08/08/2026
ဘေဘီလေးရရင် ပရိသတ်တွေကို အသိပေးမှာပါဆိုတဲ့ စိုးပြည့်
"ဘေဘီလေးရနေပြီဆိုတာ မဟုတ်ပါဘူး။ တစ်ခုခုဆို အမြဲအသိပေးပါတယ်။ အသိပေးမှာပါ။ စိုးပြည့်တို့က လွတ်လွတ်လပ်လပ်၊ အေးအေးဆေးဆေးလေး ခရီးတွေသွားပြီး နေချင်သေးတာပါ။ သူက ငါးသံပရာပေါင်း အရမ်းကြိုက်တယ်။ Facebook တို့၊ TikTok တို့မှာ ကိုယ် ဒါချက်ချင်တယ်ဆိုရင် လေ့လာလို့ကောင်းတဲ့ခေတ်ဖြစ်နေတော့ မှတ်ထားရတာပေါ့။ ငါးသံပရာပေါင်းက ချက်လေ့ချက်ထရှိတဲ့ဟာတော့ မဟုတ်ဘူး။ ဆိုင်တွေမှာ စားရင် သူက ဒါပဲမှာတာ" - စိုးပြည့်သဇင်
#စိုးပြည့်သဇင်