YE MYAT TUN

YE MYAT TUN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YE MYAT TUN, Paungde, Paungde.

■ ဘာစီလိုနာကို ချစ်လို့ ဘိုင်ယန်မြူးနစ်ကို ငြင်းခဲ့ဖူးတယ်လို့ ပတ်ဒရီ ဖွင့်ဟ ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီက သူ့အနေနဲ့ ...
06/06/2025

■ ဘာစီလိုနာကို ချစ်လို့ ဘိုင်ယန်မြူးနစ်ကို ငြင်းခဲ့ဖူးတယ်လို့ ပတ်ဒရီ ဖွင့်ဟ

ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီက သူ့အနေနဲ့ အသင်းကို ချစ်မြတ်နိုးလွန်းလို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကိုတောင် ငြင်းခဲ့ဖူးတယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပတ်ဒရီက ၂၀၂၀ နွေရာသီက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို သူ့အနေနဲ့ ငြင်းဆန်ပယ်ချခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၂) နှစ်အရွယ် စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမား ပတ်ဒရီက ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ ခြေစွမ်းပြခဲ့တာကြောင့် ၂၀၂၅ Ballon d'Or ဆန်ကာတင်စာရင်းမှာ ပါဝင်မယ်လို့ သုံးသပ်ခံနေသူ ဖြစ်ပါတယ်။

ပတ်ဒရီက "ဘိုင်ယန်မြူးနစ်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားခဲ့တယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ ဘာစီလိုနာအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ အချစ်က မပြောင်းလဲပါဘူး။ ဘာစီလိုနာက ကျွန်တော့်ရဲ့ အိပ်မက်အသင်းဖြစ်လို့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ဆိုတာ ကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်"လို့ ပြောကြားခဲ့တာပါ။

ပတ်ဒရီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါးဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြပြီး ပြိုင်ပွဲစုံမှာ (၆) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ခြေစွမ်းကြောင့် ၂၀၂၅ Ballon d'Or ဆန်ကာတင်စာရင်းမှာ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် သူ့အတွက် ဂုဏ်ယူစရာဖြစ်မယ်လို့လည်း ပတ်ဒရီက ပြောကြားခဲ့တာပါ။

Photos: Getty Images

UEFA Nations League ဗိုလ်လုပွဲမှာ စပိန်နဲ့ ပေါ်တူဂီ တွေ့ဆုံ+++++++++++++++++၂၀၂၄-၂၅ UEFA Nations League ပြိုင်ပွဲ ဗိုလ်လ...
06/06/2025

UEFA Nations League ဗိုလ်လုပွဲမှာ စပိန်နဲ့ ပေါ်တူဂီ တွေ့ဆုံ
+++++++++++++++++
၂၀၂၄-၂၅ UEFA Nations League ပြိုင်ပွဲ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ စပိန်နဲ့ ပေါ်တူဂီအသင်းတို့ တွေ့ဆုံခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲတွေမှာ ပေါ်တူဂီအသင်းက အိမ်ရှင် ဂျာမနီအသင်းကို ၂-၁ ဂိုး၊ စပိန်အသင်းက ပြင်သစ်အသင်းကို ၅-၄ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ဂျာမနီကို ဦးဆောင်ဂိုးစပေးခဲ့ရပေမဲ့ နောက်ကလိုက်ကစားပြီး အနိုင်ယူခဲ့တာပါ။

စပိန်အသင်းကတော့ ၄-၀ ဂိုး၊ ၅-၁ ဂိုးနဲ့ နှစ်ကြိမ်တိုင် လေးဂိုးပြတ် ဦးဆောင်ခဲ့ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲတက်ရောက်လာတဲ့ စပိန်နဲ့ ပေါ်တူဂီ နှစ်သင်းစလုံးဟာ ချန်ပီယံဖြစ်ဖူးတဲ့ အသင်းတွေဖြစ်ပြီး ပေါ်တူဂီက ၂၀၁၈-၁၉ နဲ့ စပိန်က ၂၀၂၂-၂၃ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ကြပါတယ်။

စပိန်အနေနဲ့ ပြိုင်ပွဲသုံးကြိမ်ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်လာခဲ့တာလည်းဖြစ်ပြီး ပေါ်တူဂီအသင်းကတော့ ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။


Sports

ဘာပေရဲ့ ဟက်ထရစ်နဲ့အနိုင်ရခဲ့တဲ့ ရီးရဲမက်ဒရစ်ခီလီယံ အမ်ဘာပေ ရဲ့ ထိပ်တန်းအဆင့်ကစားပုံကို ဒီကနေ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ် ။ ...
20/02/2025

ဘာပေရဲ့ ဟက်ထရစ်နဲ့အနိုင်ရခဲ့တဲ့ ရီးရဲမက်ဒရစ်

ခီလီယံ အမ်ဘာပေ ရဲ့ ထိပ်တန်းအဆင့်ကစားပုံကို ဒီကနေ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ် ။ ဘာပေ ဟာ မန်စီးတီးနောက်တန်းတွေကို အသာစီးရယူနိုင်ခဲ့ပြီး ရီးရဲကစားသမားဘ၀ ပထမဆုံး ချန်ပီယံလိဂ် ဟက်ထရစ်ကို သွင်းယူပေးသွားနိုင်ခဲ့တာပါ ။ မန်စီးတီးရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေကတော့ ဒီနေရာမှာတင် ပြီးဆုံးသွားခဲ့ပါပြီ ။

Champions League
Real Madrid 3-1 Man City

■ ပရီးမီးယားလိဂ်ပွဲ(၂၅၀)ကို အသက်အငယ်ဆုံးဖြင့် ပြည့်မြောက်သည့် လီဗာပူးလ်ကစားသမားအဖြစ် အာနိုးလ် မှတ်တမ်းဝင်အင်္ဂလန်နောက်ခံ...
19/02/2025

■ ပရီးမီးယားလိဂ်ပွဲ(၂၅၀)ကို အသက်အငယ်ဆုံးဖြင့် ပြည့်မြောက်သည့် လီဗာပူးလ်ကစားသမားအဖြစ် အာနိုးလ် မှတ်တမ်းဝင်

အင်္ဂလန်နောက်ခံလူ အာနိုးလ်သည် ပရီးမီးယားလိဂ်ပွဲ(၂၅၀)ကို အသက်အငယ်ဆုံးဖြင့် ပြည့်မြောက်သည့် လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အာနိုးလ်(၂၆ နှစ်)သည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ဝုလ်ဗ်အသင်းနှင့်ပွဲတွင် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်ကစားသမားဟောင်း စတီဗင်ဂျရတ်၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

စတီဗင်ဂျရတ်သည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ(၂၅၀)ပြည့်မြောက်ချိန်တွင် အသက်(၂၆ နှစ်၊ ၂၀၀ ရက်) ဖြင့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားခဲ့ပြီး ယခုအခါ အာနိုးလ်က အသက်(၂၆ နှစ်၊ ၁၃၂ ရက်)ဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
Crd

Address

Paungde
Paungde

Website

Alerts

Be the first to know and let us send you an email when YE MYAT TUN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share