Zawgyipowin books-ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်

  • Home
  • Myanmar
  • Pazundaung
  • Zawgyipowin books-ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်

Zawgyipowin books-ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက် လွတ်လပ်၍အမှီအခိုကင်းသောစာအုပ်တိုက်
Publisher
(1)

“သစ္စာသည်သာ အလှတရား”[ဗဂျီအောင်စိုး လွန်ခြင်း ၃၅ နှစ်ပြည့်]ဒီနေ့ ၆ ဇူလိုင် ၂၀၂၅ ခုနှစ်မှာ မြန်မာ ပန်းချီဆရာကြီးဗဂျီအောင်စ...
06/07/2025

“သစ္စာသည်သာ အလှတရား”
[ဗဂျီအောင်စိုး လွန်ခြင်း ၃၅ နှစ်ပြည့်]

ဒီနေ့ ၆ ဇူလိုင် ၂၀၂၅ ခုနှစ်မှာ မြန်မာ ပန်းချီဆရာကြီး
ဗဂျီအောင်စိုး ကွယ်လွန်ခဲ့တာ ၃၅ နှစ်တင်းတင်းပြည့်
ပါပြီ။

၉ ဒီဇင်ဘာ ၁၉၂၃ ခုနှစ်မှာ မွေးဖွားခဲ့သူ ဆရာကြီးဟာ
အသက် ၆၇-နှစ်အရွယ်ဖြစ်တဲ့ ၆ ဇူလိုင် ၁၉၉၀ ခုနှစ်မှာ
ကွယ်လွန်ခဲ့ပါတယ်။ သူ့ သက်တမ်း တလျှောက်လုံးမှာ
စာနယ်ဇင်းသရုပ်ဖော်ပန်းချီ ရေးဆွဲဖန်တီးမှုကို စွဲမြဲစွာ
လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

🌹
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
ရန်ကုန်မြို့။၆ ဇူလိုင် ၂၀၂၅။
photo @ zawgyiphowinbooks

လာမယ့် ဓမ္မစကြာအခါတော်နေ့ မှာစတင်ပြီး ဖြန့်ချိမယ့်  ဓမ္မပဒ စာအုပ်နဲ့အတူဆရာတော်ကြီး ဦးသေဋ္ဌိလရဲ့ အခြားသောစာအုပ် တအုပ်ဖြစ်...
05/07/2025

လာမယ့် ဓမ္မစကြာအခါတော်နေ့ မှာ
စတင်ပြီး ဖြန့်ချိမယ့် ဓမ္မပဒ စာအုပ်နဲ့အတူ
ဆရာတော်ကြီး ဦးသေဋ္ဌိလရဲ့ အခြားသော
စာအုပ် တအုပ်ဖြစ်တဲ့—
#လက်တွေ့အသုံးချအဘိဓမ္မာတရားတော်
စာအုပ်ကိုလည်း ပူးတွဲ မှာယူနိုင်ပါတယ်နော်။

ဆရာတော်ကြီး အဘိဓမ္မာပြန့်ပွါးရေးအသင်းမှာ
လေးရက်တိုင်တိုင် ဟောကြားခဲ့တဲ့ တရားတော်
ကို စာအုပ်အဖြစ် ပြန်ထုတ်ထားတာပါ။
ဆရာဦးအောင်မွန်ရဲ့ ဆရာတော်ကြီး ထေရုပ္ပတ္တိ
မိတ်ဆက်နိဒါန်းလည်း ပါဝင်ပါတယ်။ အနောက်
နိုင်ငံခြားသားတွေကို အဘိဓမ္မာနားလည်အောင်
ဆရာတော်ကြီး ဘယ်လို သိပ္ပံနည်းကျ ရှင်းလင်း
ပြခဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံ အခက်အခဲလေး
တွေအကြောင်းလည်း ဒီတရားစဉ်မှာ ထည့်ပြော
ခဲ့တာ ဗဟုသုတ ရပါတယ်။

အဘိဓမ္မာကို အသိမှာ ရပ်မနေဘဲ နေ့စဉ်ဘဝထဲ
လက်တွေ့အသုံးချနိုင်တဲ့နည်းကို အရှင်းလင်းဆုံး
ဟောပြတဲ့ အဖိုးတန် တရားတော် တပုဒ်ပါပဲ။

တအုပ်ကို #ကျပ်သုံးထောင်
( အရင်စျေးအတိုင်း)
ဇော်ဂျီတိုက်က ထုတ်ဝေပါတယ်။

အသစ်ဖြန့်မယ့် ဓမ္မပဒ စာအုပ်အကြောင်း
သိချင်ရင် ဒါလေးကို နှိပ်ဖတ်နော်။
https://www.facebook.com/share/p/16XVrsPuFX/?mibextid=wwXIfr

ရိုသေလေးစားလျက်
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
ရန်ကုန်မြို့။ ၅ ဇူလိုင်၂၀၂၅ ။

ရသ စာပေတွေဘက် လှည့် နေရင်းကနေအခုတခါမှာတော့ စာမိတ်ဆွေတွေ အတွက်တန်ဖိုးရှိလှတဲ့  ဓမ္မစာအုပ်ကလေး တအုပ်နဲ့မိတ်ဆက်ပေးပါရစေ။ အဲ...
04/07/2025

ရသ စာပေတွေဘက် လှည့် နေရင်းကနေ
အခုတခါမှာတော့ စာမိတ်ဆွေတွေ အတွက်
တန်ဖိုးရှိလှတဲ့ ဓမ္မစာအုပ်ကလေး တအုပ်နဲ့
မိတ်ဆက်ပေးပါရစေ။

အဲဒီ စာအုပ်ကတော့-
ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်ကြီးဖြစ်သူ
အရှင်သေဋ္ဌိလ ပါဠိကနေ မြန်မာစကားပြေ
သက်သက်ဖြင့် ပြန်ဆိုထားတဲ့ ဓမ္မပဒစာအုပ်
ပဲ ဖြစ်ပါတယ်။

ဓမ္မပဒ ပါဠိတော်ကို ဆရာအမျိုးမျိုးတို့က
မြန်မာဘာသာ ပြန်ခဲ့ကြပြီးသော် ငြားလည်း
ပါဠိနဲ့ မြန်မာ ရောရာဖြစ်တဲ့ နိဿယတွေသာ
များပြီး လူအများဖို့ နားလည်ရန် ခဲယဉ်းပါ၍
တရားတော်အရသာကို ထိရောက်စွာ မခံစား
နိုင်ကြသည့်အဖြစ်ကို သတိထားမိနေခဲ့သည့်
အလျောက်—

ဓမ္မပဒပါဠိတော်၏ တရားအရသာကို လူအများ
အလွယ်တကူ နားလည်နိုင်ကြစေဖို့၊ နားလည်တဲ့
အတိုင်း လက်တွေ့ ကျင့်ကြံ နေထိုင်နိုင်ကြစေဖို့၊
ပြီးတော့ မြန်မာပြည်ထဲ တရားလက်မဲ့ဖြစ်နေကြ
သူများကိုလည်း တရားလက်ကိုင်ထားနိုင်စေဖို့ရန်
သတိပေးဖို့အလို့ငှါ ‘မြန်မာစကားပြေသက်သက်’
ဘာသာပြန်လိုက်တဲ့ အကြောင်း ဆရာတော်ကြီး
ကိုယ်တိုင် လွန်ခဲ့သော နှစ်ပေါင်း ၇၆ နှစ်ခန့်ဆီက
နိဒါန်းရေးခဲ့သော— တရားတော်ညွန့်ပေါင်းကျမ်း
သို့မဟုတ် #ဓမ္မပဒ
……………………………….

ပါဠိမပါ အင်္ဂလိပ်ဘာသာမစွက်
မြန်မာစကားပြေသက်သက်ဖြင့်
ထုတ်ဝေခြင်း။

မျက်နှာဖုံးပန်းချီကို ဗဂျီလင်းဝဏ္ဏ က
ရေးဆွဲ ဖန်တီး၍ စက္ကူ ဖြူချောဖြင့်-
ပုံနှိပ်သည်။ စာမျက်နှာ ၁၃၀။

တအုပ်ကို #ကျပ်- ခြောက်ထောင်ငါးရာ
(စာအုပ်တိုက်member များ ၂၀% လျော့၍-)
[ ပို့ခကို ဝယ်သူက ကျခံရပါမယ် ]

စာအုပ် စတင် ဖြန့်ချိမည့် ရက်
၉ ဇူလိုင်၂၀၂၅၊ ဗုဒ္ဓဟူးနေ့ ။
(ဓမ္မစကြာအခါတော်နေ့)

တဦးချင်းနှင့် စာအုပ်အရောင်းဆိုင်များ
ကြိုတင်အမှာ ပေးထားနိုင်ကြပါပြီနော်။

ဖုန်း 09449523317 ကိုလည်း ဆက်နိုင်ပါတယ်။

ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
ရန်ကုန်မြို့။ ၄ ဇူလိုင်၂၀၂၅ ။

“မဟာဒီလှိုင်းထဲမှာ ကံထူးသူများ”Congratulations 🎈ဆရာမောင်ပေါ်ထွန်းရဲ့ မဟာဒီလှိုင်းစာအုပ်ကံထူးသွားသူ ၇ ဦး ထွက်ပေါ်လာပါပြီန...
03/07/2025

“မဟာဒီလှိုင်းထဲမှာ ကံထူးသူများ”
Congratulations 🎈

ဆရာမောင်ပေါ်ထွန်းရဲ့ မဟာဒီလှိုင်းစာအုပ်
ကံထူးသွားသူ ၇ ဦး ထွက်ပေါ်လာပါပြီနော်။

စာအုပ်လက်ဆောင်ရရှိသွားတဲ့ ကံထူးသူများ
အတွက်လည်း ကြည်နူး ပျော်ရွှင်ရပါတယ်။
လက်ဆောင်နဲ့ ကံချော်သွားတဲ့ စာဖတ်သူတွေ
အဖို့ နောက်ထပ်အခွင့်ရေးတွေ ရှိပါသေးတယ်။
(လာဦးမှာ 🤜🤛 )

အားတက်သရော ပါဝင်ဆင်နွှဲခဲ့ကြတဲ့ မိတ်ဆွေတွေ
တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရပါတယ်။

စာအုပ်ကံထူးသူများအနေနဲ့ မက်ဆင်ဂျာကနေ
အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များပို့ပေးထား
ကြပါနော်။ စာအုပ်လက်ဆောင်ကို ပို့ခ စရိတ်ငြိမ်း
အပြီးအစီး အိမ်အရောက် ပို့ပေးမှာပါ။

Winners တွေကို comment pickerနဲ့ ရွေးချယ်
ပေးခဲ့တာ ဖြစ်ပြီး #အကောင့်တုတွေကိုလည်းပဲ
သေချာ စိစစ်ထားပါတယ်။
အားလုံး အားလုံးကို ကျေးဇူးများစွာတင်ပါတယ်။

“ကျက်သရေရှိတဲ့ နေ့ရက်တွေ
အမြန် ရောက်ရပါစေ”

🌹
ရိုသေလေးစားလျက်—
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်၊
ရန်ကုန်မြို့။ ၃ ဇူလိုင်၂၀၂၅။

“ဒီဝတ္ထုကို ဖတ်ပြီးရင် စိတ်သတ္တိတွေ ရမှာပါ” ဒီရက်ပိုင်းမှာ ဇော်ဂျီတိုက်က အသစ်ပြန်ရိုက်ထားတဲ့   #မဟာဒီလှိုင်း စာအုပ် ၇-အု...
30/06/2025

“ဒီဝတ္ထုကို ဖတ်ပြီးရင် စိတ်သတ္တိတွေ ရမှာပါ”


ဒီရက်ပိုင်းမှာ ဇော်ဂျီတိုက်က အသစ်ပြန်ရိုက်ထားတဲ့ #မဟာဒီလှိုင်း စာအုပ် ၇-အုပ်ကို လက်ဆောင်အဖြစ်
giveaway—ကံစမ်းတာလေး လုပ်ပေးပါရစေ။

လာမယ့် ၃ ဇူလိုင်၂၀၂၅၊ ကြာသပတေးနေ့ ၊
ည ၇ နာရီကျရင် စာအုပ်ကံထူးသူ မိတ်ဆွေ ၇-ဦးကို
ကြေညာပေးသွားပါမယ်နော်။

ထုံးစံအတိုင်း ပါဝင်ရမယ့် စည်းမျဉ်းလေးတွေ
ကတော့ အောက်မှာတွေ့တဲ့ အချက်တွေ အတိုင်း
ပဲပေါ့။

▪️ဇော်ဂျီဖိုလ်ဝင် page လေးကို Like & foll၀w
လုပ်ပေးပါ။ (မ like ရသေးရင်ပါ)
▪️ဒီပိုစ့်လေးကို Like ပြီး public နဲ့ share ပေးဖို့
လိုပါတယ်။
▪️Comment မှာ page ကိုlike လုပ်ထားတဲ့
screenshot၊ယခု post လေးကို public နဲ့ share
ထားတဲ့ screenshot (၂)ခုလေးပြပြီးရင်တော့
ပါဝင်ကံစမ်းလို့ရပါပြီနော်။

•Giveaway သီးသန့်shareတဲ့ အကောင့်တုလေးတွေ
ကိုတော့ ထည့်သွင်း ရေတွက်မှာ မဟုတ်ပါဘူးရှင်။

“မိတ်ဆွေများ ကံကောင်းကြပါစေ”

စာအုပ်အကြောင်း ပိုသိနိုင်ဖို့👇
https://m.facebook.com/story.php?story_fbid=1262621695873394&id=100063767271450

ချစ်ခင်လေးစားလျက်-
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်၊ရန်ကုန်မြို့။
၃၀ ဇွန် ၂၀၂၅၊ တနင်္လာနေ့ ။

မဟာဒီလှိုင်း စာအုပ်ကို ဒီနေ့ စပြီးဖြန့်ချိလိုက်ပြီမို့ ရန်ကုန်၊ မန္တလေး၊တောင်ကြီး၊ မော်လမြိုင် အစရှိတဲ့မြို့တွေက  စာအုပ်...
26/06/2025

မဟာဒီလှိုင်း စာအုပ်ကို ဒီနေ့ စပြီး
ဖြန့်ချိလိုက်ပြီမို့ ရန်ကုန်၊ မန္တလေး၊
တောင်ကြီး၊ မော်လမြိုင် အစရှိတဲ့
မြို့တွေက စာအုပ်ဆိုင်တွေ ဆီမှာ
ဝယ်နိုင်ပြီဖြစ်သလို– အွန်လိုင်းက
စာအုပ်အရောင်းဆိုင်တွေကနေပြီး
မှာယူနိုင်ကြပါပြီနော်။

စာအုပ်တိုက်ကို လူကိုယ်တိုင် လာ
ယူမယ်လို့ ပြောထားတဲ့ မိတ်ဆွေ
တွေအတွက်လည်း အဆင်သင့်ပါပဲ။
လမ်းကြုံရင် ဝင်ယူကြပါနော်။

တဦးချင်း အိမ်အရောက်ပို့ စနစ်နဲ့
ကြိုတင်အမှာပေးထားတဲ့ မိတ်ဆွေ
တွေထံလည်း ပို့လိုက်ပြီမို့ ဒီနေ့ရယ်
မနက်ဖြန်ရယ်ဆို လက်ဝယ်ရောက်
ပါလိမ့်မယ် ခင်ဗျား။

မိတ်ဆွေတွေ ကျန်းမာကြပါစေ❤️

#မဟာဒီလှိုင်း
စာအုပ်အကြောင်း ပိုသိနိုင်ဖို့👇
https://m.facebook.com/story.php?story_fbid=1262621695873394&id=100063767271450

▪️ဇော်ဂျီဖိုလ်ဝင်တိုက်
ရန်ကုန်။ ၂၆ ဇွန် ၂၀၂၅

#မောင်ပေါ်ထွန်း_မဟာဒီလှိုင်း

 #မဟာဒီလှိုင်းယခင့် အကြိမ်များနှင့် မတူပါ။အခု မူတွင် ဝတ္ထုအတွက် ပါးလ်ဘတ်ခ် ကိုယ်တိုင်ရွေးချယ်ထည့်ခဲ့သည့် ဂျပန်ရေမြေလူမှု...
24/06/2025

#မဟာဒီလှိုင်း
ယခင့် အကြိမ်များနှင့် မတူပါ။
အခု မူတွင် ဝတ္ထုအတွက် ပါးလ်ဘတ်ခ် ကိုယ်တိုင်
ရွေးချယ်ထည့်ခဲ့သည့် ဂျပန်ရေမြေလူမှုဓလေ့တို့ကို
ကိုယ်စားပြုနိုင်သော ဂျပန် ရှေးရိုးပန်းချီ ကားချပ်
၁၁ ချပ်ကို ဆေးရောင်စုံများဖြင့် ကြည်လင်ရှင်းစွာ
ကြွေစက္ကူတွင် ရိုက်နှိပ် ထည့်သွင်းထားပါကြောင်း။

စာအုပ်အကြောင်း ပိုသိနိုင်ဖို့👇
https://m.facebook.com/story.php?story_fbid=1262621695873394&id=100063767271450

▪️ဇော်ဂျီဖိုလ်ဝင်တိုက်
ရန်ကုန်။ ၂၄ ဇွန် ၂၀၂၅

#မောင်ပေါ်ထွန်း_မဟာဒီလှိုင်း

ငလျင်ကြီးတခု ၊ ဒီလှိုင်းကြီးတလှိုင်း ၊မီးတောင်ကြီးတလုံး ၊ တံငါရွာ တရွာ ၊လူငယ်လေး နှစ်ယောက်— သေရေးနဲ့ရှင်ရေးကိစ္စ။ “ကောင်...
23/06/2025

ငလျင်ကြီးတခု ၊ ဒီလှိုင်းကြီးတလှိုင်း ၊
မီးတောင်ကြီးတလုံး ၊ တံငါရွာ တရွာ ၊
လူငယ်လေး နှစ်ယောက်— သေရေးနဲ့
ရှင်ရေးကိစ္စ။

“ကောင်းကင်ရယ်၊ ပင်လယ်ရယ် ၊ မြေကြီးရယ်၊
ဒီသုံးခုပေါင်းပြီး လူတွေကို အန္တရာယ်ပြုလာရင်
သိပ်ပြီးတော့ ကြောက်စရာကောင်းတယ်”
……………………………….
ငလျင်၊ မုန်တိုင်း စသော သဘာဝဘေးဆိုး
ဒုက္ခများနှင့် အတူယှဉ်တွဲ၍ နေထိုင်နိုင်သော
စိတ်သတ္တိကို အထူးပေးစွမ်းသည့် ဝတ္ထု။

ဤ ဝတ္ထုကို တခါဖတ်ပြီးလျှင် တသက်တာ
ဘယ်ခါ မေ့ပျောက်နိုင်တော့မှာ မဟုတ်သည့်
နိုဗယ်ဆုရ ကမ္ဘာကျော် စာရေးဆရာမကြီး
ပါးလ်ဘတ်ခ်၏ အောင်မြင်ထင်ရှားသော
ဝတ္ထုများထဲမှ တမူကွဲ ထူးခြားလက်ရာတခု။
……………………………….
စာအုပ်လေး ငယ်ပင်ငယ်ငြားလည်း
ဆရာမောင်ပေါ်ထွန်း ဘာသာပြန်ဆို
ထုတ်ဝေပြီးချိန်မှ စ အခါခါ ထပ်၍
ပုံနှိပ်နေရဆဲဖြစ်သော #မဟာဒီလှိုင်း။

ယခင့် အကြိမ်များနှင့် မတူပါ။
အခု မူတွင် ဝတ္ထုအတွက် ပါးလ်ဘတ်ခ် ကိုယ်တိုင်
ရွေးချယ်ထည့်ခဲ့သည့် ဂျပန်ရေမြေလူမှုဓလေ့တို့ကို
ကိုယ်စားပြုနိုင်သော ဂျပန် ရှေးရိုးပန်းချီ ကားချပ်
၁၁ ချပ်ကို ဆေးရောင်စုံများဖြင့် ကြည်လင်ရှင်းစွာ
ကြွေစက္ကူတွင် ရိုက်နှိပ် ထည့်သွင်းထားပါကြောင်း။
……………………………….

မျက်နှာဖုံးပန်းချီကို ဗဂျီလင်းဝဏ္ဏ က
ရေးဆွဲ ဖန်တီး၍ စက္ကူ ဖြူချောဖြင့်-
ပုံနှိပ်သည်။
စာမျက်နှာ ၁၀၂ + ကြွေစက္ကူ ၈ ။

တအုပ်ကို #ကျပ်- ခြောက်ထောင်ငါးရာ
(စာအုပ်တိုက်member များ ၂၀% လျော့၍-)
[ ပို့ခကို ဝယ်သူက ကျခံရပါမယ် ]

စာအုပ် စတင် ဖြန့်ချိမည့် ရက်
၂၆ ဇွန် ၂၀၂၅၊ ကြာသပတေးနေ့ ။

တဦးချင်းနှင့် စာအုပ်အရောင်းဆိုင်များ
ကြိုတင်အမှာ ပေးထားနိုင်ကြပါပြီနော်။

ဖုန်း 09449523317 ကိုလည်း ဆက်နိုင်ပါတယ်။

ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
ရန်ကုန်မြို့။ ၂၃ ဇွန် ၂၀၂၅ ။

#မောင်ပေါ်ထွန်း_မဟာဒီလှိုင်း

ခင်ဗျားမိတ်ဆွေတယောက်က ခင်ဗျားခေါင်းပေါ်ကိုတနှစ်အတွင်း အနုမြူဗုံး ကျလိမ့်မယ်လို့  ပြောရင်၊ အမေရိကန်စစ်သားတွေက လမ်းထိပ်တဖက...
23/06/2025

ခင်ဗျားမိတ်ဆွေတယောက်က ခင်ဗျားခေါင်းပေါ်ကို
တနှစ်အတွင်း အနုမြူဗုံး ကျလိမ့်မယ်လို့ ပြောရင်၊
အမေရိကန်စစ်သားတွေက လမ်းထိပ်တဖက်က
ချီလာပြီး သပိတ်မှောက်အလုပ်သမားတွေက
တခြားလမ်းထိပ်က ချီလာရင် ဘယ်လိုလုပ်ပြီး
ဝတ္ထုတပုဒ်ကို တွေးလို့ ရမလဲ။
ဒါဟာ ပြိုလဲ ပျက်စီးနေတဲ့ လူ့ဘောင်ထဲက
စာရေးဆရာတွေရဲ့ ကံကြမ္မာပဲ။

—အီလျာအာရင်ဘတ်

ဆရာမြသန်းတင့် ဘာသာပြန်သည့်
အာရင်ဘတ်၏ ‘စာရေးဆရာနှင့် သူ့အလုပ်’
ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။

▪️
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
ရန်ကုန်မြို့၊ ၂၃ ဇွန် ၂၀၂၅။

အမည်ခံ တက်ကျမ်း စာအုပ် တရာနဲ့ မလဲနိုင်။ကိုယ်ထုတ်တဲ့ စာအုပ်မို့ အပြောကြီးတာမဟုတ်။စာအုပ်၏ ကောင်းခြင်းအဖြာဖြာက သက်သေခံလိမ့်...
14/06/2025

အမည်ခံ တက်ကျမ်း စာအုပ် တရာနဲ့ မလဲနိုင်။
ကိုယ်ထုတ်တဲ့ စာအုပ်မို့ အပြောကြီးတာမဟုတ်။

စာအုပ်၏ ကောင်းခြင်းအဖြာဖြာက သက်သေခံ
လိမ့်မည်။ နှစ်ပေါင်း ၃၀ နီးပါးအတွင်း အဖန်ဖန်
ပြန်လည်ပုံနှိပ်နေရခြင်းက သက်သေခံချိမ့်မည်။

ဘဝနေနည်းအနုပညာ —သို့မဟုတ်—
အဓိပ္ပာယ်ရှိသော ဘဝတခု ဖြစ်မြောက်ရေး
လမ်းညွှန်ကျမ်း။

မူရင်းစာရေးဆရာ အင်ဒရေမော်ရွှိုင်းသည်ကား
တက်ကျမ်းဆရာမဟုတ်။ ရှယ်လီအတ္ထုပ္ပတ္တိ မှသည်
စာရေးနည်းအတတ်ပညာ အထိ စာပေကျမ်းပေါင်း
အစောင်စောင်ကို ပြုစုခဲ့သူ။

ဘာသာပြန်သူ ဆရာမြသန်းတင့်ကလည်း တိုင်းသိ
ပြည်သိ လူသူလေးစားခံရသည့် စာရေးဆရာ။
ထို- ဆရာက ဘာသာပြန်ဖို့ ရွေးချယ်လိုက်သော
ဤစာအုပ်သည် မထူးခြားဘဲ ရှိနိုင်ပါမည်လော။

ထူးခြားလို့သာ အကြိမ်ကြိမ် ထပ်ကာ ဆင့်ကာ
ပုံနှိပ်နေရခြင်း ဖြစ်လေရာ၊ ယခု တိုက်ထုတ်မူ မှာ
ပစ္စည်း ပြတ်နေတာ ကြာပြီမို့ အပြင်အဆင်သစ်၊
စာမူပိုင်းဆိုင်ရာ တည်းဖြတ် ဖြည့်စွက်မှု အသစ်နှင့်
နောက်တကြိမ် ပုံနှိပ်ထုတ်ဝေလိုက်ပါပြီ။

စာမျက်နှာ ၃၂၈ ။ စက္ကူဖြူချောဖြင့်-
ပုံနှိပ်သည်။ မျက်နှာဖုံးနှင့် အတွင်းပုံများကို
မုတ်သုံ ရေးဆွဲ ဖန်တီး၍ ဗဂျီလင်းဝဏ္ဏ က
ဒီဇိုင်း ဖွဲ့စည်းသည်။

တအုပ်ကို #ကျပ်_တသောင်းငါးထောင်
(စာအုပ်တိုက်member များ ၂၀% လျော့၍-)
[ ပို့ခကို ဝယ်သူက ကျခံရပါမယ် ]

စာအုပ် စတင် ဖြန့်ချိမည့် ရက်
၁၇ ဇွန် ၂၀၂၅၊ အင်္ဂါနေ့ ။

တဦးချင်းနှင့် စာအုပ်အရောင်းဆိုင်များ
ကြိုတင်အမှာ ပေးထားနိုင်ကြပါပြီ ။

ဖုန်း 09449523317 ကိုလည်း ဆက်နိုင်ပါတယ်။

ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
ရန်ကုန်မြို့။ ၁၄ ဇွန် ၂၀၂၅ ။

#မြသန်းတင့်_ဘဝနေနည်းအနုပညာ

ချေဂွေဗားရား မှာ ဆံပင်နီညိုရောင် ရှိပြီးစကားပြောတဲ့အခါ အာဂျင်တီးနားသံ ဝဲဝဲနဲ့ဖြည်းဖြည်းချင်း ပြောတတ်တယ်။ သူဟာတောတောင်ထဲက...
14/06/2025

ချေဂွေဗားရား မှာ ဆံပင်နီညိုရောင် ရှိပြီး
စကားပြောတဲ့အခါ အာဂျင်တီးနားသံ ဝဲဝဲနဲ့
ဖြည်းဖြည်းချင်း ပြောတတ်တယ်။ သူဟာ
တောတောင်ထဲက ကောင်းကင်ပြင်အောက်မှာ
ထိုင်နေချင်တဲ့ လူစားမျိုးပါ။ စကားကိုလည်း
စာကြောင်းတိုတိုနဲ့ ပြောတတ်ပြီး တခွန်းပြော
ပြီးတိုင်း အဓိပ္ပာယ်အဆုံးထိ တွေးစေနိုင်တဲ့
အပြုံးနဲ့ ဆုံးတတ်တယ်။
— ပါဘလို နေရူဒါ
[ မောင်ဝင်းရှိန် ဘာသာပြန်တဲ့
နေရူဒါ၏ ကိုယ်တိုင်ရေးဘဝမှတ်တမ်း စာအုပ်မှ-]

ဒီနေ့ ဇွန်လ ၁၄ ရက်ဟာ ဆိုရင်
ကမ္ဘာကျော်တော်လှန်ရေးသမား
ချေဂွေဗားရားရဲ့မွေးနေ့ဖြစ်ပါတယ်။
၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ချေ ဟာ
အသက်ထင်ရှားသာ ရှိနေဦးမယ် ဆိုရင်
ဒီနေ့ သူ့ရဲ့ အသက် ၉၇ နှစ်ပြည့်မှာ
ဖြစ်ပါတယ်။ မွေးနေ့ အမှတ်တရအဖြစ်
သူ့နဲ့ ပတ်သက်တဲ့ ကဗျာဆရာနေရူဒါရဲ့
မှတ်ချက်လေး တခုကို ပြန်လည် ဖော်ပြ
လိုက်ခြင်း ဖြစ်ပါတယ်။

▪️
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
ရန်ကုန်မြို့။ ၁၄ ဇွန်၂၀၂၅။

"လူတယောက်ရဲ့ တန်ဖိုးဟာသူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးကသူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကိုသူဘယ်လောက် သယ်ပိုးထ...
09/06/2025

"လူတယောက်ရဲ့ တန်ဖိုးဟာ
သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက
သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို
သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့
အချက်နဲ့ တိုင်းတာရမှာပဲ “
— ဗန်းမော်တင်အောင်

ဇွန်လ ၉ ရက်ဟာ မြန်မာစာရေးဆရာကြီး
ဗန်းမော်တင်အောင်ရဲ့မွေးနေ့ဖြစ်ပါတယ်။
၁၉၂၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဆရာဟာ
အသက်ထင်ရှားသာ ရှိနေဦးမယ် ဆိုရင်
ဒီနေ့ သူ့ရဲ့ အသက် ၁၀၅ နှစ်ပြည့်မှာ
ဖြစ်ပါတယ်။ ဆရာ့မွေးနေ့ အမှတ်တရအဖြစ်
သူ့ရဲ့ထင်ရှားကျော်ကြားတဲ့ စကားတခွန်းကို
ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဆရာဗန်းမော်တင်အောင်နဲ့ ပတ်သက်လို့
ဆရာမြသန်းတင့်က သူ့ရဲ့ ‘မုန်တိုင်းထဲကလူ’
ဆောင်းပါးမှာ အခုလို ရေးခဲ့ပါတယ်။

'ကိုတင်အောင်ကား ကျနော်တို့ သိခဲ့သည့်
နှစ်ပေါင်း၃၀အတွင်းက သမိုင်းအကွေ့တိုင်းတွင်
ရေဆန်ကိုချည်း အမြဲတမ်း ကူးခဲ့သူ’ တဲ့။

▪️
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
ရန်ကုန်မြို့။ ၉ ဇွန်၂၀၂၅။

Address

Pazundaung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959449523317

Website

Alerts

Be the first to know and let us send you an email when Zawgyipowin books-ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zawgyipowin books-ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်:

Share

Category

ဇော်ဂျီဖိုလ်ဝင်တဲ့လားကွယ်ရို့

မြန်မာပြည်ရဲ့အကြီးဆုံးစာအုပ်တိုက်ကြီးလို့ ခပ်တည်တည်နဲ့ ဖိန့်လိုက်ရင် အထင်ကြီးကြမှာလားဗျ။ ဟဲ ဟဲ။ နောက်တာပါဗျာ။ ဇော်ဂျီဖိုလ်ဝင်ဆိုတာ တိုးမြစ်စာအုပ်တိုက်ရဲ့ လုပ်ငန်းခွဲတခုအနေနဲ့ သီးခြားရပ်တည်မယ်။ မတူခြားနားတဲ့ စာအုပ်တွေကို အသွင်တမျိုးနဲ့ထုတ်ဝေမယ်။ စာပေနဲ့အနုပညာ အသိပညာရေးရာမှာ ထက်ကြွလန်းဆန်းတဲ့ လူငယ်စာရေးဆရာတွေနဲ့ လက်တွဲပြီး စာအုပ်သစ်တွေ၊ အကြောင်းအရာသစ်တွေ ဖန်တီးမယ်။ ပြီးတော့...... ဝန်ဆောင်မှုအနေနဲ့ စာအုပ်တွေကို အိမ်အရောက် ပို့တာမျိုး လုပ်မယ်။ စာဖတ်သူတွေရဲ့ အားပေးမှုကို မျှော်လင့်ပါတယ်။ အားပေးမှုရရှိအောင်လည်း ဇော်ဂျီက စွမ်းသလောက်တော့ ကြိုးစားနေမှာပဲ။

ပညာဉာဏ်တန်ခိုးနဲ့ မြေလျှိုးလို့ မိုးပျံလိုက်ကြပါစို့ ဗျာတို့။