ရှင်မတောင်စာပေ-Shin Ma Taung Sarpay

ရှင်မတောင်စာပေ-Shin Ma Taung Sarpay ရှင်မတောင်စာပေမှ စာအုပ်ထုတ်ဝေရေးနှင့်ဖြန့်ချိရေးကို အ​ကောင်းဆုံးဆောင်ရွက်ပေးနေပါသည်။

.             မကွေးတိုင်းဒေသကြီး             ထူးခြားစုံပေ ဖန်ခါးမြေ              ဒေါက်တာမြင့်ခိုင် ( ဥဂ်ဂါညို ) ဒီပဲယင်း...
03/06/2025

. မကွေးတိုင်းဒေသကြီး
ထူးခြားစုံပေ ဖန်ခါးမြေ

ဒေါက်တာမြင့်ခိုင် ( ဥဂ်ဂါညို ) ဒီပဲယင်း
....... ........ ........ ....... .........

စာရေးဆရာ ဒေါက်တာမြင့်ခိုင် ( ဥဂ်ဂါညို ) ၏ သဘောထားအရ မကွေးတိုင်းဒေသကြီးသည် အခြား အခြားသော အရပ်တကာများထက် ထူးခြားစုံလင်သည့် အရပ်ဒေသတစ်ခု ဖြစ်သည်။
မကွေးတိုင်းဒေသကြီး က ဘာတွေ ထူးခြားတာတဲ့လဲ......။ ထူးခြားချက်တွေ ရှိပေသည်။
( က ) မြတ်စွာဘုရားသခင်သည် မကွေးတိုင်းဒေသကြီးထဲက စန္ဒကူးနံ့သာကျောင်းတော်ကြီးသို့ ခုနစ်ရက်တိုင်တိုင် ကြွရောက်သီတင်းသုံးကာ တရားထူး တရားမြတ်များကို ဟောကြားတော်မူခဲ့သည့် အရပ်.... ၊
( ခ ) မြန်မာ့သမိုင်း အဟဥ်အဆက်အရ ပျူ ၊ ကမ်းယံ ၊ သက်တို့ပေါင်းစည်းကာ ဗိဿနိုး၊တောင်တွင်းကြီးအရပ်ဒေသများမှာ မြို့ပြ ပြည်ရွာ တည်ထောင်ခဲ့ရာ အရပ် ....၊
( ဂ ) ဧရာဝတီမြစ်ကြီး ၏ ဝဲ ယာ မှာ သုနာပရန္တ နှင့် တမ္ပဒီပ တိုင်းကြီးတို့ တည်ရှိကြရာ အရပ်... ၊
( ဃ ) မကွေးတိုင်းဒေသကြီး ၏ အလယ်ဗဟိုကနေ ဧရာဝတီမြစ်ကြီးသည် တသွင်သွင် စီးဆင်းနေသည့် အရပ်....၊
( င ) အနှီ မကွေးတိုင်းဒေသကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ နေပြည်တော် ၊ ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့က ဝန်းရံလျက်ရှိရာ အရပ်.... ၊
ဤကဲ့သို့ ထူးထူးခြားခြား ထူးခြားလွန်းလှသည့် မကွေးတိုင်းဒေသကြီးသည် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သဘာဝပေါက်ပင် ၊ ပတ်ဝန်းကျင်. စသည်၊ စသည်များဖြင့် ထူးခြားချက်တွေ မှ အများကြီး...။ ထို့ပြင် စာပေ ၊ ဂီတ ၊ ပန်းချီ ၊ ယဥ်ကျေးမှု. ... စသည့် အနုပညာဘက်မှာလည်း ပေါက်ပေါက်ရောက်ရောက် ထွန်းကားသသူတွေ မှ အများကြီး ။
ယင်းတို့ကို စာရေးဆရာ ဆရာဒေါက်တာမြင့်ခိုင် ( ဥဂ်ဂါညို ) ဒိပဲယင်း က စုဆောင်း ရှာဖွေ ဖော်ထုတ် ရေးသား ပြုစုထားသည့် စာအုပ် ဖြစ်သည်။

စာမျက်နှာ 376
တန်ဖိုး 25000ကျပ်

ရှင်မတောင်စာပေ
အမှတ်(၂၁၉)၊ လမ်း(၄၀)အလယ်ဘလောက်၊ အနော်ရထားလမ်းနှင့်မဟာဗန္ဓုလလမ်းကြား၊ ရန်ကုန်မြို့

09 777 139 477
09 798 189 148
09 773 573 181

မူးယစ်ဆေး  စွဲခြင်းဆိုင်ရာ သိပ္ပံ ပညာ.....            ......      ......      .......       ........       .......      ...
02/06/2025

မူးယစ်ဆေး စွဲခြင်းဆိုင်ရာ သိပ္ပံ ပညာ.....
...... ...... ....... ........ .......
ဒေါက်တာမြင့်သန်း ( ညောင်လေးပင် )

များသောအားဖြင့် မူးယစ်ဆေး ဟူသည် ကောင်းကျိုး မပေး ။
အဲသည် ကောင်းကျိုးမပေးသည့် မူးယစ်ဆေး ....၊ ကောင်းကျိုးမပေးမှန်းသိသည့် မူးယစ်ဆေးကိုပင်လျှင် အသိဉာဏ်ရှိသည်...ဟူ သော လူသားတွေက မက် နေကြသည်။ ကြိုက် နေကြသည်။ စွဲ နေကြသည်။
" အေး ဗျ. ..။ သည်နေ့ မချ ရသေးဘူး.... "
အဲသည်လိုမျိုး ကို နိစ္စဓူဝ ချဥ်းကပ် ၊ မှီဝဲ နေကြလေခြင်း ဖြစ်သည်။
" အဲဒါတွေ မှီဝဲလေတော့ ကျန်းမာရေး လည်း စိတ်မချကြရ....၊ ပိုက်ဆံ က ကုန် လိုက်သေး...."
မသိ မဟုတ်....။ သိ ကြပါသည်။
သို့သော် မူးယစ်ဆေး ဟူသည်ကို စွဲလမ်း ၊ နှစ်ခြိုက်သွားပြီ ဆိုသည် နှင့် ကျန်းမာရေးကိုလည်း ဂရုမစိုက်. ..။ ငွေကြေး ကိုလည်း မမြင်ကြတော့.... ။ မူးယစ်ဆေး ဟူသည်နှင့်သာ နေရမည် ဆိုပါလေလျှင် ဖြစ်ချင်ရာ ဖြစ်ပါစေတော့....ဟူသည့်အချိုးမျိုး ဖြစ်သွားကြတော့သည်။ အကုန်လုံး အတူတူ နှင့် အနူနူ ။
" အဲဒါ ဘာ ဖြစ်လို့လဲ. .."
အဲဒါ ဘာ ဖြစ် လို့လဲ..... ဆိုသည်ကို ဆရာဒေါက်တာမြင့်သန်း ( ညောင်လေးပင် ) က ဟိုတုန်းတွေကတည်းက သိချင်နေခဲ့သည်။ သိအောင် လည်း ကြိုးစားရှာဖွေ စုဆောင်းနေလေသည်။ သိချင်စိတ်က ဖြင့် ခဏ ခဏ...။
" မူးယစ်ဆေးဝါးများသည် အဘယ်ကြောင့် လူ့ စိတ် ကို လွှမ်းမိုးနိုင်သနည်း...."
အဲသည် မေးခွန်းပင် ဖြစ်သည်။
ဆရာ သိလိုချင်နေသည့် အဖြေသည် တစ်နေ့တော့ တွေ့ရှိလာပေ တော့သည်။
အဲသည် တွေ့ရှိချက်များ နှင့် အခြား...အခြား သော တွေ့ရှိချက်များကို အခြေတည် ၊ ပေါင်းစပ် ၊ နှီးနွှယ်ပြီးသကာလ .... အနှီ စာအုပ်ကို ရေးသားခဲ့ပါသည်။ ပြုစုခဲ့ပါသည်။ ထုတ်ဝေ ဖြန့်ချိခဲ့ပါသည်။
" ဦးနှောက် ဖွံ့ဖြိုးဆဲ ကာလ ဆယ်ကျော်သက် အရွယ် လူငယ်များက ပိုပြီးတော့ ဂရုစိုက်ကြရပါမယ်..." တဲ့ ခင်ဗျာ....။
အဲဒါဆိုပါလျှင် လူကြီး ၊ မိဘ ၊ ဆရာသမားများ သတိထား စောင့်ကြပ်ကြည့်ရှုပေးကြရမှာပေါ့ ခင်ဗျာ.....။
လူကြီး ၊ မိဘ တို့ ၏ တာဝန်.....။
အခန်းပေါင်း ၁၇ ခန်း မျှ ပါ သည်။
မူးယစ်ဆေး စွဲခြင်း ဆိုင်ရာ များကို သိပ္ပံပညာ ဖြင့် ရှုမြင်၊ သုံးသပ် ပညာပေးထားသည်တို့သည်။
" အဲဒါ ကို က ထူးထူးခြားခြား ကြီးပါ ခင်ဗျာ..."
လူတိုင်း လေ့လာဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းပါ ခင်ဗျာ....။
ရင်သွေးငယ်များ အတွက်....၊ ဆယ်ကျော်သက်အရွယ် သမီး၊ သားတွေ အတွက် မူးယစ်ဆေးနှင့်ပတ်သက်ပြီး ပညာရအောင်.. ၊ ပညာပေးရအောင် ဆိုရင်တော့ဖြင့် အခု စာအုပ်
" မူးယစ်ဆေးစွဲခြင်းဆိုင်ရာ သိပ္ပံပညာ- ဒေါက်တာမြင့်သန်း ( ညောင်လေးပင် ) " ရေးသား ပြုစု ထားသည့် စာအုပ်က သင့်တင့်လျှောက်ပတ် ၊ အကောင်းမွန်ဆုံး စာအုပ်ဖြစ်ပါကြောင်း ညွှန်းဆိုပေးလိုက်ပါရစေ ခင်ဗျာ....။
စာမျက်နှာ - 200
စျေးနှုန်း - 15000ကျပ်

ရှင်မတောင်စာပေ
အမှတ်(၂၁၉)၊ လမ်း(၄၀)အလယ်ဘလောက်၊ အနော်ရထားလမ်းနှင့်မဟာဗန္ဓုလလမ်းကြား၊ ရန်ကုန်မြို့

09 777 139 477
09 798 189 148
09 773 573 181

#မူယစ်ဆေးစွဲခြင်းဆိုင်ရာသိပ္ပံပညာ
#ဒေါက်တာမြင့်သန် ညောင်လေးပင်

ပါးစပ် ပြောသည့် စကား    စကားပြောသည့် ပါးစပ်   မြိုင်- တင်လှိုင်              စာရေးဆရာ မြိုင်- တင်လှိုင် ၏ စာအုပ် ထွက်ရှိ...
01/06/2025

ပါးစပ် ပြောသည့် စကား စကားပြောသည့် ပါးစပ်
မြိုင်- တင်လှိုင်

စာရေးဆရာ မြိုင်- တင်လှိုင် ၏ စာအုပ် ထွက်ရှိလာပါသည်။ အသက် ၈၀ ပြည့် မွေးနေ့ အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။
ဆရာ က ရှေ့နေ တစ်ဦးဖြစ်သည်။ မြိုင်မြို့နယ် ပိုက်သင်ရွာ ဇာတိသား ဖြစ်သော်လည်း ကော့မှူးမြို့မှာ နေထိုင်သူ ဖြစ်သည်။
ယခင် က လည်း စာအုပ် သုံးအုပ် ထုတ်ဝေ ဖြန့်ချိခဲ့ဖူးသည်။.ကိုယ်တိုင် က ရှေ့နေ တစ်ဦးပေမို့ ဥပဒေ နှင့် ပတ်သက်သည့် စာအုပ်တွေသာ များသည် ။
" အခုလည်း ဆရာ့ မွေးနေ့ အမှတ်တရ ထုတ်တဲ့ စာအုပ်ပေမို့ ဆရာ ကိုယ်တိုင်ရေးသားထားတဲ့ စာမူ တွေကိုပဲ ရွေးထားခဲ့ကြတာပါ။ ဥပဒေ နှင့် နှီးနွယ်လေသည့် ဆရာ့ ဆောင်းပါးများ....၊ ဘာသာရေး အမြင် နှင့် ပတ်သက်သည့် ဆရာ့ ဆောင်းပါးကောင်းတွေပေါ့ ခင်ဗျာ...."
သို့သော် ဆရာ့ကို ချစ်ခင်ကြသည့် စာပေသမားများ.၊ ခင်မင်ရင်းနှီးကြသူများက သူတို့တတွေပါ အမှတ်တရအဖြစ် ပါဝင်ရေးသား လိုကြသည်။ ပါဝင်ရေးသားနိုင်ဖို့ တောင်းဆိုလာကြသည်။
ဤသို့ဖြင့် အနှီ စာအုပ်သည် ကလောင် အစုံ... ၊ လူ အစုံ...၊ စာမူ အကြောင်းအရာ အစုံလို ဖြစ်သွားရခြင်း ဖြစ်သည်။ ကဏ္ဍ တွေလည်း ပိုမို ပြည့်စုံလာကြရတော့သည်။
ဘာသာရေး ၊ ဥပဒေ ၊ သမိုင်း ၊ လူမှုရေး... စသည်ဖြင့် သူ့ အခန်းနှင့် သူ ၊ ကဏ္ဍ တွေ ခွဲပေးထားပါသည်။
အသက် ၈၀ အရွယ်အထိ လူ့ ဘဝကြီးကို ကျန်းကျန်းမာမာ ဖြင့် ဖြတ်သန်းလာခဲ့လေသည့် စာရေးဆရာတစ်ဦး ။ တွေ့ကြုံခဲ့သမျှသော အတွေ့အကြုံကောင်းတို့ကို စာရေးဆရာတစ်ယောက်ပီပီ မချွင်းမချန် ၊ နှိုက်နှိုက်ချွတ်ချွတ် ရေးသားထားသည့် အကြောင်းအရာကောင်းများပေမို့ ဖတ်စရာ စာများ....၊ မှတ်သားစရာ အတွေ့အကြုံကောင်း ဖြစ်ပါပေလိမ့်မည်.. ဟုတော့ဖြင့် အထူးညွှန်းစရာ...၊ အထူး ပြော စရာ လိုအပ်လိမ့်မည် မထင်ပါ ခင်ဗျာ...။
စာမျက်နှာ ၂၀၀
တန်ဖိုး ၇၀၀၀

ရှင်မတောင်စာပေ
အမှတ်(၂၁၉)၊ လမ်း(၄၀)အလယ်ဘလောက်၊ အနော်ရထားလမ်းနှင့်မဟာဗန္ဓုလလမ်းကြား၊ ရန်ကုန်မြို့

09 777 139 477
09 798 189 148
09 773 573 181

Address

Pazundaung

Telephone

+959777139477

Website

Alerts

Be the first to know and let us send you an email when ရှင်မတောင်စာပေ-Shin Ma Taung Sarpay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရှင်မတောင်စာပေ-Shin Ma Taung Sarpay:

Share