သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဖြစ်စေဘဲ လမ်းပြပေးသူဖြစ်အောင် ကြိုးစားပါ။

(၂) အောင်မြင်မှုဆိုတာ အချိန်နဲ့ နေရာပေါ် မတည်ပါဘူး။ အားကိုးထိုက်သူဖြစ်အောင် ကြိုးစားနေမှ သင်ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူဖြစ်လာမှာပါ။ ထာ၀ရ ရပ်တည်နိုင်ဖို့က ကြိုးစားမှုအပေါ်မှာပဲ မူတည်ပါတယ်။

(၃) အရှုံးတွေနဲ့တွေ့ချိန် စိတ်ညစ်နေသလား ။ အဲဒီအရှုံးထဲက ရခဲ့တဲ့သင်ခန်းစာတွေဟာ နောက်တစ်ကြိမ်အတွက် အမြတ်တွေပါ။ ဘာကိုမှ စိတ်ဓာတ်မကျပါနဲ့။ အခက်အခဲ ဆိုရင် ရင်ကော့ပြီး ရင်ဆိုင်ပစ်လိုက်ပါ။

(၄) အတင်းပြော ကဲရဲ့မှာကို ကြောက်နေသလား။ ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့ သင့်လမ်းကို သင်ဆက်လျှောက်ပါ။ လမ်းမှာဟောင်သမျှ ခွေးတိုင်းကိုသာ ခဲနဲ့ထုနေမယ်ဆိုရင် သင်သွားချင်တဲ့ ခရီးရဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ဘူး။

(၅) အဆိပ်ရှိတဲ့သတ္တဝါ၊ ဦးချိုထောင်တဲ့သတ္တဝါ၊ ဆင်ခြင်မှုတရားနည်းပါးသူ ထိုသုံးမျိုးကို တွေ့လျှင် ဝေးဝေးကရှောင်ပါ။ ထိုသုံးမျိုးက သင့်ကို သွေးမျက်ရည်ကျစေနိုင်ပါတယ်။

(၆) လောဘကြီးသူ၊ အယုံလွယ်သူ၊ အားနာတတ်သူ၊ သနားတတ်သူ မဖြစ်အောင် သတိထားစဉ်းစားပါ။ ထိုသူများဟာ လူလိမ်အများဆုံးခံရသူတွေ ဖြစ်ပါတယ်။

(၇) နေချင်သလိုမဖြစ်လို့ ဖြစ်သလိုမနေလိုက်ပါနဲ့။ ရခဲလှတဲ့ ဘဝတစ်ခုကို သင်ကိုယ်တိုင်မှ တန်ဖိုးမထားတတ်ရင် လူဖြစ်ရှုံးလိမ့်မယ်။

(၈) မိမိအလင်းရောင်နဲ့ မိမိဘဝကို ထွန်းလင်းအောင်ကြိုးစားပါ။ ရယူလိုက်ရလို့ ပျော်ရတာထက် ပေးလိုက်ရလို့ ပျော်တဲ့သူကသာ ပျော်ရွှင်မှုအစစ်၊ ပိုင်ဆိုင်မှုအစစ်ဖြစ်တယ်။

(၉) မိမိရဲ့ ပျော်ရွင်မှုက သူတစ်ပါးရဲ့ မျက်ရည်တွေ မဖြစ်ပါစေနဲ့။ မလုပ်သင့်မှန်းသိရက်နဲ့ ခဏတာတွေကို ဦးစားပေးပြီး လုပ်လိုက်ရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။

(၁၀) သင့်မျက်နှာမှာ အပြုံးတစ်ပွင့်တပ်ဆင်လိုက်ပါ။ အောင်မြင်ခြင်း၊ ပျော်ရွင်ခြင်းတို့အတွက် လှေကားထစ်တစ်ခုဖြစ်လာပါလိမ့်မယ်။ သင့်ရင်ထဲ ဝမ်းနည်းနာကျင်နေချိန်မှာတောင် ပြုံးနိုင်ခဲ့မယ်ဆိုရင် သင်ဟာ ရင့်ကျက်သူဖြစ်လာပါပြီ။

လူတိုင်းရဲ့ ရင်ထဲမှာ ကောင်းတဲ့ စိတ်တစ်လှည၊့် ဆိုးတဲ့ စိတ်တစ်လှည့် နေထိုင်လှုပ်ရှားပါတယ်။ လောကမှာ စိတ်ကြောင့် အကျိုးမဲ့ ဆင်းရဲဒုက္ခရောက်သလို စိတ်ကြောင့်ပဲ ကောင်းကျိုးချမ်းသာရတတ်တယ်။ မကောင်းတဲ့ စိတ်ကြီးစိုးရင် အမှားတွေ ထပ်ဆင့်ထပ်ဆင့်လုပ်မိကြပါတယ်။ ဒီလိုအခါမျိုးတွေမှာ စဉ်းစားချိန်ထိုးနိုင်ဖို့ ဒီစာလေးကို ရေးသားပေးလိုက်ပါတယ်။

လေးစားစွာဖြင့်
ခိုင်ချန် ဖတ်မိတာလေးတွေ
ပြန်လည်မျှ ဝေခြင်းဖြစ်ပါသည်

မူရင်းရေးသားသူအား လေးစားစွာဖြင့်

သတ္တိရှိခြင်းဆိုတာ ပြဿနာတွေကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခြင်းပါ။ သတ္တိရှိတယ်ဆိုတာ .ကြိုးဝိုင်းထဲမှာ လက်ဝှေ့ထိုးရဲတာ...
25/12/2023

သတ္တိရှိခြင်းဆိုတာ ပြဿနာတွေကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခြင်းပါ။

သတ္တိရှိတယ်ဆိုတာ .

ကြိုးဝိုင်းထဲမှာ လက်ဝှေ့ထိုးရဲတာကို ပြောတာလား။
အမြင့်ကနေ ခုန်ချရဲတာကို ပြောတာလား။
ရန်ဖြစ်ရဲတာကို ပြောတာလား။

ကျွန်မ သိတဲ့ သတ္တိရှိတယ်ဆိုတာကတော့
လောကဓံအနိမ့်အမြင့်တွေကို မကြောက်မရွံ့ရင်ဆိုင်ရဲတဲ့သတ္တိရှိခြင်းပါပဲ။

လူရယ်လို့ ဖြစ်လာရင် လောကဓံအနိမ့်အမြင့်တွေ ကြုံရမှာပါ။ အမြဲတမ်း အဆင်ပြေနေတဲ့လူဆိုတာ မရှိပါဘူး။

ဒီတော့ ကြုံလာသမျှ လောကဓံကို အပြုံးမပျက်ရင်ဆိုင်နိုင်သူ ဆိုတာရှားပါတယ်။ ကြုံလာသမျှ လောကဓံကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်သူသာလျှင် ဘဝမှာ အောင်နိုင်သူ ဖြစ်မှာပါ။

သတ္တိရှိသူတွေဆိုတာ ဘဝရဲ့တိုက်ပွဲတွေကို ရင်ဆိုင်ရဲတဲ့သူတွေပါပဲ။




24/12/2023

နှလုံးသားက သိပ်တန်ဖိုးရှိတယ်။
အလှဆုံးအရာတွေပဲ ထည့်ထားရမယ်။

စိတ်ခံစားချက်က ဈေးကြီးတယ်။
ကိုယ့်ကိုပျော်ရွှင်စေတဲ့ လူနဲ့ပဲ ထိတွေ့ဆက်ဆံရမယ်။

#နိုင်းနိုင်းစနေ

အားမလျော့ပါနဲ့..ကြမ်းတမ်းတဲ့ နေ့ရက်တွေက သင့်ကို ပိုသန်မာစေပါတယ်  လောကကြီးဆိုတာ  မိခင်တစ်ယောက်လို မဟုတ်ပါဘူး ။ အကောင်းတွေ...
18/12/2023

အားမလျော့ပါနဲ့..
ကြမ်းတမ်းတဲ့ နေ့ရက်တွေက သင့်ကို ပိုသန်မာစေပါတယ်

လောကကြီးဆိုတာ
မိခင်တစ်ယောက်လို မဟုတ်ပါဘူး ။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့ ။

အရှုံးကို မလိုချင်ရင် .
မခံချင်စိတ်နဲ့ ကြိုးစားပါ ။

ကိုယ့်ကို အလဲထိုးတဲ့ လူတွေသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မှု
အကောင်းအဆုံး ပေးနိုင်တာပါ ။

သင် နာကျင်ရတဲ့အခါ
လက်ခံလိုက်ပါ ။

ဘဝက သင့်ကိုတစ်ခုခု
သင်ပေးဖို့ ကြိုးစားနေတာပါ ။

ဆုံးရှုံးမှုတိုင်းမှာ ရလဒ်ဆိုတာရှိပါတယ် ။
အနည်းဆုံးတော့ သင်ခန်းစာပေါ့ ။

ရည်မှန်းချက် ရှိဖို့လိုပါတယ်
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး ။

အလုပ်နဲ့
အကောင်ထည်ဖော်ဖို့ လိုပါတယ် ။

စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့်
လက်တွေ့ အသုံးမချရင်တော့
သင်ဟာ စိတ်ကူးယှဉ်သမားတစ်ယောက်ပါပဲ ။

ငါးကြီးကြီးလိုချင်ရင် ပင်လယ်ထဲသွားပါ ။
အဲ့ဒီမှာ မုန်းတိုင်းတော့လည်း ရှိတယ် ။

ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ ။

ကြက်တူရွေးက စကားသာများတာ
မြင့်မြင့်မပျံနိုင်ဘူး ။

သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ် ။

လူ့သက်တမ်းကိုပဲ
အကန့်အသတ်ရှိတာပါ ။

သင် ကြိုးစားနိုင်မှု စွမ်းရည်ဆိုတာ
အကန့်အသတ် မရှိပါဘူး ။

ကြိုးစားတဲ့ သူတိုင်း
မအောင်မြင်ကြပါဘူး ။

ဒါပေမယ့်
အားမလျော့လိုက်ပါနဲ့ ။

အောင်မြင်သူတိုင်း
ကြိုးစားခဲ့ကြပါတယ် ။

လမ်းမရှိဘူးလို့
ညည်းမနေပါနဲ့ ။

ကိုယ်လျှောက်မယ့် လမ်းကို
ကိုယ်တိုင်ပဲ ဖောက်ကြရမှာပါ ။



ရိုးသားမှုဆိုတာအရမ်းစျေးကြီးတဲ့ဆုလာဒ်ဖြစ်တယ်...ဒါကြောင့် အပေါ စား လူတွေဆီကမမျှော်လင့်ပါနဲ့တဲ့...
16/12/2023

ရိုးသားမှုဆိုတာအရမ်းစျေးကြီးတဲ့
ဆုလာဒ်ဖြစ်တယ်...

ဒါကြောင့် အပေါ စား လူတွေဆီက
မမျှော်လင့်ပါနဲ့တဲ့...


အသံတွေ သိပ်ထွက်လွန်းရင် မကောင်းဘူးကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီးလုပ်တဲ့သူတိုင်းအကျိုးရှိမဲ့ စကားကလွဲရင် တခြားစကားတွေမျာ...
06/12/2023

အသံတွေ သိပ်ထွက်လွန်းရင် မကောင်းဘူး

ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီးလုပ်တဲ့သူတိုင်း
အကျိုးရှိမဲ့ စကားကလွဲရင် တခြားစကားတွေ
များများပြောဖို့ အတွေးမရှိကြဘူး။
အလုပ်ပဲ လုပ်ချင်ကြတာဗျ...။

အသံတွေ သိပ်ထွက်နေပြီဆိုရင်
ကျိန်းသေတယ် ကြည့်ကြည့်လိုက်...
လုပ်တာနည်းနည်း ပြောတာများများ
လူအမျိုးအစားတွေချည်းပဲ။

ဘယ်ငွေစက္ကူမှ အကြွေစေ့တွေလို
အသံမထွက်ကြဘူး မဟုတ်လား။

ဒီတော့ ကိုယ့်အလုပ်ကိုယ်သာ ကြိုးစားပြီး လုပ်...
မလိုအပ်ဘဲ စကားတွေ မဖောင်းပွနဲ့။
မသင့်တော်တဲ့ အသံတွေ မထွက်စေနဲ့။
အလွန်အကျူး ကိုယ်ရည်သွေးစကားတွေ မပြောနဲ့။

ကိုယ့်ရဲ့လုပ်ရပ်နဲ့ ကိုယ့်ရဲ့အသံက
ကိုယ့်ပုံစံကို ဖော်ပြပေးလိမ့်မယ်။

အရည်အသွေးမြင့်ပြီး တည်ငြိမ်တဲ့အသွင်အပြင်ကို
တည်ဆောက်တတ်ဖို့ စာပေဗဟုသုတ ပြည့်ဝဖို့ လိုပါတယ်။
ဒါကြောင့် စာများများဖတ်ဖို့လဲ မမေ့ပါနဲ့။

" အတွေးမတူရင် အပြေးမတူဘူး "__________________________တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာယုန်တစ်ကောင်ကိုတွေ့လို့ အသည်းအသန်...
04/12/2023

" အတွေးမတူရင် အပြေးမတူဘူး "
__________________________

တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာယုန်တစ်ကောင်ကိုတွေ့လို့ အသည်းအသန်လိုက်တယ်။

ယုန်ကလည်း ခွေးလိုက်မှန်းသိတော့ အစွမ်းကုန်ပြေးရှာတယ် ။
ကွေ့ပတ်ပြေးတယ် နည်းလမ်းမျိုးစုံအောင်
လှည့်ပတ်လို့ပြေးတယ်...။

ဒီလိုနဲ့ ယုန်ဟာ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်တော့...

" ဟေ့ ခွေးကောင်..
မင်း ငါ့ကို ဘယ်လိုလိုက်လိုက် မမိနိုင်ပါဘူး " လို့ လှမ်းပြောလိုက်တယ် ။ ခွေးက...

" ဘာဖြစ်လို့လဲ " လို့ ပြန်မေးတဲ့အခါ ယုန်ကဘာပြန်ပြောလဲဆိုတော့...

" မင်းက တစ်နပ်စာအတွက်လိုက်တယ်...
ငါက တစ်သက်စာအတွက် ပြေးရတာလေ...
အတွေးမတူတော့ အပြေးလည်း မတူဘူး " တဲ့။

* ဒီလိုပါပဲ *လူတိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကြတယ် ။

ဒါပေမဲ့..မတူညီတာက...
တချို့က...
တစ်ရက်စာပြေလည်ဖို့ပဲ အလုပ်လုပ်တယ် ။
တချို့က...
တစ်သက်စာပြေလည်ဖို့အတွက် အလုပ်လုပ်တယ် ။

ဘာပဲဖြစ်ဖြစ်...
ယုန်ကလေးတောင် တစ်သက်စာရှင်သန်ဖို့
ပြေးနိုင်ခဲ့သေးရင်...
ကိုယ်လည်း တစ်သက်စာပြေလည်ဖို့
အလုပ်တွေလုပ်နိုင်ရမယ်လေ ...

03/12/2023

ဘဝကအပြေးပြိုင်ပွဲတစ်ခုလိုပါပဲ🏃🏃🏃

အဲ့တော့ဘဝဆိုတဲ့အပြေးပြိုင်ပွဲတစ်ခုမှာ

ကိုယ်ဖြစ်တည်လာတဲ့ဘဝကို အပြစ်တင်ပြီး အရှုံးပေးမလား?

ကိုယ်ဖြစ်တည်တဲ့ဘဝကနေကြိုးစားရုန်းကန် အနိုင်ယူမလား?

video
Ni

" #အပြုံး"...ကိုယ့်အကြောင်းမကောင်းပြောနေတဲ့အခါလှပစွာ ပြုံးနေလိုက်ဖို့ကြိုးစားပါကိုယ့်အပေါ်ကိုကဲ့ရဲ့စောင်းမြောင်းနေတဲ့အခါ...
05/11/2023

" #အပြုံး"...

ကိုယ့်အကြောင်းမကောင်းပြောနေတဲ့အခါ
လှပစွာ ပြုံးနေလိုက်ဖို့ကြိုးစားပါ

ကိုယ့်အပေါ်ကို
ကဲ့ရဲ့စောင်းမြောင်းနေတဲ့အခါမှာလဲ...
တည်ငြိမ်စွာ ပြုံးနေလိုက်ဖို့ ကြိုးစားပါ

ကိုယ့်ကိုချည်းပဲ
ဆဲဆိုရိုင်းပြနေရင်လည်း
ရင့်ကျက်စွာ ပြုံးနေလိုက်ဖို့ ကြိုးစားပါ

"အပြုံး"ဆိုတာ
တစ်ဖက်လူကို အနိုင်ယူတဲ့
လက်နက်တစ်မျိုးပဲမဟုတ်လား?

ကိုယ့်ဘက်ကတွေးတောပြီး
လိုက်ခံစားနေမယ်ဆိုပါရင်
ကိုယ့်ရှုံးသွားတာပါပဲ----


04/11/2023

🍀🍀🍀သောကအိုးအိမ်🍀🍀🍀

ပူဆွေးသောက ငှက်များ သင့်ခေါင်းပေါ်က ဖြတ်သန်းသွားခြင်းကို သင်တားဆီနိုင်မည်မဟုတ်ပါ။

သို့သော် သင့်ခေါင်းပေါ်မှာ အသိုက်ဆောက် အခြေချမနေအောင်ကား သင်တားဆီးနိုင်ပါသည်။



🍀🍀🍀ယနေ့ကို ဂရုစိုက်ပါ🍀🍀🍀
03/11/2023

🍀🍀🍀ယနေ့ကို ဂရုစိုက်ပါ🍀🍀🍀

02/11/2023

🍀🍀🍀ဦးနှောက်နှင့် နှလုံးသား🍀🍀🍀

မိမိကိုယ်ကို စီမံခန်ခွဲရန်အတွက် ဦးနှောက်ကို အသုံးပြုပါ။

သူတစ်ပါးနှင့်ပတ်သက်၍မူ နှလုံးသားကိုသာသုံးစွဲပါ။

#အင်္ဂလိပ် ဒိုင်ဂျက်စ်


Address

Pakokku

Telephone

+959259556133

Website

Alerts

Be the first to know and let us send you an email when Nwe Ni posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nwe Ni:

Share