Pauk Township Media

Pauk Township Media Pauk Township Media & News

06/10/2025
ပေါက်မြို့နယ်၊ ပလောင်းရွာတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး လက်လုပ်သေနတ်များဖြင့် ဓာတ်ပုံရိုက်၍ PDF ဟု လိမ်လ...
26/09/2025

ပေါက်မြို့နယ်၊ ပလောင်းရွာတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး လက်လုပ်သေနတ်များဖြင့် ဓာတ်ပုံရိုက်၍ PDF ဟု လိမ်လည် ဝါဒဖြန့်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပလောင်းရွာတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး လက်လုပ်သေနတ်များဖြင့် ဓာတ်ပုံရိုက်၍ PDF ဟု လိမ်လည် ဝါဒဖြန့်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပေါက်မြို့နယ်၊ ပလောင်းရွာသို့ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၄ မှ အင်အား ၂၀၀ ခန့် ပါဝင်သော စစ်ကြောင်းက သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ပြည်သူများ၏ ရုပ်အလောင်းဘေးတွင် လက်လုပ်သေနတ်များချကာ ဓာတ်ပုံရိုက်၍ PDF တပ်ဖွဲ့ဝင်များဟု လိမ်လည် ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

"ပလောင်းရွာကို ဝင်ရောက် စီးနင်းခဲ့တဲ့ စစ်ခွေးတွေက ရွာသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး လက်လုပ် သေနတ်တွေနဲ့ ဓာတ်ပုံရိုက်ပြီး PDF တပ်ဖွဲ့ဝင်ဆိုပြီး ဘောမ တွေက လိမ်လည် ဝါဒဖြန့်နေတာပါ။ အဲ လက်လုပ်တွေက ကျနော်တို့ ဘက်တွေမှာ တော်လှန်ရေး တပ်ဖွဲ့တွေ မကိုင်တော့ပါဘူး။ စစ်ခွေးတွေ ဘယ်ကနေ ယူလာတဲ့ လက်လုပ် သေနတ် အစုတ်တွေလည်းတော့ မသိဘူး" ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်ချောင်းအထက်စုရွာမှ ပြည်သူ ၂ ဦးနှင့် ပလောင်းရွာမှ ပြည်သူ ၃ ဦး စုစုပေါင်း ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ပလောင်းရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် အားလုံးကို ဝင်ရောက် မွှေနှောက်သွားပြီး ရွှေ ၊ ငွေကြေးနှင့် တန်ဖိုးကြီး ပစ္စည်းများကို စိတ်ကြိုက်ခိုးယူ လုယက်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကပစ ၂၄ ဘက်ကို ပြည်သူပိုင် ပစ္စည်းများ ခိုးယူ သယ်ဆောင်ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာ စစ်တပ်စစ်ဆေးရေးဂိတ်တွင် တပ်မ ၃၃ လက်အောက်ခံတပ်က ခရီးသွားယာဉ် ၁၁ စီး ထက်မနည်းကို သေနတ်ပစ်ဖေ...
24/09/2025

စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာ စစ်တပ်စစ်ဆေးရေးဂိတ်တွင် တပ်မ ၃၃ လက်အောက်ခံတပ်က ခရီးသွားယာဉ် ၁၁ စီး ထက်မနည်းကို သေနတ်ပစ်ဖောက် ဓားပြတိုက်၊ ပြည်သူပိုင် ငွေကြေး၊ ရွှေထည်ပစ္စည်းများ၊ ဖုန်းနှင့်ကားအုံနာဘုတ်များ လုယက်ခံရ

Pauk Township Media ၊ September 24

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာ၌ အထိုင်ချထားသော စစ်တပ်ဂိတ်က ခရီးသွားပြည် သူ ကား ၁၁ စီးထက်မနည်းကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ဓားပြတိုက်လု ယက်ခဲ့ကြောင်း ဓားပြတိုက်ခံခဲ့ရသော ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ စစ်ကိုင်းမြို့နယ်၊ မန္တလေး -ရွှေဘိုလမ်းပေါ်ရှိ ဆားတောင်ကျေးရွာ၌ အထိုင်ချထားသော တပ်မ ၃၃ လက်အောက်ခံတပ်ရင်းမှ စစ်သားများနှင့် ပျူစောထီးများက ခရီး သည် တင်ကား၊ အိမ်စီးကားများပါ ၁၁ စီးထက်မနည်းကို ရပ်တန့်ခိုင်းပြီး မှတ်ပုံတင်များစစ်ဆေး မည်ဟုဆိုကာ ကားပေါ်မှ ပြည်သူအားလုံးကို မှတ်ပုံတင်တစ်ခုတည်းသာ ကိုင်ခိုင်းပြီးအောက်ဆင်းခိုင်း ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူများအားလုံး ကားပေါ်မှ ဆင်းပြီးနောက် ယာဉ်မောင်းအပါအဝင်ခရီးသည်များအားလုံး ကို မြေပေါ်၌ ဝမ်း လျားမှောက်ခိုင်းကာ သေနတ်ပြောင်းဖြင့်ချိန်ထားပြီး “မော့ကြည့်ပါက ပစ်သတ် မယ်" ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့နောက် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက် ကာ ကားပေါ်ပါ ပစ္စည်းများကို လုယက်သွားခဲ့ကြောင်း သိရသည်။

“မြေပြင် ကားလမ်းပေါ် ရောက်တာနဲ့ မှတ်ပုံတင်မစစ်ဘဲ ကားသမားတွေရော၊ ခရီးသွားတွေရော အားလုံးကို ကားလမ်းပေါ်မှာ ဝမ်းလျှားမှောက်ခိုင်းထားတယ်၊ သေနတ်ကို ခရီးသွားပြည်သူတွေရဲ့ ဦးခေါင်းနောက်စေ့တွေက ချိန်ထားပြီးတော့ “မလှုပ်နဲ့ ခေါင်းမမောနဲ့၊ မော့တာနဲ့ ပစ်သတ်မယ်” ဆို လို့ ခေါင်းငုံ့နေခဲ့ရတာ၊ ချက်ချင်းဆိုသလိုပဲ လက်နက်ကြီး၊ လက်နက်ငယ်တွေ မနားတမ်းမိုးပေါ် ထောင်ပစ်ပြီးတော့ ကားပေါ်တက် ခရီးသည်တွေရဲ့ ဖုန်းတွေ၊ ပိုက်ဆံတွေရှာဖွေယူသွားတာ၊” ဟု ခရီးသွားပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ဓားပြတိုက်ခံရမှုကြောင့် ကား ၁၁ စီးထံမှ ငွေကျပ် သိန်း ၂၀၀ ခန့် လုယက်ခံလိုက်ရပြီး ဖုန်း ၁၀ လုံးထက်မနည်းကိုလည်း စစ်တပ်က သိမ်းဆည်းသွားကြောင်း၊ ခရီးသွား မော်တော်ယဉ်များ၏ ကားပိုင်ရှင်မှတ်တမ်းစာအုပ် (Owner Book) ၊ ယာဉ်မောင်းလိုင်စင်တို့ကို စစ်သားများက ယူဆောင်သွားကြောင်း သိရ သည်။

“ကျနော်စီးတဲ့ကားက ဟန်းဖန်း ၄ လုံး ၊နောက်တစ်စီးမှာက မန္တလေးမှာ ဆေးကုသဖို့ ငွေသား သိန်း ၃၀၊ နောက်အိမ်စီးကားတစီးက သိန်း ၅၀ နဲ့ ဟန်းဖုန်း ၄ လုံး မြစ်ကြီးနားအိမ်းစီးကားတစ်စီးက ဟန်း ဖုန်း ၁ လုံးနဲ့ သိန်းတစ်ရာကျပ်အပြင် အုံနာဘုတ်၊ ယာဥ်မောင်းလိုင်စင်အပါ စကစကနေ အကုန်ယူ ထားလိုက်တာ၊ ပြီးမှ “မင်းတို့အတွက် အန္တရာယ်ရှိ၊ မြန်မြန်သွားပါ” လို့ ပြောပြီး လွှတ်ပေးလိုက်တာ။ သူတို့နဲ့ မနီးမဝေးတနေရာရောက်မှ ဘယ်ကားက ဘယ်လောက်ပါတယ်ဆိုတာ သိကြရတာ၊ ပါတာ က မနည်းဘူး”ဟု ခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းမြို့တွင် အခြေစိုက်ထားသော တပ်မ ၃၃ လက်အောက်ခံတပ်များမှာ အလွန်ရမ်းကားပြီး အထူးသဖြင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ စစ်ဆေးရေးဂိတ်များတွင် ဓားပြတိုက်လုယက်ခြင်း၊ ပြည်သူများကို အကြောင်းမရှိ အကြောင်းရှာ ရိုက်နှက်ခြင်း အပါအဝင် တရားဥပဒေမဲ့ လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

ဓာတ်ပုံ- စစ်ကိုင်းမြို့အဝင်တွင် စစ်ဆေးရေးလုပ်နေသော စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်နှင့်အဖွဲ့။

Pauk Township Media

NUG က ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် နှစ်ပတ် အပစ်ရပ်ထားသော်လည်း ပေါက်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိ...
30/03/2025

NUG က ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် နှစ်ပတ် အပစ်ရပ်ထားသော်လည်း ပေါက်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မတ် ၃၀

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၁ စီးဖြင့် ဗုံးကျဲခဲ့ ပြီး ကပစ ၂၄ အတွင်းသို့ ဆင်းသက်သွားကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေကို မသိရှိရသေးဘဲ သွားရောက် နေဆဲဖြစ်ကြောင်း သိရသည်။

“လေကြောင်းကနေ တိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ ဖုန်းလိုင်းတွေလည်း အဆက်အသွယ်မရ သေးလို့ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး ။ ထိခိုက်ပျက်စီးမှုတွေလည်း မေးလို့မရသေးပါ ဘူး” ဟု ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ် ကူညီရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန် ယနေ့ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ နှစ်ပတ်ကြာ ထိုးစစ်များ ရပ်တန့်ကြောင်း ယမန်နေ့ ညပိုင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လာခြင်းဖြစ်သည်။
Pauk Township News

ထီးလင်းမှာ အများပြည်သူ အိပ်မောကျနေချိန် စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်တိုက်ခိုက်၊ ကျောင်းသူ ၂ ဦးအပါ ၄ ဦးသေဆုံး...မတ် ၂၀...
20/03/2025

ထီးလင်းမှာ အများပြည်သူ အိပ်မောကျနေချိန် စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်တိုက်ခိုက်၊ ကျောင်းသူ ၂ ဦးအပါ ၄ ဦးသေဆုံး...

မတ် ၂၀၊ ၂၀၂၅

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အများပြည်သူ အိပ်မောကျနေချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကျောင်းသူ ၂ ယောက်အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၂၀ ရက် မနက်အစောပိုင်းအချိန်က ထီးလင်းမြို့နယ်၊ အလယ်ဘန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သက်ကြီးရွယ်အို အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၁ ယောက်နဲ့ ကျောင်းသူ ၂ ယောက် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ထီးလင်း ပကဖ က ဆိုပါတယ်။

ဒါ့အပြင် နေအိမ် ၄ လုံး မီးလောင်ကာ ၁၂ လုံး အလုံးစုံပျက်စီးခဲ့ပြီး နေအိမ် ၄၀ ကျော် အမိုးပွင့်ကာ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့သလို နွား၊ ဝက်စတဲ့ တိရိစ္ဆာန် ၁၀ ကောင်ကျော်သေဆုံး၊ အကောင် ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ယောဒေသအတွင်း လေကြောင်းကနေ နေ့စဉ်ရက်ဆက် အပြင်းအထန် တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် ကင်းနိုင်တဲ့နေရာတွေ၊ ဗုံးခိုကျင်းထဲနဲ့ အနီးမှာသာ အိပ်စက်ဖို့ ထီးလင်း ပကဖ က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

fans Pauk Township News

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် အကြီးအကျယ်တိုက်ခိုက်၊ တစ်ရက်တည်း လေကြောင်း ဗုံးကြဲမှု ၁၆၀ နီးပါးပ...
20/03/2025

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် အကြီးအကျယ်တိုက်ခိုက်၊ တစ်ရက်တည်း လေကြောင်း ဗုံးကြဲမှု ၁၆၀ နီးပါးပြုလုပ်

ခိုနူမ်းသုန်သတင်း၊ ၂၀ မတ်လ ၂၀၂၅

(004SS)

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ဂျက်လေယာဉ်အပါအဝင် လေယာဉ်မျိုးစုံဖြင့် အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်နေပြီး တစ်ရက်တည်းတွင်ပင် လေကြောင်းဗုံးကြဲ မှု ၁၆၀ နီးပါး ပြုလုပ်ကြောင်း သိရသည်။

မတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ဖလမ်းလူငယ်များဦးဆောင်ကာ ကျင်းပပြုလုပ်သော ဖလမ်းမြို့အတွက် ရန်ပုံငွေရှာဖွေပွဲတွင် CNO/CNDF Defense Secretary, Mai Olivia Thawng Luai က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက နေ့စဉ်နှင့်အမျှ ဂျက်ဖိုက်တာအပါအဝင် Y12 လေယာဉ်နှင့် Mi 35 စသည့် လေယာဉ် များဖြင့် အကြီးအကျယ် ဗုံးကြဲမှုများ ပြုလုပ်နေသည်ဟု သူမကပြောသည်။

“ စကစက လေကြောင်းကနေ ဒီလောက် တိုက်ခိုက်ရအောင် ဖလမ်းမှာ ဘာအဖိုးတန်ပစ္စည်းများ ထွက်လို့လဲလို့တောင် တွေးနေရတယ်။ တစ်ခါတစ်လေဆို ဂျက်လေယာဉ် ၂ စင်းက လှည့်ပါတ်ပြီးပျံသန်းနေတယ် နောက် Y-12 ၂ စင်းကလာကူ ပစ်ပေးသေးတာ။ အဲလို လေယာဉ် ၄၊၅ စင်းလောက်က လှည့်ပါတ်ပျံသန်းပြီးတိုက်ခိုက်တယ်၊ တစ်ခါတစ်လေဆို ဖလမ်းမြို့ ပေါ်မှာ သူတို့လေယာဉ်တွေ အသွားအပြန်လုပ်တာများလွန်းလို့ သူတို့ဟာသူတို့များ တိုက်မိကြတော့မလားလို့တောင် ထင်ရတယ်။ ဒီတစ်ခေါက်တော့ လေကြောင်းနဲ့ အတော်ကို ချတာ” ဟု CNO/CNDF Defense Secretary က ပြောသည်။

မတ်လ ဒုတိယပတ်တွင် စစ်ကောင်စီတပ်သည် ခလရ - ၂၆၈ တပ်ရင်းအနီးက စစ်ရေးအရ အရေးပါသော စခန်းကုန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်ကာ ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မတ်လ ၁၅ ရက်နေ့တစ်ရက်တည်းတွင်ပင် လေကြောင်း ဗုံးကြဲမှု ၁၅၈ ကြိမ်ပြုလုပ် ကြောင်း သိရသည်။

“သူတို့က ကျွန်မတို့ (တော်လှန်ရေးသမား) ရှိမယ်လို့ ယူဆတဲ့နေရာတွေကို ရမ်းသမ်းပစ်တာ။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ဆို ကျွန်မတို့ ဗုံးကြဲတဲ့ အကြိမ်ရေတွက်တာ။ ဉပမာ Y12 က ဘယ်အချိန်မှာ ဗုံးဆက်တိုက် ၅ ကြိမ်၊ ၃ ကြိမ်၊ တစ်ခါ တစ်လေ ၉ ကြိမ်ကြဲတာ အဲလို ရေတွက်တာ။ အဲဒီနေ့မနက် ၁ နာရီ ၁၅ မိနစ်ကနေ ရေတွက်တာ ည ၁၀ နာရီ ၉ မိနစ် အထိကို ၁၅၈ ကြိမ်ချတာ။ အဲမှာ Y-12 နဲ့ ၁၂၀ ကျော်‌ေလာက်ကြဲတယ်၊ ဂျက်ဖိုက်တာနဲ့ ၂၄ ကြိမ်၊ နောက် Mi 35 နဲ့ ဗုံးအကြီးကြီးတွေ ၈ ကြိမ်ကြဲပြီးတော့ အော်တိုစက်သေနတ်တွေနဲ့လဲ ပစ်တာတွေရှိတယ်” ဟု CNO/CNDF Defense Secretary, Mai Olivia Thawng Luai ကပြောသည်။

၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ စတင်ကာ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်ရှိ‌နေသေးသော ခလရ - ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ကာ တိုက်ခိုက်လျက်ရှိသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသူများရှိသည့်အပြင် စစ်သုံ့ပန်များအဖြစ် ဖမ်းဆီးခံရသူများနှင့် တိုက်ပွဲအတွင်းအကျအဆုံးများကြောင်း သိရပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကလည်း ကျဆုံးမှုတချို့ရှိ ကြောင်းသိရသည်။

20/03/2025

ပေါက်မြို့ပေါ်မှ အကြမ်းဖက် စခ ပခ အင်းအား ( ၃၀ ) ထက်မနည်း ယာကြီးပြင် ပျူရွာကိုရောက်ရှိတယ်လို့သိရပြီး Drone - ၂ စီးပါတယ်လို့လဲသိရပါတယ်။ သတိထားသွားလာနေထိုင်ကြပါရန်။

20.3.2025

13/03/2025

ပြည်မြို့ကနေ ကံမကို စားသောက်ကုန်သယ်ယူခွင့် ပိတ်ပင်ထား

မတ် ၁၃ - ၂၀၂၅
GG (VOM)

ပဲခူးတိုင်း၊ ပြည်မြို့ ကနေ မကွေးတိုင်းက ကံမမြို့ကို စားသောက်ကုန်ပစ္စည်းတွေ သယ်ယူခွင့်ပိတ်ထားတာကြောင့် ဒေသခံတွေ ဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။

"ပြည်ကနေ ကံမကို ကုန်ကားတွေသွားမရဘူး။အဓိကစားသောက်ကုန်စည် ဖြတ်ထားတာ။ကံမကနေဆိုရင် ရခိုင်ကို ခြေလျှင် ​ ငါးရက်၊ခြောက်ရက် ခရီးပဲရှိတယ်ဆိုတော့ နယ်စပ်သဘောမျိူးတွေးပြီး ရခိုင်ဘက်ရိက္ခာပို့တယ်ထင်ပြီးဖြတ်တာ။ဒီမှာတော့စျေးတွေတက်ကုန်ပြီလေ။နဂိုဆိုရင် ​ပြည်က
နေပဲဝယ်ကြတာ။အခုတော့သရက်ကနေ တကူးတကဝယ်နေရတယ်။ပြည်ကဝယ်ရတာပိုအဆင်ပြေတာပေါ့။အမြန်ဆုံးသယ်ခွင့်ပြန်စေချင်တယ်။" လို့ ကံမဒေသခံကပြောပါတယ်။

ရခိုင်နဲ့နယ်နမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်းနဲ့မကွေးတိုင်းအစပ်ဒေသတွေမှာ AA နဲ့ နစက တပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင် မကွေးတိုင်းထဲမှာက ဒေသတွင်းလက်နက်ကိုင်တပ်တွေနဲ့နစကတပ်တွေအကြားလည်း တိုက်ပွဲတွေရှိနေတာကြောင့် စားသောက်ကုန်ပစ္စည်းတွေကို စစ်ဖြစ်ရာဒေသကိုကုန်စည်တွေစီးဆင်းမှုမရှိအောင် ပြည်တဘက်ကမ်းမှာရှိတဲ့ကံမကို သယ်ယူခွင့်ပိတ်ထားတာဖြစ်တယ်လို့ဒေသခံတွေဆီကစုံစမ်းသိရှိရပါတယ်။

ခုလို ပြည်ကနေ စားသောက်ကုန်ပစ္စည်းတွေကံမကိုသယ်ယူခွင့်ပိတ်ထားတဲ့အတွက် သရက်မြို့ကိုသွားရောက်ဝယ်ယူနေရတဲ့အပြင် စားသောက်ကုန်ပစ္စည်းစျေးနူန်းတွေလည်း မြင့်တက်လာနေတာကြောင့် ဒုက္ခရောက်နေရတာဖြစ် တယ်လို့သိရပါတယ်။

" ကုန်စျေးနူန်းအကုန်တက်တယ်ဗျာ။ကျွန်တော်တို့မြို့က စစ်မဖြစ်သေးတတောင်စစ်ရဲ့ဆိုးကျိုးခံစားနေရပြီလေ။စစ်ဖြစ်တဲ့ဒေသတွေဆိုပိုဆိုးနိုင်တာပေါ့။ကုန်စည်စီးဆင်းမှုဖြတ်တောက်လိုက်တော့အရင်ဆုံးထိတာကျွန်တော်တို့ဒေသခံတွေပါ။ " လို့ ဒေသခံကပြောပါတယ်။

စားသောက်ကုန်သယ်ယူတာနဲ့ပတ်သက်ပြီး တားမြစ်မှုကိုတော့ ပြည်-ကံမလမ်းပိုင်းပေါ်မှာရှိတဲ့ တည်ပင်ကျိုးလုံခြုံရေးဂိတ်ကနေ ကန့်သတ်ထားတာဖြစ်ကြောင်း စားသောက်ကုန်တင်လာတဲ့ကုန်ကားတိုင်း ၊ယာဥ်တိုင်းကို သွားခွင့်မပြုတာဖြစ်တယ်လို့သိရပါတယ်။

ပြည် ကနေ ကံမကို စားသောက်ကုန်တွေသယ်ယူခွင့်ပိတ်ထားတာကတော့ ခုမတ်လ ဆန်းလောက်စပြီး ပိတ်လိုက်တာဖြစ်ကြောင်း၊ ခုထိလည်း.သယ်ယူခွင့်ပိတ်ထားလို့ ဒေသခံတွေအဆင်မကြေတာကြောင့် သယ်ယူခွင့်ပြန်လည်ခွင့်ပြုပေးဖို့ ဒေသခံတွေကဆန္ဒရှိနေကြပါတယ်။

Photo - အောင်ကျော်သူ

VOM Telegram Channel: https://t.me/VOMNEWS2023/12856

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: http://tinyurl.com/ywyd7eyn.n.

#ပြည် #ကံမ #စားသောက်ကုန်သယ်ယူခွင့်ပိတ် #ဒေသခံတွေဒုက္ခရောက်

13/03/2025

ပေါက်မြို့ပေါ် သို့ စခ အင်အားအများအပြား ရောက်ရှိနေ ပျူရွာ နှင့်အနီး ဂရုစိုက်ကြပါ။

13/03/2025
🚨
13/03/2025

🚨

Address

Pauk

Alerts

Be the first to know and let us send you an email when Pauk Township Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pauk Township Media:

Share