Delta News Agency

Delta News Agency DNA ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ ခေတ်ပြိုင်အခြေအနေတွေကို သတင်းစာပညာနဲ့ မှတ်တမ်းတင်နေတဲ့ သတင်းဌာနတခု ဖြစ်ပါတယ်။

တာမွေနဲ့ လှိုင်တို့မှာ မတရား ဖမ်းဆီးခံရတဲ့ အများဆုံး မြို့နယ်တွေဖြစ်ပြီး ဖမ်းဆီးခံရသူ ၉ ဦးစီရှိခဲ့ပြီး ရန်ကုန်တိုင်း အတ...
07/08/2026

တာမွေနဲ့ လှိုင်တို့မှာ မတရား ဖမ်းဆီးခံရတဲ့ အများဆုံး မြို့နယ်တွေဖြစ်ပြီး ဖမ်းဆီးခံရသူ ၉ ဦးစီရှိခဲ့ပြီး ရန်ကုန်တိုင်း အတွင်းက ၁၉ မြို့ နယ်မှာ မတရားဖမ်းဆီးမှုတွေ ရှိခဲ့တာလို့ ဆိုပါတယ်။

၇၊ဩဂုတ်

ပြီးခဲ့တဲ့ ဇူလိူင်လအတွင်း ရန်ကုန်မြို့မှာ မတရားဖမ်းဆီးခံရ သူအရေအတွက် ၉၀ ထက် မနည်း ရှိတယ်လို့ မြေပြင်အခြေအနေ စောင့်ကြည့် သတင်းအချက်အလက် ဖြန့်ဝေပေးနေတဲ့ Ragoon Scout Network (RSN) အဖွဲ့က ထုတ်ပြန်ပါတယ်။

လက်ရှိ စုစည်းရမိတဲ့ အချက်အလက်တွေအရ မတရား ဖမ်းဆီးခံရတဲ့ သူတွေထဲက ၂ ဦးပဲ ပြန်လွတ်လာခဲ့ပြီး ၁၅ ဦးက ပြန်မလွတ်ပဲ ၇၃ ဦးရဲ့ နောက်ဆက်တွဲ အခြေအနေ မသိရတော့ဘူးလို့ ဖော်ပြထားပါတယ်။

“မြေပြင်မှာ လူမသိ၊ သူမသိနဲ့ ဖမ်းဆီးခေါ်ဆောင် ခံရတာတွေလည်း ရှိနေတယ်။ လူငယ်တွေ အတွက် ပေါ့လျော့လို့ မရတဲ့ အခြေအနေ အဖြစ်နဲ့ ရှိနေတုန်းပဲ " လို့ အသက် ၄၀ အရွယ် ရန်ကုန် ဒေသခံ တဦးက ပြောပါတယ်။

တာမွေနဲ့ လှိုင်တို့မှာ မတရား ဖမ်းဆီးခံရတဲ့ အများဆုံး မြို့နယ်တွေဖြစ်ပြီး ဖမ်းဆီးခံရသူ ၉ ဦးစီရှိခဲ့ပြီး ရန်ကုန်တိုင်း အတွင်းက ၁၉ မြို့ နယ်မှာ မတရားဖမ်းဆီးမှုတွေ ရှိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ လမ်းသွား၊လမ်းလာ လူငယ်တွေကို အရပ်ဝတ်နဲ့ သူတွေက ဖမ်းဆီးခေါ်ဆောင်တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့် နေကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အဲဒီလို ဖမ်းဆီး ပေါ်တာဆွဲတာနဲ့ ပတ်သတ်ပြီး စစ်မှုထမ်းဖို့ တိမ်းရှောင်နေလို့ စောင့်ဖမ်းရတာလို့ ပြည်ထဲရေး ဒုဝန်ကြီးက အကြောင်းပြ ဖြေရှင်းထားပါတယ်။

ရန်ကုန်မြို့က မြေပြင်မှာ ရှိနေသူတွေရဲ့ ပေးပို့တဲ့ အချက်အလက် ဖြစ်ရပ်တွေနဲ့ စုဆောင်းရမိတဲ့ သတင်းတွေအရ ဇူလိုင်တလထဲ မတရား ဖမ်းဆီးခံရသူ ၉၀ ဦးရှိပြီး တခြားမသိလိုက်တာတွေရှိနိူင်တဲ့အတွက် အရေအတွက်ကဒီ ထက်ပိုများနိုင်တယ်လို့ RSNက ဆိုပါတယ်။

#ရန်ကုန် #မတရားဖမ်းဆီးခံရသူ #စစ်အာဏာသိမ်း #ပေါ်တာဆွဲ

“မြစ်ကျိုးရွာ အနီးတဝိုက်နဲ့ လေးမျက်နှာမြို့ပေါ်က လူတွေဆို သိပ်အကူအညီ မရကြဘူး။ အရေးကြီးဆုံးက စားနပ်ရိက္ခာပဲ၊ ရေကျသွားပေမယ...
07/08/2026

“မြစ်ကျိုးရွာ အနီးတဝိုက်နဲ့ လေးမျက်နှာမြို့ပေါ်က လူတွေဆို သိပ်အကူအညီ မရကြဘူး။ အရေးကြီးဆုံးက စားနပ်ရိက္ခာပဲ၊ ရေကျသွားပေမယ့် အလုပ်အကိုင်တွေလည်း အတည်ကျမှာ မဟုတ်သေးတော့ လက်လုပ်လက်စားတွေ အတွက် စားနပ်ရိက္ခာတွေ ဆက်ပေးနေဖို့ လိုသေးတယ်”

Website တွင်လည်း ဖတ်ရှူနိုင်ပါတယ်။> https://deltanewsagency.com/61363/

၇၊ ဩဂုတ်။

ငဝန်မြစ် တာဘောင်ကျိုးခဲ့တဲ့အတွက် ရေကြီးနေတဲ့ လေးမျက်နှာနဲ့ အိုင်သပြု အနီးတဝိုက် ဒီကနေ့ မနက်ပိုင်းမှာ ရေအနည်းငယ် ပြန်ကျနေပြီး ငဝန်မြစ်ကမ်းဘေး ငါးသိုင်းချောင်းမြို့ပေါ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေမှာ ရေတက်နေပြီး ဒေသခံတချို့မှာ စတင်ရွှေ့ပြောင်းနေရပြီ ဖြစ်ပါတယ်။

“အိုင်သပြုလမ်းဆုံမှာ ရေတပေကျော်လောက် ပြန်ကျသွားတယ်။ ဒါပေမယ့် အကုန်မကျသေးတော့ ကားတွေ သွားလာလို့ အဆင်မပြေသေးဘူး။ အိမ်တွေလည်း မြုပ်နေတုန်းပဲ။ တာပေါက်ကို မပိတ်နိုင်သေးဘူး။ မြစ်ရေကျလို့ ရေကျသွားတာ ထင်တယ်”လို့ အိုင်သပြုအနီးတဝိုက် ရေဘေးကူညီရေး လုပ်နေသူတဦးက ပြောပါတယ်။

ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ ညကတည်းက ကျိုးသွားခဲ့တာဖြစ်ပြီး အခုအခါ တာပေါက် အကျယ် ပေ ၂၉၀ ဝန်းကျင်ရှိနေပြီး ရေကြီးနေတာဟာလည်း တပတ်ကျော်ရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာ လေးမျက်နှာနဲ့ အိုင်သပြုတဝိုက်ရေအနည်းငယ်ပြန်ကျပေမယ့် အနိမ့်ပိုင်းဒေသတွေဖြစ်တဲ့ အိုင်သပြု - ငသိုင်းချောင်းလမ်းတလျှောက်ကျေးရွာတွေ၊ ငါးသိုင်းချောင်း မြို့ပေါ်ရပ်ကွက်အချို့၊ ရေကြည်၊ ဟင်္သာတမြို့နယ်တို့ အတွင်းမှ ကျေးရွာတွေမှာတော့ ရေတက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ငသိုင်းချောင်းမြို့ကို မနေ့ကတည်းက ရေစဝင်နေခဲ့တာဖြစ်ပြီး အခုအခါ ငသိုင်းချောင်းမြို့အဝင် မြစ်ကျိုးအင်းအနီး ဝန်းကျင်ရှိ နေအိမ်တွေ ရွှေ့ပြောင်းနေကြရပြီဖြစ်ကာ ရွှေဘိုရပ်ကွက်၊ ငဝန်ရပ်ကွက်တို့ဟာလည်း ရေကြီးနေပြီလို့ ငသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။

“ရေက တအိအိတက်နေတာ။ အတက်လည်း မြန်နေတယ်။ လူတွေ စရွှေ့နေကြပြီ။ တချို့ အနိမ့်ပိုင်းတွေမှာ ရေက ခါးလောက် ရောက်နေပြီ။ မြို့ထဲလမ်းတွေလည်း ရေရောက်နေတယ်” လို့ သူကပြောပါတယ်။

လက်ရှိမှာ ငသိုင်းချောင်းမြို့နဲ့ အနီးတဝိုက်ကျေးရွာတွေအပြင် လေးမျက်နှာမြို့နယ်နဲ့အစပ် ဟင်္သာတမြို့နယ် တလု တ္ထော်၊ ခမောက်စုတို့အနီးပတ်လည်ရှိ ကျေးရွာပေါင်း နှစ်ဆယ်ကျော်၊ ကျုံပျော်မြို့နယ်အတွင်းက ဇရပ်လှ၊ ဒိုက် ပျက်၊ ပုလဲကွင်းစတဲ့ ကျေးရွာနှစ်ဆယ်နီးပါးတို့မှာပါ ရေကြီးနေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီရေကြီးနေတဲ့ဒေသတွေမှာ ဖုန်းလိုင်းအဆက်အသွယ်လည်း မရတာကြောင့် ကူညီကယ်ဆယ်ရေးအလုံအ လောက်မရောက်နိုင်သေးတဲ့ကျေးရွာတွေလည်း ရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတို့ အရေးတကြီးလိုနေတယ်လို့ မြေပြင်ကူညီနေသူတွေက ပြောကြပါတယ်။

“မြစ်ကျိုးရွာ အနီးတဝိုက်နဲ့ လေးမျက်နှာမြို့ပေါ်က လူတွေဆို သိပ်အကူအညီ မရကြဘူး။ အရေးကြီးဆုံးက စားနပ်ရိက္ခာပဲ၊ ရေကျသွားပေမယ့် အလုပ်အကိုင်တွေလည်း အတည်ကျမှာ မဟုတ်သေးတော့ လက်လုပ်လက်စားတွေ အတွက် စားနပ်ရိက္ခာတွေ ဆက်ပေးနေဖို့ လိုသေးတယ်” လို့ ဟင်္သာတဒေသခံ ရေဘေးကူညီပေးနေသူတဦးက ပြော ပါတယ်။

လေးမျက်နှာမြို့နယ်တခုတည်းမှာ မနေ့က ဩဂုတ်လ ၄ ရက်နေ့ညနေပိုင်းထိ ရထားတဲ့အချက်အလက်တွေအရ ရေဘေးသင့်ပြည်သူ ၃၂၀၀၀ ကျော် ရှိနေတယ်လို့ စစ်အစိုးရထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ လက်တွေ့ မှာတော့ လေးမျက်နှာအပြင် ရေကြည်၊ ဟင်္သာတ၊ ကျုံပျော်မြို့နယ်တို့မှာ ရေဘေးသင့်ပြည်သူတွေရှိနေတာ ကြောင့် အဒီစာရင်းတွေထက် ပိုနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

ဒါ့အပြင် လေးမျက်နှာမြို့နယ်အတွင်းက စပါးခင်းဧက တသောင်းကျော် ရေလွှမ်းနေပြီး ၁၄ ရက်အတွင်း ရေပြန် ကျသွားရင် စပါးခင်းတွေ မပျက်စီးနိုင်ဘူးလို့လည်း စစ်အစိုးရက ဆိုထားပါတယ်။ ဒေသခံလယ်သမားတွေကတော့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်အပေါ် ဝေဖန်ထားပြီး ရေပြန်ကျဖို့ ကြာနိုင်တာကြောင့် စပါးခင်းတွေ လုံး၀ဆုံးရှုံးရတော့ မယ်လို့ ဆိုထားပါတယ်။

အခုရေကြီးနေတာဟာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်နိမ့်ဆင်း၊ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ ကျိုးပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တာ ဘောင်အပေါက်ဟာ ပေ ၂၉၀ လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီတာဘောင်ကို မပိတ်နိုင်သရွေ့ ရေဟာ ကာလရှည်ကြာကြီးနေနိုင်တာကြောင့် အခုရေဘေးကို အစိုးရအနေနဲ့ အထူးစီမံချက်ချမှတ်ကာ ဆောင်ရွက်ဖို့လိုတယ်လို့ ကူညီပေးနေသူတွေက ပြောထားကြပါတယ်။

#လေးမျက်နှာ #အိုင်သပြု #ရေအနည်းငယ်ပြန်ကျ #ငါးသိုင်းချောင်းမြို့ပေါ် #ရေတက်

ရန်ကုန်မြစ်မှာ ၂၀၁၄ နဲ့ ၂၀၁၅တုန်းက အခြေခံ ရေစစ်မျဥ်း အထက်အမြင့်  ၂၂ ပေ လောက်အထိ ထူးကဲဒီရေ တက်ခဲ့ဖူးပါတယ် ။ Website တွင်လ...
07/08/2026

ရန်ကုန်မြစ်မှာ ၂၀၁၄ နဲ့ ၂၀၁၅တုန်းက အခြေခံ ရေစစ်မျဥ်း အထက်အမြင့် ၂၂ ပေ လောက်အထိ ထူးကဲဒီရေ တက်ခဲ့ဖူးပါတယ် ။

Website တွင်လည်း ဖတ်ရှူနိုင်ပါတယ်။> https://deltanewsagency.com/61360/

၇၊ ဩဂုတ်

ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ရန်ကုန်မြစ်ရဲ့ အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၂၇ ပေ ကနေ ၂၁ ဒသမ ၁၆ ပေအထိ သာမန်ထက် ထူးကဲဒီရေ တက်နိုင်တဲ့အတွက် မြစ်ကမ်းဘေးနေထိုင်သူတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့ မြန်မာဆိပ်ကမ်း အာဏာပိုင်က သတိပေးထားပါတယ်။

“အရင်ဒီရေတက်တုန်းကတော့ ကမ်းနားလမ်းပေါ်အထိ ရေလွှမ်းတာကြုံရတယ်။ မြို့ထဲပိုင်းက သိပ်ပြဿနာမဟုတ်ဘူး။ ဒလဖက်ခြမ်းက အိမ်တွေတော့ကမ်းပြိုတာဖြစ်တတ်လို့ သတိတော့ထားရလိမ့်မယ်" လို့ ဒလမြို့နယ်မှာနေသူတဦးက ပြောပါတယ်။

ရန်ကုန်မြစ်မှာ ၂၀၁၄ နဲ့ ၂၀၁၅တုန်းက အခြေခံ ရေစစ်မျဥ်း အထက်အမြင့် ၂၂ ပေ လောက်အထိ ထူးကဲဒီရေ တက်ခဲ့ဖူးပါတယ် ။ အခုတက်နိုင်တဲ့ ပေအမြင့်မှာ စိုးရိမ်စရာ မရှိပေမယ့် မြစ်ကမ်းနားအနီး နေထိုင်သူတွေ အနေနဲ့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားဖို့ လိုမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထားတာ ဖြစ်ပါတယ်။

အခုလို ထူးကဲဒီရေ တက်နိုင်တဲ့ ရက်အတွင်း ဗိုလ်တထောင်ကမ်းနားကို သွားရောက် လည်ပတ်သူတွေ မတော်တဆ ဖြစ်နိုင်စရာ ရှိတဲ့အတွက် သတိထားဖို့ လိုမယ်လို့လည်း ဒလမြို့ခံတွေက ပြောပါတယ်။

#ရန်ကုန်မြစ်အတွင်း #ထူးကဲဒီရေ #တက်မယ် #သတိပေး

အနုဆွန်တမာဟိုင်ဟာ အဲ့ဒီမတိုင်ခင်မှာ အဆိုပါအခမ်းအနားကို လေ့လာဖို့နဲ့ လွှတ်တော်ဥက္ကဌကနေတဆင့် ဦးမင်းအောင်လှိုင်ဆီကို စာတစော...
07/08/2026

အနုဆွန်တမာဟိုင်ဟာ အဲ့ဒီမတိုင်ခင်မှာ အဆိုပါအခမ်းအနားကို လေ့လာဖို့နဲ့ လွှတ်တော်ဥက္ကဌကနေတဆင့် ဦးမင်းအောင်လှိုင်ဆီကို စာတစောင်ပေးဖို့ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။

Website တွင်လည်း ဖတ်ရှူနိုင်ပါတယ်။> https://deltanewsagency.com/61356/

၇ ၊ ဩဂုတ်

ဒီကနေ့ ဩဂုတ်လ ၇ရက်နေ့ မနက်ပိုင်းက မြန်မာစစ်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင် ထိုင်းလွှတ်တော်ကို ရောက်လာချိန် People’s Party ပြည်သူ့ပါတီ လွှတ်တော်အမတ် အနုဆွန်တမာဟိုင်က အော်ဟစ်ဆန္ဒပြခဲ့ပါတယ်။

ရုပ်သံဗီဒီယိုဖိုင်တွေအရ ဦးမင်းအောင်လှိုင်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ ဓာတ်ပုံရိုက်ကူးဖို့ ရပ်နေချိန်မှာပဲ
အဆိုပါ လွှတ်တော်အမတ်က ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှု စတဲ့ စကားလုံးတွေကို ထပ်တလဲလဲ အော်ဟစ်ပြောဆိုခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ လုံခြုံရေးတွေက လွှတ်တော်အမတ် အနုဆွန်တမာဟိုင် ကို အခမ်းအနားနေရာကနေ အပြင်ဆွဲထုတ်သွားခဲ့ပါတယ်။

အနုဆွန်တမာဟိုင်ဟာ အဲ့ဒီမတိုင်ခင်မှာ အဆိုပါအခမ်းအနားကို လေ့လာဖို့နဲ့ လွှတ်တော်ဥက္ကဌကနေတဆင့် ဦးမင်းအောင်လှိုင်ဆီကို စာတစောင်ပေးဖို့ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။

အဲဒီစာထဲမှာ နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို အရေးပေါ်အရေးယူဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ကူညီပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုကို ခံနေရပြီး သူတို့က လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် မြန်မာစစ်တပ်ကို ပိုမိုဖိအားပေးဖို့ တောင်းဆိုထားကြပါတယ်။

Ref - Khaosod English

07/08/2026

သံတွဲကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုမရှိဆိုပြီး သတင်းမှားဖြန့်

Akyab Post/The Red Flag/MFCN
7 Aug 2026

အခုရက်ပိုင်းစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည်၊ သံတွဲမြို့နယ်မှာ စစ်တပ်ဖက်မှနေ လေကြောင်းတိုက်ခိုက်မှုမရှိဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ”ချန်နယ်ကနေ ဩဂုတ်လ ၃ ရက်နေ့မှာ “ သံတွဲမြို့ကို စစ်ကောင်စီလေယဉ်အုပ်စုလိုက် ဗုံးကြဲနေဟု အရေးပေါ်ထုတ်ပြန်” ဆိုပြီး Western News က ရေးသားထားတဲ့ သတင်းကို “ဒ်ီသတင်းက သတင်းမှားပါ” ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။

သတင်းမှား - https://archive.ph/J7y3z

ဒီပို့စ်ကို Akyab Post ကနေ စစ်ဆေးထာတဲ့ ဩဂုတ်လ ၆ ရက်နေ့ထိ ဝင်ရောက်ဖတ်ရှုသူ ၁၅၇၀၀ ကျော် reaction 559 ဦးနဲ့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ သံတွဲမြို့နယ်မှာ စစ်ကောင်စီဖက်မှနေ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာကို တွေ့ရပါတယ်။

သတင်းစိစစ်ချက်

ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။

Google မှာ သံတွဲလေကြောင်းတိုက််ခိုက်မှုဆိုတဲ့ keywords နဲ့ ရိုက်ပြီး ရှာကြည့်လိုက်တဲ့အခါမှာ ဩဂုတ်လ ၄ ရက်နေ့မှာ BNI သတင်းဌာနမှနေ “သံတွဲ၊ ငပလီ ဗုံးကြဲခံရမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ” ဆိုပြီးတော့ ရေးထားတဲ့ သတင်းကို တွေ့ရပါတယ်။

BNI သတင်းဌာနရဲ့ ရေးသားချက်မှာ “ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် အလုံး ၂၀ ခန့် ပျက်စီးသွားသည်။” လို့ ဖော်ပြထားပါတယ်။

BNI - https://www.bnionline.net/mm/news-116398

ဒါ့အပြင် ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ “Shwe Phee Myay News Agency” မှနေ ဩဂုတ်လ ၄ ရက်နေ့မှာ “သံတွဲမြို့နယ်ထဲ လေကြောင်းကနေ ဗုံးအလုံး ၆၀ နီးပါး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရပြီး သိန်း ၃ ထောင်ကျော် ပျက်စီးဆုံးရှုံး” ဆိုပြီးတော့ ရေးသားထားပါတယ်။

“Shwe Phee Myay News Agency” ရဲ့ ရေးသားချက်မှာ “သံတွဲမြို့နယ် ငပလီမြို့ ဂျီတ္တော ၉ ရပ်ကွက်ထဲ မနေ့ ဩဂုတ် ၃ ရက် မနက် ၁၀ နာရီခွဲကစပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ Y-12 ၁ စီး အသုံးပြုပြီး ဗုံးအလုံးရေ ၆၀ နီးပါး ဆက်တိုက် ကြဲချတိုက်ခိုက်သွားပြီးတော့၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၁ နှစ်အရွယ် ဦးကျော်သူနိုင်နဲ့ ၆၀ အရွယ် ဒေါ်မစန်းမြင့်တို့နှစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြတယ်” လို့ ဖော်ပြထားပါတယ်။​

Shwe Phee Myay News Agency - https://www.facebook.com/share/p/1Ktpz1NQKc/

ဒါ့အပြင် ဒီသတင်းကို ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ BNA သတင်းဌာနေမှနေ ဩဂုတ်လ ၄ ရက်နေ့မှာ “သံတွဲမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရ” လို့ ရေးသားဖော်ပြထားပါတယ်။

BNA - https://www.facebook.com/watch/?v=2044583196148458

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာ စစ်ကောင်စီကသံတွဲမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ သံတွဲမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရရှိတာကို တွေ့ရပါတယ်။

ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိတာကို ဖုံးကွယ်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုမရှိဘူးဆိုပြီး သတင်းတု သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။​

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2

(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm

လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web - https://myanmarfactcheckingnetwork.org/

Fb - https://www.facebook.com/myanmarfactcheckingnetwork

Post

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သံသယရှိသူ ကျောင်းသားရဲ့ ပစ္စည်းတွေကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးရာမှာ သူ့ရဲ့ လွယ်အိတ်ထဲကန...
07/08/2026

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သံသယရှိသူ ကျောင်းသားရဲ့ ပစ္စည်းတွေကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးရာမှာ သူ့ရဲ့ လွယ်အိတ်ထဲကနေ ကျည်ဆန် အမြောက်အမြားကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

၇ ၊ ဩဂုတ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်သဘူရီက Debsirin Nonthaburi စာသင်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် သေနတ်သမား ကျောင်းသား အပါအဝင် ဆရာ ဆရာမ ၃ ယောက်နဲ့ ကျောင်းသား ၃ ယောက်၊ စုစုပေါင်း ၇ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ သံသယရှိသူ လူငယ်ကျောင်းသားကိုတော့ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးလျက် တွေ့ရှိခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သံသယရှိသူ ကျောင်းသားရဲ့ ပစ္စည်းတွေကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးရာမှာ သူ့ရဲ့ လွယ်အိတ်ထဲကနေ ကျည်ဆန် အမြောက်အမြားကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံတလွှား ကျောင်းသားတွေကြားမှာ တော်တော်လေး ထိပ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့၊ ကြက်ခြေနီနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကျောင်းဝင်းအနီးအနားကို ကန့်သတ်ထားပြီး ကျောင်းထဲမှာ၊ ပိတ်မိနေသူတွေကို ဘေးကင်းကင်း ကယ်ထုတ်ပေးဖို့နဲ့ အရေးပေါ် ဆေးဝါးကုသမှုပေးဖို့ လုပ်ဆောင်နေကြပါတယ်။

ဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ် ကလည်း အလွန်ဝမ်းနည်းရကြောင်း ပြောကြားခဲ့သလို ဒီဖြစ်စဉ်ဟာ "အင်မတန် ဆိုးဝါးတဲ့ ဖြစ်ရပ်" ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဒဏ်ရာရသူတွေကို အရေးပေါ် ကူညီစောင့်ရှောက်ပေးဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Ref and Photo Credit - Khaosod English

အလုပ်သမားရေးရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့တာကို ဝန်ကြီးချုပ်က ကြိုဆိုခဲ့ပြီး ထိုင်းစီးပွားရေးမှာ မြန်မာလုပ်သာ...
07/08/2026

အလုပ်သမားရေးရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့တာကို ဝန်ကြီးချုပ်က ကြိုဆိုခဲ့ပြီး ထိုင်းစီးပွားရေးမှာ မြန်မာလုပ်သားတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုခဲ့တဲ့အပြင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးနဲ့ ညီညွတ်မျှတမှုကို ကာကွယ်ပေးသွားမယ်လို့ သန္ဓိဌာန်ပြုခဲ့ပါတယ်။

၇ ၊ ဩဂုတ်

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား အလုပ်သမားရေးရာ ၊ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှု ထိန်းချုပ်ရေးနဲ့ အာကာသ နည်းပညာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် နားလည်မှုစာချွန်လွှာ (MoU) သုံးစောင်ကို မနေ့က ဩဂုတ်လ ၆ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

လုံခြုံရေး၊ ကုန်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ကဏ္ဍစုံမှာ ဆက်ဆံရေး ပိုခိုင်မာအောင် လုပ်ဆောင်သွားဖို့ ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ဟာ ထိုင်းနိုင်ငံကို လာရောက်တဲ့ မြန်မာစစ်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲမှာ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နဲ့ နယ်စပ်ဖြတ်ကျော် စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်က အာဆီယံမှာ မြန်မာနိုင်ငံ ပါဝင်မှုကို ထောက်ခံကြောင်း မှတ်ချက်ပြုခဲ့သလို ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ အရေးပါမှုကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မူးယစ်ဆေးဝါး ကုန်ကူးမှု၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ငွေကြေးခဝါချမှုစတဲ့ နယ်စပ်ဖြတ်ကျော် ပြစ်မှုတွေကို နှိမ်နင်းဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ အဆိုပြုခဲ့ပါတယ်။

မဲဆောက်နဲ့ မြဝတီကို ဆက်သွယ်ထားတဲ့ ဒုတိယမြောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်လိုက်တာကို ကြိုဆိုခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဦးမော့လာစေဖို့ စည်းမျဉ်းအတားအဆီးတွေကို ဖယ်ရှားပေးဖို့နဲ့ သယ်ယူပို့ဆောင်ရေး ပိုမိုလွယ်ကူအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အလုပ်သမားရေးရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့တာကို ဝန်ကြီးချုပ်က ကြိုဆိုခဲ့ပြီး ထိုင်းစီးပွားရေးမှာ မြန်မာလုပ်သားတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုခဲ့တဲ့အပြင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးနဲ့ ညီညွတ်မျှတမှုကို ကာကွယ်ပေးသွားမယ်လို့ သန္ဓိဋ္ဌာန်ပြုခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဟာ နှစ်နိုင်ငံစလုံးက ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးကို တိုက်ရိုက်သက်ရောက်နေတဲ့အတွက် အတူတကွ ဖြေရှင်းဖို့ သဘောတူခဲ့ကြပါတယ်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ပြဿနာကို ဖြေရှင်းဖို့နဲ့ မြစ်ချောင်းတွေ ရေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ ပူးတွဲနည်းပညာ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့တာပါ။ မနေ့က ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာတက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသလို ထိုင်းအရပ်ဖက်အဖွဲ့အစည်း ၁၆ဖွဲ့ကလည်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အစိုးရအတွက် အကျိုးအမြတ်ရစေမယ့် မူဝါဒတွေကို ရပ်တန့်ဖို့နဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းကို တရားဝင်မှုပေးနေတာတွေကို ရှောင်ကြဉ်အပြင် ထိုင်းနိုင်ငံအနေနဲ့ "အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေ" ဘက်က မဟုတ်ဘဲ မြန်မာပြည်သူတွေဘက်က ရပ်တည်သင့်တယ်လို့ အဆိုပါ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်ခေါင်းဆောင်ကို လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Ref - BangkokPost

#ထိုင်း #မြန်မာ #လက်မှတ်ရေးထိုး

“ရေက ရွှေဘိုတိုးချဲ့ဘက် အနိမ့်ပိုင်းတွေ စဝင်နေပြီ။လမ်းမတော်၊ တာလေး လမ်းဘေးဝဲယာတွေတော့ မဝင်သေးဘူး။ရေက ဆက်တိုးမယ့် သဘောတော...
06/08/2026

“ရေက ရွှေဘိုတိုးချဲ့ဘက် အနိမ့်ပိုင်းတွေ စဝင်နေပြီ။လမ်းမတော်၊ တာလေး လမ်းဘေးဝဲယာတွေတော့ မဝင်သေးဘူး။ရေက ဆက်တိုးမယ့် သဘောတော့ ရှိတယ်”

Website တွင်လည်း ဖတ်ရှူနိုင်ပါတယ်။> https://deltanewsagency.com/61353/

၆၊ဩဂုတ်

ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ်၊ မြစ်ကျိုးကျေးရွာအနီးက ငဝန်မြစ်ရေကာတာဟာ ဇူလိုင်လ ၃၀ ရက်ည ၁၁ နာရီကျော်က ကျိုးပေါက်ခဲ့ပြီး မြစ်ရေတွေဟာ တပတ်အကြာမှာ လေးမျက်နှာမြို့ကနေ ၁၇ မိုင်ကျော်ဝေးတဲ့ ငါးသိုင်းချောင်းမြို့ကို ဒီနေ့မနက် အစောပိုင်းမှာ ရေစတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

“ငါးသိုင်းချောင်း မြစ်ကျိုးအင်းထဲ မနေ့ကညနေက ရေစဝင်နေပြီး အင်းရဲ့ ရေလျှံပေါက်‌ မြောင်းပေါက်ကြီးတွေထဲ ရေစဝင်နေပါတယ်။ ဒီမနက်တော့ ရွာသစ်ကုန်းရိုး၊ ရိုးကြီး၊ မဲဇလီကုန်းနဲ့ တရုတ်သင်္ချိုင်းအနီး ပြွန်ပေါက်နဲ့ ရွှေဘိုရပ်ကွက် ပြွန်ပေါက်တွေထဲကို ရေဝင်လာပြီး သိသိသာသာ ရေတိုး‌နေပါတယ်။ ပတ်ဝန်းကျင် အနိမ့်ပိုင်းတချို့ ရေဝင်နေပြီး ရေနစ်မြုတ်အဆင့်တော့ မရောက်သေးပါဘူး”လို့ အသက်လေးဆယ်အရွယ် အမည်မဖေါ်လိုတဲ့ ငါးသိုင်းချောင်း ဒေသခံတဦးက ပြောပါတယ်။

မြစ်ကျိုးရေကာတာဟာ ပန်းတာအမျိုးအစားဖြစ်ပြီး စတင်ကျိုးပေါက်ချိန်က ပေ ၂၀ ကနေ ပေ ၃၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ မြစ်ရေတိုးအား များတဲ့အတွက် အခုဆိုရင် ပေ ၂၀၀ နီးပါး ကျယ်သွားပြီ ဖြစ်ပြီး အဲဒီတာကျိုးပေါက်ကို ပြန်လည်ပိတ်နိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ဒီတပတ်အတွင်းမှာလည်း မြန်မာနိုင်ငံ အထက်ပိုင်းမှာ မိုးက အဆက်မပြတ် ရွာသွန်းနေပြီး မြစ်ရေတွေဟာ ဧရာဝတီတိုင်းဆီ ဆက်လက် စီးဆင်းလာနေတဲ့အတွက် တာကျိုးပေါက်ကတဆင့် စီးဝင်လာပြီး ရေမြုပ်ဧရိယာဟာ တနေ့ထက် တနေ့ ပိုကျယ်ပြန်လာနေပါတယ်။

“ရေက ရွှေဘိုတိုးချဲ့ဘက် အနိမ့်ပိုင်းတွေ စဝင်နေပြီ။လမ်းမတော်၊ တာလေး လမ်းဘေးဝဲယာတွေတော့ မဝင်သေးဘူး။ရေက ဆက်တိုးမယ့် သဘောတော့ ရှိတယ်”လို့ ရွှေဘိုရပ်ကွက်မှာ နေထိုင်သူ တဦးက ပြောပါတယ်။

လက်တလောမှာ တိုင်းအစိုးရ အစီအမံနဲ့ တာကျိုးပေါက်ကို ဘေးဘောင်တမံတွေ တုပ်ပြီး သဲဖြည့်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ဒေသတွင်းက မြစ်သဲကျောက် လုပ်ငန်းရှင်တွေဆီကို ခွဲတမ်းချပြီး တာကျိုးပေါက်ကို ပြန်လည်ပိတ်နိုင်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။

#တာကျိုးပြီးခုနှစ်ရက်မြောက်နေ့ #ငါးသိုင်းချောင်းမြို့ #ရေစတင်ရောက်ရှိ

“အရမ်းလိမ္မာပြီး ပရဟိတစိတ်ရှိတဲ့ကလေးလေးပါ၊ ပြန်တွေ့ ရမယ်ထင်နေတာ၊ တွေ့တော့အသက် မရှိတော့ဘူးတဲ့။ အရမ်းစိတ်မကောင်း ဖြစ်ရတယ်”...
06/08/2026

“အရမ်းလိမ္မာပြီး ပရဟိတစိတ်ရှိတဲ့ကလေးလေးပါ၊ ပြန်တွေ့ ရမယ်ထင်နေတာ၊ တွေ့တော့အသက် မရှိတော့ဘူးတဲ့။ အရမ်းစိတ်မကောင်း ဖြစ်ရတယ်”

Website တွင်လည်း ဖတ်ရှူနိုင်ပါတယ်။> https://deltanewsagency.com/61350/

၆ ၊ ဩဂုတ်။
ငဝန်မြစ်တာဘောင်ကျိုးပြီး ရေနစ်မြုပ်နေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာမှာ ရေဘေး သင့်ပြည်သူများကို ထမင်းထုတ်သွားလှူ၊ ကူညီနေတဲ့အဖွဲ့က အသက်နှစ်ဆယ်ကျော် မွတ်စလင် လူငယ်တဦး ရေစီးနဲ့ မျောပါကာ သေဆုံးသွားခဲ့ပါတယ်။

မနေ့က ဩဂုတ် ၅ရက် မနက်ပိုင်းမှာ အိုင်သပြုလမ်းဆုံနားမှာ ရေဘေးသင့်ပြည်သူတွေကို ထမင်းထုတ်ဝေပေး ပြီးအပြန်မှာ ရေစီးနဲ့မျောပါသွားခဲ့တာပါ။

“ကောင်လေးက ရေမကူးတတ်လို့ အရမ်းကူညီချင်လို့ လိုက်လာတာပြောတယ်။ ဒီကအဖွဲ့တွေနဲ့ ဝိုင်းရှာပြီးမှ နေ့ ခင်းပိုင်းမှ အလောင်းတွေ့တာ” လို့ အိုင်သပြုမှာ လူမှုကူညီရေးလုပ်နေတဲ့ အသင်းတခုမှ တာဝန်ရှိသူတဦးက ပြော ပါတယ်။

သေဆုံးသွားသူဟာ ငသိုင်းချောင်းမြို့ ၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် ကိုနေမင်းခန့် ဖြစ်ပါတယ်။

“အရမ်းလိမ္မာပြီး ပရဟိတစိတ်ရှိတဲ့ကလေးလေးပါ၊ ပြန်တွေ့ ရမယ်ထင်နေတာ၊ တွေ့တော့အသက် မရှိတော့ဘူးတဲ့။ အရမ်းစိတ်မကောင်း ဖြစ်ရတယ်” လို့ သေဆုံးသွားတဲ့ ကိုနေမင်းခန့်နဲ့ ရင်းနှီးသူ ငသိုင်းချောင်း ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လေးမျက်နှာရေကြီးမှုအတွင်း နေအိမ်တွေရေနစ်မြုပ်ကာ သေဆုံးသူ ၂ ဦးထိရှိနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ နေ့ကလည်း လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်ရှိ နေကြီးနစ်မြုပ်နေတဲ့အိမ်တအိမ်ရဲ့အောက်ထပ်က အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ရုပ် အလောင်းတခု ကူညီရေးအဖွဲ့တွေ ရှာတွေ့ခဲ့ကြပါတယ်။

ဩဂုတ်လ ၄ ရက်နေ့မနက်ပိုင်းကလည်း ရေးဘေးသင့်ပြည်သူတွေကို ကူညီဖို့လာတဲ့ လူမှုကူညီရေးကားတစီးဟာ လေးမျက်နှာမြို့နယ် ခမောက်စုနဲ့ ဟင်္သာတမြို့နယ် နိဗ္ဗာန်ရွာအကြားမှာ တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာသူ ၆ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ကျိုုးသွားတာဟာ တပတ်တိတိကြာမြင့်လာပြီဖြစ်ပြီး လေးမျက်နှာမြို့ နယ်တခုလုံးအပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်မြို့နယ်တွေထိပါ ရေကြီးနေကာ ရေဘေး သင့်ပြည်သူတွေ သောင်းချီရှီနေတာပါ။

လက်ရှိမှာ ကျိုးပေါက်သွားတဲ့ ငဝန်မြစ်တာဘောင်ကို ပြုပြင်နေကြပေမယ့် ရေမထိန်းနိုင်သေးဘဲ ရေတက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ရေဘေးကြောင့် ပြည်သူသောင်းချီ တိမ်းရှောင်နေကြရသလို စိုက်ပျိုးပြီးသား စပါးခင်းဧကသောင်းချီဟာလည်း ပျက် စီးနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

#လေးမျက်နှာ #ရေဘေးကူ #ငသိုင်းချောင်းဒေသခံတဦး #ရေစီးနဲ့မျောပါ #သေဆုံး

“ရေတက်ပြီး နှစ်ရက်လောက် ကတည်းက ဖုန်းလိုင်းတွေ မမိတော့တာ။ MPT ကဆိုရင် တာဝါတိုင်က စက်တွေကိုပါ ဖြုတ်ယူ သွားကြတယ်” Website တ...
06/08/2026

“ရေတက်ပြီး နှစ်ရက်လောက် ကတည်းက ဖုန်းလိုင်းတွေ မမိတော့တာ။ MPT ကဆိုရင် တာဝါတိုင်က စက်တွေကိုပါ ဖြုတ်ယူ သွားကြတယ်”

Website တွင်လည်း ဖတ်ရှူနိုင်ပါတယ်။> https://deltanewsagency.com/61347/

၆၊ ဩဂုတ်။

တမြို့နယ်လုံး ရေကြီးနေတဲ့ လေးမျက်နှာမြို့နယ်အတွင်းမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့ အတွက် ကူညီ ကယ်ဆယ်ရေး အပိုင်းတွေမှာလည်း အချိတ်အဆက်မမိဘဲ အခက်အခဲ ရှိနေပါတယ်။

“တဖွဲ့နဲ့ တဖွဲ့သိပ်ပြီးတော့ အဆက်အသွယ်မရဘူးပေ့ါ။ နောက်ပြီးကျရင် အိမ်ထဲ ပိတ်မိနေတဲ့သူတွေမှာလည်း အ ကူအညီလိုရင် ဖုန်းဆက်အကူအညီလှမ်းတောင်းဖို့ အဆင်မပြေဖြစ်နေတာပေ့ါ။ mytel တခုပဲ လိုင်းနည်းနည်းရ တယ်” လို့ လေးမျက်နှာမြို့နယ်မှာ ကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

လက်ရှိမှာ လေးမျက်နှာမြို့နယ်အတွင်းက MPT၊ Atom ဖုန်းလိုင်းတွေ လုံး၀မမိတော့တာလို့ ဆိုပါတယ်။

“ရေတက်ပြီး နှစ်ရက်လောက် ကတည်းက ဖုန်းလိုင်းတွေ မမိတော့တာ။ MPT ကဆိုရင် တာဝါတိုင်က စက်တွေကိုပါ ဖြုတ်ယူ သွားကြတယ်” လို့ ဟင်္သာတမြို့မှာ ရေဘေးရှောင်နေတဲ့ လေးမျက်နှာမြို့ခံတဦးက ပြောပါတယ်။

လေးမျက်နှာမြို့နယ်အတွင်းမှာ MPT မိုဘိုင်းစခန်း ၁၃ ခုရှိတဲ့ထဲက ၁၁ ခု ပြတ်တောက်နေပြီး နင်းကြမ်းရွာနဲ့ ခမောက်စုရွာစခန်းတို့ လိုင်းပြန်ရနေကာ ပြန်ရတဲ့ဆက်သွယ်ရေး၀န်ဆောင်မှု ၁၆ ဒသမ ၁၈ ရှိတယ်လို့ ဧရာ၀တီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ကျိုုးသွားတာကြောင့် လေးမျက်နှာမြို့နယ်တခုလုံးအပြင် ဟင်္သာ တ၊ ရေကြည်၊ ကျုံပျော်မြို့နယ်တွေထိပါ ရေကြီးနေတာဖြစ်ပြီး ရေဘေးသင့်ပြည်သူ​တွေ သောင်းချီရှီနေတာပါ။

ရေကြီးမှုကြောင့် ဒေသခံတွေအများစု ရေဘေးရှောင်စခန်းတွေဆီ တိမ်းရှောင်ခိုလှုံကြပေမယ့် အချို့ကတော့ သူတို့ နေအိမ်အပေါ်ထပ်တွေမှာပဲ အိမ်စောင့်ပြီး ခက်ခက်ခဲခဲ နေထိုင်နေကြတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

“တချို့ဆိုရင် အိမ်ကပစ္စည်းတွေ၊ ဆိုင်ကုန်တွေ ပျောက်မှာစိုးလို့ ဘယ်မှမသွားဘဲ အိမ်ပေါ်တွေမှာပဲ ရှိတာနဲ့ ချက် စားနေကြတယ်။ ကယ်ဆယ်ရေးတွေလာရင် လိုတာလှမ်းတောင်းတယ်။ ကယ်ဆယ်ရေးအဖွဲ့နဲ့ မ တွေ့တဲ့သူတွေကတော့ ရိက္ခာပြတ်ပြီး ငတ်သူငတ်ကြတယ် ပြောတယ်” လို့ ရေဘေးကူညီပေးနေသူ နောက်တဦးက ပြောပါတယ်။

လက်ရှိမှာ ကျိုးပေါက်သွားတဲ့ ငဝန်မြစ်တာဘောင်ကို ပြုပြင်နေကြပေမယ့် ရေမထိန်းနိုင်သေးဘဲ ရေတက်နေဆဲဖြစ် တယ်လို့ သိရပါတယ်။

ရေဘေးကြောင့် ပြည်သူသောင်းချီ တိမ်းရှောင်နေကြရသလို စိုက်ပျိုးပြီးသား စပါးခင်းဧကသောင်းချီဟာလည်း ပျက် စီးနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အခုရေကြီးနေတာဟာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်နိမ့်ဆင်း၊ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ ကျိုးပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တာ ဘောင်အပေါက်ဟာ ပေ ၂၀၀ ကျော်လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီတာဘောင်ကို မပိတ်နိုင်သရွေ့ ရေဟာ ကာလရှည်ကြာကြီးနေနိုင်တာကြောင့် အခုရေဘေးကို အစိုးရအနေနဲ့ အထူးစီမံချက်ချမှတ်ကာ ဆောင်ရွက်ဖို့လိုတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

#ရေကြီးနေတဲ့ #လေးမျက်နှာ #ဖုန်းလိုင်းတွ #ပြတ်တောက်နေ

Address

Pathein
10011

Alerts

Be the first to know and let us send you an email when Delta News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Delta News Agency:

Shortcuts

Share