Burma VJ

Burma VJ Burma VJ is an internationally recognized team of journalists with a single, unwavering mission: to empower the people of Myanmar to tell their own stories.

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

ပလက်ဝဗုံးကြဲခံရမှုအတွင်း ၁ နှစ်ကလေးငယ်အပါအဝင် ၅ ယောက်သေဆုံး---ယူဂရင်း/BVJ_သြဂုတ် ၂၅၊ ၂၀၂၆အာရက္ခတပ်တော်-AAကထိန်းချုပ်ထားတ...
25/08/2026

ပလက်ဝဗုံးကြဲခံရမှုအတွင်း ၁ နှစ်ကလေးငယ်အပါအဝင် ၅ ယောက်သေဆုံး
---
ယူဂရင်း/BVJ_သြဂုတ် ၂၅၊ ၂၀၂၆
အာရက္ခတပ်တော်-AAကထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းက စိမ်းညှင်းဝကျေးရွာကို မနေ့က သြဂုတ် ၂၄ရက် မနက် ၁၁နာရီအချိန်ကျော်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် အသက် ၁ နှစ်အရွယ်ကလေးငယ်နဲ့ မူလတန်းကျောင်းသားတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့တယ်လို့ AAကသတင်းထုတ်ပြန်ပါတယ်။

ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ကြဲချခဲ့တဲ့ဗုံးသီးဟာ စိမ်းညှင်းဝကျေးရွာအတွင်းက ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်းကိုကျခဲ့တာကြောင့် ဘုန်းကြီးကျောင်းအတွင်းစာသင်နေတဲ့ မူလတန်းကျောင်းသား၊အမျိုးသမီးသုံးဦးနဲ့ ၁ နှစ်ကလေးငယ်တို့ပွဲချင်းပြီးသေဆုံးခဲ့ရသလို နောက်ထပ် မူလတန်းကျောင်းသား ၈ ဦး အပါအဝင် ၁၇ ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ထိခိုက်ဒဏ်ရာရသွားသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေ ၆ဦးအထိရှိပြီး အဲ့ဒီထဲမှာလည်း မူလတန်းကျောင်းသား၊ကျောင်းသူတွေပါဝင်တာကြောင့် သေဆုံးသူတွေထပ်ရှိလာနိုင်တယ်လို့ AA က ပြောထားပါတယ်။

ဗုံးကြဲမှုကြောင့် ရွာထဲကလူနေအိမ် ၁၇လုံးနဲ့ဘုန်းကြီးကျောင်းဆောင်အချို့လည်း ပျက်ဆီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဓါတ်ပုံ-ပလက်ဝ၊စိမ်းညှင်းဝကျေးရွာ ၂၀၂၆၊သြဂုတ် ၂၄ရက်မှာဗုံးကြဲခံရပြီးနောက် မြင်တွေ့ရပုံ။

အီရန်စစ်ပွဲကြောင့် နောက်လမှာလုပ်မယ့် တောင်ကိုရီးယားနဲ့ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ဖျက်သိမ်း နီသွင်/BVJ_...
24/08/2026

အီရန်စစ်ပွဲကြောင့် နောက်လမှာလုပ်မယ့် တောင်ကိုရီးယားနဲ့ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ဖျက်သိမ်း

နီသွင်/BVJ_သြဂုတ် ၂၄၊ ၂၀၂၆
အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ဆင်နွှဲနေမှုကြောင့် စစ်ဘက်ဆိုင်ရာ အင်အားအကျပ်အတည်းတွေရှိလာတဲ့အတွက် လာမယ့်လမှာပြုလုပ်ဖို့စီစဉ်ထားတဲ့ အကြီးစားပူးတွဲရေတပ်ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို အမေရိကန်ဘက်ကဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံကပြောပါတယ်။

"အရှေ့အလယ်ပိုင်းက အခြေအနေတွေကြောင့် ဒီနှစ်ကျင်းပမယ့်ဆန်ယောင်း (Sangyong)စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့တွေကိုဖြန့်ကျက်ချထားနိုင်စွမ်း ကန့်သတ်ချက်တွေရှိလာမယ်လို့ အမေရိကန်မရိန်းတပ်ဖွဲ့က ဇွန်လမှာ ကျွန်တော်တို့တပ်ဖွဲ့တွေကို တရားဝင်အကြောင်းကြားခဲ့ပါတယ်"လို့ တောင်ကိုရီးယား မရိန်းတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဟန်ဆောင်းဂျွန် (Han Seung-jeon) က တနင်္လာနေ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

၂နှစ်တစ်ကြိမ်ပြုလုပ်တဲ့ ဆန်ယောင်းစစ်ရေးလေ့ကျင့်မှုတွေမှာ တောင်ကိုရီးယားနဲ့အမေရိကန်မရိန်းတပ်ဖွဲ့တွေပါဝင်ကြပြီး ပူးတွဲစစ်ဆင်ရေးစွမ်းရည်မြင့်မားလာစေဖို့ရည်ရွယ်တာဖြစ်ကာ စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ကုန်းကြောင်းတပ်ဖွဲ့တွေပူးပေါင်းပြီး ရေကြောင်းကနေ ကုန်းဆင်းတိုက်ခိုက်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်လေ့ရှိကြပါတယ်။

အဆိုပါ ရေကြောင်းစစ်ရေးလေ့ကျင့်မှုကိုပြန်လည်စတင်ရေးနဲ့ပတ်သက်ပြီး ဆိုးလ်နဲ့ဝါရှင်တန်တို့ ဆက်လက်ဆွေးနွေးတိုင်ပင်နေဆဲဖြစ်ကြောင်း၊ အသေး စိတ်အချက်အလက်တွေကိုတော့ ပြောကြားခဲ့ခြင်းမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ပင်တဂွန် (Pentagon)ဘက်ကတော့ ချက်ချင်းတုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့သောကြာနေ့ကပြီးဆုံးခဲ့တဲ့ သီးခြားနှစ်ပတ်လည်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို စရိတ်စကနဲ့အီရန်စစ်ပွဲမှာပါဝင်ဖို့ တောင်ကိုရီးယားကငြင်းဆန်မှုကို အကြောင်းပြပြီး အတိုင်းအတာလျှော့ချဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အံ့အားသင့်စရာ အမိန့်ကြေညာချက်ထွက်ပေါ်လာပြီးနောက် အခုလိုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

နှစ်ပတ်လည် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုတွေကို ၁၁ ရက်ကြာမြင့်ရာကနေ ၅ ရက်သာလုပ်ဆောင်တော့ဖို့ဆိုပြီးလျှော့ချခဲ့ပါတယ်။ သမ္မတထရမ့်ဟာ သူရဲ့ပထမသမ္မတသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တည်ဆောက်ခဲ့တဲ့ဆက်ဆံရေးကိုလည်း ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာချိန်ကစလို့ ခြိမ်းခြောက်မှုကင်းရှင်းပြီး လေးစားမှုရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံအတွက် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာဟာ "လုံးဝမသင့်လျော်ဘဲ ရန်လိုတဲ့အချက်ပြမှုကိုပေးရာရောက်နေတယ်"လို့ သူရဲ့ Truth Social လူမှုကွန်ရက်ပလက်ဖောင်းမှာ ပြီးခဲ့တဲ့တစ်ပတ်ကရေးသားခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေကိုလျှော့ချခဲ့ပေမဲ့ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့တစ်ပတ်က ရေတိုပစ်ခတ်ဒုံးကျည် ၁၀ စင်းကိုပစ်ခတ်ခဲ့ပြီး အဲ့ဒီစစ်ရေးလေ့ကျင့်မှုတွေကိုရှုတ်ချကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ အခုလိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုကျူးကျော်ဖို့လေ့ကျင့်ခန်းတွေအဖြစ် အရင်ထဲကရှုတ်ချကန့်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် ကင်ဂျုံအွန်နဲ့ "သင့်သင့်မြတ်မြတ် နေထိုင်ဖို့"ကအရေးကြီးကြောင်း၊ အခုအခါ ပြုံယမ်းမှာ "အလွန်အင်အားကြီးမားတဲ့" နူကလီးယားလက်နက် ၅၇ လက်ရှိနေပြီဖြစ်ကြောင်းကိုလည်း အမေရိကန်သမ္မတက ပြီးခဲ့တဲ့တစ်ပတ်က ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ခန့်မှန်းချက်အရတော့ မြောက်ကိုရီးယားမှာ အဲဒီလိုလက်နက်မျိုး အစင်း ၈၀ ကနေ ၁၂၀ အထိရှိတယ်လို့သိရပါတယ်။

သမ္မတထရမ့်ဟာ သူရဲ့ ပထမသက်တမ်းအတွင်း ကင်ဂျုံအွန်နဲ့ သုံးကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပေမယ့် ၂၀၁၉ ခုနှစ်၊ဟနွိုင်းမြို့မှာပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ နူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး သဘောတူညီချက်မရဘဲပျက်ပြားသွားခဲ့ရပြီးနောက်မှာတော့ ပြုံယမ်းဘက်က သူတို့ရဲ့ နူကလီးယားအစီအစဉ်တွေကို ပိုမိုအရှိန်မြှင့်တင် လုပ်ဆောင်လာခဲ့ပါတယ်။

ခရက်ဒစ်-AL Jazeera

ပုံစာ- ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ပိုဟန်မြို့မှာ အမေရိကန်-တောင်ကိုရီးယားကမ်းတက်လေ့ကျင့်မှုမှာ ပါဝင်နေတဲ့ တောင်ကိုရီးယား ရေတပ်သားများ

ရုရှားရဲ့ခြိမ်းခြောက်မှုတွေကြားက ယူကရိန်းကိုဆက်ကူညီသွားမယ်လို့ ယူကေဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းကပြောသူရ/BVJ_သြဂုတ် ၂၄၊ ၂၀၂...
24/08/2026

ရုရှားရဲ့ခြိမ်းခြောက်မှုတွေကြားက ယူကရိန်းကိုဆက်ကူညီသွားမယ်လို့ ယူကေဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းကပြော

သူရ/BVJ_သြဂုတ် ၂၄၊ ၂၀၂၆
ရုရှားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကြားထဲကပဲ ယူကရိန်းကိုဆက်ပြီးကူညီသွားမယ်လို့ ယူကေဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းကပြောလိုက်ပါတယ်။ ယူကေဝန်ကြီးချုပ်အနေနဲ့ ယူကရိန်းကို ပထမဆုံးအကြိမ်တရားဝင်သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ၊ ရုရှားရဲ့ "ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ"ကြောင့် နောက်မဆုတ်ဘဲ ဖိအားတွေဆက်ပေးသွားမယ်လို့ သူက ကတိပြုခဲ့တာပါ။

သူဟာ "ဆန္ဒတူမဟာမိတ်အဖွဲ့" အစည်းအဝေးကို ဦးဆောင်ကျင်းပမှာဖြစ်ပြီး ယူကရိန်းအနေနဲ့ ကိုယ်ပိုင်တာဝေးပစ်ဒုံးကျည်တွေတည်ဆောက်နိုင်ဖို့အတွက် ဒီဇိုင်းပုံစံတွေကိုပါလက်လွှဲပေးနေပါပြီ။ ယူကရိန်းကို စတောင်းရှက်ဒိုး (Storm Shadow) တာဝေးပစ်ဒုံးကျည်တွေ အစောဆုံးထောက်ပံ့ပေးခဲ့တာက ယူကေနိုင်ငံဖြစ်ပါတယ်။ ယူကေက ယူကရိန်းကို ၂၀၂၃ ခုနှစ်ကစပြီး စတောင်းရှက်ဒိုး ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ ယူကရိန်းဟာ အဲ့ဒီဒုံးကျည်တွေကို ရုရှားနယ်မြေထဲကပစ်မှတ်တွေအပေါ် ပထမဆုံးအကြိမ်အဖြစ်အသုံးပြုခဲ့ပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ ယူကရိန်းဟာ အဆိုပါလက်နက်တွေကို ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲကပစ်မှတ်တွေအပေါ်မှာပဲသုံးခဲ့တာပါ။

ယူကေဟာ ယူကရိန်းကို စတောင်းရှက်ဒိုး ဒုံးကျည်တွေထောက်ပံ့ပေးနေတာ လနဲ့ချီရှိပြီဖြစ်ပေမယ့် အမေရိကန်လိုပဲ ကိယက်ဗ်မြို့ကို ရုရှားနယ်မြေထဲအထိ လှမ်းပြီး ပစ်ခတ်ခွင့်မပြုထားခဲ့ပါဘူး။ ဒါပေမဲ့ ဂျိုးဘိုင်ဒန် အစိုးရအဖွဲ့က အလားတူ ATACMS ဒုံးကျည်တွေကို ယူကရိန်းနယ်စပ်အပြင်ဘက်မှာ အသုံးပြုခွင့်ပေးဖို့ စည်းမျဉ်းတွေကိုပြင်ဆင်လိုက်ပြီးနောက်မှာတော့ ဒီအခြေအနေပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

စတောင်းရှက်ဒိုး (Storm Shadow) ဒုံးကျည်ဆိုတာကတော့ ပြင်သစ်နဲ့ ယူကေတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ရန်သူ့ရေဒါစနစ်တွေမမြင်နိုင်အောင် ရှောင်ရှားနိုင်စွမ်းရှိပြီး (low-observable) တာဝေးပစ်လေကြောင်းကနေပစ်ခတ်ရတဲ့ ခရုဇ်ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ အဲဒီဒုံးကျည်ကို ၁၉၉၄ ခုနှစ်ကတည်းက Matra နဲ့ British Aerospace ကုမ္ပဏီတွေ ပူးပေါင်းစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး၊ လက်တလောမှာတော့ MBDA ကုမ္ပဏီကထုတ်လုပ်နေတာဖြစ်ပါတယ်။

Sibylline စွန့်စားရမှု ထောက်လှမ်းရေးလုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ် ဂျပ်စတင်ခရမ့်ပ့် (Justin Crump) ကတော့ ဒီဒုံးကျည်တွေဟာ "ဒုံးပျံတွေထက် ပိုပြီး အသေအပျောက်များတယ်" လို့ ဆိုပါတယ်။ ဒါ့အပြင် "ခိုင်မာစွာ တည်ဆောက်ထားတဲ့ ဘန်ကာတွေနဲ့ အဖိုးတန်စစ်ရေးပစ်မှတ်တွေကို" တိုက်ခိုက်ဖို့အတွက် အသင့်တော်ဆုံး ဖြစ်ဆဲပါပဲလို့ သူက ပြောပါတယ်။

ယူကရိန်းမြို့ပြတွေအပေါ် တိုက်ခိုက်ရာမှာသုံးနေတဲ့ ရုရှားရဲ့ အစ္စကန်ဒါ (Iskander) ပစ်ခတ်ဒုံးကျည်တွေကို ရုရှားဘက်ကနေ ထုတ်လွှတ်နေတဲ့ နေရာတွေကို လိုက်လံတိုက်ခိုက်ဖို့အတွက် ယူကရိန်းအနေနဲ့ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ အဲဒီဒုံးကျည် ဗားရှင်းတွေကို အသုံးပြုလာနိုင်တယ်လို့လည်း ခရမ့်ပ့်က ဆိုပါတယ်။ တော်ဝင်ယူနိုက်တက် စစ်ဘက်လေ့လာရေးအဖွဲ့ (RUSI) က ခရစ္စတိုဖာဘာ့ဂ်စ် (Christoph Bergs) ကတော့ Storm Shadow ဒုံးကျည် ထုတ်လုပ်ရေးလုပ်ငန်းတွေကို စတင်ဖို့ အချိန်ယူရဦးမှာဖြစ်ပေမဲ့၊ အထူးပြု ခရုဇ်ဒုံးကျည် အမျိုးအစားဖြစ်တဲ့ ဒါတွေက ယူကရိန်းမှာ လက်ရှိရှိပြီးသား လက်နက်တွေကို ပိုမိုအားဖြည့်ပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဗလာဒီမာပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဗြိတိန်ဟာ ရုရှားစစ်ပွဲကို မီးလောင်ရာလေပင့်ပေးနေတယ်လို့ စွပ်စွဲခဲ့ပြီးနောက်မှာ ဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းက ပြန်လည်ချေပပြောဆိုလိုက်ပါတယ်။ "မီးစလောင်အောင် လုပ်ခဲ့တာ ဘယ်သူလဲဗျာ။ အဲဒါပဲ မေးစရာရှိတာပေါ့" လို့ တနင်္လာနေ့က ကိယက်ဗ်မြို့မှာ သတင်းထောက်တွေကို ဘန်းဟမ်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် ယူကေဝန်ကြီးချုပ်က တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်မယ့် ဆန္ဒတူမဟာမိတ်အဖွဲ့ (coalition of the willing) ရဲ့ အစည်းအဝေးမှာ ဒုံးကျည် ကြားဖြတ်ဟန့်တားရေးစနစ်တွေအကြောင်းက အဓိက ဆွေးနွေးမယ့်အကြောင်းအရာ ဖြစ်လာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ရုရှားဘက်က လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်မှုတွေ လုပ်နေပေမဲ့ ယူကရိန်းအပေါ် ယူကေရဲ့ ထောက်ပံ့ကူညီမှုတွေက ဘာမှပြောင်းလဲသွားတာ မရှိဘူးလို့ ဒေါင်းနင်းလမ်း (Downing Street) ကလည်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ကတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တိုက်ခိုက်နေဆဲပါပဲ။ ခါကိဗ်ဒေသမှာ လူငါးဦး သေဆုံးသွားပြီလို့ ယူကရိန်းဘက်က ဆိုသလို၊ ရုရှားဘက်ကလည်း ကလေးစင်တာတစ်ခု "ဒုံးကျည်အစအန" ထိမှန်လို့ ဆယ်ကျော်သက် သုံးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းအတွက် ယူကေရဲ့ စစ်ရေးအကူအညီတွေက အရေးပါပေမဲ့၊ ရုရှားဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားချေမှုန်းနိုင်ဖို့ဆိုရင် ယူကရိန်းအနေနဲ့ ခေတ်မီဆန်းပြားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အရေးတကြီး လိုအပ်နေသေးကြောင်း လက်နက်ရေးရာကျွမ်းကျင်သူတွေကပြောဆိုနေကြပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားက ယူကရိန်းကိုကျူးကျော်စစ်စတင်ဆင်နွှဲခဲ့တာကြောင့် ယူကရိန်းကို ကာကွယ်ရေးနဲ့တန်ပြန်တိုက်ခိုက်ရေးတွေ လုပ်ဆောင်နိုင်ဖို့အတွက် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ခေတ်မီလက်နက်ခဲယမ်းတွေ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေအမြောက်အများနဲ့ တာဝေးပစ်ဒုံးကျည်တွေ (ဥပမာ - Storm Shadowနဲ့ ATACMS)ကိုထောက်ပံ့ပေးလျက်ရှိပါတယ်။

ခရက်ဒစ်- ဘီဘီစီ

ကမ္ဘာမြေ‌ပေါ် ကျရောက်မယ့် အာကာသအန္တရာယ်တွေကိုစောင့်ကြည့်ကာကွယ်ဖို့ဆိုပြီး အာဏာသိမ်းစစ်အုပ်စုလုပ်နေ ---ယူဂရင်း/BVJ_ သြဂုတ...
24/08/2026

ကမ္ဘာမြေ‌ပေါ် ကျရောက်မယ့် အာကာသအန္တရာယ်တွေကိုစောင့်ကြည့်ကာကွယ်ဖို့ဆိုပြီး အာဏာသိမ်းစစ်အုပ်စုလုပ်နေ
---
ယူဂရင်း/BVJ_ သြဂုတ် ၂၄၊ ၂၀၂၆
ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံကိုသွားခဲ့တဲ့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ဟာ အာကာသနဲ့ဂြိုလ်တုနည်းပညာတွေအတွက် ရုရှားနဲ့သဘောတူညီမှုတွေရယူပြီး လေးခုကိုMOU ရေးထိုးခဲ့ကြပါတယ်။

အဲ့ဒီလေးခုထဲမှာ လာမယ့် ၂၀၂၈ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတွေနဲ့ယာဉ်တွေကို စေလွှတ်ဖို့၊ ကမ္ဘာပေါ်ကျရောက်မယ့် အာကာသအန္တရာယ်တွေကိုကာကွယ်ဖို့ဆိုတဲ့အချက်တွေပါဝင်ကြောင်း စစ်အုပ်စုသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

"၂၀၂၈ ခုနှစ်မှာ ကျွန်မတို့မြန်မာနိုင်ငံက အာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့စေလွှတ်နိုင်ရေး၊ ဒါက အဓိကအရေးအကြီးဆုံးအချက်ပါ။ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေး Station မြန်မာနိုင်ငံမှာတည်ဆောက်ဖို့၊ GNSS Station တည်ဆောက်ဖို့ဆွေးနွေးခဲ့ပါတယ်။ အာကာသကနေ ကမ္ဘာမြေအနီးမှာ အာကာသအန္တရာယ် ကျရောက်နိုင်တဲ့အရာတွေကိုစောင့်ကြည့်ပြီး ကာကွယ်ဖို့အတွက် Station တည်ဆောက်ဖို့၊ အဲဒီ လေးခုကို ကျွန်မတို့ MoU ရေးထိုးနိုင်ခဲ့ပါတယ်"လို့ ဒေါ်ခိုင်ခိုင်စိုးပြောတာကို ဒီနေ့ သြဂုတ် ၂၄ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။

အာဏာသိမ်းသမ္မတဟာ ရုရှားကိုသွားရောက်ချိန်မှာ နှစ်နိုင်ငံသဘောတူစာချုပ် ၁၂ခုကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ရုရှားအနေနဲ့မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးတိုးမြှင့်ဖို့၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေလာလုပ်ဖို့ဆိုပြီး ဖိတ်ခေါ်ခဲ့ပါသေးတယ်။

ဒါ့အပြင် စွမ်းအင်ကဏ္ဍမှာလည်း ရေနံနဲ့သဘာဝဓာတ်ငွေ့ကိစ္စ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့၊ နျူကလီးယားကဏ္ဍစတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့သလို ထားဝယ်ရေနက်ဆိပ်ကမ်းမှာ LNG စက်ရုံတည်ဆောက်ပြီးတော့ အိမ်နီးနားချင်းနိုင်ငံတွေကို LNG နဲ့ သဘာဝဓာတ်ငွေ့တွေတင်ပို့ရောင်းချဖို့အတွက် ဆွေးနွေးခဲ့ကြသေးတယ်လို့ ဒေါ်ခိုင်ခိုင်စိုးကပြောပါတယ်။
ပြီးတော့ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့အတွက်လည်း ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းသမ္မတဟာ အခုလ သြဂုတ် ၁၇ရက်က ရုရှားသွားအပြီးမှာ ဘယ်လာရုစ်နိုင်ငံကိုဆက်သွားခဲ့ပြီး အဲ့ဒီမှာလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် သဘောတူညီချက်တွေရခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ-ရုရှားနိုင်ငံ၊မော်စကိုမြို့က အာကာသမှတ်တမ်းပြတိုက်ကို အာဏာသိမ်းသမ္မတ သြဂုတ် ၁၉ရက်ကသွားကြည့်ခဲ့ပုံ။(ဓါတ်ပုံ-PPIB)

ယူကေဝန်ကြီးချုပ်သစ် အန်ဒီ ဘန်းဟမ် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ယူကရိန်းနိုင်ငံကိုသွားရောက်မည်နီသွင်/BVJ_သြဂုတ် ၂၄၊ ၂၀၂၆ယူကေဝ...
24/08/2026

ယူကေဝန်ကြီးချုပ်သစ် အန်ဒီ ဘန်းဟမ် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ယူကရိန်းနိုင်ငံကိုသွားရောက်မည်

နီသွင်/BVJ_သြဂုတ် ၂၄၊ ၂၀၂၆
ယူကေဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အန်ဒီ ဘန်းဟမ် (Andy Burnham)ဟာ တနင်္လာနေ့မှာကီယက်ဗ်မြို့ကိုသွားရောက်မှာဖြစ်ပြီး၊ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုဖို့နဲ့ ယူကရိန်းအပေါ် ယူကေနိုင်ငံရဲ့ခိုင်မာတဲ့ထောက်ပံ့မှုကို ထပ်လောင်းအတည်ပြု ပြောကြားသွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဘန်းဟမ်ဟာ သူ့အရင်ဝန်ကြီးချုပ် ဆာ ကီယာစတာမာ (Sir Keir Starmer) လက်ထက်ကရေးဆွဲခဲ့တဲ့ "ဆန္ဒတူ မဟာမိတ်အဖွဲ့" (coalition of the willing) ရဲ့ပထမဆုံး အစည်းအဝေးကိုလည်း ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းအပေါ် ယူကေရဲ့ အားပေးထောက်ပံ့မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ယူကေပြည်သူတွေကိုယ်စား ဂုဏ်ပြုဆုတစ်ခု လက်ခံရယူဖို့နဲ့ လွတ်လပ်ရေးနေ့အခမ်းအနားတွေမှာလည်း ပါဝင်ဆင်နွှဲဖို့ရှိနေပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ရုရှားဘက်ကလေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး သောကြာနေ့က လူပေါင်းအနည်းဆုံး ၁၆ဦးသေဆုံးခဲ့ရတဲ့ ဈေးဝယ်စင်တာတစ်ခုအပေါ် တိုက်ခိုက်မှုအပါအဝင် အခြေအနေတွေကြောင့် ယူကရိန်းအတွက် ယူကေရဲ့ကျောထောက်နောက်ခံပေးမှုကို ဘန်းဟမ်က အခုလိုထပ်လောင်းအတည်ပြုပေးမှာဖြစ်ပါတယ်။

ယူကရိန်းနဲ့ ယူကေတို့အကြားရှိတဲ့ချစ်ကြည်ရင်းနှီးမှုဟာ “ရုရှားရဲ့ တရားမဝင် စစ်ပွဲထက် အများကြီးပိုပြီးရှည်ကြာရပ်တည်နေမှာပါ”လို့ သူကပြောခဲ့ပါတယ်။ ဒါဟာ မကြာသေးခင်က ရုရှားရဲ့အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ရာမှာ ယူကရိန်းဘက်က ယူကေလုပ်ဒရုန်းတွေကို အသုံးပြုခဲ့မှုနဲ့ပတ်သက်ပြီး မော်စကိုဘက်က “နောက်ဆက်တွဲ အကျိုးဆက်တွေ” ရှိလာမယ်လို့ သတိပေးခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ရေနံချက်စက်ရုံတွေနဲ့ နိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းလက်လီရောင်းချသူ Wildberries ရဲ့ ဂိုဒေါင်တွေကိုပစ်မှတ်ထားပြီး မော်စကိုနဲ့ အခြား ရုရှားဒေသတွေအပေါ် ဝေးလံတဲ့ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေတိုးမြှင့်လုပ်ဆောင်နေပါတယ်။ ယူကေနိုင်ငံဆိုင်ရာ ရုရှားသံရုံးကလည်း ယူကေဟာ “ယူကရိန်း အကျပ်အတည်းကို ပိုမိုတင်းမာလာစေဖို့ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်လုပ်ဆောင်နေတယ်”လို့ စွပ်စွဲခဲ့ပြီး “ပဋိပက္ခထဲမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပါဝင်လာလေလေ၊ ပေးဆပ်ရမယ့်တန်ဖိုးကလည်း ပိုကြီးလေလေဖြစ်လိမ့်မယ်”လို့ သတိပေးပြောကြားထားပါတယ်။

ရုရှားရဲ့ ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ အင်္ဂါနေ့ကမေးမြန်းမှုကို ဘန်းဟမ်က ဖြေကြားရာမှာ ယူကေအနေနဲ့ “ယူကရိန်း ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့အတွက် အထောက်အပံ့တွေ ဆက်လက်ပေးအပ်နေတာဖြစ်ပြီး အရင်ဝန်ကြီးချုပ်တွေလက်ထက်ကတည်းက ဒီပဋိပက္ခတလျှောက်လုံး ယူကေရဲ့ ရပ်တည်ချက်က အဲဒီအတိုင်းပါပဲ၊ ကျွန်တော့်လက်ထက်မှာလည်း ဆက်လက် တည်ရှိနေဆဲပါပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် ယူကေရဲ့ Storm Shadow ဒုံးကျည်ရဲ့ ပြင်သစ်ဘက် အစိတ်အပိုင်းဖြစ်တဲ့ အဝေးပစ် Scalp ဒုံးကျည်တွေအတွက် ယူကေဘက်က ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းဆိုင်ရာ အချက်အ လက်တွေကို လျှို့ဝှက်ချက်ဖြုတ်ပေးဖို့ ကာကွယ်ရေးကုမ္ပဏီ MBDA နဲ့ အစိုးရဘက်က သဘောတူညီခဲ့ပြီဖြစ်ကြောင်း ဘန်းဟမ်က ကြေညာဖို့ ရှိနေပါတယ်။ ဒုံးကျည်နှစ်မျိုးစလုံးဟာ ယူကေနဲ့ ပြင်သစ်တို့ ပူးတွဲသုံးစွဲတဲ့ နည်းပညာကို အသုံးပြုထားကြပြီး သမ္မတ အမ်မနူယ် မက်ခရွန် (Emmanuel Macron) ကလည်း ယူကရိန်းနိုင်ငံအတွင်းမှာ Scalp ဒုံးကျည်တွေအတွက် ဒေသတွင်း တပ်ဆင်ထုတ်လုပ်မယ့် စက်ရုံလိုင်းများ တည်ထောင်ဖို့ စီစဉ်နေပါတယ်။

ယူကရိန်းသမ္မတ ဇာလန်စကီးဟာ ဇူလိုင်လမှာ ဘန်းဟမ်ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဒေါင်းနင်းလမ်း (Downing Street) ကိုပထမဆုံးလာရောက်ခဲ့တဲ့ နိုင်ငံခြားခေါင်းဆောင် ဖြစ်ပါတယ်။

ပုံစာ- မကြာသေးမီက ယူကေနိုင်ငံ၊ပို့စ်မောက်မြို့ကို ယူကရိန်းသမ္မတ ဇာလန်းစကီး သွားရောက်လည်ပတ်စဉ်က

သံတွဲမြို့ကို စစ်အုပ်စုကဆက်တိုက်ဗုံးကြဲနေသလို AAကလည်း နယ်မြေတိုးချဲ့သိမ်းပိုက်နိုင်ဖို့ ဆက်ကြိုးစားနေသူရ/BVJ_သြဂုတ် ၂၃၊ ...
23/08/2026

သံတွဲမြို့ကို စစ်အုပ်စုကဆက်တိုက်ဗုံးကြဲနေသလို AAကလည်း နယ်မြေတိုးချဲ့သိမ်းပိုက်နိုင်ဖို့ ဆက်ကြိုးစားနေ

သူရ/BVJ_သြဂုတ် ၂၃၊ ၂၀၂၆
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ နာမည်ကြီးငပလီကမ်းခြေတည်ရှိရာသံတွဲမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

နောက်ဆုံးအနေနဲ့ သြဂုတ်လ ၂၂ ရက်နေ့ တစ်ရက်တည်းမှာတင် တိုက်လေယာဉ် ၁၀ စင်းနဲ့ ဗုံးအလုံးရေ ၁၀၀ ခန့်အထိကြဲချတိုက်ခိုက်ခဲ့ကြောင်း AA အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ဇူလိုင်လ ၂၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲလေဆိပ်နဲ့စစ်ကောင်စီရဲ့ ခလရ (၅၆)တပ်ရင်းတို့ကိုပါ အပြည့်အဝထိန်းချုပ်ထားတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက ဇူလိုင် ၁၉ ရက်နေ့ကစပြီး သံတွဲမြို့နယ်တွင်းက ကျေးရွာတွေနဲ့ အရပ်သားပစ်မှတ်တွေကိုဦးတည်ကာ သြဂုတ် ၁ ရက်နေ့ကစပြီး ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။ ဒီလိုဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ဒေသခံပြည်သူ အနည်းဆုံးသုံးဆယ်နီးပါးသေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေအပါအဝင် လူနေအိမ်အများအပြားလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

လက်ရှိမှာ AAတပ်ဖွဲ့က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုနဲ့ ချင်းပြည်နယ်က ၁ ခု၊ စုစုပေါင်း မြို့နယ် ၁၅ ခုကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်ပြီး ဒေသန္တရအုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ထားပြီးဖြစ်ပါတယ်။

စစ်အုပ်စုကတော့ ရခိုင်ပြည်နယ်အတွင်းမြို့တော်နဲ့စစ်ဌာနချုပ်အချို့မှာသာ ခံစစ်နဲ့ပိတ်မိနေပြီး AAကအောက်ပါအတိုင်း ထိုးစစ်ကိုအရှိန်မြှင့်ထားပါတယ်။

အမ်းမြို့ (နပခ စစ်ဌာနချုပ်): ရခိုင်ပြည်မှာ စစ်အုပ်စုတပ်တွေအဓိကအခြေစိုက်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိတဲ့ အမ်းမြို့ကို AAကဝိုင်းပတ်ပိတ်ဆို့ကာ အခြေစိုက်တပ်ရင်းတွေ တစ်ခုပြီးတစ်ခုထိုးဖောက်တိုက်ခိုက်နေပါတယ်။

စစ်တွေမြို့ (မြို့တော်): ပြည်နယ်မြို့တော် စစ်တွေကတော့ ကုန်းလမ်း၊ ရေလမ်းအားလုံး AA ရဲ့ ပိတ်ဆို့မှုကိုခံထားရပြီး စစ်ကောင်စီက မြို့မကျစေဖို့ လေ ကြောင်းနဲ့ ရေတပ်ပစ်ကူတွေကိုသာ အဓိကအားကိုးပြီးခုခံနေရပါတယ်။

ကျောက်ဖြူမြို့: တရုတ်နိုင်ငံရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းရှိရာ ကျောက်ဖြူမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေရှိနေသေးပေမဲ့ ပတ်ဝန်းကျင်ကျေးရွာတွေနဲ့ နယ်မြေအများစုကိုတော့ AAကစိုးမိုးထားပါတယ်။

ဒါ့အပြင် AAတပ်ဖွဲ့က ရခိုင်ရိုးမတောင်တန်းကိုဖြတ်ကျော်ပြီး အိမ်နီးနားချင်း တိုင်းဒေသကြီးတွေဘက်အထိပါ စစ်ဆင်ရေးတွေကိုတိုးချဲ့လာနေပါတယ်။ မကွေးတိုင်းဘက်မှာဆိုရင် ငဖဲမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတွေနဲ့ နယ်စပ်တောင်ကြားလမ်းတွေကို ထိုးဖောက်တိုက်ခိုက်နေပါတယ်။

ဧရာဝတီတိုင်းဘက်မှာလည်း ရခိုင်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့ ရေကြည်၊ လေးမျက်နှာ၊ သာပေါင်းနဲ့အင်္ဂပူမြို့နယ်တွေရဲ့ နယ်စပ်ကျေးရွာတွေအထိ AA စစ်ကြောင်းတွေရောက်ရှိလာပြီး စစ်ကောင်စီတပ်တွေနဲ့အပြင်းအထန် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ပါလက်စတိုင်းနယ်မြေကိစ္စ နိုင်ငံတကာဥပဒေအတိုင်းပူးပေါင်းဆောင်ရွက်ပြီး အစ္စရေးကိုဖိအားပေးဖို့ သံအမတ်ဟောင်းတွေတိုက်တွန်းအေတီ...
23/08/2026

ပါလက်စတိုင်းနယ်မြေကိစ္စ နိုင်ငံတကာဥပဒေအတိုင်းပူးပေါင်းဆောင်ရွက်ပြီး အစ္စရေးကိုဖိအားပေးဖို့ သံအမတ်ဟောင်းတွေတိုက်တွန်း

အေတီ/BVJ_သြဂုတ် ၂၃၊ ၂၀၂၆
ပြင်သစ်နဲ့ ယူကေနိုင်ငံက သံတမန်ဟောင်း ဒါဇင်နဲ့ချီပြီးတော့ ပါလက်စတိုင်းနယ်မြေတွေမှာ နိုင်ငံတကာဥပဒေကို အခြေခံပြီး ပူးပေါင်းကာကွယ်ပေးဖို့ သက်ဆိုင်ရာ သူတို့ရဲ့အစိုးရတွေကို စနေနေ့က စာထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။ အစ္စရေးအနေနဲ့ ပါလက်စတိုင်းနိုင်ငံ တစ်နိုင်ငံ ပေါ်ပေါက်လာနိုင်ခြေမှန်သမျှကို "ဖျက်ဆီးပစ်ဖို့" နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့လည်း သူတို့က စွပ်စွဲလိုက်ပါတယ်။

Le Monde သတင်းစာမှာ ဖော်ပြချက်အရ ဒီစာကို လက်မှတ်ရေးထိုးသူ ၁၀၂ ဦးထဲမှာ ကုလသမဂ္ဂဆိုင်ရာ ယူကေသံအမတ်ဟောင်းတွေဖြစ်တဲ့ ဂျရယ်မီ ဂရင်းစတော့ခ် (Jeremy Greenstock) နဲ့ အီမီယာ ဂျုံးစ် ပါရီ (Emyr Jones Parry) တို့အပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူးဟောင်းတွေဖြစ်တဲ့ အီဗ် အော်ဘင် ဒီ လာ မက်ဆူဇီယာ (Yves Aubin de la Messuziere) နဲ့ ဒဲနစ် ဘောက်ချတ် (Denis Bauchard) တို့လည်း ပါဝင်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဒီနိုင်ငံကြီးနှစ်နိုင်ငံရဲ့ သမိုင်းကြောင်းအရ အခန်းကဏ္ဍတွေ ရှိနေတာရယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ ဒီနိုင်ငံနှစ်နိုင်ငံစလုံးက ၂၀၂၅ ခုနှစ်မှာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခဲ့ကြတာတွေကြောင့် ပြင်သစ်နဲ့ ယူကေနိုင်ငံအနေနဲ့ အခုလို ပါဝင်ပတ်သက်ဖို့ အလွန်အရေးကြီးတယ်လို့ သူတို့က ဆိုပါတယ်။

"စစ်ရာဇဝတ်နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူရမယ်ဆိုတာကို ကျွန်တော်တို့နိုင်ငံတွေက ယုံကြည်ကြပါတယ်။ အဲဒီလိုမှ မလုပ်ရင် ကျွန်တော်တို့အစိုးရတွေအနေနဲ့ နှစ်ခါသုံးခါ စံနှုန်းထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း ပါလက်စတိုင်းမှာ နိုင်ငံတကာဥပဒေကို ကာကွယ်ဖို့ သူတို့တွေ အတူတကွ လက်တွဲလှုပ်ရှားကြရမှာပါ" လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

အစ္စရေးဟာ ဥပဒေကို အလေးမထားဘဲ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အများအပြားကိုပါ အထီအမြင်သေးပြနေပြီး "လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်လာနိုင်ခြေမှန်သမျှကို ဖျက်ဆီးပစ်ဖို့" ကြိုးစားနေတယ်လို့လည်း စွပ်စွဲထားပါတယ်။

ဟားမာ့စ်စစ်သွေးကြွအုပ်စုက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရ စတင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးရဲ့ သိမ်းပိုက်မှုကို ခံထားရတဲ့ အနောက်ဘက်ကမ်းဒေသမှာလည်း ဂါဇာစစ်ပွဲ စတင်ကတည်းက အကြမ်းဖက်မှုတွေ ပိုဆိုးလာခဲ့ပြီး အစ္စရေးတပ်ဖွဲ့တွေနဲ့ နယ်မြေလာရောက် အခြေချနေထိုင်သူတွေရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေကြပါတယ်။

ဒါ့အပြင် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသရဲ့ မဟာဗျူဟာကျတဲ့ နေရာတစ်ခုမှာ အခြေချအိမ်ရာပေါင်း ၁,၂၀၀ လောက် ဆောက်လုပ်ဖို့အတွက် တင်ဒါခေါ်ယူဖို့ အစ္စရေးရဲ့ အစီအစဉ်တွေကလည်း အဓိက အနောက်နိုင်ငံကြီးတွေရဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချမှုကို ထပ်မံရင်ဆိုင်နေရပါတယ်။

ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဒီဆုံးဖြတ်ချက်ဟာ "လက်ခံနိုင်စရာ မရှိဘူး" လို့ ပြောဆိုခဲ့ကြသလို အဲဒီအစီအစဉ်တွေကို "ချက်ချင်း ရုပ်သိမ်းဖို့" လည်း အစ္စရေးကို တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာဥပဒေအရ အခြေချနယ်မြေအားလုံးဟာ တရားမဝင်ပါဘူး။ ဒါကြောင့် ဂျေရုဆလမ်မြို့ရဲ့ အရှေ့ဘက် E1 ဒေသမှာ ဆောက်လုပ်မယ့် အစီအစဉ်တွေကို နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြောင့် အစ္စရေးက ဒါဇင်နဲ့ချီတဲ့ နှစ်တွေအထိ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်လာတာဟာ အနောက်ဘက်ကမ်းကို နှစ်ခြမ်းကွဲသွားစေပြီး အရှေ့ဂျေရုဆလမ်ကိုလည်း အထီးကျန်ဖြစ်သွားစေမှာဖြစ်လို့ နှစ်နိုင်ငံ ဖြေရှင်းရေး အစီအစဉ်ရဲ့ မျှော်လင့်ချက်တွေကို အပြင်းအထန် ထိခိုက်စေလိမ့်မယ်လို့ မဟာမိတ်နိုင်ငံအများစုနဲ့ ပါလက်စတိုင်းတွေက ထောက်ပြပြောဆိုနေကြပါတယ်။

အိမ်တွေဖြိုဖျက်တာတွေနဲ့ ပူးပေါင်းကြံစည်နေတဲ့ အစ္စရေးစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ အားပေးမှုကြောင့် အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလမ်တို့မှာ "နယ်မြေလာရောက် အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေ ကြီးထွားလာတာ" တွေဟာ "လူမျိုးစု သန့်စင်ရှင်းလင်းရေး" ဆန်နေတယ်လို့ အဲဒီစာက ဆိုပါတယ်။

"ကမ္ဘာကြီးက အစ္စရေးကို အခုတော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံလို့ မမြင်တော့ပါဘူး။ တခြားသူတွေရဲ့ အခွင့်အရေးနဲ့ နယ်မြေတွေကို ဖယ်ရှားသိမ်းပိုက်နေတာမှာ ဒီမိုကရေစီဆန်မှု ဘာမှကို မရှိပါဘူး" လို့ အဲဒီစာက နိဂုံးချုပ် ဖော်ပြထားပါတယ်။

ခရက်ဒစ် - Bangkok post

TikTokတရားစွဲခံထားရတဲ့အမှု အမေရိကန်ဒေါ်သန်း ၄၀၀ လျော်ကြေးပေးဖို့သဘောတူ သူရ/BVJ_ သြဂုတ် ၂၃၊ ၂၀၂၆ကလေးသူငယ်ကိုယ်ရေးလုံခြုံရ...
22/08/2026

TikTokတရားစွဲခံထားရတဲ့အမှု အမေရိကန်ဒေါ်သန်း ၄၀၀ လျော်ကြေးပေးဖို့သဘောတူ

သူရ/BVJ_ သြဂုတ် ၂၃၊ ၂၀၂၆
ကလေးသူငယ်ကိုယ်ရေးလုံခြုံရေးဥပဒေတွေ ချိုးဖောက်ဖျက်မှုစွပ်စွဲချက်နဲ့ တရားစွဲခံထားရတဲ့ TikTok ဟာ အမေရိကန်တရားရေးဝန်ကြီးဌာနကို ဒေါ်လာ သန်း ၄၀၀ လျော်ကြေးပေးဖို့ အမေရိကန် တရားရေး ဝန်ကြီးဌာနနဲ့ညှိနှိုင်းသဘောတူလိုက်ပြီလို့ သိရပါတယ်။

TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance နဲ့ ဆက်စပ်ကုမ္ပဏီတွေဟာ ကလေးသူငယ်တွေရဲ့ အွန်လိုင်းကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (COPPA)ကိုလိုက်နာဖို့ပျက်ကွက်ခဲ့တယ်ဆိုပြီး တရားရေးဝန်ကြီးဌာနက သောကြာနေ့မှာ အခုလိုသဘောတူညီချက်ရယူခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေအရ ကလေးတွေကိုဦးတည်တဲ့ဝန်ဆောင်မှုတွေအနေနဲ့ အသက် ၁၃ နှစ်အောက် အသုံးပြုသူတွေဆီက ကိုယ်ရေးအချက်အလက်တွေ မကောက်ယူခင် မိဘတွေဆီကနေ ခွင့်ပြုချက်အရင်တောင်းခံဖို့ လိုအပ်ပါတယ်။ တရားရေးဝန်ကြီးဌာနက TikTok နဲ့ ByteDance တို့ကို ၂၀၂၄ ခုနှစ်မှာ တရားစွဲဆိုခဲ့တာပါ။

တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ TikTok ဟာ ကလေးတွေကိုပုံမှန်အကောင့်တွေဖွင့်ခွင့်ပေးခဲ့ပြီး၊ အဲဒီနောက် ပုံမှန် TikTok ပလက်ဖောင်းပေါ်မှာ လူကြီးတွေအပါအဝင် အခြားသူတွေနဲ့ ဗီဒီယိုတိုတွေ၊ စာတိုတွေကို ဖန်တီးမျှဝေတာတွေ လုပ်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ TikTokဟာ ကလေးတွေရဲ့မိဘတွေဆီကခွင့်ပြုချက်မယူဘဲ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ TikTok ဟာ တရားရေးဝန်ကြီးဌာနကို ချက်ချင်း ဒေါ်လာ သန်း ၃၀၀ ပေးချေရမှာဖြစ်ပြီး၊ TikTok ရဲ့ ရှေ့ပြေးဖြစ်တဲ့ Musical.ly နဲ့အရင်ကပြုလုပ်ခဲ့တဲ့ သဘောတူညီချက်ကို တရားရုံးကပယ်ဖျက်ပေးလိုက်တဲ့အခါ ကျန်တဲ့ဒေါ်လာ သန်း ၁၀၀ ကိုပါထပ်မံပေးချေရမှာဖြစ်ပါတယ်။

"ဒီသဘောတူညီချက်ကတော့ အမေရိကန်ကလေးငယ်တွေနဲ့ မိဘတွေအတွက် အောင်ပွဲကြီးတစ်ခုပါပဲ" လို့ တွဲဖက်ရှေ့နေချုပ် Stanley E Woodward Jr က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

"အွန်လိုင်းမှာ ကလေးတွေအကာအကွယ်ရရှိဖို့နဲ့ သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကိုယုံကြည်အပ်နှံထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ဥပဒေအရ တာဝန်ဝတ္တရားတွေကို တိတိကျကျ လိုက်နာဖို့ဆိုတာ တရားရေးဝန်ကြီးဌာနရဲ့ ဦးစားပေးပါပဲ။ ဒီအဖြေရှာမှုက မိသားစုတွေမျှော်လင့်ပြီး ရထိုက်တဲ့ အကာအကွယ်တွေကို ပိုမိုခိုင်မာစေတဲ့အပြင် ထိုက်တန်တဲ့ ပြန်လည်ရရှိမှုတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိတဲ့ TikTok App ကို တားမြစ်ပိတ်ပင် ခံရမယ့်အရေးကနေ ရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းဒေတာလုံခြုံရေးကို အာမခံချက်ပေးနိုင်ဖို့အတွက် အမေရိကန်ပိုင်ဆိုင်မှု အများစုပါဝင်တဲ့ ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ဖို့ ByteDance က ဇန်နဝါရီလမှာ သဘောတူညီခဲ့ပါတယ်။

TikTok ကို တရားစွဲဆိုခဲ့ပြီးနောက်ပိုင်းမှာ ကုမ္ပဏီအနေနဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေလုပ် ခဲ့ပြီး ကလေးသူငယ်တွေရဲ့ ကိုယ်ရေးလုံခြုံရေးကို ကာကွယ်ဖို့ လုံခြုံရေးအစီအမံတွေကိုပါ ပိုမိုတင်းကျပ်လာခဲ့တယ်လို့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

တရားရေးဝန်ကြီးဌာန ရာဇဝတ်မှုဆိုင်ရာဌာနခွဲက လက်ထောက်ရှေ့နေချုပ် Brett Shumate ကလည်း "ဒီညှိနှိုင်းအဖြေရှာမှုက သိသာတဲ့ တိုးတက်မှုတွေကို ပြသနေပြီး၊ ငွေကြေးအရလည်း ထိုက်ထိုက်တန်တန် ရရှိစေခဲ့ကာ ဒီကိစ္စကို အောင်မြင်စွာနဲ့ အဆုံးသတ်နိုင်ခဲ့ပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

ခရက်ဒစ်- AL Jazeera

အိုင်ယာလန်နိုင်ငံ အနောက်တောင်ပိုင်းကရဲတိုက်ကြီးတစ်ခုကို မာ့ခ်ဇူကာဘတ် ဝယ်ယူနီသွင်/BVJ_သြဂုတ် ၂၁၊ ၂၀၂၆Meta ကုမ္ပဏီရဲ့ စီအီ...
21/08/2026

အိုင်ယာလန်နိုင်ငံ အနောက်တောင်ပိုင်းကရဲတိုက်ကြီးတစ်ခုကို မာ့ခ်ဇူကာဘတ် ဝယ်ယူ

နီသွင်/BVJ_သြဂုတ် ၂၁၊ ၂၀၂၆
Meta ကုမ္ပဏီရဲ့ စီအီးအို မာ့ခ်ဇူကာဘတ်ဟာ အိုင်ယာလန်နိုင်ငံ အရှေ့တောင်ပိုင်းက မြစ်တစ်စင်းကို မျက်နှာမူလျက်ရှိတဲ့ ၁၉ ရာစုလက်ရာ ဂေါ့သစ်ဒီဇိုင်းရဲတိုက်ကြီးကို ဝယ်ယူလိုက်ပါတယ်။

သူ့ကုမ္ပဏီရဲ့ ဥရောပရုံးချုပ်ရှိရာနေရာကနေ ကီလိုမီတာ ၂၀၀ (မိုင် ၁၂၅) အကွာမှာ တည်ရှိပြီး ကြာသပတေးနေ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

အစိုးရရဲ့ ဗိသုကာလက်ရာ မှတ်တမ်းတွေအရ စထရန်ကယ်လီရဲတိုက် (Strancally Castle) ကို ဘလက်ဝါတာမြစ်ကို မျှော်ကြည့်လို့ရတဲ့ မြေနေရာပေါ်မှာ ၁၈၃၀ ပြည့်နှစ်ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာတော့ မွမ်းမံပြင်ဆင်မှုအများအပြား လုပ်ခဲ့ပါတယ်။

ဒီအရောင်းအဝယ်ဖြစ်မှုကို အိုင်ယာလန်နိုင်ငံရဲ့ နိုင်ငံတော် ပိုင်ဆိုင်မှုဈေးနှုန်းမှတ်တမ်းမှာတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမဲ့ ဒီဝယ်ယူမှုကို ပထမဆုံး သတင်းဖော်ပြခဲ့တဲ့ Irish Times သတင်းစာရဲ့ ခန့်မှန်းချက်အရ ဒီအိမ်ခြံမြေဟာ ယူရို သန်း ၂၀ နဲ့ သန်း ၃၀ ကြား တန်ဖိုးရှိနိုင်တယ်လို့ သိရပါတယ်။

"ဇူကာဘတ်နဲ့ သူ့မိသားစုအနေနဲ့ ဒီသမိုင်းဝင်အိမ်ကြီးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရမယ့်အတွက် ဝမ်းသာပီတိဖြစ်ရသလို၊ အိုင်ယာလန်မှာ အချိန်ဖြုန်းဖို့လည်း မျှော်လင့်နေကြပါတယ်" လို့ ဇူကာဘတ်ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေ အခွန်သက်သာခွင့် အကျိုးခံစားခွင့်တွေကြောင့် ဥရောပရုံးချုပ်တွေကို အခြေစိုက်ဖွင့်လှစ်ထားကြတဲ့ အိုင်ယာလန်နိုင်ငံမှာ Meta ကုမ္ပဏီက ဝန်ထမ်း ၁,၅၀၀ ခန့်ကို ခန့်အပ်လုပ်ကိုင်လျက်ရှိပါတယ်။

ခရက်ဒစ် - Reuters

မြောင်နယ်၊ဓမ္မာရုံတရားပွဲကိုလေကြောင်းဗုံးကြဲတာကြောင့် ၁၂ ယောက်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေ---မိုနာ/BVJ_သြဂုတ် ...
21/08/2026

မြောင်နယ်၊ဓမ္မာရုံတရားပွဲကိုလေကြောင်းဗုံးကြဲတာကြောင့် ၁၂ ယောက်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေ
---
မိုနာ/BVJ_သြဂုတ် ၂၁၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာရှိ ဘုန်းကြီးကျောင်း(ဓမ္မာရုံ)ကို ဒီနေ့ သြဂုတ် ၂၁ရက်မနက်ပိုင်းမှာ စစ်အုပ်စုဘက်ကလေယာဉ်နဲ့ဗုးကြဲချခဲ့တာကြောင့် ဆရာတော်အပါအဝင် သေဆုံးသူ ၁၂ယောက်ကျော်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ဟာ ဥပုသ်နေ့ဖြစ်တာကြောင့် ဆရာတော်နဲ့အတူ ‌ရွာသူ/ရွာသားတွေတရားနာယူနေချိန် မနက်၉နာရီကျော်မှာ ဗုံးကြဲခဲ့တာကြောင့်သေဆုံးသူများပြားခဲ့တယ်လို့ သိရပါတယ်။

"တံတားဦးဘက်ကတက်လာတဲ့လေယာဉ်နဲ့ နှစ်ကြိမ်ကြဲခဲ့တာ။လက်ရှိထိတော့ သေဆုံးသူက ၁၂ယောက်ရှိနေပြီ။ ဒဏ်ရာရသူတွေလည်းများတယ်။ အပျက်အဆီးပုံထဲမှာပိနေတဲ့သူတွေလည်းရှိသေးတယ်။ အဲ့ထဲမှာမှ ဒဏ်ရာတော်တော်ပြင်းတဲ့သူတွေလည်းရှိသေးတယ်"လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံက Burma VJကိုပြောပါတယ်။

စစ်အုပ်စုဟာ ဩဂုတ် ၁၉ရက်၊ည ၇ နာရီဝန်းကျင်ကလည်း မြောင်မြို့နယ်၊လှေတင်ဦးကျေးရွာကို လေကြောင်းကနေသုံးကြိမ်တိုင်ဗုံးကြဲခဲ့တာကြောင့် နှစ်ယောက်သေဆုံးပြီး ထိခိုက်သူ အယောက် ၂၀ ခန့်ရှိခဲ့ပါသေးတယ်။
သေဆုံးသူနှစ်ဦးထဲက တစ်ဦးဟာ CDSOM တပ်ဖွဲ့၊မြောင်အမျိုးသမီးစစ်သည်တော်- M2Wအဖွဲ့ရဲ့ မိုင်းထုတ်လုပ်ရေး၊ မိုင်းတပ်ဆင်ရေးပိုင်းတွေမှာ ဦးဆောင်ပါဝင်ခဲ့ဖူးတဲ့ မသဲနုဝင်းဖြစ်ပြီး မကျဆုံးမီအချိန်ထိ မြောင်ပညာရေးကွန်ရက်-MENမှာ စေတနာ့ဝန်ထမ်းအဖြစ်စာသင်ပေးခဲ့တဲ့ ကျောင်းဆရာမတစ်ဦးဖြစ်တယ်လို့ မြောင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM ခေါင်းဆောင် ကိုနွေဦးကသူ့ရဲ့လူမှုကွန်ရက်မှာ သြဂုတ် ၂၀ရက်က ရေးထားပါတယ်။

ပုံစာ-သြဂုတ် ၁၉ရက်က မြောင်မြို့နယ်၊လှေတင်ဦးကျေးရွာကို စစ်အုပ်စုဗုံးကြဲမှုအတွင်းသေဆုံးခဲ့ရတဲ့ မသဲနုဝင်း(ဓါတ်ပုံ-ကိုနွေဦး-မြောင်)

Address


Alerts

Be the first to know and let us send you an email when Burma VJ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma VJ:

Shortcuts

  • Want your business to be the top-listed Media Company?

Share