
01/05/2025
Bruno အတွက်ပဲ ဖြစ်ဖြစ်ပေါ့...
တကယ့်ကို မန်ယူညတွေ ပြန်ရောက်ခဲ့ပြန်ပြီ။ ဒီတစ်ခေါက်က အရင်တစ်ခေါ်လိုတော့ မဟုတ်ဘူးမလား ။ အရင်တစ်ခေါက်လို မကျော်လွှားစေချင်တာမဟုတ်ဘဲ နှလုံးသားတွေ ရပ်တန့်ပြီး မျက်ရည်တွေကျရတော့မည်အထိ မရုန်းကန်ရတော့ဘူးမလား...။ မျှော်လင့်တယ်။မျှော်လင့်မိတယ်ဆိုရင်ပိုမှန်ပါတယ်။ ဘယ်လောက်တောင်ဝေးကွာနေခဲ့လဲ။ဒီလိုလူမြင်ရင်တောင် ရှိန်သွားစေမယ့် ဖလားတစ်လုံးကိုမကိုင်ဘူးလား ဘယ်လောက်တောင်ကြာနေပြီလဲ။ FA ဆိုရင်ရော No ပါ။Carabao လောက်ဆိုရင်ရော ဟင့်အင် မတင်းတိမ်နိုင်သေးပါ။ ဘာကြောင့်လဲသိလား မန်ယူဖြစ်နေလို့ပါ ။ ဒီအသင်းကအဲလောက်အောင်မြင်မှုလောက်နဲ့ ကျေနပ်နေရမှာတဲ့လား။
ဒီညမှာ ဆိုးရွားနိုင်တယ်။ ရုန်းကန်ရနိုင်တယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေပဲ ရောက်ရောက် ပြန်လာနိုင်ရမှာပေါ့။ လုပ်ပြနိုင်ရမှာပေါ့။ မန်ယူပဲဟာ။
အရမ်းစိတ်လောနေကြတဲ့လူတွေပဲ။ မန်ယူညရောက်နေပြီလေ။ တော်ပြီမကြည့်တော့ဘူးဆိုတဲ့ မန်ယူဖန်ကရော နေနိုင်မှာတဲ့လား။အသည်းကွဲနေတဲ့လူကလော လက်လွှတ်နိုင်မှာတဲ့လား။ ရည်းစားမရှိဘဲ နေနိုင်ချင်နေနိုင်လိမ့်မယ်။ မန်ယူကိုအားမပေးဘဲ မန်ယူပွဲ မကြည့်ဘဲ နေနိုင်မှာလား ကိုယ့်လူ။
ကဲပါ ယူနိုက်တက်ရေ... ဒီတစ်ညလည်း အိပ်ရေးပျက်ရကျိုးနပ်တယ် လို့ ပြောရအောင် ကမ္ဘာက မန်ဖန်တွေအတွက် လုပ်ပြလိုက်စမ်းပါ။ နောက်ပြီး မနိုင်ဘူးထင်ပြီး အိပ်ပစ်လိုက်တဲ့မန်ဖန်တွေကို နောင်တရသွားအောင်ပါ။
ကမ္ဘာက ယူနိုက်တက်ဖန်တွေအတွက် အနိုင်ယူပေးပါ ။
ငါ့အမြင်ဆို Bruno အတွက်ပဲဖြစ်ဖြစ် အနိုင်ယူပေးပါ။
ပင်ပန်းလွန်းပြီး ပေးဆပ်ခံလူသား
Magnifico ဟာ ယူရိုပါလိပ်ဖလားလောက်တော့ ထိုက်တန်သင့်တယ်မလား....
ကံကောင်းပါစေ နှလုံးသားထဲက ယူနိုက်တက်ရေ.... ❤
ာအပ်လို့ရပါတယ်
Viber နံပါတ် -09893809122
စိတ်ကြိုက်လာကစားလို့ရပါတယ်