Yangon God

Yangon God To support the best professional project while using minimum fees for clients is OUR MISSION. We off

အခုတော့ တကယ်ပဲဒေါ်လာ 100$ Campaign တစ်ခုအတွက်ကိုယ့်ရဲ့ Service Fee ပါ အပါဆိုရင်5သိန်း မကတောင်းနေရပါပြီခင်ဗျ...ဒါတောင် မန...
29/05/2024

အခုတော့ တကယ်ပဲဒေါ်လာ 100$ Campaign တစ်ခုအတွက်
ကိုယ့်ရဲ့ Service Fee ပါ အပါဆိုရင်
5သိန်း မကတောင်းနေရပါပြီခင်ဗျ...
ဒါတောင် မနှစ်က 2 သောင်းတန်မထွက်ခဲ့လို့
ထွက်သာ ထွက်ခဲ့လို့ကတော့ အခုချိန် ရွှေစျေး
သိန်းတစ်ရာတွေဘာတွေဖြစ်နေလောက်ပြီ... ကျေးဇူးဗျ🥲

ပြင်ဦးလွင်က ကိုယ့် Client ရဲ့ Beauty's House အတွက်ချစ်စရာကောင်းတဲ့ Logo လှလှလေး 🤗🤗🤗Option နှစ်ခုပေးတာ နှစ်ခုစလုံး Clien...
18/10/2023

ပြင်ဦးလွင်က ကိုယ့် Client ရဲ့ Beauty's House အတွက်
ချစ်စရာကောင်းတဲ့ Logo လှလှလေး 🤗🤗🤗

Option နှစ်ခုပေးတာ နှစ်ခုစလုံး Client က ကြိုက်လို့
Profile Picture နဲ့ Cover Photo မှာ
မျှပြီးသုံးပေးထားလိုက်ရတယ်...

လုပ်ငန်းတွေအများကြီး တိုးတက်အောင်မြင်ပါစေ





ကျတော်တို့ ဝယ်ယူမှုတွေရဲ့ 85% လောက်ကကြိုတင်စီစဉ်ထားတာမဟုတ်ဘူး ဆိုတာသတိထားမိလားငွေပမာဏအများကြီးသုံးစရာမလိုဘဲခဏခဏဝယ်ယူရတဲ့...
14/10/2023

ကျတော်တို့ ဝယ်ယူမှုတွေရဲ့ 85% လောက်က
ကြိုတင်စီစဉ်ထားတာမဟုတ်ဘူး ဆိုတာသတိထားမိလား

ငွေပမာဏအများကြီးသုံးစရာမလိုဘဲ
ခဏခဏဝယ်ယူရတဲ့ ပစ္စည်းမျိုးတွေ
ဥပမာ (မုန့်၊ အဝတ်အစား၊ နေ့စဉ်အသုံးအဆောင်)ကို
ရုပ်တရက်လှုံ့ဆော်မှုအရဝယ်ယူလေ့ရှိကြပြီး...

တစ်ခါဝယ်ဖို့ အများကြီးစဉ်းစားရတဲ့ ပစ္စည်းတွေ
ဥပမာ(အိမ်၊ ကား၊ ဖုန်း၊ လက်ဝတ်ရတနာ၊ ဇိမ်ခံပစ္စည်း) တွေကိုတော့
စဉ်းစားတွေးတောပြီး ဝယ်ယူလေ့ရှိကြပါတယ်..

ဒီလို ခဏခဏဝယ်တဲ့ပစ္စည်းတွေအများစုကို
Feeling Buying အဖြစ်သတ်မှတ်ပြီး
စဉ်းစားပြီး ဝယ်ရတဲ့ပစ္စည်းတွေအတွက်
Function Buying ဆိုပြီးခွဲလို့ရတယ်

City Mart တို့ Ocean တို့လို
Shopping Center ကြီးတွေမှာ စျေးဝယ်တဲ့အခါ
ကိုယ်တကယ်ဝယ်ဖို့စီစဉ်ထားတာက
2 ခုလောက်ပဲပါရှိပြီး
ကျန်တဲ့ 10ခု လောက်ကဟိုရောက်မှ
လျှောက်ကြည့်ရင်းကနေ လက်က စျေးခြင်းထဲ
အော်တိုကောက်ထည့်ခဲ့တဲ့ပစ္စည်းတွေဖြစ်နေတာ တွေ့ရလိမ့်မယ်...

ဥပမာနောက်တစ်ခုက
Facebook ပွတ်နေတဲ့ အမျိုးသမီးတွေပိုသိတယ်
ပွတ်တုန်းကတော့ ဘာရယ်မဟုတ်ဘူး ပွတ်လို့လဲပြီးရော
Online Shop က သုံးခုလောက်မှာပြီးနေပြီ...
သူ့အနေနဲ့ တစ်ခုခုဝယ်ဖို့ Facebook ကြည့်တာမဟုတ်ပေမယ့် ဝယ်မိသွားတာ...

အဲ့ဒါ ကျတော်တို့ရဲ့ 85% သော Feeling Buying တွေရဲ့ သိသာတဲ့နမူနာတွေပဲ...

ဒါဆို ကျန်တဲ့ 15% ဖြစ်တဲ့ Function Buying ကရော...
ဘယ်သူကများ အိမ်ကို Online Shop ကနေဝယ်တာတွေ့ဖူးတုန်း
ကိုယ်လိုချင်တဲ့ Location ဖြစ်ရဲ့လား
ဟိုဟာနဲ့နီးလား ဒီဟာနဲ့နီးလား
ဟိုဟာပါလား ဒီဟာပါလား စတဲ့
Function တွေကို စစ်တော့တာပဲ

ကားဝယ် ဖုန်းဝယ် ဇိမ်ခံပစ္စည်းဝယ် အတူတူပဲ
လိုချင်တဲ့အချက်တွေကို သေချာလိုက်စစ်ပြီးမှ
သေသေချာချာ ဆုံးဖြတ်ပြီးဝယ်ယူကြတယ်...

ကိုယ့်ရဲ့ Sale & Marketing Field ထဲ 10 နှစ်ကျော်ကြာ
အတွေ့အကြုံတွေနဲ့ လေ့လာထားတာလေးတွေကို
အားလုံးအတွက် စေတနာဖြင့်မျှဝေပေးတာမို့
အသုံးဝင်တယ်ဆိုရင် Sharing လုပ်ပေးပါ...

ကိုယ့် Product ဒါမှမဟုတ် Service က
Feeling Buying Group ထဲမှာလား
Function Buying Group ထဲမှာလား
ခွဲခြားကြည့်ပါ...

Feeling Buying ဆိုရင်
ဘယ်လိုအချက်တွေနဲ့ ဆွဲဆောင်မလဲ?

Function Buying ဆိုရင်ရော
အရေးကြီးတဲ့ ဘယ်အချက်တွေကို လုပ်ဆောင်ရမလဲ?

သိချင်ရင် Comment မှာရေးခဲ့ပါ နောက်တစ်ပို့စ်လုပ်ပြီးတင်ပေးပါမယ်...





အကောင်းဆုံးတွေ ဖန်တီးပေးတာမို့အချိန်လေးတော့ နဲနဲပိစိလေးပေးပါဗျာ
13/10/2023

အကောင်းဆုံးတွေ ဖန်တီးပေးတာမို့
အချိန်လေးတော့ နဲနဲပိစိလေးပေးပါဗျာ



လုပ်ငန်းတိုင်း ကိုးကွယ်ရမယ့် USP နတ်မင်းကြီးငါးပါးUSP(Unique Selling Point or Unique Selling Proposition) ဆိုတာ လုပ်ငန်း...
04/10/2023

လုပ်ငန်းတိုင်း ကိုးကွယ်ရမယ့် USP နတ်မင်းကြီးငါးပါး

USP(Unique Selling Point or Unique Selling Proposition) ဆိုတာ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ Key Fact တွေထဲမှာပါတဲ့ မလုပ်မဖြစ် လုပ်ဆောင်ရမယ့် အချက်တစ်ခုဖြစ်တယ်...

USP ကောင်းကောင်းတစ်ခု တည်ဆောက်ဖို့ လုပ်ငန်းတစ်ခုလုံးမှာရှိတဲ့ Level စုံ လုပ်သားတွေရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ ထုတ်ကုန်အရည်အသွေးစတဲ့အချက်တွေအများကြီးအပေါ် မူတည်တယ်...

အခြေခံတွက်ချက်ရမယ့်အချက်တွေ
အများကြီးရှိပေမယ့်
အရေးအကြီးဆုံးအချက် 5 ချက်ကို
ဒီနေ့ Sharing လုပ်ပေးပါမယ်...

နံပါတ် ၁. စျေးနှုန်း
နံပါတ် ၂. ထုတ်ကုန်/ဝန်ဆောင်မှု အရည်အသွေး
နံပါတ် ၃. အဆင်ပြေချောမွေ့မှု
နံပါတ် ၄. မတူကွဲပြားမှု
နံပါတ် 5. အကျိုးအမြတ်ထူးခြားမှု

ဒီလို Main Point တွေမှာ
ကိုယ့်ရဲ့ Competitors တွေထက်
သိသိသာသာထူးခြားနေဖို့လိုတယ်...
အပေါ်က အချက် 5 ချက်ကိုအခြေခံပြီး
Client နဲ့ ကိုယ်နဲ့ နှစ်ကိုယ်ကြားလေး အကွက်အများကြီးရွှေ့သွားနိုင်ရင် Market Sharing များများရပြီသာမှတ်တော့...

ပုံမှာပြထားသလို Client Circle ဖြစ်တဲ့
Marketစက်ဝိုင်းကြီးကို ကိုယ့်အထဲများများဆွဲထည့်နိုင်ဖို့
USP ကို အကောင်းဆုံးတည်ဆောက်ထားရမယ်ဆိုတာ
ငြင်းစရာမလိုတော့ဘူးနော်




ဒီနေ့မှာတော့ ကျတော်တို့ရဲ့ဗဟုသုတ ဟင်းအိုးကြီးဖြစ်တဲ့ဆရာကြီး Google ရဲ့ 25 နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်...ဒီနေ့ Google စာမျက...
27/09/2023

ဒီနေ့မှာတော့ ကျတော်တို့ရဲ့
ဗဟုသုတ ဟင်းအိုးကြီးဖြစ်တဲ့
ဆရာကြီး Google ရဲ့ 25 နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်...
ဒီနေ့ Google စာမျက်နှာကိုဝင်ကြည့်မယ်ဆိုရင်
သူ့ရဲ့ Logo မှာ 25 ဆိုတဲ့ နံပါတ်လေး ထည့်သွင်းဖော်ပြထားတာကို ပုံပါအတိုင်းတွေ့ရမှာပါ...
Google ရဲ့ အရင် နာမည်အဟောင်းဖြစ်တဲ့
BackRub ကို 1998 ခုနှစ်မှာစတင်ပြီး
Google ဆိုပြီးပြောင်းလဲခဲ့ပါတယ်...
ကျတော်ကတော့ မိတ်ဆွေကြီး Google နဲ့
20010 - 2011 ခုနှစ်လောက်မှာစတင်ရင်းနှီးခဲ့ပါတယ်...
IT ပိုင်းကို ထဲထဲဝင်ဝင်လေ့လာခွင့်ရခဲ့တာကလည်း
အဲ့ဒီဆရာကြီး Google ကြောင့်ပဲဆိုပါတော့...
အခုကတော့ လေ့လာစရာတွေပိုပိုများလာပေမယ့်
Google နဲ့တော့ဘယ်လိုမှမကင်း
နိုင်ပါဘူး...
Google ရဲ့ Logo အဟောင်းလေးတွေကို Comment မှာ ပြပေးထားပါမယ် စိတ်ဝင်စားသူများဝင်ကြည့်လို့ရပါတယ်ခင်ဗျ...




လူငယ်များအတွက်
20/09/2023

လူငယ်များအတွက်

လမ်းလျှောက်တဲ့အခါ မယိုင်မနဲ့ လိုရာရောက်ဖို့
သန်မာတဲ့ ခြေထောက်တွေလိုတယ်...
လောကလမ်းတွေပေါ် မယိုင်မနဲ့ ဒူပေနာပေခံနိုင်ဖို့
စိတ်ဓါတ်တွေ သူမတူအောင် သန်မာနေဖို့လို​ပြန်တယ်...
သူများကို မနင်းမခွဘဲ သန့်စင်တဲ့ခြေလှမ်းတွေနဲ့
Mentally Strong (စိတ်ဓါတ်ကြံ့ကြံ့ခိုင်ခိုင်) ဖြစ်ဖို့
ဒီအချက်တွေနဲ့ စိတ်ကိုနေ့စဉ်ထိန်းကျောင်း မွေးမြူထားဖို့လိုတယ်
No.1 ဉီးနှောက်အာဟာရဖြည့်ပါ ♦
အမြင်ကျယ်ခြင်းနဲ့ ဗဟုသုတကြွယ်ဝခြင်းဟာသင့်အတွေးအခေါ်ကို မှန်ကန်တည့်မတ်စေပါတယ်...
“အမြင်မတူရင် အတွေးအခေါ်မတူဘူး
အတွေးအခေါ်မတူရင်
လုပ်ဆောင်ချက်တွေကွာသွားတယ်
လုပ်ဆောင်ချက်ကွာသွားတော့
ရလဒ်တွေလဲကွဲပြားသွားပါတယ်”
အကြောင်းအရာတစ်ခုကို ရှင်းရှင်းလင်းလင်းအမြင်မှန်ဖို့ သင့်ဉီးနှောက်ကို အစာကောင်းကောင်းကျွေးထားဖို့လိုပါတယ်...
No.2 ဇွဲနပဲ ♦
ပြဿနာတစ်ခုနဲ့ကြုံတဲ့အခါ လွယ်လွယ်မရှုံးမပေးပါနဲ့
ကိုယ်တိုင်အဖြေရှာ ဖြေရှင်းနိုင်ဖို့ကြိုးစားပါ...
No.3 ယုံကြည်မှု♦
သင့်ကိုယ်သင်မယုံကြည်ရင် ဘယ်သူမှသင့်ကိုမယုံကြည်ပါဘူး...
No.3 အကောင်းမြင်ပါ ♦
လက်ရှိရနေတာကို အကောင်းမမြင်နိုင်သရွေ့
နောက်ထပ်ပိုကောင်းတာ ဘာပဲလာလာ
ကောင်းတယ်ထင်မှာမဟုတ်တော့ပါဘူး...
အခုရနေတာကိုတန်ဖိုးထားပါ ပိုကောင်းတာတစ်ခုကိုရဖို့ လက်ထဲကအခွင့်အရေးကို အကောင်းဆုံးအသုံးချပါ...
No.4 ကိုယ့်အခြေအနေကို ကိုယ်အမြဲသုံးသပ်ပါ ♦
ဒီနေ့ “သင်” နဲ့ မနက်ဖြန် “သင်”
ဘာတွေကွာသွားအောင်လုပ်မှာလဲ...
တစ်ရက်စာရော ဘာတွေလုပ်ပြီးပြီလဲ...
နောက်ထပ်အချိန် 24နာရီဖြုန်းလိုက်တာလား
သုံးလိုက်တာလား ညတိုင်းသေသေချာချာသုံးသပ်ပါ
No.5 ချီးမြှောက်တက်ပါစေ ♦
မိတ်ဆွေ သို့မဟုတ် အခြားသူတွေရဲ့ အောင်မြင်မှုကို ပျော်ပျော်ရွှင်ရွှင် လက်ခုတ်တီးပါ...
သူများအောင်မြင်မှုနဲ့ ကိုယ့်စိတ်ကိုမြှင့်တင်နိုင်တဲ့အခါ သင်ကိုယ်တိုင်အောင်မြင်ဖို့ နီးစပ်လာပါလိမ့်မယ်
No.6 အမှားတွေကနေ သင်ယူပါ ♦
There are no mistakes, only lessons.
အမှားမဟုတ် သင်ခန်းစာတွေသာဖြစ်တယ်
သိပ်ကောင်းတဲ့ အတွေ့အကြုံတွေက အရမ်းကြမ်းတဲ့ အမှားတွေကလာတာပါ
No.7 ရင်ဆိုင်ပါ ♦
စိန်ခေါ်မှုတွေနဲ့ ပြိုင်ဆိုင်မှုတွေ
အဆုံးအရှုံးတွေနဲ့ လဲကျမှုတွေရဲ့ အရသာကို
မကြောက်ပါနဲ့...
အရှုံးဆိုတာ သင်လက်ခံမှ
တကယ်အရှုံး သမားဖြစ်တာပါ...
ဘယ်မှာဘယ်လောက်ရှုံးရှုံး
သူ့ထက်ကောင်းတဲ့ အနိုင်တွေ အများကြီး
သင်ယှဉ်ပြိုင်ရယူနိုင်ပါသေးတယ်...
အသေးစိတ်အချက်တွေအများကြီးရှိပေမယ့်
စာရှည်မှာစိုးလို့ အရေးကြီးတဲ့ အဓိကအချက်တွေပဲ Sharing လုပ်ပေးခဲ့ပါတယ်...
ကျတော်ကိုယ်တိုင်လဲ အသုံးချနေတဲ့အချက်တွေမို့ အားလုံးကို Sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်...
လူငယ်တွေအတွက် နှစ်ချက် သုံးချက်လောက်ပဲ
သေသေချာချာအသုံးချရင်တောင်
ရေးရကျိုးနပ်ပါတယ်...
အားလုံးပဲ လောကလမ်းတွေ မှန်မှန်ကန်ကန်
သန်သန်မာမာလျှောက်လှမ်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်...




အမေကတော့ ငါ့သားလေးရုံးမှာ အေးအေးဆေးဆေးပဲလို့ထင်နေမှာ 😅
20/09/2023

အမေကတော့ ငါ့သားလေးရုံးမှာ အေးအေးဆေးဆေးပဲလို့ထင်နေမှာ 😅

သူများ Clientကိုယ့် Client ဖြစ်လာဖို့Customer ကို ပွားလာအောင်လုပ်ဖို့စျေးကွက်ခွဲတမ်းအများဆုံး သိမ်းပိုက်နိုင်ဖို့အရမ်းအရ...
17/09/2023

သူများ Client
ကိုယ့် Client ဖြစ်လာဖို့

Customer ကို ပွားလာအောင်လုပ်ဖို့

စျေးကွက်ခွဲတမ်းအများဆုံး သိမ်းပိုက်နိုင်ဖို့

အရမ်းအရေးကြီးတဲ့နည်းလမ်း သုံးခု 👇

No.1 - အကျိုးအမြတ် ထူးခြားရမယ်...
No.2 - ရလဒ်မြန်ဆန်ရမယ်...
No.3 - ယုံကြည် စိတ်ချရမယ်...




လုပ်ငန်းခွင်သည်သင့်ရဲ့ မိဘအိမ်မဟုတ်သလိုသင့်ချစ်သူရဲ့ ရင်ခွင်လဲမဟုတ်ပြန်ဘူးသင့်ရဲ့အရည်အချင်းနဲ့ကိုယ်စွမ်းကိုယ်စအတွက်သာပေး...
09/09/2023

လုပ်ငန်းခွင်သည်
သင့်ရဲ့ မိဘအိမ်မဟုတ်သလို
သင့်ချစ်သူရဲ့ ရင်ခွင်လဲမဟုတ်ပြန်ဘူး

သင့်ရဲ့အရည်အချင်းနဲ့
ကိုယ်စွမ်းကိုယ်စအတွက်သာ
ပေးချေသောနေရာဖြစ်တယ်...

Company ရဲ့ Rules and regulations နဲ့ မကိုက်ညီတာ (ဒါမှမဟုတ်) လုပ်ငန်းခွင် Culture နဲ့ မကိုက်ညီတဲ့ သင့်ရဲ့ ကိုယ်ပိုင်မူအကျင့်တွေရှိနေရင် ရအောင်ပြင်နိုင်ဖို့လိုတယ်...

ဥပမာ ဆေးလိပ်မသောက်သင့် ကွမ်းမစားသင့်တဲ့ ဝန်းကျင်မျိုးမှာ ကွမ်းတမြုံ့မြုံ့ဝါးနေတာမျိုး ဆေးလိပ်ထသောက်တာမျိုး

ဉပမာနောက်တစ်ခုအနေနဲ့ကတော့
''အိမ်မှာ ငါကဘယ်လိုနေတာကွ'' နဲ့
''ငါကတော့ မဟုတ်မခံကွ'' ဆိုတဲ့လူမျိုးတွေပေါ့....

သင့်အနေနဲ့
''အိမ်မှာ ဘယ်လိုပဲနေနေ''
''မဟုတ်မခံပဲဖြစ်ဖြစ်''
''အဟုတ်အခံပဲဖြစ်ဖြစ်'' လုပ်ငန်းခွင်ရဲ့ Communications နဲ့ Teamwork ကိုထိခိုက်ရင်
သင်အရမ်းတော်နေရင်တောင် သင့်ကိုရာထူးတိုးပေးဖို့ အထက်လူကြီးအနေနဲ့ အခက်တွေ့နေမှာပဲဖြစ်ပါတယ်...

ညှိနှိုင်းမှုစွမ်းရည်(Negotiation skills)

နားထောင် နာခံနိုင်မှု(Active listening)

စုဖွဲ့လုပ်ဆောင်နိုင်မှု(Teamwork)

နားလည်ပေးနိုင်မှု နဲ့ ကိုယ်ချင်းစာနိုင်စွမ်း
(Being able to understand and
empathize with others)

သဘောထား မတိုက်ဆိုင်မှုများကို ထိမ်းချုပ်ခြင်း
(Managing conflict)

စတဲ့ Interpersonal Skills တွေကို
ကောင်းကောင်းသိရှိ အသုံးချနိုင်ဖို့က
လုပ်ငန်းခွင်မှာအရမ်းကို အရေး​ကြီးပါတယ်...

ဒါကြောင့်
လုပ်ငန်းခွင်သည်
သင့်လုပ်သမျှအပြစ်တွေခွင့်လွှတ်ပေးမယ့်
သင့်ရဲ့ မိဘအိမ်မဟုတ်သလို...

ငါ့ကိုကြိုက်ရင် ဒါတော့သည်းခံရမှာပဲလို့
ခပ်တည်တည်နဲ့ ဟောက်စားလုပ်လို့ရမယ့်
သင့်ချစ်သူရဲ့ ရင်ခွင်လဲမဟုတ်တာကြောင့်

လုပ်ငန်းခွင်တိုင်းမှာ အထှာကျကျ အထိုင်ချနိုင်ဖို့
Interpersonal Skills တွေကို
သေသေချာချာ လေ့ကျင့်အသုံးချပါ...




မင်္ဂလာပါ ကာကာတို့ရေ..ဒီနေ့ မင်မင်ပြောပြမှာကတော့ Blah Blah Blah 😅
09/09/2023

မင်္ဂလာပါ ကာကာတို့ရေ..
ဒီနေ့ မင်မင်ပြောပြမှာကတော့ Blah Blah Blah 😅

Address

Pazundaung
11171

Telephone

+959957850906

Website

Alerts

Be the first to know and let us send you an email when Yangon God posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon God:

Share

Category