
22/03/2025
ယနေ့ အကြိုက်ဆုံး Post , "လူတယောက်ရဲ့စိတ်ထားဟာကံတရားပါ"
ကျနော်ဟာစာနယ်ဇင်းသမား၊သတင်းမီဒီယာတယောက်ပါ။တနေ့ရှမ်းပြည်ဘက်သွားတော့အသိမိတ်ဆွေတယောက်ဖြစ်တဲ့ဆရာတယောက်ဆီအလည်အပတ်သွားခဲ့ပါတယ်။တချိန်ကအမည်နာမကြီးတဲ့ဆရာတယောက်ဖြစ်ပြီးယခုတိုးတိတ်စွာနေထိုင်ရှင်သန်နေတဲ့ဆရာတယောက်ပေါ့
(ယခုထိလဲနာမည်ကြီးလျက်ရှိနေဆဲပါပဲ)
ကျတော်ဆရာ့ဆီရောက်တော့ဆရာကလာကြိုပေးပါတယ်၊သူ့ရဲ့ဘဝနေထိုင်မှုဟာတနစ်ထက်တနစ်မြင့်မားလာတယ်၊တနစ်ထက်တနစ်တိုးတက်လာတာကိုတွေ့ရတော့ ဆရာရယ် နည်းလမ်းရှိလဲ ချီးမြှင့်ပါဦးလို့တောင်းဆိုမိပါတယ်။
အဲ့ဒီမှာဆရာက ဘာနည်းလမ်းမှမရှိဘူးလို့ရယ်ပြီးပြောပါတယ်။ကျနော့်စိတ်ထဲဘဝင်မကျပါ။
ဒါနဲ့ဆရာနဲ့အတူတူမြို့ငယ်လေးလေးတခုဆီဆက်သွားဖြစ်တယ်ပေါ့၊ အဲ့ဒီမှာဆရာ့ဆီဖုန်းဝင်လာတယ်ဆရာ့ကို
အကြွေးမပေးနိုင်တဲ့လူပေါ့ ၊ မပေးနိုင်လို့ဝေ့လည်ကြောင်ပတ်ပြောဆိုနေကြောင်းလှမ်းပြောပြနေတဲ့ဖုန်းပါ၊ဆရာက မပေးနိုင်သေးဘူးဆိုလဲထားလိုက်ပါ၊မပေးနိင်တဲ့အကြောင်းတရားသူ့မှာရှိမှာပေါ့ဆိုပြီးပဲတဖက်ကိုပြန်ပြောလိုက်တယ်။ကျနော်သာဆိုရန်ဖြစ်လောက်ပါပြီ၊ဒေါသလဲထွက်နေလောက်ပါပြီ၊ဆရာကတော့ အပြုံးမပျက်ပါ ၊ ကျတော့်ကိုလှမ်းပြုံးပြပြီး သူတကယ်လဲမပေးနိုင်သေးလို့နေမှာပါ၊အတင်းအကျပ်တောင်းနေလဲမပေးနိုင်ရင်သူလဲစိတ်ဆင်းရဲကိုယ်လဲစိတ်မချမ်းသာဒေါသဖြစ်ရတဲ့စိတ်မအေးချမ်းလွန်းလို့သူမပေးနိုင်သေးမှန်းသိတယ်၊သိပေမယ့်လဲသူပေးပါမယ်ဆိုတဲ့ရက်တွေမှာသူစိတ်ကျေနပ်အောင်မလုံမလှဲမဖြစ်အောင်လှမ်းပြီးတောင်းခိုင်းရတာပေါ့။ကိုယ်ကစိတ်မအေးရမယ့်အလုပ်လုပ်ခဲ့တော့ကိုယ်ပြုခဲ့တဲ့အမှုပါပဲငွေယူသူအမှားမဟုတ်ပါဘူးလို့ပြောပြတယ်။
နောက်လမ်းမှာအလောတကြီးလာတဲ့ကားတွေ၊ကားကြီးတွေဆိုရင်ကျော်တက်သွားခိုင်းတယ်၊ကျနော်က လာဖိုက်နေတာဆရာ ပြိုင်မောင်းပြီး နောက်ချန်ခဲ့စမ်းပါဆိုတော့ လိုင်းကားတွေ၊ကားကြီးတွေဆိုတာသူ့အချိန်နဲ့သူရောက်အောင်မောင်းရတာ၊အချိန်မှီဂိတ်ထိုးပေးရတာ၊အစောဝင်ရင်ဘောနပ်စ်တွေတောင်ရသေးတယ်ဗျ။စားဝတ်နေရေးအတွက်အသက်နဲ့လုပြီးစီးပွါးရေးလုပ်နေရတာ၊ညနေစောင်းဆိုတော့သူတို့အခိိန်ပေါ့ဗျာ၊ကျတော်တို့တော့အေးအေးမောင်းပြီးသွားကြတာပေါ့၊လောစရာမရှိပါဘူးဗျာတဲ့
လမ်းမှာနွားတွေသွားနေတာတွေ့ရင်ရပ်နေပေးတယ် ၊ နောက်ကနေတဖြည်းဖြည်းလိုက်တယ် ။ ကျနော်က ဟွန်းတီးပြီးကျော်တက်လိုက်ဗျာဆိုတော့ အေးဆေးပေါ့ ၊ တိရစ္ဆာန်နဲ့ကလေးဆိုတာနားလည်တာမဟုတ်ဘူးလေ ၊ နားလည်တဲ့လူတွေဖြစ်တဲ့ကိုယ်ကသာရှောင်ကွင်းသွားပေး၊ရပ်နေပေးရမှာပေါ့လို့ဆိုပြန်တယ်။ရွာလမ်း၊အဝေးပြေးလမ်းဆိုတော့လမ်းမှာကလေးနဲ့ခွေး၊နွား
စတာတွေကအဓိကဗျ ၊ သတိနဲ့မောင်းတော့ သူတို့လဲ
ဖြတ်ကူး ပြေးလွှားလို့ရသလို ကျတော်တို့လဲမတိုက်ခိုက်မိတော့ အန္တရာယ်မဖြစ်ဘူး ပြဿနာမရှိဘူးပေ့ါဗျာ ၊ အသက်တခုခဲတခုအလိုက်သူ့တန်ဖိုးနဲ့သူရှိပါတယ်လို့ ပြောပြန်တယ်။
ဒါနဲ့မြို့ဝင်ခါနီးဆရာ့ဆိီမိသားစုကိစ္စတချို့နဲ့အလုပ်ဖုန်းဝင်လာတယ်၊ကျနော်ဘေးကနေထိုင်နေသူဆိုတော့အကုန်ကြားနေရတာပေါ့၊ဆရာရယ်စိတ်ပင်ပန်းစရာတွေများလှချည်လား၊ဆရာလဲစိတ်ပင်ပန်းနေရောပေါ့ဆိုတော့ဆရာကထုံးစံအတိုင်းအေးဆေးပေါ့တဲ့၊ဒါဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပါ၊နစ်ဖက်မိသားစုမျှအောင်ကြည့်ပေးရတာပေါ့၊ဘယ်သူ့အပူမဆိုနားထောင်ပေးလိုက်တယ်၊အပူဆိုတာကိုယ်လက်ခံယူမှပူတာမဟုတ်လား၊ပြောလိုက်ရလို့ဆိုလိုက်ရလို့သူတို့လဲပေ့ါသွားမယ်၊ကျတော်လဲနားထောင်လိုက်ရတော့အခြေနေတွေသိလိုက်ရတယ်၊အပူမယူသရွေ့အမြတ်ပါပဲ၊ကိုယ်စိတ်ဆင်းရဲနေရင်ကိုယ်စိတ်ပင်ပန်းနေရင်ကိုယ်ဒုက္ခရောက်နေရင်တော့တိတ်တိတ်လေးနေလိုက်တာပေါ့၊ကိုယ်လုပ်တဲ့အပူကိုယ့်အပူပဲလေ၊ဘယ်သူ့ကိုမှဝေမျှပြီးပူနေစရာမလိုပါဘူး၊ဒါလေးတွေကိုဘာမှမဟုတ်ဘူးလို့သဘောထားလိုက်ရင်ဘယ်လောက်ပူနေတဲ့အပူဖြစ်ဖြစ်ငြိမ်းအေးသွားတာပါပဲ၊နေထိုင်တတ်ဖို့ပဲလိုတာပါဗျာလို့ပြောပြန်တယ်။
ဆရာ့အိမ်ရောက်တော့သစ်ပင်တွေပန်းပင်တွေနဲ့စုံလင်လှပေနေရောပေါ့။ဝင်တာနဲ့တင်စိတ်အေးချမ်းနေရော။အိမ်တောင်အေးချမ်းနေမှဖြင့်အဲ့ဒီအိမ်အတွင်းနေထိုင်နေကြတဲ့လူတွေဘယ်လောက်တောင်အေးချမ်းရလိမ့်မလဲ၊အပူသောကကင်းလိမ့်မလဲဆိုတာတွေးကြည့်ရင်ပြေးကြည့်တာထက်ပိုတိကျပါလိမ့်ဦးမယ်။
ဆရာ့အမျိုးသမီးသည်လဲဘုရား၊တရားအင်မတန်လုပ်တဲ့အမျိုးသမီးဖြစ်ပြိီးမေတ္တာနဲ့နေသူနုတ်ဆိတ်ပြီးနေတတ်သူဖြစ်တော့ဆရာတို့ဇနီးမောင်နံနစ်ယောက်ဟာရန်ဖြစ်ခြင်းလုံးဝမရှိပဲစိတ်ထားကိုသာ
ကောင်းကောင်းထားပြီးနေထိုင်ကြပါတယ်တဲ့။အိမ်တွင်းကုသိုလ်ရတာပေါ့လို့ဆရာကပြောပါတယ်။
သစ်ပင်တပင်ကောင်းတော့နစ်ဖက်ဆွေမျိုးအားထား
ယုံကြည်ရသူဖြစ်တယ်။မလျော်တဲ့ဩဇာအာဏာကိုအသုံးမချဘူး၊မျှတစွာနေတယ်လို့သိရတယ်။
အဲ့ဒီမှာကျနော်သိလိုက်တာက စိတ်ကအရာရာကိုစွမ်းဆောင်နိုင်သလိုစိတ်နလုံးဖြူစင်မွန်မြတ်တဲ့လူတွေဟာဘယ်နေရာရောက်ရောက်မပျက်စီးမယုတ်လျော့ပဲတိုးတက်မြင့်မားလာကြတယ်၊ဒါတွေဟာလဲမိမိအပြုအမူ၊စိတ်ရင်းကအရင်းခံတယ်လို့
မှတ်ထားလိုက်ရပါတော့တယ်။
အဲ့ဒီနောက်ဆရာနဲ့စကားပြောဆိုမေတ္တာအပြန်အလှန်ပို့တညအိပ်ပြီးကျနော်ရှမ်းပြည်မှပြန်ခဲ့ပါတယ်။
တာဝန်ကျေပြီးဖြည့်တွေးလွန်းတဲ့အိမ်ထောင်ဦးစီးတယောက်ကိုသိကြားမင်းကတောင်ရှိခိုးရတယ်လို့ပါချုပ်ဆရာတော်ဘုရားကြီးဟောထားတဲ့တရားကိုနာယူပြီးအဲ့ဒီလိုလူရှိပါ့မလားလို့တွေးခဲ့မိပါတယ်။လူတယောက်ရဲ့စိတ်ထားဟာကံတရားပါ။
ဟိုစာစုတခုလိုပေါ့ခင်ဗျားသာရှိနေရင်ခင်ဗျားရှိတဲ့အရပ်ကတကယ်ကောင်းတဲ့နေရာမို့ပါ။လူတယောက်ရဲ့အပြုအမူလုပ်ရပ်ကောင်းတယ်၊ကြင်နာတတ်တယ်၊နစ်ဖက်အဆွေအမျိုးကိုပေးကမ်းကြည့်ရှု့ထောက်ပံ့တယ်၊ကိုယ်ချင်းစာတရားကိုလက်ကိုင်ထားတယ်ဆိုရင်သူဘယ်နေရာရောက်ရောက်သူရောက်တဲ့အရပ်ဟာကံကောင်းနေတဲ့အရပ်ဖြစ်တယ်။
ဆန့်ကျင်ဘက်အနေနဲ့အကျင့်စရိုက်မကောင်းသူ၊ကိုယ်ချင်းစာတရားကင်းမဲ့သူတွေဟာဘယ်လိုပဲကြိုးစားရုန်းကန်လဲအကျိုးမဖြစ်ထွန်းပါဘူး။ကိုယ်ကိုယ်တိုင်ဟာအရာအားလုံးရဲ့ရင်းမြစ်ဖြစ်ပါတယ်။
ယခုစာစုကိုအဆုံးသတ်ရရင် ခင်ဗျားရှိတဲ့အရပ်ဟာကံကောင်းတဲ့အရပ်၊ခင်ဗျားကိုရလိုက်တဲ့မိသားစုဟာကံကောင်းတဲ့မိသားစု၊ခင်ဗျားဆရာ၊ပုဂ္ဂိုလ်တင်လိုက်တဲ့ပုဂ္ဂိုလ်ဟာသေချာပေါက်ခင်ဗျားထက်အကျင့်သီလရောပညာအရာပါသာတဲ့ဆရာ၊ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်။ခင်ဗျားကိုပိုင်ဆိုင်ထားတဲ့မိဘတွေဟာသေချာပေါက်စိတ်ချမ်းသာရပြီးစိတ်အေးရတဲ့ကံကောင်းတဲ့မိဘ၊ခင်ဗျားကိုပိုင်ဆိုင်ထားတဲ့မောင်နမတွေဟာကံကောင်းတဲ့မောင်နမတွေဖြစ်တယ်။
Sir.
AUngtunoo(ရှေး/သု)