Today Ayeaarwady New

Today Ayeaarwady New Today Ayeyarwady News

26/04/2024

မနက်ဖြန် (၂၇.၄.၂၀၂၄) နေ့တွင်
KG to G11 အောင်စာရင်းများ
ထုတ်ပြန်မည် ဖြစ်ပါသည်။

အောင်စာရင်းများကို
မနက် ၆ နာရီတွင်
စတင်ကြည့်ရှုနိုင်မည်ဟုသိရ

ရန်ကုန််တိုင်းလှည်းတန်းတံတားပေါ်မှ အမျိုးသမီးတစစ်ဉီးခုန်ချမူဖြစ်ပွားခဲ့ဟုသိရှိရပြီးApril 25 24 အနာဂတ်လင်းတန်း ပရဟိတအသင်း...
26/04/2024

ရန်ကုန််တိုင်းလှည်းတန်းတံတားပေါ်မှ အမျိုးသမီးတစစ်ဉီးခုန်ချမူဖြစ်ပွားခဲ့ဟုသိရှိရပြီး
April 25 24
အနာဂတ်လင်းတန်း ပရဟိတအသင်းမှ ရန်ကုန်ဆေးရုံပို့ဆောင်ပေးခဲ့ရကြောင်းသိရှိရ

ဂရုစိုက်စေဖို့ မျှဝေပေးတာပါ~အပူလွန်ကဲမူကြောင့် ဉီးနှောက်​သွေး​ကြောပြတ်ကာ၁၄နှစ်အရွယ်မိန်းကလေးငယ်တစ်ဉီးးသေဆုံးမူဖြစ်ပပွား~...
26/04/2024

ဂရုစိုက်စေဖို့ မျှဝေပေးတာပါ
~အပူလွန်ကဲမူကြောင့် ဉီးနှောက်​သွေး​ကြောပြတ်ကာ၁၄နှစ်အရွယ်မိန်းကလေးငယ်တစ်ဉီးးသေဆုံးမူဖြစ်ပပွား~~~~~~~~~~~~
25.4.2024
အပူလွန်ကဲမူ့ကြောင့် ဦးနှောက်သွေးကြောပြတ် ကွယ်လွန်
-အမရပူရမြို့ ယမ်းပျံရပ်ကွက်
-ကွယ်လွန်သူ မစုစုလှိုင်
-အသက် (၁၄)နှစ် သေဆုံးခဲ့

သီရိဆင်ကာပရဟိတလူမူကူညီရေးအသင်း
#သီရိဆင်ကာပရဟိတလူမူကူညီ‌ရေးအသင်း
#မန္တလေးတိုင်းဒေသကြီး- #အမရပူရမြို့

ဆီဆိုင်စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင်မှမွေးဖွားသည့် ရင်ချင်းဆက်အမွှာကလေး ခွဲစိတ်ကုသရန်တောင်ကြီးလွဲပြောင်းချိန် လမ်းတစ်ဝက်တွ...
26/04/2024

ဆီဆိုင်စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင်မှမွေးဖွားသည့် ရင်ချင်းဆက်အမွှာကလေး ခွဲစိတ်ကုသရန်တောင်ကြီးလွဲပြောင်းချိန် လမ်းတစ်ဝက်တွင်ဆုံးပါး.............
ခမ်းသားငေါဝ်း
ဧပြီ ၂၂၊၂၀၂၄

ဆီဆိုင်မြို့နယ် စလောင်းထောင်ကျေးရွာနေ ကိုယ်ဝန်ဆောင် တစ်ဦး စစ်ဘေးတိမ်းရှောင်ရင်း ရင်ချင်းဆက် အမွှာမိန်းကလေးမွေးဖွားခဲ့ပြီး ခွဲစိတ်ကုသနိုင်ရန်တောင်ကြီးမိခင်နှင့်ကလေးဆေးရုံသို့လွဲပြောင်းပေးစဥ်လမ်းတစ်ဝက်၌ဆုံးပါးသွားခဲ့ကြောင်းသိရသည်။

"ဟုတ်ဆုံးသွားပြီ တောင်ကြီးမိခင်နှင့်ကလေးဆေးရုံကိုလူမှုကူညီရေးအသင်းကပို့ပေးချိန် လမ်းတစ်ဝက်မှာသေဆုံးသွားတယ်"ဟုဖြစ်စဥ်သိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယင်းရင်ချင်းဆက် အမွှာကိုမွေးဖွားသည့်သူသည် ဖခင်ခွန်မောင်စိုး+မိခင်ဒေါ်နန်းခမ်းလှဖြစ်ပြီး ညောင်ရွှေမြို့နယ် နန်းပန်မြို့ အမှတ် ၃ ရပ်ကွက် ဈေးကုန်း၌ဖွင့်လှစ်ထားသည့် Maxပုဂ္ဂလိကဆေးရုံတွင် ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်ကအောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်းသိရသည်။

မွေးဖွားစဥ်တွင် မိခင်နှင့်ကလေးကျန်းမာသော်လည်း အကြောင်းအမျိုးမျိုးကြောင့်ချက်ချင်းမခွဲစိတ်ရသည့်အတွက် Maxပုဂ္ဂလိကဆေးရုံမှ တောင်ကြီးရှိမိခင်နှင့်ကလေးဆေးရုံသို့ ဧပြီလ ၂၀ ရက်နေ့မှာ နန်းပန်မြို့ စေလိုရာလူမှုကူညီရေးအသင်းကပြောင်းပေးစဥ်ဆုံးပါးခဲ့ကြောင်းသိရသည်။

26/04/2024

(၂၆.၄.၂၀၂၄) သောကြာနေ့မှ (၃.၅.၂၀၂၄) သောကြာနေ့ထိ တပတ်ခန့် အပူလှိုင်းဖြတ်ပါမယ်။ အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများ၊ ကလေးသူငယ်များ၊ အရက်သေစာသောက်တတ်သူများ သတိပြုကြပါ။ အေးတဲ့နေရာရွေးနေကြပါ။ မီးကြွင်းမီးကျန်များ သတိထားကြပါ။

၂၅.၄.၂၀၂၄ ၂၁ ၃၀အချိန်ရန်ကုန်တိုင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပင်လုံလမ်း ဘေလီတံတားပေါ်တွင် ကားတစ်စီးမီးလောင်မှုဖ...
26/04/2024

၂၅.၄.၂၀၂၄ ၂၁ ၃၀အချိန်ရန်ကုန်တိုင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
ပင်လုံလမ်း ဘေလီတံတားပေါ်တွင် ကားတစ်စီးမီးလောင်မှုဖြစ်ပွါး🚒🚒🚒

၂၁ ၃၉ အချိန် မီးငြိမ်းခဲ့ပါသည်။

သစ်ပင် ကို တန်ဖိုးထားပုံများ အားကျလိုက်တာCalifornia Redwoods Drive- Thru Tree 🌴
25/04/2024

သစ်ပင် ကို တန်ဖိုးထားပုံများ အားကျလိုက်တာ

California Redwoods Drive- Thru Tree 🌴

ငပုတောခရိုင်တွင် တစ်အိမ်တည်းနေထိုင်သည့် မယားကြီးမှမယားငယ်၏ လည်ပင်းကို ရဲဒင်းဖြင့်ခုတ်၅.၄.၂၀၂၄Written by TZဧရာဝတီတိုင်းဒေ...
25/04/2024

ငပုတောခရိုင်တွင် တစ်အိမ်တည်းနေထိုင်သည့် မယားကြီးမှမယားငယ်၏ လည်ပင်းကို ရဲဒင်းဖြင့်ခုတ်

၅.၄.၂၀၂၄
Written by TZ

ဧရာဝတီတိုင်းဒေသကြီးငပုတောခရိုင်် နဂုံးကျေးရွာတွင် အမျိုးသားတစ်ဦးမှ မယားကြီးနှင့်မယားငယ်တို့ကို တစ်အိမ်တည်းတွင်အတူတူပေါင်းသင်းနေထိုင်ရင်း စကားများကြရာက မယားကြီးမှ ရဲဒင်းဖြင့် မယားငယ်၏ လည်ပင်းကို ခုတ်လိုက်ကြောင်း သိရသည်။

ထိုဖြစ်စဥ်တွင် ဧပြီလ ၂၅ ရက် နံနက်ခင်းအချိန်၌ နဂုံးကျေးရွာမှ ဒဏ်ရာရရှိသည့် မယားငယ်ဖြစ်သူကို မော်တော်ဆိုင်ကယ်ဖြင့် လ/တောင် ဇက်ဆိပ်သို့ ပို့ဆောင်ပြီး ဒေသခံလူမှုကူညီရေးအသင်းမှ ဒဏ်ရာရရှိသည့် အမျိုးသမီးငယ်ကို မန်ကျည်းပင်ကုန်းတိုက်နယ်ဆေးရုံမှတစ်ဆင့် လပွတ္တာမြို့ ၃ မိုင် ကုတင် ၂၀၀ ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

တစ်အိမ်တည်း အတူတူနေကြတာ။ မယားကြီးနဲ့မယားငယ်ရန်ဖြစ်ပြီးတော့ စကားများတာ။ အဲ့ဒီမှာ မယားကြီးက မယားငယ်ကို ရဲဒင်းနဲ့ခုတ်လိုက်တာ။ တော်တော်လေး နက်တတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုတော့မဖွင့်ဘူးလို့တော့ ပြောတယ်”ဟု နဂုံးကျေးရွာတွင် နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။

ထိုကျူးလွန်သူ မယားကြီးမှာ အသက် ၄၀ ဝန်းကျင်ရှိကြောင်း၊ ကျူးလွန်ခံရသည့် မယားငယ်မှာ အသက် ၂၀ ကျော်ရှိပြီး ၎င်းတို့၏ အမျိုးသားမှာ အသက် ၃၀ ကျော်ရှိကြောင်း သိရ #ငပုတော #ရဲဒင်းဖြင့်ခုတ်MT.

သက်ရှိစွန့်ပြစ်မှု့😢😢😢အသက် ၆၂ နှစ်အရွယ်လေဖြတ်ထားတဲ့ အဘိုး ဦးသက်လွင် ကို ရထားသံလမ်းဘေးမှာ ဘေးတွဲနဲ့လာချသွားပါတယ်။နေရပ်မေ...
25/04/2024

သက်ရှိစွန့်ပြစ်မှု့😢😢😢

အသက် ၆၂ နှစ်အရွယ်လေဖြတ်ထားတဲ့
အဘိုး ဦးသက်လွင် ကို ရထားသံလမ်းဘေးမှာ ဘေးတွဲနဲ့လာချသွားပါတယ်။

နေရပ်မေးမရ ၊ မိသားစု မသိ
စွန့်ပစ်ချင်လို့ပြစ်တဲ့ပုံစံပဲမို့ အတည်ပြုပြီး ရိပ်သာတခုခုကိုပို့ဆောင်ပေးရပါမယ်။

သက်ရှိစွန့်ပစ်မှုများ ကင်းဝေးကြပါစေရှင်

ရွှေမေတ္တာ လူမှူကူညီရေးအသင်း
Shwe Lei

25.4.2024 လပွတ္တာယနေ့ မနက်ပိုင်းဧရာဝတီတိုင်းငပုတောမြို့နယ် ၊ နဂုံးကျေးရွာတွင်အမျိုးသမီး (၂)ဦး ခိုက်ရန်ဖြစ်ပွားပြီးရာမှလ...
25/04/2024

25.4.2024 လပွတ္တာ

ယနေ့ မနက်ပိုင်းဧရာဝတီတိုင်း

ငပုတောမြို့နယ် ၊ နဂုံးကျေးရွာတွင်

အမျိုးသမီး (၂)ဦး ခိုက်ရန်ဖြစ်ပွားပြီးရာမှ

လည်ပင်းပြတ်ရှဒဏ်ရာ ရရှိသွားသူ အမျိုးသမီးလူနာ အား

နှလုံးသားလူနာတင်ယာဥ်ဖြင့်

လ/တောင် ဇက်ဆိပ်မှ တဆင့်

၃မိုင် ကုတင် ၂၀၀ဆေးရုံသို့အရေးပေါ်ပို့ဆောင်ပေးခဲ့ရကြောင်းသိရှိရ April 25

Heart Laputta

၂၄.၄.၂၀၂၄ရက်နေ့ ၂၂:၂၀အချိ န်ခန့်ရန်ကုန်တာမွေမြို့နယ် အဝိုင်းထိပ် Yတံတားအောက် ၁၆၄လမ်းထိပ်တွင် Taxi ယာဉ်မောင်းတစ်ဦးဓားထိုး...
25/04/2024

၂၄.၄.၂၀၂၄ရက်နေ့ ၂၂:၂၀အချိ န်ခန့်ရန်ကုန်တာမွေမြို့နယ် အဝိုင်းထိပ် Yတံတားအောက် ၁၆၄လမ်းထိပ်တွင် Taxi ယာဉ်မောင်းတစ်ဦးဓားထိုးခံရကြောင်းသတင်းရ🚑🚑🚑

🔺အဆိုပါဖြစ်စဉ်ကြောင့်Taxiယာဉ်မောင်းအမျိုးသား(၁)ဦးထိုးသွင်းဒဏ်ရာဖြင့်သေဆုံးကာ ၎င်းလူနာအား မြန်မာမွတ်ဆလင်ပရဟိတအသင်းHSEယာဉ်ဖြင့်စံပြဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရပါတယ်

Photo-Crd

ပုသိမ်​ြမို့ကန်သုံးဆင့်တွင်အမျိုးသားတစ်ဉီးရေနစ်သေဆုံးမူဖြစ်ပွား၂၄.၄.၂၀၂၄) တွင်  ကုသိုလ်အ​ဖြစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်...
24/04/2024

ပုသိမ်​ြမို့ကန်သုံးဆင့်တွင်အမျိုးသားတစ်ဉီးရေနစ်သေဆုံးမူဖြစ်ပွား
၂၄.၄.၂၀၂၄) တွင် ကုသိုလ်အ​ဖြစ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အမှတ်(၃)

ရပ်ကွက် ကန်သုံးဆင့်ကန်တွင် ရေနစ်သေဆုံးသော

အမျိုးသားရုပ်အလောင်းအား လူငယ်အလင်း​ရောင်လူမှု

ကူညီရေးအဖွဲ့နှင့်အတူ ပုသိမ်ပြည်သူ့ ဆေးရုံကြီးO P D

မှတဆင့် ရင်ခွဲရုံသို့ ကုသိုလ်ယူ ပို့ဆောင်ပေးခဲ့ရကြောင်းသိရှိရပါသည်
Source...

မေတ္တာစမ်းရေလူမှုကူညီရေးအဖွဲ့(ပုသိမ်မြို့)။. #ပုသိမ်

အမြန်လမ်း 199 မိုင်မှာကောက်ရတဲ့ပစ္စည်းအားလုံးပိုင်ရှင်ထံပြန်လည်​းေပးအပ်ခဲ့တဲ့ အစ်ကိုလေးစားလျက်ပါ😍😍😍
24/04/2024

အမြန်လမ်း 199 မိုင်မှာကောက်ရတဲ့ပစ္စည်းအားလုံး
ပိုင်ရှင်ထံပြန်လည်​းေပးအပ်ခဲ့တဲ့ အစ်ကိုလေးစားလျက်ပါ😍😍😍

ခုမှတ်ပုံတင် နှင့် အခြားစာရွက်စာတမ်းပါ အိပ်၁ အိပ် ဆိုင်ရှေ့မှာ ကျကျန်ခဲ့လို့ သိမ်းထားပေးပါတယ်ရှင့်ပုသိမ် #မြေနုလမ်း *ဝင်...
24/04/2024

ခုမှတ်ပုံတင် နှင့် အခြားစာရွက်စာတမ်းပါ အိပ်၁ အိပ် ဆိုင်ရှေ့မှာ ကျကျန်ခဲ့လို့ သိမ်းထားပေးပါတယ်ရှင့်
ပုသိမ်
#မြေနုလမ်း *ဝင်းကမ္ဘာ စတိုး*

*ph- 09 250583194

*Please sharing လေးကူညီပေးပါအုန်းနော်😘

ယနေ့ရန်ကုန်တောင်ဉကလာဘက်မှာဖုန်းဆိုင်တစ်ဆိုင်ကိုသေနတိအတုဖြင့် ခြိမ်းခြောက်လုယက်မူဖြစ်ပွား ၆ ယောက်လာတယ်၊ ၄ ယောက်က ၂ဖွဲ့ ခွ...
23/04/2024

ယနေ့ရန်ကုန်တောင်ဉကလာဘက်မှာဖုန်းဆိုင်တစ်ဆိုင်ကိုသေနတိအတုဖြင့် ခြိမ်းခြောက်လုယက်မူဖြစ်ပွား ၆ ယောက်လာတယ်၊ ၄ ယောက်က ၂ဖွဲ့ ခွဲတယ်
၂ ယောက်က လမ်းဒီဘက်ထိပ်၊ ၂ ယောက်ကဟိုဘက်
ထိပ်မှာစောင့်နေတယ်။ ဆိုင်က ကာစတန်မာတွေရှင်းသွားတော့ 11pro max face ပြင်လို့ရလားမေးတယ်၊
service မလုပ်ဘူးပြောတော့ တခြား i phone တွေတလုံးပီးတလုံးမေးတယ်။ သူ့ကို မသ်ကာလို့ မပြနဲ့တော့လို့ ခလေးတွေကိုပြောပီး ဆိုင်ထောင့်မှာ တံမြတ်စည်းသွားလှည်းနေလိုက်တာ။ အဲ့ခါကြမှ ဆိုင်က ခလေးတွေကို ထုတ်ချိန်ပီး ဖုန်းထည့်ခိုင်းတယ်။ ဒီကောင့် ကိုယ်လုံးအနေအထားနဲ့ အစစ်သာဆို လက်က ဒီလောက်မြန်မြန် မ မနိုင်ဘူး။ ခလေးတွေကို ရပ်လိုက် အစစ်မဟုတ်ဘူးဆိုပီး ဒီကောင့်ကို
ဝင်လုံးတယ်၊ အဲ့ကြတော့ ဒီဘက်လမ်းထိပ်က ၂ ကောင်နဲ့ နောက်တကောင်က ထပ်ချိန်တယ်။ ဒီကောင်နဲ့လုံးထွေးနေရင်း ခလေးတွေက အော်တော့ ကျန်တဲ့သူတွေရော ဒီကောင်ရောထွက်ပြေးသွားတာ။ တယောက်ထဲလိုက်တာမို့လို့ ဒီတကောင်ကိုပဲ မိတယ်။ မြောက်ဥ ဘက်ကလို့ပြောပါသည်။ အခုတော့ စခန်းအပ်လိုက်ပါပီ။ crd

ဧရာဝတီရဲ့အလှတရာ း ဂေါ်ရန်ဂျီရဲ့ ကျောက်ဆင်မိသားစု Photo ကိုကွေကာ
23/04/2024

ဧရာဝတီရဲ့အလှတရာ း ဂေါ်ရန်ဂျီရဲ့ ကျောက်ဆင်မိသားစု Photo ကိုကွေကာ

စစ်တောင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသား ၁ ဦးအလောင်းပြန်တွေ့တောင်ငူ၊ ဧပြီ ၂၃၊ ၂၀၂၄။ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင...
23/04/2024

စစ်တောင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသား ၁ ဦးအလောင်းပြန်တွေ့

တောင်ငူ၊ ဧပြီ ၂၃၊ ၂၀၂၄။

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အပိုင် စစ်တောင်းမြစ်ထဲမှာ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသား ၁ ဦးရဲ့အလောင်းကို ဧပြီလ ၂၃ ရက် ဒီမနက်ပိုင်းမှာပြန်တွေ့ခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ STT RESCUE - တောင်ငူ ဆီက သိရပါတယ်။

တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်က အသက် ၁၈နှစ် အရွယ် မောင်ကောင်းဆက်ဟာ ဒေသအခေါ် ‘အလယ်ကျွန်း’ မြစ်ဆိပ်နေရာမှာ ဧပြီလ ၂၁ ရက် ညနေ ၆ နာရီလောက်က ရေနစ်ပျောက်ဆုံးခဲ့ပြီး ဒီမနက် ၇ နာရီလောက်မှာ အလောင်းကိုပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

"ဒီနေ့မနက်ပိုင်း အလောင်းကိုပြန်တွေ့တယ်။ သူရေနစ်တဲ့အနားကပဲပြန်တွေ့တယ်။ ဘယ်လိုကြောင့် ရေနစ်တယ်ဆိုတာတော့ မသိရသေးပါဘူး" လို့ STT RESCUE အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

စတင်ရေနစ်ပျောက်ဆုံးတဲ့အချိန်ကတည်းက ရှာဖွေမှုတွေလုပ်ခဲ့ပေမယ့် မတွေ့ရှိဘဲ ဒီမနက်ပိုင်းမှ အလယ်ကျွန်းတဝိုက်မှာတွေ့ခဲ့ကာ အလောင်းကိုတော့ တောင်ငူပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကလည်း ပဲခူးအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်အပိုင် စစ်တောင်းမြစ်ထဲမှာ အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။

သတင်း - စောကျော်ငြိမ်း၊ စာတည်း - လင်း
မြေလတ်သံ

ပျောက်နေသည့်ကလေးအား ရေနစ်သေဆုံးလျက်တွေ့---------------------ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက်(၄)က ပျောက်ဆုံးသွားတဲ့...
23/04/2024

ပျောက်နေသည့်ကလေးအား ရေနစ်သေဆုံးလျက်တွေ့
---------------------
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက်(၄)က ပျောက်ဆုံးသွားတဲ့ အသက် ၇ နှစ်အရွယ်ကလေးကို ပျောက်ဆုံးပြီး ၁၆ ရက်အကြာ ဧပြီ ၂၂ ရက် မနက်ပိုင်းက ခတ်ချိုကျေးရွာမြစ်ဆိပ်မှာ ရေနစ်သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

အဲဒီမြစ်ဆိပ်မှာ ကလေးငယ်အလောင်းတစ်လောင်းတွေ့ရကြောင်း ဒေသခံတွေက အကြောင်းကြားလို့ သွားရောက် ကြည့်ရှုရာမှာ လွန်ခဲ့တဲ့ ၁၆ ရက်လောက်က ပျောက်ဆုံးနေတဲ့ အသက် ၇ နှစ်အရွယ် ယောကျ်ားလေးဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူကလေးငယ်ရဲ့ နေအိမ်ဟာ ဝိုင်းမော်မြို့ ဧရာဝတီမြစ်ကမ်းနံဘေးမှာ ရှိတာဖြစ်ပြီး ကလေးဟာ ဧပြီလ ၇ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်က နေအိမ်ရှေ့မှာဆော့ကစားနေရာကနေ ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ ပတ်ဝန်းကျင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၇ ရက်နေ့တစ်နေ့တည်းမှာဘဲ စန်းကားကျေးရွာက အသက် ၇ နှစ်အရွယ် ကလေးငယ်၂ ယောက်ဟာ နောင်းချိန်ကျေးရွာ၊ ညောင်ပင်သာအပန်းဖြေစခန်းက ရေကန်မှာ ရေနစ်သေဆုံးခဲ့တဲ့အပြင် မုတ်လွှကျေးရွာ၊ ဘုန်းကြီးကျောင်းမှာ ယာယီတိုက်ပွဲရှောင် ခိုလုံနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ် ၃ ယောက်လည်း ဧရာဝတီမြစ်ထဲမှာ ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ one news

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Today Ayeaarwady New posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share