21/07/2022
ပုံထဲက လင်မယား နှစ်ယောက်ကို ကြည့်ပါ...
ခင်ပွန်းဖြစ်သူက
သူ့ဇနီးလက်ကို ကိုက်နေတဲ့
မြွေကို မမြင်ဘူး...
ထို့အတူပဲ ဇနီးကလည်း
ကျောက်တုံးကြီး
ခင်ပွန်းအပေါ် ပိနေတာကို မသိပြန်ဘူး...
ဇနီးက ထင်မယ်...
ငါ့မှာ မြွေကိုက်ခံရလို့ နာကျင်နေရတယ်...
သူ ဘာလို့ အားကုန် အပေါ် ဆွဲမတင်ရတာလဲ... ၊ ခင်ပွန်းအပေါ်
ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးကို
သူမ မတွေးမိဘူးလေ...
တဖက်မှာ
ခင်ပွန်းဖြစ်သူကလည်း
ငါ ဒီလောက် အားတင်းပြီး
ဆွဲပေးနေတာကိုတောင်
သူက ဘာလို့ အပေါ် ရောက်လာဖို့
သိပ်မကြိုးစားရတာလဲ?? လို့ တွေးနေမယ်... ဇနီးဖြစ်သူရဲ့ နာကျင်နေမှုကို
သူ မစဉ်းစားမိဘူး...
ဒီပုံလေးက
တကယ့်ဘဝတွေကို
အများကြီး ကိုယ်စားပြုနေပါတယ်...
လောကကြီးထဲမှာ
ဒီပုံ ထဲကလို
စုံတွဲတွေ အများကြီး ရှိနေပါတယ်...
တစ်ဖက်ရဲ့ ပေးဆပ်မှုကို မမြင်ဘဲ
ကိုယ်ပေးဆပ်နေရတာကိုပဲ
တွေးနေ၊ မြင်နေရင်
အဲဒီ လက်တွဲမှုဟာ
ခိုင်မြဲမှု အားနည်းနေပါလိမ့်မယ်...
ဒါကြောင့်
ကျွန်တော်တို့ ဘဝမှာ
ကိုယ့်ရဲ့ လက်တွဲဖော်ကို တွေ့တဲ့အခါ၊ လျှို့ဝှက်ချက်တွေ၊ မာန်မာနတွေ
ဘေးဖယ်ပြီး
တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းဖို့၊
အပြန်အလှန် နားလည်မှု ပေးကြဖို့
လိုအပ်ပါတယ်...
ဒါမှသာ ခက်ခဲ ကြမ်းတမ်းတဲ့
လောကဓံ ကြားမှာ
လက်တွဲမြဲမြံစွာနဲ့
တူတူ လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်...
Credit to Dr KST (3.2.19) with respect