YE MYAT TUN

YE MYAT TUN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YE MYAT TUN, Digital creator, Paungde, Paungde.

■ ဘာစီလိုနာကို ချစ်လို့ ဘိုင်ယန်မြူးနစ်ကို ငြင်းခဲ့ဖူးတယ်လို့ ပတ်ဒရီ ဖွင့်ဟ ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီက သူ့အနေနဲ့ ...
06/06/2025

■ ဘာစီလိုနာကို ချစ်လို့ ဘိုင်ယန်မြူးနစ်ကို ငြင်းခဲ့ဖူးတယ်လို့ ပတ်ဒရီ ဖွင့်ဟ

ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီက သူ့အနေနဲ့ အသင်းကို ချစ်မြတ်နိုးလွန်းလို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကိုတောင် ငြင်းခဲ့ဖူးတယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပတ်ဒရီက ၂၀၂၀ နွေရာသီက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို သူ့အနေနဲ့ ငြင်းဆန်ပယ်ချခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၂) နှစ်အရွယ် စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမား ပတ်ဒရီက ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ ခြေစွမ်းပြခဲ့တာကြောင့် ၂၀၂၅ Ballon d'Or ဆန်ကာတင်စာရင်းမှာ ပါဝင်မယ်လို့ သုံးသပ်ခံနေသူ ဖြစ်ပါတယ်။

ပတ်ဒရီက "ဘိုင်ယန်မြူးနစ်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားခဲ့တယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ ဘာစီလိုနာအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ အချစ်က မပြောင်းလဲပါဘူး။ ဘာစီလိုနာက ကျွန်တော့်ရဲ့ အိပ်မက်အသင်းဖြစ်လို့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ဆိုတာ ကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်"လို့ ပြောကြားခဲ့တာပါ။

ပတ်ဒရီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါးဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြပြီး ပြိုင်ပွဲစုံမှာ (၆) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ခြေစွမ်းကြောင့် ၂၀၂၅ Ballon d'Or ဆန်ကာတင်စာရင်းမှာ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် သူ့အတွက် ဂုဏ်ယူစရာဖြစ်မယ်လို့လည်း ပတ်ဒရီက ပြောကြားခဲ့တာပါ။

Photos: Getty Images

စကော့တလန် ဇီဒန်းတို့ ယုံလိုက်လို့ရလား
06/06/2025

စကော့တလန် ဇီဒန်းတို့ ယုံလိုက်လို့ရလား

UEFA Nations League ဗိုလ်လုပွဲမှာ စပိန်နဲ့ ပေါ်တူဂီ တွေ့ဆုံ+++++++++++++++++၂၀၂၄-၂၅ UEFA Nations League ပြိုင်ပွဲ ဗိုလ်လ...
06/06/2025

UEFA Nations League ဗိုလ်လုပွဲမှာ စပိန်နဲ့ ပေါ်တူဂီ တွေ့ဆုံ
+++++++++++++++++
၂၀၂၄-၂၅ UEFA Nations League ပြိုင်ပွဲ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ စပိန်နဲ့ ပေါ်တူဂီအသင်းတို့ တွေ့ဆုံခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲတွေမှာ ပေါ်တူဂီအသင်းက အိမ်ရှင် ဂျာမနီအသင်းကို ၂-၁ ဂိုး၊ စပိန်အသင်းက ပြင်သစ်အသင်းကို ၅-၄ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ဂျာမနီကို ဦးဆောင်ဂိုးစပေးခဲ့ရပေမဲ့ နောက်ကလိုက်ကစားပြီး အနိုင်ယူခဲ့တာပါ။

စပိန်အသင်းကတော့ ၄-၀ ဂိုး၊ ၅-၁ ဂိုးနဲ့ နှစ်ကြိမ်တိုင် လေးဂိုးပြတ် ဦးဆောင်ခဲ့ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲတက်ရောက်လာတဲ့ စပိန်နဲ့ ပေါ်တူဂီ နှစ်သင်းစလုံးဟာ ချန်ပီယံဖြစ်ဖူးတဲ့ အသင်းတွေဖြစ်ပြီး ပေါ်တူဂီက ၂၀၁၈-၁၉ နဲ့ စပိန်က ၂၀၂၂-၂၃ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ကြပါတယ်။

စပိန်အနေနဲ့ ပြိုင်ပွဲသုံးကြိမ်ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်လာခဲ့တာလည်းဖြစ်ပြီး ပေါ်တူဂီအသင်းကတော့ ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။


Sports

ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ စနေနေ့ည ပွဲကြိုသုံးသပ်ချက်များKBZPayFootball2025-02-22 15:00:00ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ မှာ မန်စ...
22/02/2025

ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ စနေနေ့ည ပွဲကြိုသုံးသပ်ချက်များ
KBZPayFootball2025-02-22 15:00:00
ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ မှာ မန်စီးတီးနဲ့လီဗာပူးပွဲကြီးပွဲကောင်းပါလာသလို နိုင်မှဖြစ်မယ့် မန်ယူပွဲစဉ်၊ လီဗာပူးကို ဖိအားဆက်ပေးမယ့် အာဆင်နယ်နဲ့ ဝက်စ်ဟမ်းပွဲစဉ်တွေလည်းပါပါတယ်။ ဒီတစ်ပတ်ဘာတွေအပြောင်းအလဲဆက်ဖြစ်မလဲ စောင့်ကြည့်ရမယ့်ပွဲစဉ်တွေများပါတယ်။

အဲဗာတန် - မန်ယူ

ည ၇း၀၀

ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား အလယ်တိုက်ပွဲဖြစ်ပါတယ်။ အဲဗာတန်ဟာ မိုရက်စ်လက်ထက်မှာတော့ အများကြီး အခြေအနေကောင်းလာပါတယ်။ နောက်ဆုံး ငါးပွဲမှာ လေးပွဲနိုင်ပြီး အဆင့် ၁၄ နေရာထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ မိုရက်စ်လက်ထက်မှာ တိုက်စစ်ဖွင့်ကစားပြီး ဂိုးသွင်းစွမ်းရည်ထက်မြက်လာသလို အဆင့် ၁၄ နေရာထိ ရောက်လာပါတယ်။ မန်ယူနဲ့ပွဲမှာ အဲဗာတန်အတွက် အားထားရတဲ့ ဒူကိုရီ ပြန်ကစားပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် နီယာဒီ၊ မက်နေးလ်နဲ့ ကယ်ဗင်လူးဝစ်တို့တော့ ပါနိုင်ဦးမှာမဟုတ်ဘူး။ မန်ယူကတော့ နောက်ဆုံးပွဲမှာ စပါးကို ၁-၀ ဂိုးနဲ့ရှုံးပြီး အဆင့် ၁၅ နေရာထိ ကျဆင်းလာခဲ့ပါတယ်။ မန်ယူဟာ ဒီရာသီ ၂၅ပွဲမှာ ၁၂ထိရှုံးပွဲကြုံထားရပါတယ်။ နည်းပြသစ်အာမိုရင်လက်ထက်မှာလည်း ခြေစွမ်းမပြနိုင်သေးပါဘူး။ အထူးသဖြင့် တိုက်စစ်က မတည်ငြိမ်ဘဲ သွင်းဂိုးစုစုပေါင်းက အဲဗာတန်ထက်တောင်နည်းနေပါသေးတယ်။ မာတီနက်စ်နဲ့ ဒီယာလိုက ရာသီကုန်အထိ နားရမယ့်အပြင် မိုင်နျူးလည်း ဒဏ်ရာထပ်ရသွားပါတယ်။ လုဇ်ရှောနဲ့ မောင့်တို့လည်း မပါနိုင်သေးပါဘူး။ ဒါပေမယ့် ယိုရို၊ အူဂါတီနဲ့ အဲရစ်ဆင်တို့တော့ ပြန်ကစားနိုင်ပါပြီ။ ထိပ်တိုက်တွေ့ဆုံမှုမှာ မန်ယူအသာစီးရပေမယ့် လက်ရှိအခြေအနေကတော့ မန်ယူ အသာစီးရနိုင်ခြေနည်းပါတယ်။ အဲဗာတန်ကွင်းမှာ လီဗာပူးတောင် အသဲအသန်ကန်ခဲ့ရတာပါ။

မန်ယူနည်းပြဟောင်း မိုရက်စ်ကလည်း မန်ယူကို ထပ်ပြီး နှိပ်စက်ဦးမှာပါ။ အဲဗာတန်ကိုကြိုက်ပါတယ်။



အာဆင်နယ် - ဝက်စ်ဟမ်း

ည ၉း၃၀

အာဆင်နယ်က တိုက်စစ်မှာ လူမစုံပေမယ့် စပိန်သားမိုရီနိုရဲ့သွင်းဂိုးတွေနဲ့ လက်စတာကို နောက်ဆုံးပွဲမှာ ၂-၀ အနိုင်ယူခဲ့ပါတယ်။ ကြားရက်မှာ ဗီလာနဲ့ လီဗာပူး သရေကျခဲ့လို့ အာဆင်နယ်အတွက် သုံးမှတ်က အရေးကြီးလာပါပြီ။ တစ်ကယ်လို့ အာဆင်နယ်သာ ဝက်စ်ဟမ်းကိုနိုင်ရင် လီဗာပူးနဲ့ ငါးမှတ်ပဲ ကွာတဲ့အနေအထားရောက်လာပါလိမ့်မယ်။ တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ လီဗာပူးကန်ရမှာဖြစ်လို့ အာဆင်နယ်သာ ဝက်စ်ဟမ်းကို နိုင်ထားရင် လီဗာပူး ဖိအားဝင်မှာသေချာပါတယ်။ အာဆင်နယ်တိုက်စစ်မှာတော့ ထုံးစံအတိုင်း ဟားဗတ်၊ ဆာကာ၊ ဂျေဇူးနဲ့ မာတင်နယ်လီပါနိုင်မှာမဟုတ်ဘူး။ ထရိုဆက်၊ ဝမ်နာရီနဲ့ စတာလင်ကိုပဲ ပွဲထုတ်ရမှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းကတော့ ဘရန့်ဖို့ဒ်ကို ၀-၁ နဲ့ရှုံးပြီး အဆိုးဆုံးအခြေအနေရောက်လာပါတယ်။ လောလောဆယ် အဆင့် ၁၆ နေရာရောက်နေပြီး တန်းဆင်းဇုန်ဖိအားလည်း ဝင်နေပါပြီ။ ဝက်စ်ဟမ်းမှာလည်း တိုက်စစ်က ဖော့ခရက်၊ အန်တိုနီယိုတို့မပါနိုင်ပါဘူး။

ဂရေဟမ်ပေါ်တာအနေနဲ့ လူမစုံတဲ့အာဆင်နယ်ကို ယှဉ်နိုင်ဖို့မလွယ်ဘူး။ အာဆင်နယ်ပဲ ဂိုးပြတ်အနိုင်ရမှာပါ။



ဘွန်းမောက် - ဝုဖ်

ည ၉း၃၀

ဘွန်းမောက်ဟာ ပြီးခဲ့တဲ့အပတ်က ဆောက်သင်တန်ကို ၃-၁ ဂိုးနဲ့ နိုင်လို့ အဆင့် ၅ နေရာရောက်လာပါတယ်။ ဘွန်းမောက်နည်းပြကတော့ ဥရောပဝင်ခွင့်ရအောင် ကြိုးစားသွားမယ်လို့ပြောပါတယ်။ ဝုဖ်ကတော့ တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာမှာရပ်တည်နေပါတယ်။ ဝုဖ်က လီဗာပူး၊ ဗီလာ၊ အာဆင်နယ်၊ ချဲလ်ဆီး၊ နယူးကာဆယ်ကို ဆက်တိုက်ရင်ဆိုင်ရပြီး ဆက်တိုက်ရှုံးခဲ့ပါတယ်။ ဘွန်းမောက်ကတော့ နောက်ဆုံး ၁၃ပွဲမှာ လီဗာပူးကိုပဲ ရှုံးပွဲကြုံခဲ့ပါတယ်။ ဝုဖ်ကတော့ ဘွန်းမောက်နဲ့ပွဲမှာ တစ်မှတ်ရအောင် ကန်မယ်ပြောပါတယ်။ ဝုဖ်ကစားသမား မားသီးယက်စ်ကန်ဟာကလည်း အိမ်ကွင်းထက် အဝေးကွင်းဆို ပိုကောင်းပါတယ်။

ဝုဖ်ကကတော့ အသင်းကြီးတွေနဲ့ ဆက်တိုက်ကန်ထားတဲ့ အတွေ့အကြုံကြောင့် ပိတ်ကစားမှာသေချာပါတယ်။ ဒီပွဲတော့ ဝုဖ်ကိုကြိုက်ပါတယ်။



ဖူလ်ဟမ် - ပဲလေ့စ်

ည ၉း၃၀

ခြေစွမ်းပြနေတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်တဲ့အပြင် လန်ဒန်ဒါဘီဖြစ်တာကြောင့် ပွဲကပိုကြည့်ကောင်းမှာပါ။ ဖူလ်ဟမ်က အဆင့် ၈ နေရာမှာရပ်တည်နေပြီး ဥရောပဝင်ခွင့်ရဖို့ကြိုးစားနေပါတယ်။ ဖူလ်ဟမ်က မန်ယူကိုရှုံးပြီးနောက်ပိုင်း နယူးကာဆယ်နဲ့ ဖောရက်စ်လို အသင်းတွေကို အနိုင်ကန်ထားပါတယ်။ ပဲလေ့စ်ကတော့ နောက်ဆုံးပွဲမှာ အဲဗာတန်ကိုရှုံးပေမယ့် မန်ယူကို အဝေးကွင်းမှာအနိုင်ယူထားပါတယ်။ ဖူလ်ဟမ်နဲ့ပဲလေ့စ် နောက်ဆုံးခြောက်ကြိမ်တွေ့ဆုံမှုမှာ လေးကြိမ်သရေကျထားပါတယ်။ ဖူလ်ဟမ်ရဲ့ အိမ်ကွင်းရလဒ်ကောင်းမွန်လာပြီး နောက်ဆုံးအိမ်ကွင်းလေးပွဲမှာ သုံးပွဲအနိုင်ရထားပါတယ်။ ပဲလေ့စ်ကွင်းမှာတုန်းကတော့ ဖူလ်ဟမ်က ၀-၂ နဲ့နိုင်ထားပါတယ်။ လောလောဆယ် မာကိုဆေးလ်ဗားရဲ့ဖူလ်ဟမ်အသင်းဟာ ခြောက်ပွဲဆက်ရှုံးပွဲမရှိကစားထားပါတယ်။ အောက်တိုဘာလကတည်းက အိမ်ကွင်းမှာ ဖောရက်စ်ကိုရှုံးပြီး နောက်ပိုင်းအိမ်ကွင်း ရှုံးပွဲမရှိသေးပါဘူး။

ဖူလ်ဟမ်ရဲ့တည်ငြိမ်တဲ့ကစားကွက်အောက်မှာ ပဲလေ့စ် ရှုံးနိမ့်သွားမယ်လို့ယူဆပါတယ်။ ဖူလ်ဟမ်ပဲအနိုင်ရမှာပါ။



အစ်၀ှစ် - စပါး

ည ၉း၃၀

မန်ယူကို အိမ်ကွင်းမှာ ၁-၀ နိုင်ထားလို့ စပါးနည်းပြကြီး ပိုစတက်နိုဂလူ ဖိအားတော်တော်လျော့သွားပါတယ်။ ဒီတစ်ခါရင်ဆိုင်ရမှာက တန်းဆင်းဇုန်ထဲက အစ်ဝှစ်ဆိုတော့ နှစ်ပွဲဆက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ အစ်ဝှစ်က တိုက်စစ်ကစားပုံကောင်းလာပြီး နောက်ဆုံးပွဲမှာ ဗီလာကို ၁-၁ သရေကစားထားပါတယ်။ အက်ဖ်အေမှာလည်း ကိုဗင်ထရီကို ၁-၄ ဂိုးနဲ့အနိုင်ကစားထားပါတယ်။ နည်းပြကြီး ပိုစတက်နိုဂလူကတော့ အစ်၀ှစ်နဲ့ပွဲမှာ ကစားသမားခြောက်ဦးထိ အပြောင်းအလဲလုပ်မယ်ပြောထားပါတယ်။ အစ်ဝှစ်ကလည်း တစ်ရာသီလုံးမှာ နိုင်ပွဲသုံးပွဲပဲရှိသေးတော့ စပါးအတွက် နိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်။ အစ်၀ှစ်နဲ့ပွဲမှာ ဂရေး၊ ဘစ်ဆိုမာ၊ အူဒိုကီ၊ ဆားစ်၊ ဂျွန်ဆင်နဲ့ အိုဒီဘတ်တို့ဝင်ကစားမှာဖြစ်ပါတယ်။ အဓိကကစားသမားတွေဖြစ်တဲ့ ဆွန်ဟောင်မင်၊ ကူလော့ဆက်စကီး၊ ဘန်တက်ကာတို့တော့ ပါဖို့မသေချာဘူး။

စပါးမှာ လူမစုံပေမယ့် တိုက်စစ်အမြဲဖွင့်ကစားတဲ့ အစ်ဝှစ်ကြောင့် ဂိုးတော့ ရနိုင်ပါတယ်။ စပါးဂိုးမပြတ်ဘဲ အနိုင်ရပါလိမ့်မယ်။



ဆောက်သင်တန် - ဘရိုက်တန်

ည ၉း၃၀

ဇယားအောက်ဆုံးက ဆောက်သင်တန်အနေနဲ့ တန်းဆင်းရဖို့ နီးသထက်နီးလာပါပြီ။ ဘရိုက်တန်-ကတော့ ဖောရက်စ်ကို ခုနှစ်ဂိုးပြတ်ရှုံးပေမယ့် ချဲလ်ဆီးကို နှစ်ပွဲဆက်နိုင်ပြီး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပါတယ်။ ဆောက်သင်တန်ကတော့ ဘန်လေနဲ့ ဘွန်းမောက်ကို အိမ်ကွင်းမှာ နှစ်ပွဲဆက်ရှုံးထားပါတယ်။ ဘရိုက်တန်တိုက်စစ်မှာ ဝဲလ်ဘတ်ပြန်ပါပြီးနောက်ပိုင်း တော်တော်လေးကောင်းလာတယ်။ ဘယ်ခြမ်းက မီတိုမာကလည်း ခြေစွမ်းပြနိုင်တယ်။ ဆောက်သင်တန်ကတော့ အိမ်ကွင်းအဝေးကွင်းမရွေး ဂိုးပေးနေရဆဲပါ။ ဆောက်သင်တန်နောက်တန်းတောက်လျောက်ပေါက်နေလို့ ဘရိုက်တန်ပဲ အလွယ်တကူဂိုးရနိုင်ပါတယ်။ ဘရိုက်တန်နဲ့ အသင်းငယ်လေးတွေတွေ့ဆုံမှုမှာလည်း ဘရိုက်တန်ပဲ အသာစီးရတာများပါတယ်။

ဆောက်သင်တန်အိမ်ကွင်းဖြစ်ပေမယ့် ဘရိုက်တန်ပဲ အလွယ်တကူအနိုင်ရပါလိမ့်မယ်။



ဗီလာ - ချဲလ်ဆီး

ည ၁၂း၀၀

ဗီလာကတော့ လီဗာပူးအရှိုက်ကိုထိုးပြီး အိမ်ကွင်းမှာ သရေရအောင်ကစားခဲ့ပါတယ်။ အစ်ဝှစ်ကို ၁-၁ သရေကျပြီး လီဗာပူးကို သရေထပ်ကျလို့ ခြေကလည်း အတက်အကျမြန်ဆန်လှပါတယ်။ ဒီတစ်ခါရင်ဆိုင်ရမှာကလည်း ချဲလ်ဆီးအသင်းဆိုတော့ အားစိုက်ပြီးကစားရဦးမှာပါ။ ဗီလာနည်းပြ အမ်မရီက နောက်ပိုင်းပွဲတွေမှာ ကောင်တာနည်းစနစ်ကိုဖြုတ်ပြီး ဘောလုံးကိုင်ကစားတဲ့ ၄-၂-၃-၁ ကစားကွက်ကို ဦးတည်ကစားလာတာတွေ့ရတယ်။ ဒါပေမယ့် ၁၄ ရက်အတွင်း ငါးပွဲကစားထားရလို့ ကစားသမားတွေ ပွဲပန်းတဲ့ဒဏ်ခံနေရပါတယ်။ မာရက်စ်ကာရဲ့ချဲလ်ဆီးကလည်း နောက်ပိုင်းပွဲတွေမှာ တော်တော်လေး မတည်မငြိမ်ဖြစ်နေပါတယ်။ နောက်ဆုံးပွဲမှာ ဘရိုက်တန်ကို ၃-၀ ဂိုးပြတ်ရှုံးနိမ့်ထားပါတယ်။ ချဲလ်ဆီးအသင်းမှာ မက်ဒူကီ၊ ဖိုဖာနာ၊ ဘက်ဒါရှီးလ်၊ လက်ဗီးယား၊ မူဒက်စ်၊ ဂျက်ဆင်တို့ဒဏ်ရာရနေပါတယ်။ မက်ဒူကီ ဒဏ်ရာရသွားတာ ချဲလ်ဆီးတိုက်စစ်တော်တော်လေးအားနည်းသွားပါတယ်။ ဗီလာက ဘောလုံးကိုင်ကစားနေပြီဆိုတော့ တစ်ချက်ထိ အမြန်ကစားတဲ့ ချဲလ်ဆီးအခက်တွေ့ဖို့များပါတယ်။

အိမ်ကွင်းမှာ အစွမ်းပြလေ့ရှိတဲ့ ဗီလာပဲ အနိုင်ရမှာပါ။



မနက်ဖြန်မှာလည်း လက်ကျန်ပွဲကြိုသုံးသပ်ချက်တွေကို ထပ်မံတင်ဆက်ပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…။

ခုညမန်ယူဘော်ဒီပဲကိုမြတ်ထွန်းတို့တော့အပိုင်ကိုင်ပြီ ဘယ်သူဆီကိုင်ရမလဲ
22/02/2025

ခုညမန်ယူဘော်ဒီပဲ

ကိုမြတ်ထွန်းတို့တော့အပိုင်ကိုင်ပြီ ဘယ်သူဆီကိုင်ရမလဲ

ဘာပေရဲ့ ဟက်ထရစ်နဲ့အနိုင်ရခဲ့တဲ့ ရီးရဲမက်ဒရစ်ခီလီယံ အမ်ဘာပေ ရဲ့ ထိပ်တန်းအဆင့်ကစားပုံကို ဒီကနေ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ် ။ ...
20/02/2025

ဘာပေရဲ့ ဟက်ထရစ်နဲ့အနိုင်ရခဲ့တဲ့ ရီးရဲမက်ဒရစ်

ခီလီယံ အမ်ဘာပေ ရဲ့ ထိပ်တန်းအဆင့်ကစားပုံကို ဒီကနေ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ် ။ ဘာပေ ဟာ မန်စီးတီးနောက်တန်းတွေကို အသာစီးရယူနိုင်ခဲ့ပြီး ရီးရဲကစားသမားဘ၀ ပထမဆုံး ချန်ပီယံလိဂ် ဟက်ထရစ်ကို သွင်းယူပေးသွားနိုင်ခဲ့တာပါ ။ မန်စီးတီးရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေကတော့ ဒီနေရာမှာတင် ပြီးဆုံးသွားခဲ့ပါပြီ ။

Champions League
Real Madrid 3-1 Man City

■ ပရီးမီးယားလိဂ်ပွဲ(၂၅၀)ကို အသက်အငယ်ဆုံးဖြင့် ပြည့်မြောက်သည့် လီဗာပူးလ်ကစားသမားအဖြစ် အာနိုးလ် မှတ်တမ်းဝင်အင်္ဂလန်နောက်ခံ...
19/02/2025

■ ပရီးမီးယားလိဂ်ပွဲ(၂၅၀)ကို အသက်အငယ်ဆုံးဖြင့် ပြည့်မြောက်သည့် လီဗာပူးလ်ကစားသမားအဖြစ် အာနိုးလ် မှတ်တမ်းဝင်

အင်္ဂလန်နောက်ခံလူ အာနိုးလ်သည် ပရီးမီးယားလိဂ်ပွဲ(၂၅၀)ကို အသက်အငယ်ဆုံးဖြင့် ပြည့်မြောက်သည့် လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အာနိုးလ်(၂၆ နှစ်)သည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ဝုလ်ဗ်အသင်းနှင့်ပွဲတွင် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်ကစားသမားဟောင်း စတီဗင်ဂျရတ်၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

စတီဗင်ဂျရတ်သည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ(၂၅၀)ပြည့်မြောက်ချိန်တွင် အသက်(၂၆ နှစ်၊ ၂၀၀ ရက်) ဖြင့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားခဲ့ပြီး ယခုအခါ အာနိုးလ်က အသက်(၂၆ နှစ်၊ ၁၃၂ ရက်)ဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
Crd

Champion League ရှုံးထွက်ပွဲစဥ်များ
19/02/2025

Champion League ရှုံးထွက်ပွဲစဥ်များ

【 အားကစား 】 ယူရိုပါလိဂ်ဖလားရယူဖို့ ကြံနေတဲ့ မန်ယူနည်းပြ ရူဘင်အာမိုရီ 🟥 မန်ချက်စတာ(Independent)        ရူဘင်အာမိုရီသည် မန...
17/02/2025

【 အားကစား 】 ယူရိုပါလိဂ်ဖလားရယူဖို့ ကြံနေတဲ့ မန်ယူနည်းပြ ရူဘင်အာမိုရီ

🟥 မန်ချက်စတာ(Independent)

ရူဘင်အာမိုရီသည် မန်ယူအသင်းကို ၁၆ သင်းအဆင့်တွင် စတီအာဘူခါရက်အသင်းကို အနိုင်ယူခဲ့ပြီး နောက် ၎င်း၏အမြင်တွင် ယူရိုပါလိဂ်ဖလားမှာ ကျက်သရေရှိစရာအဖြစ်ရှုမြင်လာနေပြီ ဖြစ်ပါတယ်။

အဲရစ်တန်ဟက်ချ်လက်ထက်တွင် သရေပွဲ ၃ ပွဲသာရရှိခဲ့ပြီးနောက် အာမိုရီ လက်ထက်မှာ သရဲနီတွေဟာ လေးပွဲဆက်တိုက်အနိုင်ရကာ ၃၆ သင်းမှာ တတိယနေရာကနေ ရှုံးထွက်တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

မေလ ဘီဘာအိုကွင်းမှာ ဖလားလုပွဲအတွက် ဆုဖလားများ ဆွတ်ခူးရန် ရေပန်းအစားဆုံးများထဲ အာမိုရီ ရဲ့အသင်းလောက် ပြောင်းလဲမှုမျိုးကို ချန်ပီယံလိဂ် သို့မဟုတ် ယူရိုပါလိဂ်တွင် အခြားအသင်းများက ထိုသို့လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။

"ကျွန်တော်တို့ ကစားပုံက ကြီးကြီးမားမား ကွာခြားမှုတော့ မမြင်ရပေမယ့် အခုတော့ ကျွန်တော်တို့ စဉ်း စားဖို့ အချိန်ပိုရခဲ့ပြီး အခုတော့ တိုးတက်မှုအချို့ကို မြင်ရပါတယ်" လို့ ယူနိုက်တက် နည်းပြချုပ်ကပြောပါတယ်။

“ကျွန်တော်တို့မှာ ကစားဖို့ အချိန်ပိုရတာကြောင့် ကစားပွဲကို ဖတ်ဖို့ စိတ်ကူးရှိပါတယ်။ ကျနော်တို့က တစ်ပွဲပြီးတစ်ပွဲ ကစားနိုင်ပြီး အနိုင်ရနိုင်တယ်လို့ ထင်ပါတယ်။

ဘူခါရက်စ်တွင် ယူနိုက်တက်အနိုင်ရခြင်းကြောင့် မတ်လတွင် ရီးရဲလ်ဆိုစီဒက်၊ ဂါလာတာဆာရေး၊ AZ Alkmaar သို့မဟုတ် FC Midtjylland တို့နှင့် ယှဉ်ပြိုင်ရမည့် နောက်ဆုံး ၁၆ သင်းအဆင့်ပွဲစဉ်ကို စောင့်ဆိုင်း ခြင်းဖြင့် လာမည့်လ ၏ ပလေးအော့ဖ်ပြိုင်ပွဲများကို ကျော်သွားနိုင်ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာလကတည်းက လေ့ကျင်ရေးကွင်းမှာ အချိန်ပိုရစေဖို့ ပြန်ကစားရမယ့်ပွဲတွေမဖြစ်အောင် ရှောင်ရှားရန် ၎င်း၏စိတ်ပိုင်းဖြတ်ချက်ကို ယခင်ကတည်းက ပြောခဲ့တာကို ပြန်ပြောခဲ့ပါတယ်။

“ဒါက ကျွန်တော်တို့အတွက် တကယ်ကို အရေးကြီးပါတယ်” ဟု ယူနိုက်တက် နည်းပြက ပြောကြားခဲ့ပါတယ်။

"ကစားသမားတွေ အနားယူနိုင်တယ်၊ ငါ့ကစားသမားတွေကို ငါပိုနားလည်လာနိုင်တယ်။"
“ကစားသမားတွေကို နားလည်ဖို့ အချိန်လိုပါတယ်” ဟု ၎င်းက ဆိုပါတယ်။

အာမိုရီက "ကစားသမားတွေနဲ့ လက်တွဲပြီး သူတို့အတွက် အကောင်းဆုံး အနေအထားတွေကို နားလည်ဖို့ အချိန်လိုပါတယ်။"လို့ ထပ်ပြောခဲ့ပါတယ်။

မောင်သစ်


Address

Paungde
Paungde

Website

Alerts

Be the first to know and let us send you an email when YE MYAT TUN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share