Pauktaw Township News

Pauktaw Township News Current News of Pauktaw Township ......

ရခိုင်ပြည်နယ်၊ပေါက်တောမြို့မှလက်ရှိသတင်းအချက်အလက်များကို လက်လှမ်းမီသရွေ့တင်ပြမျှဝေသွားမည်ဖြစ်ပါသည်။သတင်းချစ်သူများအနေဖြင့် Like လုပ်ခြင်၊ Share လုပ်ခြင်း၊သတင်းအချက်များပေးပို့ခြင်းဖြင့်ကူညီအားပေးပါရန်။
Email: [email protected]

17/06/2024

ပေါက်တောမြို့နယ်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်မှုတိုးလာ

DMG ၊ ဇွန် ၁၇

ရခိုင်ဒေသအတွင်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ပေါက်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသဖြင့် အရပ်သားထိခိုက်မှုလည်း တိုးလာနေသည်။

ဇွန်လ ၁၆ ရက်က ပေါက်တော်မြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာကို ဂျတ်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ သံဃာတစ်ပါးအပါအဝင် ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

“မနက်စောစော ဂျက်လေယာဉ်နဲ့ ဗုံးသုံးလုံးလောက်ကြဲသွားတယ်။ ရွာထဲမှာပေါက်ကွဲလို့ ဒဏ်ရာရသွားကြတာ။ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ ဒဏ်ရာရသူထဲမှာတော့ ဆရာတော်က ဒဏ်ရာပြင်းတယ်” ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။

ထိုနေ့တွင် စစ်တွေမြို့ရှိ စစ်ကောင်စီရေတပ်စခန်းများမှလည်း ကြိမ်ခွေမော်၊ မနော်သီရိ စသည့် ပေါက်တောမြို့နယ်ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်ကလည်း ပေါက်တောမြို့နယ် မနော်သီရိ၊ လက်ပံပြား၊ သဝင်ချောင်း၊ မြို့ပေါ် စသည့် နေရာ (၄)ခုအထိ စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုပြုလုပ်ခဲ့၍ အရပ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုလအတွင်း ပေါက်တောမြို့နယ်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်အထိရှိပြီး အရပ်သားဒဏ်ရာရရှိသူ ၂၁ ဦးရှိသည်။

“စစ်ကောင်စီက အရှုံးကိုလက်မခံဘဲ ပြည်သူတွေရှိတဲ့နေရာတွေကိုပဲ ပစ်ခတ်မှုတွေလုပ်နေတယ်။ သူတို့ အခုလိုလုပ်တဲ့အတွက် ပြည်သူတွေဆီက နာကျည်းမှုတွေပဲရတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲနှစ်လကျော်ကြာ ဖြစ်ပွားခဲ့သည်။ ယင်းနောက် ဇန်နဝါရီ ၂၄ ရက်တွင် AA က သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်အတွင်း ပထမဆုံးသိမ်းပိုက်ရရှိသည့် မြို့လည်းဖြစ်သည်။

လတ်တလောတွင် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာ၍ ဒေသခံများမှာ လက်ရှိစစ်ဘေးရှောင်ကြသည့် နေရာများတွင်မနေရဲတော့ဖြင့် အခြားဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြသည်။

“တိုက်ပွဲစဖြစ်ကတည်းက ပြေးနေရတာ။ အခုအေအေက မြို့သိမ်းထားပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတော့ ကျမတို့က ဟိုပြေးဒီပြေးပြေးနေရသေးတယ်။ လေကြောင်းပစ်တာက ကြောက်ဖို့ကောင်းတယ်။ အသက်အန္တရာယ်လုံခြုံမှုမရှိဘူး။ တစ်ချိန်လုံး စိုးရိမ်စိတ်နဲ့နေနေရတယ်” ဟု မနော်သီရိကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု လစဉ်တိုးနေသည်။

https://www.dmgburmese.com/သတင်း/moskind.html

ပုံစာ - ပေါက်တောတိုက်ပွဲကာလ နိုဝင်ဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် မီးလောင်နေသော ပေါက်တောမြို့တစ်နေရာ။

DMG သတင်းများကို ကြည့်ရှုရန် >>>

Telegram:
t.me/dmgarakannews

YouTube:
www.youtube.com/

Website:
www.dmgburmese.com/

17/06/2024

သံတွဲတွင် ဘဏ်လုပ်ငန်းရပ်တန့်နေ၍ ငွေသားရရှိရန် ခက်ခဲလာ

DMG ၊ ဇွန် ၁၇

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည်၊ သံတွဲဒေသတွင် ယခုလဆန်းကပိုင်းမှစ၍ ဘဏ်လုပ်ငန်းများ လည်ပတ်မှုမရှိတော့သဖြင့် ငွေသားထုတ်ယူရာတွင် အခက်အခဲများကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နေသော Wave Pay၊ KBZ Pay စသည့် Online ငွေကြေးလည်ပတ်မှု စနစ်များလည်း ရပ်တန့်နေသဖြင့် ငွေသားရရှိရန် ပိုခက်ခဲလာကြောင်း ဆိုသည်။

“ငွေလွှဲ၊ ငွေထုတ်လုပ်တဲ့ဆိုင်တွေလည်း မဖွင့်ကြတော့ဘူး။ တမြို့လုံးမှာ တစ်ဆိုင်နှစ်ဆိုင်လောက်ပဲ ရှိတော့တယ်။ ငွေက လိုသလောက် ထုတ်လို့မရတော့ဘူး။ ငွေထုတ်ခနှုန်းလည်း တစ်သိန်းကို ၅ ရာခိုင်နှုန်းထိ ပေးရတယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

ဘဏ်လုပ်ငန်းများ ရပ်တန့်နေခြင်းကြောင့် ငွေသားပြတ်လပ်ကာ ငွေကြေးစီးဆင်းမှု မရှိတော့၍ ဒေသခံများ၏ လူမှုစီးပွားဘဝမှာ ထိခိုက်မှုများဖြစ်ပေါ်နေသည်။

လက်ရှိတွင် သံတွဲမြို့သို့ ကုန်စည်ဝင်ရောက်မှု မရှိတော့၍ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်နေပြီး ကျန်ရှိနေသည့် ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းအဆမတန် မြင့်တက်နေသည်။

“တိုက်ပွဲဖြစ်နေတော့ မြို့ကထွက်ခွာဖို့ အခက်အခဲရှိတယ်။ စားနပ်ရိက္ခာကလည်း နည်းလာတယ်။ ဒီအတိုင်းဆို မကြာခင် အကုန်လုံးငတ်ပြတ်ပြီး ဒုက္ခရောက်နိုင်တယ်” ဟု သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် သံတွဲမြို့ပေါ်နေလူထု သုံးပုံနှစ်ပုံမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသော်လည်း ကျန်တစ်ပုံမှာ လမ်းခရီးသွားမှုကန့်သတ်ချက်၊ မြို့အနီးတိုက်ပွဲပြင်းထန်မှုနှင့် ငွေကြေးအခက်အခဲ စသည်တို့ကြောင့် မြို့ပေါ်၌ ပိတ်မိနေကြသည်။

စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှု ပိတ်ဆို့ထား၍ သံတွဲမြို့နယ်တွင် ကုန်စည်စီးဆင်းမှု မရှိတော့၍ နေရပ်စွန့်ခွာ ထွက်ပြေးနေသူများမှာလည်း စားနပ်ရိက္ခာအခက်အခဲကို ရင်ဆိုင်နေကြရသည်။

“ကုန်စည်နဲ့ ဆေးဝါးစီးဆင်းမှုက လုံးဝ မရှိတော့ဘူး။ အရင်ကကျန်နေတဲ့ ကုန်စည်လောက်ပဲရှိတော့တာ။ ဒါပေမဲ့ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတော့တဲ့ အခြေအနေတွေဖြစ်လာပြီ။ ဒီအတိုင်းဆို မိုးတွင်းမှာ စားသောက်ဖို့အတွက် တော်တော်လေးကို အခက်ခဲတွေရှိလာနိုင်တယ်” ဟု စစ်ရှောင်အရေးကူညီနေသူ သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ လကျော်ကြာမြင့်လာပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။

https://www.dmgburmese.com/သတင်း/sagways.html

ပုံစာ - ကမ္ဘောဇဘဏ်လီမီတက်၏ သံတွဲဘဏ်ခွဲအား စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - အင်တာနက်)

DMG သတင်းများကို ကြည့်ရှုရန် >>>

Telegram:
t.me/dmgarakannews

YouTube:
www.youtube.com/

Website:
www.dmgburmese.com/

17/06/2024
17/06/2024
17/05/2024

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲအတွင်း AA က ပထမဆုံးသိ...

17/05/2024
သို့            ရွေပြည်တန်အမြန်ရေယာဉ်           စစ်တွေမြို့            ရခိုင်ပြည်နယ်   အကြောင်းအရာ။။      ။ပေါက်တော၊မင်း...
28/06/2023

သို့
ရွေပြည်တန်အမြန်ရေယာဉ်

စစ်တွေမြို့

ရခိုင်ပြည်နယ်

အကြောင်းအရာ။။ ။ပေါက်တော၊မင်းပြား၊စစ်တွေခရီးစဉ်အားအကြံပြုတင်ပြခြင်း

အထက်အကြောင်းအရာပါကိစနှင့်ပတ်သက်၍၊ပေါက်တော၊မင်းပြားခရီးစဉ်များအားယခင်Mochaမတိုင်ခင်၊မင်းပြားခရီးစဉ်အတွက်တစီး၊ပေါက်တောခရီးစဉ်အတွက်တစီးပြေးဆွဲနေရာ၊လိုက်ပါသည့်ခရီးသည်များအဆင်ပြေမူ့ရှိပါသည်၊ယခုMocha မုန်တိုင်းတိုက်ခေတ်ပြီးနောက်၊မင်းပြား၊ပေါက်တော၊ခရီးစဉ်များအားတစီးတည်းဖြင့်ပြေးဆွဲနေခြင်းကြောင့်ခရီးသည်များ၊ကျန်းမာရေးကြောင့်သွားလာရသူများမှာ၊ခရီးသည်များလွန်းခြင်းကြောင့်၊အဆင်မပြေမူ့များနှင့်ရင်ဆိုင်နေရပါသည်၊သို့ဖြစ်ပါ၍ယခင်ပြေးဆွဲနေကျအတိုင်းပြေးဆွဲပြေပေးနိုင်ပါရန်အကြံပြုတင်ပြအပ်ပါသည်
Copy from kyawwingree post

Address

Pauktaw

Telephone

01126463142

Website

Alerts

Be the first to know and let us send you an email when Pauktaw Township News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pauktaw Township News:

Share