Henry Aung Myint

Henry Aung Myint as ELT Trainer-Digital Creator,
I create digital content for learning the English language weekly.

Henry Aung Myint(ဟန်နရီအောင်မြင့်) has been working as English Language Trainer at Shin Rai International Vocational Institute(SRIVI) since 2021 and as HR Assistant at DELCO LTD in Yangon, Myanmar. He was the former Dean & Lecturer at Hosanna Bible College (HBC), Yangon. He taught Biblical and theological studies, plus English languages, from May 2012 - February 15, 2015. He also had been a presid

ent of Yangon Laytu(Laitu) Chin Christian Fellowship (YLCCF), comprised of Laytu Chin theological students and non-students in Yangon. He is a Chin (Laytu) ethnic, originally from Mon Chaung village, Minbya, Township, Rakhine (formerly Arakan) State, Myanmar. He holds various professional Certificates, including TESOL Methodology, Journalism, and Media Literacy from the Open English Program, a TOT Training Certificate from Riveria(Finland), and a Certificate in Strategic Planning for Change from the Institute of Political and Civic Engagement (iPACE) at the American Center, Yangon. Practical English Translation Class from Peak Points Academy (Yangon) in 2018, Diploma in Business Management & Administration (ICM-UK), Certificate in Business Management & Administration (Strategy First Institute, Yangon) in 2016-2017, Certificate in Human Resources Management from Global Knowledge Management Institute(Yangon) in 2015. He graduated with B.Theol from Free Gospel Outreach Bible College(FGOBC) and M.Div from Berean Evangelical School of Theology (BEST), Yangon, Myanmar. He lives with his wife, Grace, son Issac and daughter, Rebecca, in Yangon, Myanmar.

ကွဲပြားစွာ သိထားသင့်သော English စကားလုံးများ ,   and
25/11/2024

ကွဲပြားစွာ သိထားသင့်သော English စကားလုံးများ

, and

Register for this event!
30/10/2024

Register for this event!

Do you want to know more about innovation in English language teaching? Whether you're an educator, learner or in organisation, the ELTons Festival of Innovation has sessions for you.

Join us online on Tuesday 19 November as we explore and celebrate the best of innovation in ELT!

Register now: https://bit.ly/47l4DMh

13/10/2024

Diploma in English Language Teaching (DELT) အတန်းကို ထပ်မံလျှောက်ထားနိုင်ပါပြီ။

အားလုံးပဲမင်္ဂလာပါ။

အင်္ဂလိပ်ဘာသာစကား သင်ကြားရေးနယ်ပယ်အတွင်းမှာ အင်္ဂလိပ်ဘာသာ လေ့လာသူအဆင့်မှ သင်ကြားသူဆရာအဖြစ် နောက်အဆင့်တက် လုပ်ကိုင်အသက်မွေးဖို့ စိတ်အားထက်သန်သူ လူငယ်တွေအတွက် ဒီပလိုမာအစီအစဉ်လေးကို နွေဦးတက္ကသိုလ်မှ ယူဆောင်လာပါပြီ။

ဒီအစီအစဉ်လေးဟာဆိုရင်တော့ School of Foreign Languages and Cultures မှ ဖွင့်လှစ်သွားမှာဖြစ်ပြီး ခုနောက်ပိုင်း ဦးစားပေး ရွေးချယ်စရာ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုအနေနဲ့ ကျောင်းသူလူငယ်များအကြား ပိုမို ရေပမ်းစားလာတဲ့ Diploma in English Language Teaching(DELT) ဒီပလိုမာ အစီအစဉ်လေးပဲဖြစ်ပါတယ်။

စာသင်ကြားရေးနယ်ပယ်ဖြစ်တာနဲ့အညီ မိမိကိုယ်တိုင် မည်မျှပင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးမြင့်နေပါစေ ၊ သင်ကြားရေး နည်းစနစ်ပိုင်နိုင်တဲ့ ဆရာ/မအဖြစ် အသက်မွေးဝမ်းကြောင်းပြုဖို့ရန် ဆရာအတတ်သင် လေ့လာမှုသိရှိထားမှုတွေဟာ မဖြစ်မနေလိုအပ်ပါတယ်။

ဒါ့ကြောင့် မိမိတို့ဝါသနာပါတဲ့ ဆရာအလုပ်ကို အတတ်ပညာ ဝမ်းစာပြည့်၀စွာနဲ့ အသက်မွေးဝမ်းကြောင်း ပြုနိုင်စေဖို့အတွက် ဒီပလိုမာပရိုဂရမ်လေးကို အမြန်ဆုံး လျှောက်ထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။

ကနဦးအနေနဲ့ အဆိုပါ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ ဆရာအတတ်ပညာ ဒီပလိုမာ (DELT) သင်တန်းလေးကို ကျောင်းသား၊ကျောင်းသူများအနေနဲ့ ပုံစံ(၂) မျိုးနဲ့ တက်ရောက်နိုင်မှာဖြစ်ကြောင်း ရှင်းပြလိုပါတယ်။

(၁) ပထမဆုံးနည်းလမ်းကတော့ Full Diploma Courseကို တက်ရောက်ပြီး ဘွဲ့ဒီဂရီကို ရယူနိုင်မယ့် နည်းဖြစ်ပါတယ်။ ဒီနည်းလမ်းမှာဆိုရင်တော့ အဆင့်မြင့်ပညာရပ်ဆိုင်ရာ ဒီပလိုမာ သင်တန်းဖြစ်တာနဲ့အညီ သင်တန်းကာလ အစ/ဆုံး ၈ လမှ ၁၀ လ ဝန်းကျင် ကြာမြင့်သွားမှာ ဖြစ်ပြီး Semester (၂) ခု ခွဲပြီး တက်ရောက်ကြရမှာပဲ ဖြစ်ပါတယ်။ အဓိက သင်ကြားပေးသွားမယ့် မော်ဂျူးခေါင်းစဥ်များနှင့် သင်တန်း အချိန်ကာလလေးတွေကတော့ -

✅ Semester 1 ဟာဆိုရင် October လ 2024 မှ February လ 2025 အထိ ကြာမြင့်သွားမှာ ဖြစ်ပြီး အဆိုပါကာလအပိုင်းအခြားမှာဆိုရင်တော့ ကျောင်းသား၊ကျောင်းသူများအနေနဲ့ -

Academic Writing ၊ Phonetics နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေအပါအဝင် ဘာသာရပ်ဆိုင်ရာ သင်ကြားရေးနယ်ပယ်အတွင်းက ဆရာ/ဆရာမများ မဖြစ်မနေ သိထားသင့်တဲ့ Four Skills သင်ကြားရေး ပညာရပ်များ နှင့် သက်ဆိုင်ရာ Communicative Skill (Public Speaking + Presentation) ကျွမ်းကျင်မှုတွေကို သင်ကြားသွားရမှာဖြစ်ပါတယ်။

✅ Semester 2 ဟာဆိုရင် March လ 2025 မှ June 2025 လ အထိ ကြာမြင့်သွားမှာ ဖြစ်ပြီး အဆိုပါကာလအပိုင်းအခြားမှာဆိုရင်တော့ ကျောင်းသား၊ကျောင်းသူများအနေနဲ့ -

Research Methodology ၊ Linguistics နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေအပါအဝင် ဘာသာရပ်ဆိုင်ရာ သင်ကြားရေးနယ်ပယ်အတွင်းက ဆရာ/ဆရာမများ မဖြစ်မနေ သိထားသင့်တဲ့ TELL ခေါ် Technology Enhanced Language Learning နဲ့ အခြားသော သင်ကြားရေးဆိုင်ရာ နည်းစနစ်ကောင်းတွေကို စာတွေ့၊လက်တွေ့ သင်ကြားသွားရမှာဖြစ်ပါတယ်။

ကျောင်းသား၊ကျောင်းသူများအနေနဲ့ အဆိုပါ နည်းလမ်းနဲ့ တက်ရောက်သင်ကြားမယ်ဆိုရင်တော့ သင်တန်းကာလ အစ/ဆုံးကို စိတ်အားထက်သန်စွာနဲ့ အချိန်ပေးသင်ကြားဖို့လိုအပ်မှာပဲ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ Full Diploma course ကို လျှောက်ထားချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါလင်ခ့်မှတဆင့် လျှောက်ထားနိုင်ပါတယ်။

Full Diploma course လျှောက်ထားရန်လင်ခ့် - https://ee-eu.kobotoolbox.org/single/oN7WGd4B?returnUrl=https://t.me/+hWedlKjnQfQ5OTNl

(၂) အထက်ဖော်ပြပါနည်းလမ်းအပြင် ဘွဲ့ဒီဂရီကို ရယူနိုင်မယ့် နောက်ထပ် ဒုတိယ နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ဒါကတော့ အထက်မှာဖော်ပြခဲ့တဲ့ Semester အသီးသီးက သက်ဆိုင်ရာ သင်ရိုးအကြောင်းအရာ (၁) ခုချင်းစီကို မိမိစိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းမှာဆိုရင်တော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ သင်ရိုးအကြောင်းအရာ (၁) ခုချင်းစီကို ရွေးချယ်တက်ရောက်ပြီး ဖော်ပြပါ သင်ရိုးအကြောင်းအရာ (၈) ခုကို အချိန်ကာလ (၂) နှစ်အတွင်းမှာ တက်ရောက်ပြီးစီးပြီး Final paper ပြုစုပြီးပါက ဘွဲ့ဒီဂရီကို ရယူနိုင်မှာပဲ ဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ကတော့ တန်းခွဲတစ်ခုစီကို မြန်မာငွေ (၃၅၀၀၀) ကျပ် အသီးသီး ကျသင့်မှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်အနေနဲ့ အချိန်အရမ်းမပေးနိုင်ဘူး ၊ Single course တွေတစ်ခုချင်းစီကို ရွေးချယ်တက်ရောက်ချင်တယ်ဆိုတဲ့သူတွေအနေနဲ့ အောက်ဖော်ပြပါလင်ခ့်မှတဆင့် Course တစ်ခုချင်းစီကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

Course တစ်ခုချင်းစီကို လျှောက်ထားရန်လင်ခ့် - https://ee-eu.kobotoolbox.org/single/599aBxGm?returnUrl=https://t.me/+hWedlKjnQfQ5OTNl

ဒီပလိုမာသင်တန်းကို (၁၀) လကြာ အချိန်ပေးတက်ရောက်သည်ဖြစ်စေ၊ သက်ဆိုင်ရာ သင်ရိုးအကြောင်းအရာ (၁) ခုချင်းစီကို မိမ စိတ်ကြိုက်ရွေးချယ်တက်ရောက်သည်ဖြစ်စေ ကျောင်းသား၊ကျောင်းသူများအနေနဲ့

📌 အင်္ဂလိပ် ဘာသာစကားဆိုင်ရာ သီအိုရီ နှင့် သင်ကြားရေးနည်းစနစ်တွေကို လက်တွေ့ မှာ ကောင်းစွာ ပြန်လည် အသုံးချရင်း ကျွမ်းကျင်သော ဆရာတစ်ဦးဖြစ်ဖို့ရန် အတတ်ပညာဝမ်းစာဖြည့်သွားနိုင်မယ်။

📌 ဘာသာစကားဆိုင်ရာ သင်ယူခြင်းနဲ့ သင်ကြားခြင်း နယ်ပယ်ကို သုတေသနရှုထောင့်မှတဆင့် ချဉ်းကပ်လေ့လာသွားနိုင်မယ်။

📌 အင်္ဂလိပ်ဘာသာစကားကို အထိရောက်ဆုံး သင်ကြားပို့ချပေးနိုင်ဖို့အတွက် မဖြ
စ်မနေ သိရှိထားရမယ့် အခြေခံ သင်ကြားရေးနည်းစနစ်တွေကိုလည်း ဝါရင့် ပညာရှင်များထံမှ သင်ယူသွားနိုင်မယ်။

📌 ဒါ့အပြင် နောက်ဆုံးအနေနဲ့ ရွယ်တူသင်တန်းသားများအကြား အင်္ဂလိပ်ဘာသာစကား သင်ကြားရေးဆိုင်ရာ အခြေခံသဘောတရား ၊ နည်းစနစ်များကို အတွေးဖလှယ်ဆွေးနွေးကြရင်း အပြန်အလှန် သင်ယူသွားနိုင်ကြမှာပဲဖြစ်ပါတယ်။

ဒီပလိုမာ အတန်းလေးကို လျှောက်ထားဖို့ဆိုရင်တော့ လျှောက်ထားမယ့်သူကျောင်းသား၊ကျောင်းသူများအနေနဲ့ သိထားသင့်တဲ့ ဝင်ခွင့် သတ်မှတ်ချက်ဆိုင်ရာ စာရွက်စာတမ်းလေးတွေရှိပါတယ်။

လျှောက်ထားရန် လိုအပ်ချက်များ

✅ အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့် အနည်းဆုံး Intermediate level ရှိရပါမယ် (ဝင်ခွင့်လျှောက်လာသော ကျောင်းသားများအနက်မှ ပဏာမ အရွေးချယ်ခံရသည့် ကျောင်းသားများ အနေဖြင့် နွေဦးတက္ကသိုလ်မှ အွန်လိုင်း အင်္ဂလိပ်အရည်အချင်းစစ် Test အား ဖြေဆိုရမည် ဖြစ်ပါသည်)
✅ နွေဦးတက္ကသိုလ်မှ Application Form (လျှောက်လွှာ) ကို ဖြည့်စွက်ရပါမယ်
✅ Statement of Purpose (စာလုံးရေ ၅၀၀ ကန့်သတ်ထားသော Essay)
✅ ကိုယ်ရေးအကျဉ်း နောက်ခံအချက်အလက် (CV) အစရှိတာတွေကို တင်သွင်းရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် အင်္ဂလိပ်ဘာသာစကားဆိုင်ရာ ဆရာအတတ်ပညာနှင့်ပတ်သတ်ပြီး အခြေခံကျသော အသိပညာ၊ကျွမ်းကျင်မှုနှင့် အတွေးအခေါ် အယူအဆများကိုလေ့လာဖို့ စိတ်အားထက်သန်တယ်ဆိုရင်တော့ သက်ဆိုင်ရာလင်ခ့်များမှတဆင့် Registration Deadline - အောက်တိုဘာလ 24 ရက် မြန်မာစံတော်ချိန်ည 11:59 နာရီမတိုင်ခင် အခုချက်ချင်းပဲ အမြန်ဆုံး စာရင်းပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဆရာ/မအဖြစ် အသက်မွေးဝမ်းကြောင်းပြုဖို့ နွေဦးတက္ကသိုလ်မှ ပထမဆုံးအကြိမ်ဖွင့်လှစ်မယ့် Diploma in English Language Teaching (DELT) သင်တန်းလေးမှ သင့်ကိုဖိတ်ခေါ်လိုက်ရပါတယ်။


Address

No. 20, Kayah 12 Street
Pale
11021

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:30 - 16:00

Website

https://aungmyintwritepreneur.blogspot.com/, https://www.threads.net/@aungmyintpro

Alerts

Be the first to know and let us send you an email when Henry Aung Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Henry Aung Myint:

Share