The Traveller Journal

The Traveller Journal The Traveller Journal

VIETJET အား ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်းတစ်ခုအဖြစ်သတ်မှတ်မေမြတ်သူFri, 04-Sep-2015            VIETJET လေကြောင်...
05/09/2015

VIETJET အား ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်းတစ်ခုအဖြစ်သတ်မှတ်
မေမြတ်သူ
Fri, 04-Sep-2015
VIETJET လေကြောင်းလိုင်းအား ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်းသုံးခုအနက်မှ တစ်ခုအဖြစ် လူမှုကွန်ရက်စီမံခန့်ခွဲရေးနှင့် လူမှုကွန်ရက်ပေါ်ရှိ အမှတ်တံဆိပ်များ၏ အချက်အလက်များကို လေ့ လာဆန်းစစ်လျက်ရှိသည့် Socialbakers ကုမ္ပဏီက သတ်မှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည် FACEBOOK လူမှု ကွန်ရက်ပေါ်ရှိ နိုင်ငံတကာလေကြောင်း လိုင်းများ၏အကြောင်းများ၊ FACEBOOK တွင် ၎င်းင်းတို့လူထုအား ပြန်လည်ဖြေကြားသည့် နှုန်းများ၊ လူမှုကွန်ရက်အတွင်း သက်ရောက် မှုနှုန်း၊ တိုးတက်မှု၊ အားပေးသူအရေအတွက် နှင့် ဈေးကွက်ရှာဖွေမှုစွမ်းရည် စသည်တို့ကို လေ့လာဆန်းစစ်ခြင်းနှင့် စံနှုန်းများကို နှိုင်း ယှဉ်ခြင်းများပြုလုပ်သည့် ကုမ္ပဏီတစ်ခုဖြစ် ကြောင်း သိရသည်။

“FACEBOOK အတွင်း သက်ရောက်မှု နှုန်းမှာ VIETJET လေကြောင်းလိုင်း၊ Eva Airway နဲ့ Japan Airlines တို့ဟာ ထိပ် တန်းလေကြောင်းလိုင်းသုံးခုအဖြစ် သတ် မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် အားပေးမှု အရေအတွက်အများဆုံး ထိပ်တန်းလေ ကြောင်းလိုင်းငါးခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ ရတာတွေကတော့ Qatar Airways, KLM Turkish Airlines, Air France နဲ့ Lan Airline တို့ပဲ ဖြစ်ပါတယ်”ဟု VIETJET လေ ကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

VIETJET လေကြောင်းလိုင်းသည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်း FACEBOOKတွင် သက်ရောက်မှုအရှိဆုံးဆုကို ဆွတ်ခူးခဲ့သည့် ပထမဆုံးဗီယက်နမ်ကုမ္ပဏီတစ်ခုဖြစ်လာ ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၁ ရက်မှ ဇွန်လ ၃၀ ရက်အတွင်း FACEBOOKတွင် သက် ရောက်မှု (ထိရောက်မှု) နှုန်းသည် ၇ ဒသမ ၂ ဆအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ Viet-Jet ၏ ပရိသတ်များအတွက် FACEBOOKစာမျက်နှာသည် အသက်ဝင်ပြီး ချစ်ခင်ဖွယ်ကောင်းသည့် အသွင်အပြင်များ နှင့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ တင်ဆက်နိုင်ခြင်းကြောင့် သန်း နှင့်ချီသော စိတ်ဝင်စားကြည့်ရှုသူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။

VIETJET လေကြောင်းလိုင်းသည် ဗီ ယက်နမ်နိုင်ငံ၏ ပထမဦးဆုံးသော ပုဂ်္ဂလိက လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး သန်းပေါင်း များစွာသော ခရီးသည်များကို လေကြောင်း ခရီးဖြင့် ပို့ဆောင်ပေးခြင်းဖြင့် ဗီယက်နမ်နိုင်ငံ လေကြောင်းခရီးသွားလာမှု ဈေးကွက်တွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

05/09/2015

ယခုနှစ်အတွင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်မှ ၀င်ရောက်လာသူဦးရေ တစ်သောင်းကျော်အထိရှိလာ
မြင့်မိုရ်
Fri, 04-Sep-2015
ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လကုန် အထိ ပတ်စပို့ဗီဇာကိုအသုံးပြု၍ ထိုင်း-မြန် မာ ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ် (မြ ၀တီ-မဲဆောက်) မှ ၀င်ရောက်လာသူဦးရေ မှာ မြန်မာနိုင်ငံသား ၄၀၇၄ ဦး၊ ထိုင်းနိုင်ငံသား ၃၁၅၄ ဦး၊ တတိယနိုင်ငံသား ၃၅၄၁ ဦး စုစု ပေါင်းတစ်သောင်းကျော်အထိ ရှိလာကြောင်း သိရသည်။

အဆိုပါ ၀င်/ထွက်ပေါက်များမှ ၀င်/ ထွက်သူများသည် နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်စသဖြင့် မြန်မာနိုင်ငံအတွင်း သတ်မှတ်ထားသော အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို အသုံးပြု၍ ပြန်လည်ဝင်/ ထွက်နိုင်ကြောင်း သိရသည်။

“မြန်မာ-ထိုင်း နယ်စပ်ဂိတ်လေးခုကို ဖွင့်လှစ်ပေးပြီးနောက်ပိုင်းမှာ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေထက်ကို ခရီးသည်အ၀င် အထွက်ပိုများလာတာကို တွေ့ရပါတယ်။ အသုံးပြုမှုကတော့ မြန်မာနိုင်ငံသားအများ ဆုံးပေါ့။

ထိုင်းနိုင်ငံဘက်ကို နေ့ချင်းပြန်သွား ရောက်လည်ပတ်တာဖြစ်စေ၊ အလုပ်သွား လုပ်တာဖြစ်စေ စသဖြင့်ပေါ့”ဟု တာဝန်ရှိသူ တစ်ဦးကပြောသည်။

နယ်စပ်ပေါက်များကိုအသုံးပြု၍ ထိုင်း နိုင်ငံဘက်သို့ သွားရောက်သူများသည် နေ့ စဉ် ဈေးဝယ်ထွက်သူများ၊ သွားရောက်လည် ပတ်သူများ၊ အလုပ်သွားရောက်လုပ်ကိုင်သူ များ၊ ကုန်သွယ်မှုလုပ်သူများ နေ့ချင်းပြန် သွားလာလျက်ရှိပြီး အားလပ်ရက်အများဆုံး ဖြစ်သော ဒီဇင်ဘာလအတွင်း အများဆုံး ၀င်/ထွက်သွားလာခဲ့ကြောင်း သိရသည်။

ထိုနယ်စပ်ပေါက်များမှ နေ့စဉ်လူဦးရေ ၁၀၀ နှင့် ၁၅၀ ဦးကြား ပုံမှန်ဝင်/ထွက်သွား လာလေ့ရှိပြီး မြန်မာနိုင်ငံဘက်သို့ဝင်လာ သော ထိုင်းနိုင်ငံသားကို တစ်ဦးလျှင် ၁၀ ဘတ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ် လာ ကောက်ခံလျက်ရှိသည်။

INTERMACH & SUBCON MYANMAR၂၀၁၅ ပြပွဲတွင်နိုင်ငံပေါင်း ရှစ်နိုင်ငံမှ ကမ္ဘာ့အဆင့် ကုန်ပစ္စည်း ၁၀၀ ကျော်နှင့် တွဲဖက်ပစ္စည်း ၃၀...
05/09/2015

INTERMACH & SUBCON MYANMAR၂၀၁၅ ပြပွဲတွင်နိုင်ငံပေါင်း ရှစ်နိုင်ငံမှ ကမ္ဘာ့အဆင့် ကုန်ပစ္စည်း ၁၀၀ ကျော်နှင့် တွဲဖက်ပစ္စည်း ၃၀၀ ကျော် ထည့်သွင်းပြသသွားမည်
မင်းမင်းသူ
Fri, 04-Sep-2015
Intermach & Subcon Myanmar 2015 ၏ တတိယအကြိမ် မြန်မာနိုင်ငံ၏ နိုင်ငံတကာစက်မှုပြပွဲကို ၂၀၁၅ ခုနှစ်၊ စက် တင်ဘာလ ၂၄၊ ၂၅ ရက်များတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံပေါင်းရှစ်နိုင်ငံမှ ကမ္ဘာ့အဆင့်ကုန်ပစ္စည်း ၁၀၀ ကျော်နှင့် တွဲ ဖက်ပစ္စည်း ၃၀၀ ကျော် ထည့်သွင်းပြသသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပြပွဲတွင် စက်မှုလုပ်ငန်းသုံး စက် ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ၊ စက် ပစ္စည်းကိရိယာများ၊ မော်တော်ကား၊ ဆောက် လုပ်ရေး၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်သုံး စက်မှုလုပ်ငန်းသုံး ပစ္စည်းများကို ထည့်သွင်း ပြသသွားမည်ဖြစ်ကြောင်း မြန်မာ့စက်မှု လုပ်ငန်းအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သိန်းကဆိုသည်။

“အခုလို ကျင်းပမဲ့ပွဲဟာမြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမဲ့ပွဲဖြစ်ပါတယ်။အခုလို ပြပွဲပြုလုပ်တဲ့အတွက် မြန်မာပြည် မှာရှိတဲ့ လျှပ်စစ်နဲ့ မော်တော်ကားလုပ်ငန်း တွေမှာ များစွာသော အထောက်အကူကို ဖြစ်စေမှာပါ။ Intermach & Subcon Myanmar ဟာ ထုတ်ကုန်လုပ်ငန်း ဆောင် ရွက်ရာမှာ နည်းပညာသစ်တွေနဲ့ လုပ်ဆောင် ပြီး စက်မှုလုပ်ငန်းအဆင့်မြှင့်တင်ပေးခြင်း နဲ့ထုတ်လုပ်မှုတိုးမြှင့်လာအောင် ကူညီပေး ဖို့ဒီဇိုင်းဆွဲ ထားတာဖြစ်ပါတယ်။ ဒါဟာ ထုတ် ကုန်အရည်အသွေး၊ စွမ်းဆောင်ရည်တို့ အပြင် မြန်မာ့ထုတ်ကုန်စက်မှုလုပ်ငန်းကို လည်း ကူညီပါလိမ့်မယ်”ဟု ၎င်းင်းက ပြော ကြားသည်။

“အခုပြပွဲဟာ လက်မလွှတ်သင့်တဲ့ ပြ ပွဲတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒီပွဲကြောင့် လည်း စက်မှုပိုင်းဆိုင်ရာနဲ့ အခြားစီးပွားရေး လုပ်ငန်းတွေကိုချိတ်ဆက်လုပ်ကိုင် လာနိုင် မှာပါ”ဟု ထိုင်းနိုင်ငံ Subcontracting Promotion အသင်းချုပ်မှ President Mr. Somkiat Chupukcharoen က ပြောကြား သည်။

အဆိုပါပြပွဲတွင်လည်း ဆက်စပ်ပြပွဲ များအနေဖြင့် တတိယအကြိမ် မြန်မာနိုင်ငံ ၏နိုင်ငံတကာစက်မှု Subcontracting ပြပွဲ၊ တတိယအကြိမ် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ပန်းထိမ်လုပ်ငန်းပြပွဲ၊ တတိယအကြိမ် နိုင်ငံ တကာ ပလတ်စတစ်နှင့် ရော်ဘာ ကုန်ထုတ် စက်မှု ပစ္စည်းများပြပွဲတို့ ပါဝင်မည်ဖြစ် ကြောင်း သိရသည်။

ယခုပြုလုပ်မည့် ပြပွဲတွင်လည်း ပြပွဲတွင် ပါဝင်ပြသသူများအနေဖြင့် Samsung Galaxy ဖုန်းများလက်ဆောင် ထည့်သွင်း မှု ပြုလုပ်သွားမည်ဖြစ်ပြီး လာရောက်ကြည့် ရှုသူများကိုလည်း LED ဘောပင်များ လက် ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

05/09/2015

စစ်သူကြီးမဟာဗန္ဓုလပေစာနှင့် လွတ်လပ်ရေးမရမီခေတ် မော်ကွန်းများမှအစ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ မော်ကွန်းများ သိမ်းဆည်းစောင့်ရှောက်ထားသည့် နေပြည်တော်မော်ကွန်းပြတိုက်
မိုးမိုး
Fri, 04-Sep-2015
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအမျိုးသားမှတ်တမ်း များမော်ကွန်းတိုက်ဦးစီးဌာန(နေပြည် တော်) တွင် စစ်သူကြီးမဟာဗန္ဓုလပေစာနှင့် လွတ်လပ်ရေးမရမီ ခေတ်မော်ကွန်းများမှအစ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုး ရမော်ကွန်းများအထိသိမ်းဆည်းစောင့် ရှောက်ထားရှိကြောင်း အဆိုပါမော်ကွန်း တိုက်မှ သိရသည်။

အမျိုးသားမှတ်တမ်းများမော်ကွန်း တိုက် သည်နေပြည်တော်၊ရာဇသင်္ဂဟလမ်း၊ ကုမုဒြာကြာပန်းအ ၀ိုင်းအနီးဥတ္တရသီရိမြို့ နယ်တွင်တည်ရှိပြီး မော်ကွန်းတိုက်တွင်လွတ် လပ်ရေးမရမီခေတ်၊ ဒုတိယကမ္ဘာစစ် ကလ၊ လွတ်လပ်ရေးရပြီးခေတ်၊ တော်လှန်ရေး ကောင်စီ၊ တော်လှန်ရေးအစိုးရအဖွဲ့၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ပြည်သူလွှတ် တော်၊ နိုင်ငံတော် ကောင်စီ၊ ပြည်ထဲရေးဝန် ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ န၊၀န် ကြီးရုံး၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ နိုင်ငံ တော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ၊ နိုင်ငံခြားရေးရာ ၀န်ကြီးဌာန၊ ယာဉ်ကျေးမှု ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ အမျိုသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ အမျိုးသားညီလာခံ၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ပြန် ကြားရေး ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီး ဌာန၊ ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရစသည်များ၏ မော် ကွန်းများစာချုပ် စာတမ်းစာချွန်လွှာများ၊ နယ် စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်ထည်ဖော်ရေး လုပ်ငန်း ကော်မတီရုံး၏ နေ့စဉ်မှတ်တမ်းများ ထားရှိကြောင်းသိရသည်။

အဆိုပါမော်ကွန်းးများမှတ်တန်းများအပြင်နိုင်ငံတော်၏ သမိုင်းစာမျက်နှာတွင် အထင်ကရမှတမ်းတစ်ခုအဖြစ် တည်ရှိနေ သော စာချုပ်စာတမ်းများ၊ လွတ်လပ်ရေးမရမီ ကာ လ လွတ်လပ်ရေး ရယူရန် အတွက် လက် မှတ်ရေးထိုးထားသည့် စာချုပ်စာတမ်းများမှ အစပြု၍ ပြည်ပနိုင်ငံများနှင့် သံတမန် ဆက်သွယ် ထူထောင်ခြင်းဆိုင်ရာ ကြေညာချက်များ၊ နိုင်ငံအချင်းချင်း အကူညီပေးရေး ဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများဆောင် ရွက် ခြင်းဆိုင်ရာကိစ္စများအပါအ၀င် ပြည် တွင်း ပြည်ပချုပ်ဆိုသောစာချုပ်စာတမ်း၊ စာ ချွန်လွှာ (၂၀၀၀) ခန့်ကို စနစ် တကျ ထိန်း သိမ်းထားရှိသည့်အပြင် စစ်သူကြီးမဟာ ဗန္ဓု လမှမဏိပူရမင်းသားထံ ပေးသည့် ပေစာ နှင့်ပေစာကို နားလည်လွယ်အောင် မြန်မာ ပြန်ထားမှုများ၊ ပင်လုံစာချုပ်၊ မြန်မာဘုရင် ခေတ်ဒေါင်းအလံ၊ ဗြိတိသျှခေတ်မြန်မာ အလံ၊ ဒုတိယကမ္ဘာစစ်ကာလမြန်မာအလံ များ၊ တော်လှန်ရေးအလံ၊ပြည်ထောင်စုမြန် မာ နိုင်ငံတော်အလံ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စသည့် မြန်မာများ အသုံး ပြု ခဲ့ကြသည် အလံများတံဆိပ် အမျိုးမျိုး၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ်ဦး သန့်၏ နာမည် ရေးထိုးထားသော ဘောလ်ပင်၊ ခေတ်အဆက်ဆက် နိုင်ငံတော် သမ္မတကြီးများနှင့် နိုင်ငံတော် ၀န်ကြီးချုပ်များ၏ ဓာတ် ပုံ များကိုလည် ခင်းကျင်းပြသထားရှိကြောင်း တွေ့မြင်သိရှိရသည်။

ထို့အပြင် မော်ကွန်းမှတ်တမ်းများကို နှစ် ကာလရှည်စွာ ထိန်းသိမ်းနိုင်ရန်အတွက် မိုက်ကရိုဖလင်၊ မိုက်ခရိုဖစ်(ခ်ျ) ရိုက်ကူခြင်း များ ကိုလည်း ဆောင်ရွက်ထားရှိသည့် အပြင် တိုး တက်လာသည့် နည်းပညာများကိုအသုံး ပြု၍ ကွန်ပြူတာနှင့် ထိန်းသိမ်းခြင်း (Computerization) ဆောင်ရွက်ထားရှိကြောင်း ၁၉၉၉ ခုနှစ်မှ စတင်၍ မော်ကွန်း၊မှတ်တန်းများအရှိစရင်း(Holding List) အားE-Library Software ဖြင့် Data ထည့်သွင်း၍ သုတေ သီ များအလွယ်တကူအသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း၂၀၀၈ ခုနှစ် တွင် E-Library System အား Upgrade ပြုလုပ်၍ သုတေသီများအလွယ်တကူဖတ် ရူနိုင်ရန်စီစဉ်ဆောင်ရွက်ထားရှိကြောင်း လေ့ လာလိုသည့် သုတေသီများအနေဖြင့် ပြည်ပ မှသုတေသီများအတွက် ကျောင်းသားများသည်သက်ဆိုင်ရာကျောင်း၏ ထောက်ခံစာ၊ ပြင်ပသုတေသီများအနေဖြင့် သက်ဆိုင်ရာနိုင်ငံရှိမြန်မာသံရုံးမှတဆင့် ဆက်သွယ်ရန်နှင့်မြန်မာနိုင်ငံရှိသက်ဆိုင်ရာသံရုံးများ၏ထောက်ခံချက်၊ ပြည်တွင်းသမိုင်းပညာရှင်တစ်ဦးဦး၏ထောက်ခံချက်၊ နိုင်ငံကူးလက် မှတ် မှုရင်း၊ ဓာတ်ပုံ(၂)နှင့်မှတ်ပုံတင်ကြေး ပေးသွင်း၍ လေ့လာနိုင်ပြီးအထောက်အထား များကိုလည်းကူးယူနိုင်ပြီးပြည်တွင်းသုတေသီများအနေဖြင့် ကျောင်းသားသုတေသီ များမှာသက်ဆိုင်ရာကျောင်း၏ ထောက်ခံ စာ၊ ပြင်ပသုတေသီများမှာ ပြန်တမ်းဝင် အရာ ရှိတစ်ဦး၏ထောက်ခံချက်နှင့်ရဲစခန်းထောက် ခံစာ၊ ဓာတ်ပုံ(၂)နှင့်မှတ်ပုံတင်ကြေးပေးသွင်း ၍ လေ့လာနိုင်ပြီးအထောက်အထား များ ကို လည်းကူးယူနိုင်ကြောင်း ဌာနဆိုင်ရာများမှသု တေသီများအနေဖြင့်သက်ဆိုင်ရာ ဌာန၏ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း သိရ သည်။

ပေးဆပ်သူတို့ ပျော်ရွှင်ရာကိုနော် (ပုဂံ)Fri, 04-Sep-2015  “ရာဇကုမာရ၊ သားလှ လုလင်သူငယ်စဉ်က၊ မိခင်မျက်ဖျော်မယ်တော်ဘုရား၊ နတ်...
05/09/2015

ပေးဆပ်သူတို့ ပျော်ရွှင်ရာ
ကိုနော် (ပုဂံ)
Fri, 04-Sep-2015



“ရာဇကုမာရ၊ သားလှ လုလင်
သူငယ်စဉ်က၊ မိခင်မျက်ဖျော်
မယ်တော်ဘုရား၊ နတ်ရွာလားခဲ့
စစ်သားမင်းကြီး၊ ထီးနန်းစံနှစ်
နှစ်ဆယ့်ရှစ်လွန်၊ နတ်သံအကူး
အံ့မူးမူးတွင်
သားဦးရာဇ၊ ကုမာရသည်
သူရအမွေ၊ သူ့ရွှေငွေကို
ကိုယ်ကျိုးစီးပွား၊ မသုံးစားဘဲ
ရွှေသားကိုပြု၊ ရွှေဆင်းတုတည့်
သူ့လက်တွင်းမှ၊ မင်းအားပြ၍
ဆက်သအပြီး၊ ဦးချပြီးသော်
ခမည်းလှူပါ၊ သားမေတ္တာတည့်
ထိုခါ ဆင်းတု၊ မင်းကြီးရှု၍
သာဓု သာဓု၊ သာဓု နုမော်
မင်းကြီးခေါ်၏
သေပျော်အသိ၊ ဖ ပီတိသည်
နတ်၏သုခ ရအံ့သို့။
ဗြဟ္မာ၏သုခ ရအံ့သို့။”
မြစေတီဘုရားပွဲကိုရောက်တော့ ဆရာ ဇော်ဂျီရဲ့ “သား၏ မေတ္တာ ဖမှာ ပီတိ” ကဗျာ ထဲက စာသားအချို့ကို သတိရတယ်။

“ဤရွှေဖုရှားက ငါ့သခင်အဖို့ အတို့ ကျွန်ပြုသတေး၊ ကျွန်သုံးရွာအတို့ ကျွန်ငါ့ သခင် ပေးသသည်ကား ဤရွှေဖုရှားအား အတို့ကျွန်ပေး၏”
“ကောင်းလှောင့်တည်း၊ ကောင်းလှောင့် တည်း”

ထင်ရှားတဲ့ မြစေတီကျောက်စာထဲက ရာဇကုမာရမင်းသားနဲ့ ဖခမည်းတော်ကျန် စစ်မင်းကြီးတို့ အပြန်အလှန်ပြောတဲ့ မှတ် တမ်းလေးပါ။ ရာဇကုမာရမင်းသားဟာ ကျန် စစ်သားမှာ မိဖုရားလေးပါးရှိတဲ့အနက်က ဦးဆောက် ပန်းလို့ခေါ်တဲ့ တြိလောက ၀ဋံ သကာဒေ၀ီမိဖုရားက မွေးဖွားခဲ့သူဖြစ်တယ်။ကျန်စစ်သားဟာ သမီးတော် ရွှေအိမ်သည် က မွေးဖွားတဲ့ မြေးတော်အလောင်းစည်သူ ကို သူ့ရဲ့နန်းညွန့်နန်းလျာအဖြစ် ထားပြီး တဲ့အခါမှ သားတော်ရာဇကုမာရဟာ နန်း တွင်းကို ရောက်လာခဲ့တာဖြစ်လို့ “မြေးကား အရင်း သားကားအဖျား”ဆိုတာမျိုး ပုဂံထီး နန်းရာဇ၀င်မှာ ဖြစ်သွားခဲ့တာပါ။ သားတော် ရာဇကုမာရဟာ မိခင်ဖြစ်သူ တြိလောက ၀ဋံ သကာဒေ၀ီ နတ်ရွာစံပြီးတဲ့နောက်မှာ မိခင် ဖြစ်သူကို ကျန်စစ်မင်းကြီးကပေးသနားခဲ့တဲ့ ကျွန်သုံးရွာကို ဆက်ခံခွင့်ရခဲ့တယ်။ ကျန်စစ် သားမင်းကြီးဟာ နန်းစံသက် ၂၈ နှစ်ရောက် တဲ့အခါ မမာမကျန်း ဖြစ်လာတယ်။ ဒီအခါ သားတော် ရာဇကုမာရမင်းသားဟာ ကျေး ဇူးဆပ်တဲ့အနေနဲ့ ဖခမည်းတော်ကိုယ်တိုင် ရေစက်သွန်းချ အမျှဝေလှူဒါန်းနိုင်ဖို့ ရွှေ ဆင်းတုတစ်ဆူ ထုလုပ်ပြီး သူဆက်ခံခွင့်ရ တဲ့ ကျွန်သုံးရွာနဲ့အတူ ဘုရားလှူတယ်။ မြစေတီကျောက်စာဟာ ရာဇကုမာရမင်းသား ရဲ့ အလှူဒါနကို ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာ သာနဲ့ ရေးထိုးထားတဲ့ ကျောက်စာဖြစ်ပြီး မြန်မာစာပေအတွက် အစောဆုံးတွေ့ရတဲ့ ကျောက်စာဖြစ်ကြောင်း သိရတယ်။

မွန်မြတ်တဲ့နှလုံးသားပိုင်ရှင် သားတော် ရာဇကုမာရမင်းသားကြောင့်လည်း ကျန်စစ် မင်းကြီးရဲ့ နေ၀င်ချိန်ဟာ ပုဂံခေတ်က အခြား မင်းတွေနဲ့မတူ တည်တည်ငြိမ်ငြိမ်နဲ့ လှပခဲ့ တာဖြစ်မယ်။ ညီအစ်ကိုအချင်းချင်း၊ သား အဖအချင်းချင်းပင် ယုံကြည်လို့မရတဲ့ သက် ဦးဆံပိုင်ဘုရင်ခေတ်မှာ ဘုရင်ဖြစ်ဖို့အခွင့် အလမ်းများစွာရှိရက်နဲ့ အတ္တကို ရှေ့တန်း မတင် လောကီ၊ လောကုတ္တရာ အကျိုးနှစ် ဖြာအရေး ဦးထိပ်ပန်ဆင်ကာ မိဘကျေးဇူး အထူးတလည် ဆပ်ခဲ့တဲ့ သားရတနာ အတွက် ကျန်စစ်မင်းကြီးရဲ့ ဘ၀နေ၀င်ချိန် ဟာ သုခနိဗ္ဗာန်ဘုံကို ဖြတ်သန်းရသလို အေးချမ်းနေမှာ အမှန်ပါပဲ။ ဒါကြောင့်လည်း မြန်မာစာပေ ပညာရှင်ကြီး ဦးဖေမောင်တင် က မြစေတီကျောက်စာကို ရည်ညွှန်းပြီး ကျွန်တော်တို့ မြန်မာစာပေသမိုင်းဟာ ကျေးဇူးတရားနဲ့ စတင်ခဲ့တယ်လို့ မှတ်သား လောက်ဖွယ် စကားဆိုခဲ့တာဖြစ်မယ်။

မြစေတီဘုရားပွဲတော်ကို နှစ်စဉ် ၀ါခေါင် လဆန်း ၁၄ ရက်နဲ့ လပြည့်နေ့မှာ ကျင်းပပါ တယ်။ အဖိတ်နေ့ဖြစ်တဲ့ ၁၄ ရက်မှာ အစဉ် အလာမပျက် အရုပ်သွင်းပွဲ ကျင်းပပါတယ်။ ကလေး၊ လူကြီးအားလုံး စိတ်ဝင်တစား လာကြည့်ကြတဲ့ပွဲပါ။ ဒေသခံတွေသာမက အနယ်နယ်အရပ်ရပ်က ဓာတ်ပုံပညာရှင် တွေ၊ ၀ါသနာရှင်တွေ လာကြတဲ့ပွဲလည်း ဖြစ်ပါတယ်။

နှစ်စဉ်ပွဲတော်ကျင်းပချိန်တိုင်း အရုပ် သွင်းပွဲကို စောစောရောက်ဖြစ်ခဲ့တဲ့ ကျွန် တော်ဟာ ဒီနှစ်မှာတော့ အချိန်အနည်းငယ် နောက်ကျပြီးမှ ရောက်သွားဖြစ်ပါတယ်။ နောက်ကျရတဲ့ အကြောင်းကတော့ ကျွန် တော်တို့မြို့နယ်ထဲကို တောဆင်ရိုင်းတွေ ၀င်လာတာ အကြောင်းပြုပြီး ဆောင်းပါးလေး တစ်ပုဒ်ရေးနေတာ လက်စသတ်နေရလို့ပါ။ကျွန်တော်ရောက်သွားတော့ အင်္ဂုလိမာလ အရုပ်နဲ့အဖွဲ့ လူအုပ်ကြားထဲက တိုးထွက် လာတာ တွေ့ရတယ်။ အဲဒီနောက်မှာတော့-

ကျွဲလိုလို
မြင်းလိုလို အရုပ်တွေ
မြင်းစီးရာဇ၀င် သူရဲကောင်းအရုပ်
ကိုကြီးကျော်အရုပ်တွေ
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ မြင်းစီးအရုပ်
ဗုဒ္ဓဆင်းတုတော်နဲ့ အနော်ရထာအရုပ်

ကလေးတွေချစ်တဲ့အရုပ်၊ လူကြီးတွေ ချစ်တဲ့၊ အားကျတဲ့သူတွေရဲ့အရုပ်၊ ခေတ်ကို သရော်တဲ့အရုပ်၊ လှောင်တဲ့အရုပ်၊ အပြောင် အပြက်အရုပ်တွေဟာ သူ့အဖွဲ့နဲ့သူ ဘီလူး ဆိုင်းတီးသလို ကဆုန်ပေါက် ၀င်လာသူက ၀င်လာ။ ပရိသတ်ထဲ တိုးသူကတိုး။ ပျိုပျိုအို အို။ စိတ်မဆိုးကြေး။ ရန်မထောင်ကြေး။ ရန် ငြိုးရန်စရှိကြလို့မှ မဟုတ်ဘဲ။ ရှေးအစဉ် အလာ ရိုးရာမပျက် တစ်နှစ်တစ်ခါ စိတ် လွတ်ကိုယ်လွတ် ပျော်ကြတဲ့ပွဲ။ ခုန်လိုက် ပေါက်လိုက်၊ ဘယ်ညာယိမ်းလိုက်။ ပရိသတ် ထဲ တိုးဝင်လိုက် ခပ်ကြမ်းကြမ်းအဖွဲ့တွေ ရှိ သလို ကိုယ့်အဖွဲ့ ဖန်တီးထားတဲ့ အရုပ် အပေါ်မူတည်ပြီး တည်တည်ငြိမ်ငြိမ် စည်း ချက်ကျကျ အလှအပနဲ့ ခံ့ညားထည်ဝါမှုကို ပေါ်လွင်အောင် ၀င်ရောက်လာတဲ့အဖွဲ့တွေ လည်း ရှိပါတယ်။

အရုပ်က တစ်လှည့်
အတီးအမှုတ်နဲ့ သီချင်းဆို၊ သံချပ်ထိုး တဲ့အဖွဲ့က တစ်လှည့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရွာ လမ်းကြားက ထွက်လာကြတယ်။ ပွဲတော် လာ ပရိသတ်တွေဆိုတာကလည်း မြင်းကပါ ရွာလေးကသာမက ပုဂံညောင်ဦးမြို့ပေါ် ရပ် ကွက်အသီးသီးကလည်း လာကြည့်ကြ သလို နိုင်ငံခြားသားဧည့်သည်တွေကလည်း အထူးအဆန်းသဖွယ် ၀င်ရောက်တိုးဝှေ့ ကြည့်ကြ၊ ဓာတ်ပုံတွေရိုက်ကြနဲ့။ ကလေး တွေ သဘောကျတဲ့ပွဲဖြစ်လို့ ကလေးပါသူ တွေက ပခုံးပေါ်မှာ ကိုယ့်ကလေးကို ထမ်းလို့ ချီလို့ တိုးဝှေ့ကြည့်ကြတယ်။ တစ်ခါတော့ ကျွဲနက်အရုပ်ကြီးက ပရိသတ်အကြား တိုး ၀င်သွားလိုက်တာ ပြေးသူပြေး၊ လဲသူလဲနဲ့။

ပရိသတ်တွေမှာလည်း ဒီတစ်ရုပ်ပြီး သွားရင် နောက်တစ်ရုပ်က ဘာအရုပ်ဖြစ် မလဲ။ ဘယ်လိုအရုပ်များ ချိုးစပ်လာကြမှာ လဲ။ ဖန်တီးလာကြမှာလဲ။ စိတ်ဝင်တစားနဲ့ ပွဲဆုံးတိုင်အောင် စောင့်ကြည့်ရတဲ့ ပွဲပါပဲ။ အရုပ်တွေကလည်း အစိတ်၊ သုံးဆယ်မက လာတတ်ပါတယ်။ နေ့ခင်း ၁ နာရီခွဲ၊ ၂ နာရီ လောက်က စသွင်းလိုက်တဲ့ အရုပ်သွင်းပွဲ ဟာ များသောအားဖြင့် ညနေ ၄ နာရီခွဲ၊ ၅ နာရီလောက်မှ အရုပ်တွေ စုံတတ်တယ်။

ဒီနှစ် မြစေတီဘုရားပွဲမှာတော့ အရုပ် သွင်းပွဲကို အစဉ်အလာမပျက် အစအဆုံး အားပေးလာတဲ့ ကျွန်တော် စိတ်ကျေနပ်မှု အပြည့်အ၀မရခဲ့ဘူး။ စိတ်ကျေနပ်မှုမရတဲ့ အကြောင်းက အရုပ်သွင်းပွဲ ဆင်နွှဲကြသူ တွေရဲ့ အားနည်းချက်တစ်စုံတစ်ရာကြောင့် မဟုတ်ပါဘူး။ ဒီနှစ် အရုပ်သွင်းပွဲကိုလာခဲ့တဲ့ ကျွန်တော်မှာ အလာတုန်းကလည်း ပွဲတော် ရဲ့ အဦးအစကို မမီလိုက်ရဘူး။

ခုလည်း အားပေးလို့မှမ၀ခင် အိမ်သူသက်ထားက လူမှုကိစ်္စတစ်ခု အကူအညီပေးဖို့ရှိလို့ အမြန် ပြန်လာပါဆိုပြီး ဖုန်းဆက်ခေါ်လို့ သံယော ဇဉ်အမျှင်တန်းလန်းနဲ့ အိမ်ပြန်ခဲ့ရတယ်။ ဖြေသိမ့်စရာရှိတာက မြင်းကပါရွာလေးမှာ တော်သလင်းလထဲကျင်းပမဲ့ မနုဟာဘုရား ပွဲ ရှိပါသေးတယ်။ မြစေတီလိုပဲ အစဉ်အလာ မပျက် အရုပ်သွင်းပွဲပါတယ်။ ပြီးတော့ သထုံ ပြည့်ရှင် မနုဟာမင်းရဲ့ပွဲ။ ရာဇကုမာရမင်း သားဟာ ကိုယ်ကျိုးမဖက်ဘဲ လောကီ၊ လော ကုတ္တရာ အကျိုးနှစ်ဖြာအတွက်နဲ့ မိဘကျေး ဇူးကို ပေးဆပ်ခဲ့သူဖြစ်သလို မနုဟာမင်းဟာ လည်း မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာရေရှည်တည်တံ့ပြန့်ပွားလာစေဖို့အတွက်၊ စာပေ ကျမ်းဂန်တွေ၊ အတီးအမှုတ် ဗိသုကာအနု လက်ရာတွေ ထွန်းကားပြန့်ပွားလာစေဖို့ အတွက် ပြည့်ရှင်မင်းတစ်ပါးရဲ့ အတ္တမာန တွေစွန့်ခွာကာ ကြီးမားတဲ့ပေးဆပ်မှုတွေကို ပေးဆပ်ခဲ့သူ။

တကယ်တော့ မြင်းကပါရွာလေးက မြစေတီနဲ့ မနုဟာဘုရားပွဲတွေဟာ ပေးဆပ် သူတို့ရဲ့ပွဲလို့ပဲ စိတ်ထဲတွေးထင်မိပါတယ်။

ကမ္ဘာ့ဟိုတယ် လုပ်ငန်းအုပ်စုများ ခြေကုပ်ယူလာသော မြန်မာ့ခရီးသွားကဏ္ဍ၀ဏ္ဏ (စမ်းချောင်း)Fri, 04-Sep-2015  နှစ်စဉ် ပြည်ပမှ လာရောက...
05/09/2015

ကမ္ဘာ့ဟိုတယ် လုပ်ငန်းအုပ်စုများ ခြေကုပ်ယူလာသော မြန်မာ့ခရီးသွားကဏ္ဍ
ဝဏ္ဏ (စမ်းချောင်း)
Fri, 04-Sep-2015



နှစ်စဉ် ပြည်ပမှ လာရောက်လည်ပတ် သော ဧည့်သည်တိုးတက်များပြားလာခြင်း နှင့်အတူ မြန်မာ့ခရီးသွားကဏ္ဍသည် အရေး ပါသော လမ်းဆုံလမ်းခွသို့ ရောက်ရှိလာပြီ ဖြစ်သည်။

အစိုးရထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ် တွင် ပြည်ပခရီးသွားဝင်ရောက်မှု နှစ်သန်း ကျော်ရှိရာမှ ၂၀၁၄ ခုနှစ်တွင် သုံးသန်းကျော် အထိ တိုးတက်များပြားလာသည်။ သို့ရာတွင် လက်ရှိမြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံ အနေအထားသည် ပြည်ပခရီးသွား အများအပြားကို လက်ခံနိုင်လောက်သော အခြေအနေတွင် ရှိမနေသေးဟု မြန်မာ့စီး ပွားရေးကဏ္ဍ တိုးတက်မှုရှိရေး အထောက် အကူပြုဌာန (MCRB) က သုံးသပ်ထား သည်။

MCRBသည် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ တောင်ကြီးနှင့် မော်လမြိုင် အစ ရှိသော ဒေသများသို့ ကွင်းဆင်းသုတေသန ပြုလုပ်ပြီးမှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ခရီးသွားကဏ္ဍ နှင့် ဟိုတယ်လောကတွင် လက်တွေ့ဖြစ် ပေါ်နေသော ပကတိ အရှိတရားများကို အနည်းနှင့် အများ ထင်ဟပ်ပေါ်လွင်နေ သည်။ ကောက်ယူရရှိသော အချက်အလက် (field data) များပေါ်တွင် ကွဲလွဲချက်များ ရှိကောင်းရှိနိုင်မည် ဖြစ်သော်လည်း ယေဘု ယျအားဖြင့် ခြုံငုံမိသည်။ သို့ကလိုကြောင့် MCRB အစီရင်ခံစာသည် ထည့်သွင်းစဉ်း စားသင့်သော အကြံပြုစာတမ်းများ စာရင်း ထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။

ခရီးသွား တိုးတက်များပြားလာခြင်း သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် တွန်း အားဖြစ်စေသော်လည်း စနစ်တကျ စီမံခန့် ခွဲမှုများ မဖြစ်မနေလိုအပ်လာသည်။ တစ် ဖက်ကလည်း အလားအလာ ကောင်းမွန် လျက်ရှိသော မြန်မာ့ခရီးသွားကဏ္ဍထဲသို့ ၀င်ရောက် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ၏ စိတ်ဝင်စားမှုသည် မြင့်တက်လာသည်။

“ခရီးသွားကဏ္ဍခေါင်းစဉ်” အောက် တွင် ရင်းနှီးမြှုပ်နှံမှု “ခေါင်းစဉ်ခွဲ”များစွာရှိ သည်။ ရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဌာန်အမျိုးမျိုး ရှိသည်။ နိုင်ငံတကာ လေကြောင်းလိုင်းများ ကလည်း မြန်မာနိုင်ငံသို့ တိုးချဲ့ပျံသန်းလာ သည်။ တစ်ဖက်ကလည်း ပြည်တွင်းလေ ကြောင်းလိုင်း အရေအတွက်လည်း တိုး ပွားလာသည်။ အချို့သော ပြည်တွင်းလေ ကြောင်းလိုင်းသစ်များသည် ပြည်ပခရီးစဉ် များပင် ပြေးဆွဲပျံသန်းလာကြတာကို တွေ့ရ သည်။

ရေလမ်းခရီးမှ ၀င်ရောက်လာသော ကမ္ဘာလှည့်ခရီးသည် အရေအတွက် တစ်စ တစ်စ များပြားလာသည်။ ဇိမ်ခံသင်္ဘောများ၊ ကမ္ဘာလှည့်ခရီးသွားများကို တင်ဆောင်လာ သော ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ် နှုန်းလည်း ယခင်ကထက် ဘာဆိုဘာမျှ မဆိုင်တော့လောက်အောင် မြင့်တက်လာ သည်။

ခရီးသွားအေဂျင်စီ အတော်များများ လည်း ဘန်ကောက်မြို့တွင် ရုံးထိုင်နေရာမှ ရန်ကုန်မြို့၌ ရုံးခွဲများဖွင့်လှစ်ကာ အော်ပရေး ရှင်းပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက် ဆောင်ရွက်လာကြသည်။ ဟိုတယ်၊ ခရီး သွားကဏ္ဍတို့နှင့် သက်ဆိုင်သော ၀န်ဆောင် မှုကုမ္ပဏီများလည်း မြန်မာနိုင်ငံသို့ ခြေချင်း လိမ်မတတ် ၀င်ရောက်လာကြသည်။ အင်န် ဂျီအို အဖွဲ့အစည်းများပင် ထိုးဖောက်ဝင် ရောက်လာပြီး ဟိုတယ်ဝန်ထမ်းများကို ရှာ ဖွေခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းများ ပြု လုပ်လာကြပြီ ဖြစ်သည်။

အလားတူ ပြည်ပခရီးသွားဧည့်သည် ၀င်ရောက်မှု မြင့်တက်လာမည့် အလား အလာရှိသောကြောင့် ကမ္ဘာ့ဟိုတယ်အုပ်စု များသည် မြန်မာ့ခရီးသွားကဏ္ဍအပေါ် စိတ် ၀င်စားလာကြသည်။ ယခုနှစ်အတွင်း ပြည်ပခရီးသွား ငါး သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ ရည်မှန်းချက်ပြည့်မီအောင် မြန်မာအစိုးရ အနေဖြင့် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း၊ ခရီးသွားလုပ်ငန်းသည် မြန်မာနိုင် ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးသော စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဦးဌေး အောင်က ထုတ်ဖော်ပြောဆိုသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံ ခြားခရီးသွားဧည့်သည် ၀င်ရောက်မှုသည် တမြန်နှစ် (၂၀၁၃ ခုနှစ်) ကထက် ၅၁ ရာခိုင် နှုန်း တိုးတက်ခဲ့သည်။ ထိုကိန်းဂဏန်းများ ပေါ်တွင် အခြေခံတွက်ချက်သုံးသပ်ပြီး ယခု နှစ်တွင်လည်း ၆၇ ရာခိုင်နှုန်း တိုးမြင့်ဝင် ရောက်လာမည်ဟု ခန့်မှန်းထားသည်။

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလမှ မေလကုန် အထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် သည့် ခရီးသွားဧည့်သည် အရေအတွက် သည် တစ်သန်းခွဲကျော်သွားပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတစ်ဆင့် ၀င်ရောက်လာသူ အရေအတွက်ကို အလွယ် တကူ သိရှိနိုင်သော်လည်း နယ်စပ်မှတစ် ဆင့် ၀င်ရောက်လည်ပတ်သူ အရေအတွက် ကို စာရင်းပြုစုနေဆဲ ဖြစ်သောကြောင့်သာ ၂၀၁၅ ခုနှစ်၊ ပထမခြောက်လ (2015 first-half) အထိ ၀င်ရောက်မှုစာရင်းကို မထုတ် ပြန်နိုင်သေးကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနက ပြောဆို သည်။

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင် ငံခြားသား ခရီးသည်အရေအတွက် ငါးသန်း မျှော်မှန်းချက်သည် ပြည့်မီနိုင်ဖွယ်ရှိကြောင်း သက်ဆိုင်ရာတို့က သုံးသပ်ထားကြသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်ထွန်းအောင်က “ဒီနှစ် ငါးလရဲ့နှုန်းက မနှစ်က ငါးလနှုန်းထက် စာရင် သိသိသာသာ တိုးတက်လာတယ်။ ၁၃ ရာခိုင်နှုန်းလောက် တိုးလာတယ်။ တကယ်ကတော့ high season မှာ သိသိ သာသာ အပြောင်းအလဲရှိနိုင်တယ်။ high season ဆိုတာ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလပေါ့။ အဲဒီသုံးလမှာ သိသိ သာသာ ပြောင်းလဲသွားမှာပါ”ဟု ပြောဆို သည်။

သို့ရာတွင် high season သို့ မရောက်မီ စပ်ကြား မြန်မာနိုင်ငံသည် ကြီးမားသော အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်ခဲ့ရသည်ကို လုံးဝလျှော့မတွက်ဖို့တော့ လိုအပ်ပါသည်။ ပြီးခဲ့သော ဇွန်၊ ဇူလိုင်လများအတွင်း နိုင်ငံအနှံ့အပြား ရေကြီးရေလျှံဖြစ်မှုကြောင့် ခရီးသွားလုပ်ငန်းအပေါ် အကျိုးသက်ရောက် မှု တစ်စုံတစ်ရာ ရှိလာနိုင်သည်။ ဧည့်သည် အ၀င်များသော high season မဟုတ်သောကြောင့် ခံသာသွားသည်ဟု ဆိုနိုင်သော်လည်း တစ်ဖက်ကကြည့်လျှင် အခြေခံအဆောက်အအုံပိုင်း ထိခိုက်ပျက် စီးမှု ကြီးမားခဲ့သည်။

ချင်းပြည်နယ်ကဲ့သို့ ဒေသသည် ခရီး သွားလုပ်ငန်း အရှိန်ယူစသာ ရှိသေးသည်။ နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှု မှာလည်း ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး တို့နှင့် နှိုင်းယှဉ်လိုက်ပါက မဖြစ်စလောက် သာ ရှိသေးသည်။ ထိုသို့သော အနေအထားတွင် ချင်းပြည် နယ်သည် ပြီးခဲ့သော ဇူလိုင်လအတွင်း ရေ ကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်သွားသည်။ မြေပြိုမှုများ လည်း ကြီးမားပြင်းထန်ခဲ့သည်။ ချင်းပြည် နယ်မြို့တော် ဟားခါးဆိုလျှင် မြို့ဧရိယာ၏ ၈၀ ရာခိုင်နှုန်းလောက် မြေပြိုသည့်ဒဏ်ကို ခံစားခဲ့ရသည်။ သို့ကလို အခြေအနေများ ကြောင့် ချင်းပြည်နယ်သို့ ခရီးသွားဧည့်သည် ၀င်ရောက်မှုသည် မူလခန့်မှန်းထားသည် အောက် လျော့ကျဖွယ်ရှိသည်။

တစ်ဖန် ရခိုင်ပြည်နယ်သည်လည်း ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်မီ စိတ်ချရအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက သွားရောက်လည်ပတ်သူများ လျော့ကျဖွယ် ရှိသည်။ သို့ရာတွင် ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးဝင်ရောက်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် အင်းလေးဒေသတို့သည် ရေလွှမ်းမိုး မှုဒဏ်မှ လွတ်ကင်းခဲ့သောကြောင့် မြန်မာ့ ခရီးသွားကဏ္ဍကြီးတစ်ခုလုံး ထိခိုက်ကျ ဆင်းလောက်သည့် အခြေအနေသို့ ရောက် မသွားသည်မှာ ကံကောင်းလှသည်။

အနာဂတ် မြန်မာ့ခရီးသွားကဏ္ဍသည် အလားအလာ ကောင်းမွန်သည်။ လက်ရှိ နှုန်းထားအတိုင်း မှန်မှန်တိုးတက်လာပါက မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံ ခြားသား ခရီးသည်ဝင်ရောက်မှု တစ်နှစ်လျှင် ၁၀ သန်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်း ထားသည်။

တစ်ဖန် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က မြန် မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှုကို တွက်ချက်ရာတွင် ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့် နှစ်အကြား ပြည်ပခရီးသွား ၀င်ရောက်မှု စုစုပေါင်းမှာ အနည်းဆုံး ၂၀ ဒသမ ၄ သန်း ရှိလာမည်ဟု ခန့်မှန်းထားသည်။

လာရောက်လည်ပတ်ကြသည့် နိုင်ငံ ခြားသား ဧည့်သည်များထဲတွင် ခရီးသွား အေဂျင်စီများက ခရီးစဉ် အစ၊ အဆုံး စီစဉ် ပေးရသော Package Tour ၀န်ဆောင်မှု ဖြင့် လာရောက်လည်ပတ်သူ လျော့နည်း သည်။ စရိတ်သက်သာမှုကို ဦးစားပေးသော FIT ခေါ် ကျောပိုးအိတ်ခရီးသွားများ (Free Independent Travellers) က သိသိသာ သာ မြင့်တက်လာသည်။ ထိုအချက်က မြန် မာ့ခရီးသွားကဏ္ဍအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ပြီး အနာဂတ်တွင် မတူညီသော ခရီး သွားဝန်ဆောင်မှုများ၊ “မက်လုံး” များဖြင့် တိုးချဲ့လုပ်ကိုင်သင့်ကြောင်း ကျွမ်းကျင်သူ များက ထောက်ပြသည်။

တစ်ဖန် ခရီးသွားကဏ္ဍတွင် အဓိကကျ သော ဟိုတယ်အခန်းခ၊ လေယာဉ်စရိတ်၊ ပြည်တွင်းသွားလာစရိတ်များတွင် မြန်မာ နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှားတို့နှင့် နှိုင်းယှဉ်လိုက်ပါက ပိုမို စရိတ်ကြီးလေးနေသည်။ ထိုအချက် ကြောင့် မြန်မာ့ခရီးသွားကဏ္ဍသည် ရေရှည် တွင် အခက်အခဲ ဖြစ်လာဖွယ်ရှိသည်ဟု လည်း ထင်ကြေးပေး သုံးသပ်မှုများရှိနေ သည်။ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှ ၀င်ငွေသည်လည်း ၂၀၁၂ ခုနှစ်ကထက် ၇၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိ ရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက ၂၀၁၄ ခုနှစ်တွင် ခရီးသွား ကဏ္ဍမှ ဒေါ်လာ ၉၀၅ သန်း ၀င်ရောက်နိုင် ကြောင်း ခန့်မှန်းခဲ့သည်။ အလားတူ ခရီးသွား ကဏ္ဍ တိုးတက်လာခြင်းကြောင့် တိုက်ရိုက်၊ သွယ်ဝိုက် ဆက်စပ်ကဏ္ဍများထဲသို့ ဒေါ်လာ သုံးဘီလျံ (ဒေါ်လာသန်းပေါင်း ၃၀၀၀) စီး ၀င်သွားနိုင်ကြောင်း တွက်ချက်ခန့်မှန်းခဲ့ သည်။

ကမ္ဘာလှည့် ခရီးသည်များနှင့်အတူ မြန်မာနိုင်ငံသို့ ၀င်ရောက်လာကြသည်မှာ ကမ္ဘာ့ဟိုတယ်လုပ်ငန်းစုများ ဖြစ်သည်။ မြန်မာနိုင်ငံသို့ ၀င်ရောက်ခြေကုပ်ယူလာ ကြသော ဟိုတယ်လုပ်ငန်းစုများကို လေ့လာ ကြည့်ပါက ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဟို တယ်အုပ်စုများလည်း ပါဝင်နေကြသည်ကို တွေ့ရသည်။

ပညာတတ်တဲ့ကလေးတွေကျတော့လည်း ပညာတတ်တဲ့လမ်းကြောင်းကို သွားလုပ်ကြမှာပဲ။ ပညာမတတ်တဲ့ ကလေးတွေကျတော့လည်း အိုးမကွာ အိမ်မကွာနဲ့ လု...
05/09/2015

ပညာတတ်တဲ့ကလေးတွေကျတော့လည်း ပညာတတ်တဲ့လမ်းကြောင်းကို သွားလုပ်ကြမှာပဲ။ ပညာမတတ်တဲ့ ကလေးတွေကျတော့လည်း အိုးမကွာ အိမ်မကွာနဲ့ လုပ်စားကြဦးမှာဖြစ်တဲ့အတွက် ကွယ်ပျောက်ဖို့ ခက်ခဲမယ်လို့ ထင်ပါတယ်။
ဇော်ဝင်းထက်
Fri, 04-Sep-2015 | Vol 3, No 13

မေး- ပထမဆုံးမေးခွန်းအနေနဲ့ အိုးလုပ်ငန်း ကို ဘယ်အချိန်လောက်ကစပြီး ကိုယ် တိုင်လုပ်ကိုင်လာခဲ့တာလဲခင်ဗျာ။
အစ်မအနေနဲ့ ဒီအိုးလုပ်ငန်းကို ဆယ့် လေးငါးရှစ်နှစ်လောက်ထဲက လုပ်လာတာ ပါ။ အခုဆိုရင် အစ်မအသက်က ၃၈ နှစ်ရှိပြီ ဆိုတော့ အိုးလုပ်ငန်းနဲ့ အသက်မွေးဝမ်း ကျောင်း ပြုလုပ်လာတာ အနှစ် ၂၀ လောက် ရှိပါပြီ။ အစ်မတို့က အဘိုး၊ အဘွား လက် ထက်ကတည်းက ဒီလုပ်ငန်းနဲ့ အသက်မွေး ၀မ်းကျောင်းပြုတယ်ဆိုတော့ အစ်မလည်း အဘိုး၊ အဘွားတွေဆီက အိုးလုပ်တဲ့ပညာ ကို လက်ဆင့်ကမ်းအမွေအဖြစ် ဆက်ခံခဲ့ တာ ဖြစ်ပါတယ်။ အစ်မတို့ တစ်မိသားစုလုံး က အိုးလုပ်ငန်းပဲ လုပ်တယ်။ လယ်ကိုင်း လည်း မလုပ်ဘူး။

အမေး-ပုဇွန်မြောင်းစံပြကျေးရွာမှာ အိုးလုပ်ငန်း ဘယ်အချိန်လောက်က စတင်ပေါ်ပေါက် လာခဲ့တာလဲခင်ဗျာ။
ဒီအရပ်ဒေသမှာတော့ အိုးလုပ်ငန်းပေါ် ပေါက်လာတာကတော့ နှစ်တွေလည်း မနည်းတော့ဘူး။ အစ်မတို့ အဘိုးတွေ၊ အဘွားတွေ လက်ထက်ထဲက ဒီအိုးလုပ် ငန်းကို လက်ဆင့်ကမ်းလာကြတာ အခု အချိန်ထိပါပဲ။ အနည်းဆုံးတော့ နှစ်တစ်ရာ အထက်လောက်မှာ ရှိမယ်လို့ထင်တယ်။ ပုဇွန်မြောင်းက ပြောမယ်ဆိုရင် အရင်တုန်း က ဒီအိုးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်တဲ့လူတွေ အများဆုံးဖြစ်တယ်။ ထင်းတွေရှားလာတဲ့အတွက် မလုပ်တဲ့သူ တွေလည်း မလုပ်တော့ဘူး။ လုပ်တဲ့သူတွေ ကလည်း လယ်ကိုင်းမလုပ်တော့တဲ့သူတွေ ပဲ ဖြစ်တယ်။ သောက်ရေအိုးတွေကတော့ ဒီအပြင်အိုးတွေ မလုပ်ရင်မလုပ်ရှိတော့မယ်။ ဒီအိုးက ပပျောက်မှာမဟုတ်ဘူး။ သူက သောက်ရေအိုးက မရှိမဖြစ်လေ။ ဒါက နိုင်ငံ ခြားကိုတောင် တင်ပို့တဲ့လူတင်တယ်။

အမေး-အိုးတစ်လုံးလုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေက ဘာတွေများလဲ ခင် ဗျာ။
အိုးတစ်လုံးဖြစ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကတော့ မြေကြီး၊ ကောက် ရိုး၊ သဲ၊ ထင်း၊ ဖွဲတွေ လိုပါတယ်။ အဲဒါတွေ အဆင်သင့်ရှိနေမှ အိုးတစ်လုံးလုပ်ဖို့အဆင် ပြေမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ကုန်ကြမ်းတွေကို ဘယ်နေရာ ကနေ ၀ယ်ယူရပါသလဲခင်ဗျာ။ ထင်းကိုတော့ အစ်မတို့ရွာနဲ့ အနီးဆုံး တောင်ပေါ်မှာ သွားခုတ်တယ်။ သဲကိုတော့ စစ်တောင်းမြစ်ကနေ လှည်းနဲ့ တိုက်ယူရ တယ်။ တချို့ကျတော့လည်း ကားနဲ့တိုက် တယ်။ အိတ်နဲ့ထည့်ပြီးတော့ အိတ်အလုံး ရေနဲ့ပေါ့။တစ်ခါတိုက်ရင် လှည်းနဲ့ဆို အိတ် ၁၄ လုံးပါတယ်။ လှည်းနဲ့တိုက်လာတဲ့ သဲနဲ့ ဆို အိုးဖုတ်ရင် ခြောက်တောင်ဖိုတစ်ဖို လောက် ဖုတ်လို့ရတယ်။ အလုံးအရေ အတွက်နဲ့ဆို အိုးအလုံးရေ ၄၀၀ လောက် ဖုတ်လို့ရတယ်။ အကြီး၊ အသေးဆိုက်စုံပေါ့။ သဲတစ်စီးဆိုရင် မြေကြီးလေးစီးလောက် ကုန်တယ်။ ကားနဲ့ဆိုရင် အိတ်တစ်ရာ လောက်ပါတယ်။ မြေကြီးကိုတော့ အနီး အနားမှာရှိတဲ့ စားကျက်မြေလွတ်မြေရိုင်း ကနေ သွားယူရတာ ဖြစ်ပါတယ်။

အမေး-အိုးတစ်လုံးဖြစ်ဖို့အတွက် ကုန်ကြမ်း တွေကို ဘယ်လိုမျိုးစနစ်တကျ အချော သပ် လုပ်ဆောင်ရပါသလဲခင် ဗျာ။
မြေကြီးတွေကို မြေလွတ်မြေရိုင်းစား ကျက်ထဲကနေ မိုးမရွာခင်ကတည်းက သယ်ထားရတယ်။ မြေကြီးတွေကို မိုးရေ မထိအောင် အမိုးနဲ့ အကာနဲ့ လုံလုံခြုံခြုံ ထားရတယ်။ ထင်းတွေကိုလည်း တောင် ပေါ်ကနေသွားတိုက်ပြီးတော့ ကျကျနန ပုံပြီး တော့ စီစီရီရီဖြတ်တောက်ခွဲခြမ်းပြီးတော့ မိုးကာပြီး ထည့်ထားရတယ်။ သဲတွေကို လည်း မိုးမရွာခင်ကတည်းက သယ်ထားရ တာ။ အခုမိုးတွင်းဆို အိုးလုပ်ဖို့အတွက် ကုန်ကြမ်းတွေကို ဘယ်မှာမှ ရှာလို့မရနိုင် ဘူးလေ။

အမေး-အိုးတစ်လုံးလုပ်ဖို့အတွက် ဘယ်မြေ အမျိုးအစားကို အသုံးပြုရပါသလဲ ခင် ဗျာ။
အိုးတစ်လုံးလုပ်ဖို့အတွက် မြေစေးက အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ ပုဇွန် မြောင်းရွာမှာတော့ အဲဒီ မြေအမျိုးအစား တစ်မျိုးတည်းနဲ့ပဲ လုပ်တတ်တယ်။ မြေစေး မဟုတ်ရင် မလုပ်တတ်ဘူး။ တခြား မြေ အမျိုးအစားနဲ့လုပ်ကြတဲ့ အိုးတွေလည်း ရှိပါ တယ်။ မြေစေးနဲ့လုပ်တဲ့အိုးတွေက တခြား အိုးတွေနဲ့ မတူဘူး။ ခိုင်တယ်။ ကျစ်တယ်။ ပစ်ချလိုက်ရင်တောင် အရှိန်တော်တော် ပြင်းမှကွဲတယ်။ တချို့လည်း လုပ်တာပေါ့။ တော်ဝှီးတို့၊ တာဦးတို့ ပဲခူးနားက ပဲခူးအိုး တန်းကလည်း ဒီကအိုးတွေ လာယူတယ်။ အဲဒီမှာလည်း လုပ်တယ်။ ဒါပေမဲ့ မြေကြီး အမျိုးအစားက မတူဘူး။ ဟိုကမြေကြီးတွေ က ပွတယ်။ ရေထည့်လိုက်ရင် တချို့အိုး တွေဆို ဖျစ်ဖျစ်နဲ့ကွဲကျသွားတာရှိတယ်။ ဒီကအိုးတွေကျတော့ မီးမကျက်မှ ကွဲတယ်။ မီးကျက်ရင်တော့ နှစ်ပေါင်းကို လေးငါးဆယ် အထိခံတယ်။

အမေး-အိုးတစ်လုံးလုပ်ဖို့အတွက် အဆင့်ဘယ် နှဆင့် ပြုလုပ်ရပါသလဲ ခင်ဗျာ။
အိုးတစ်လုံးဖြစ်ဖို့အတွက် အဆင့်လေး ဆင့် ပြုလုပ်ရပါတယ်။ ပထမအဆင့်အနေ နဲ့ သယ်လာတဲ့မြေကြီးတွေကို နင်းရမယ်။ ဒုတိယအဆင့်အနေနဲ့ နင်းထားတဲ့မြေကြီး တွေကို လုံးပြီးတော့ စက်ပေါ်တင်လှည့်ရ တယ်။ တတိယအဆင့် အနေနဲ့ကတော့ လှည့်ထားတဲ့မြေကြီးတွေကို နေလှန်းမယ်။ နည်းနည်းလေးတင်သွားရင် အဲဒါကို ရိုက် မယ်။ ဒီတစ်ဆင့်ရိုက်ပြီးရင် နောက်တစ်ဆင့် ထပ်ရိုက်မယ်။ ရိုက်ပြီးသွားတဲ့အခါ နောက် ဆုံးအဆင့်အနေနဲ့ နေလှန်းပြီး ဖုတ်ရတယ်။ အဲဒါမှ အိုးက ဈေးကွက်ကိုတင်လို့ရတာ ဖြစ်ပါတယ်။

အမေး-အိုးတစ်လုံး ပြုလုပ်တဲ့အခါမှာ ဘယ် အပိုင်းကို လုပ်ရတာ လက်အ၀င်ဆုံးနဲ့ အခက်ခဲဆုံး ဖြစ်မလဲခင်ဗျာ။
အိုးတစ်လုံးပြုလုပ်တဲ့အခါမှာ ဘယ် အပိုင်းက လက်အ၀င်ဆုံးလဲဆိုရင် အိုးနှုတ် ခမ်းက အခရာဖြစ်ပါတယ်။ အိုးနှုတ်ခမ်း ကောင်းမှ အိုးကအဆင်ပြေမှာ ဖြစ်ပါတယ်။ ရိုက်ထုတ်တဲ့ အဆင့်သုံးဆင့်က ဒုတိယ အခက်ခဲဆုံး ဖြစ်ပါတယ်။

အမေး-အိုးတစ်လုံးရဖို့အတွက် အချိန်ဘယ် လောက်ကြာကြာ ပြုလုပ်ရပါသလဲ ခင်ဗျာ။
အိုးတစ်လုံးရဖို့အတွက် အခုချိန်မိုးတွင်း ဆိုရင်တော့ တစ်လလောက်ကြာတယ်။ နွေ တွင်းဆိုရင်တော့ ၁၅ ရက်လောက်ပဲ ကြာ တယ်။

ဒီအရပ်ဒေသမှာ အိုးလုပ်ငန်းပြုလုပ်တဲ့ အိမ်ခြေဘယ်လောက်လောက် ရှိမလဲ ခင်ဗျာ။
အခုမိုးတွင်းကတော့ ပုဇွန်မြောင်းမှာ အိုးလုပ်ငန်းလုပ်တဲ့သူနည်းတယ်။ နွေပိုင်းဆိုရင်တော့အိုးလုပ်စားတဲ့သူက များတယ်။ ပုဇွန်မြောင်းစံပြကျေးရွာမှာက အိမ်ခြေတစ် ထောင်ကျော်တယ်။ အဲဒီထဲမှာမှ မရှိဘူးဆို ရင်တောင် ဒီအရပ်ဒေသမှာ အိုးလုပ်ငန်း ပြုလုပ်တဲ့အိမ်ခြေ ၈၀ လောက်ရှိတယ်။ ဟိုး ဈေးဝအထိရှိတယ်။ အင်တုံကြီးကြီးတွေပါ လုပ်တယ်။

အမေး-ဒီအရပ်ဒေသမှာ ထုတ်လုပ်ရောင်းချတဲ့ အိုးအမျိုးအစား ဘယ်နှမျိုးရှိမလဲခင်ဗျာ။
ဒီအရပ်ဒေသမှာ ထုတ်လုပ်ရောင်းချတဲ့ အိုးအမျိုးအစားတွေကတော့ အများကြီးပဲ။ အိုးအမျိုးအစားတွေကတော့ သောက်ရေ အိုးဆို သဲအိုးကြမ်း၊ ရေအိုးနီ၊ ကောက်ညှင်း ပေါင်းတဲ့အိုး၊ ပန်းအိုး၊ ပန်းစိုက်တဲ့အိုး၊ ငါးပိ အိုး၊ ဟင်းအိုး၊ ထမင်းအိုး၊ ဘုရားအိုး၊ စုဘူးနဲ့ ကလေးကစားစရာ အိုးပုတ်ချိုးရုပ်တွေ စသဖြင့် ၁၅ မျိုးလောက်တော့ရှိမယ်။

အမေး-ဒီမှာပြုလုပ်တဲ့အိုးတွေထဲမှာ ဈေးအနည်း ဆုံးနဲ့ အများဆုံးက ဘယ်လောက်အထိ ဖြစ်မလဲခင်ဗျာ။
ဒီမှာ အကြီးဆုံးဆိုရင် ၁၀၀၀ လောက် ရှိမယ်။ အသေးဆုံးကတော့ အိုးပုတ်နဲ့ ပြော မယ်ဆိုရင် သူက အစုံလိုက်ရောင်းတာဆို တော့ တစ်စုံကို ကျပ် ၅၀၀ လောက်ရှိမယ်။

အမေး-ပုဇွန်မြောင်းကအိုးတွေကို ဘယ်အရပ် ဒေသတွေကို ပြန်ပြီးဖြန့်ဖြူးရောင်းချပါသလဲခင်ဗျာ။
ပုဇွန်မြောင်းက အိုးတွေကို ကျောက် တံတား၊ ဖြူး၊ ကျောက်ကြီးတို့၊ ပဲခူးတို့ ရန်ကုန် အထိရောက်တယ်။ တခြား ကြားကအရပ် ဒေသတွေတော့ မပြောတော့ဘူး။ အနယ် နယ်နဲ့ အရပ်ရပ်ကို ရောက်တယ်။ ဒီနားက အိမ်တစ်အိမ်ဆို သောက်ရေအိုးတွေကို ဟို နိုင်ငံခြားအထိကို ပို့တယ်။

အမေး-လက်ရှိမြန်မာ့အိုးလုပ်ငန်းရဲ့ အနာဂတ် အခြေအနေကိုလည်း သုံးသပ်ပြောပြ ပေးပါဦးခင်ဗျာ။
နောက်လာမဲ့ အနာဂတ်အိုးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ဖြင့် ထင်းတွေကလည်း ဈေးတွေလည်းကြီး ဟိုတစ်နှစ်က ထင်းလှည်းတစ်စီးကို ကျပ် ငါးသောင်း ပေးဝယ်ရတယ်။ အခုက အဲဒီလို မျိုး ၀ယ်လို့မရတော့ဘူး။ ကားတွေနဲ့ ၀ယ်ရ တယ်။ ကားတစ်စီးကို နှစ်သိန်းပေး ၀ယ်ရ တယ်။ အရင်းအနှီးက တအားများတော့ နောက်ပိုင်းဆို အိုးလုပ်ငန်းက ပျောက်ကွယ် သွားမှာတောင် စိုးရိမ်ရတယ်။ ထင်းရှိမှ အိုး က ဖုတ်လို့ရမှာကို။ တောင်ပေါ်မှာကလည်း ထင်းက မရှိသလောက်ဖြစ်နေပြီ။ လှည်း၊ နွားရှိတာတောင် တောင်ပေါ်တက်ဖို့ မလွယ် တော့ဘူး။ နောက်ပြီးတော့ အိုးလုပ်တယ် ဆိုတာကလည်း ကြည့်တော့သာ မြေကြီး အလကားရတာပဲ။ ရောင်းတဲ့အခါလျှော့ပါ ဦးပြောကြတယ်။ ဒါပေမဲ့ မြေကြီးဆိုတာ ငှား တူးရတယ်။ ဒီအိုးလုပ်ငန်းကို တချို့ ပညာ တတ်တဲ့ ကလေးတွေကျတော့လည်း ပညာ တတ်တဲ့လမ်းကြောင်းကို သွားလုပ်ကြမှာ ပဲ။ ပညာမတတ်တဲ့ ကလေးတွေကျတော့ လည်း အိုးမကွာ၊ အိမ်မကွာနဲ့ လုပ်စားကြဦး မှာဖြစ်တဲ့အတွက် ကွယ်ပျောက်ဖို့ ခက်ခဲ မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တချို့အရပ် ဒေသတွေမှာဆို အိုးဖုတ်တဲ့ဆရာတွေက တော်တော်ရှားနေပါပြီ။ ဒီမြန်မာ့ရိုးရာ အိုး လုပ်ငန်းကို လက်ဆင့်ကမ်းအမွေအနေနဲ့ ကိုယ့်သားသမီးတွေ တူတွေ၊ တူမတွေကို လက်ဆင့်ကမ်းပေးဖို့ လိုအပ်ပါတယ်။ အိုး လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းမပြုဘူး ဆိုရင်တောင် အိုးလုပ်တဲ့ပညာကို လက် ဆင့်ကမ်းပေးသင့်ပါတယ်။

Address

Pazundaung

Alerts

Be the first to know and let us send you an email when The Traveller Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share