Toemyit Books /Publishing

Toemyit Books /Publishing လွတ်လပ်ပြီးအမှီအခိုကင်းသောစာအုပ်တိုက်
@ Independent Publisher
(2)

စာဖတ်မိတ်ဆွေများသို့—တိုးမြစ်စာအုပ်တိုက်ရဲ့ အသိပေးတင်ပြခြင်း။ပြန်ကြားရေးဝန်ကြီးဌာနက သူတို့ရဲ့ပုံနှိပ်ထုတ်ဝေဥပဒေပါ စည်းကမ...
05/02/2024

စာဖတ်မိတ်ဆွေများသို့—
တိုးမြစ်စာအုပ်တိုက်ရဲ့ အသိပေးတင်ပြခြင်း။

ပြန်ကြားရေးဝန်ကြီးဌာနက သူတို့ရဲ့ပုံနှိပ်ထုတ်ဝေ
ဥပဒေပါ စည်းကမ်းတွေနဲ့ ငြိစွန်းလို့ဆိုပြီး၊
တိုးမြစ်စာအုပ်တိုက်ရဲ့စာအုပ်ထုတ်ဝေခြင်းလုပ်ငန်း
အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းလိုက်ကြောင်း
အကြောင်းကြားစာ ပေးပို့လာပါတယ် ။

ဆိုင်ရာက နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြတဲ့အခါ
‘နိုင်ငံတော် လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး၊
အများပြည်သူအေးချမ်းသာယာရေး….
နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊တရားမျှတမှု
အခွင့်အရေး… စတာတွေကို ထိခိုက်စေတဲ့
အကြောင်းအရာတွေကို ရေးသားထုတ်ဝေလို့မို့
အခုလို ပိတ်သိမ်းရတာလို့ ဆိုပါတယ် ။
[ ကြေးမုံ/ ၁ ဖေ၂၀၂၄ ]

နိုင်ငံပိုင်သတင်းစာမှာ ဘာ စာအုပ်ကို ရေးသားပုံနှိပ်
ထုတ်ဝေလို့ ပိတ်ရတယ် မပါတော့ပေမဲ့ ကျနော်တို့ဆီ
လိပ်မူ ပို့တဲ့ စာမှာတော့ သမိုင်းပညာရှင် ဒေါက်တာ
အောင်ခင် ရေးတဲ့ ‘ စိတ်ဓာတ်တော်လှန်ရေး’
စာအုပ်ကို ထုတ်ဝေလို့ တိုးမြစ်တိုက်ကို- ထုတ်ဝေခွင့်
လိုင်စင် ပိတ်သိမ်းရတယ်လို့ ဖော်ပြပါထားတယ်။
[ ရုံးစာ(လက္ခံရရှိ) / ၃၁ ဇန် ၂၀၂၄ ]

ဘာစာအုပ်? ဆိုတာ နိုင်ငံပိုင်သတင်းစာကနေ
ထုတ်ပြန်တဲ့ အသိပေးကြေညာချက်မှာ ဖော်ပြခြင်း
ပြုမထားတဲ့အတွက် စာဖတ်သူ မိတ်ဆွေအများစုက
သို့လော သို့လော မေးမြန်းလာကြတာကြောင့်မို့
အခုလို ရေးသား အသိပေးရခြင်းပါပဲ။

အားလုံးသော စာဖတ်သူများ သိကြတဲ့အတိုင်းပါပဲ။
‘စိတ်ဓာတ်တော်လှန်ရေး’စာအုပ်ဟာ၂၀၁၉ ခုနှစ်
ဇန်နဝါရီလက ပထမအကြိမ် ထုတ်ဝေခဲ့တာဖြစ်ပြီး
၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ပြင်ဆင်ဖြည့်စွက်ချက်
အလျဉ်းမရှိဘဲ စျေးနှုန်းနဲ့ စာရွက်သာ ပြောင်းလဲကာ
ဒုတိယအကြိမ် ထုတ်ဝေခဲ့တာ ဖြစ်သလို
ဆိုင်ရာ မူပိုင်နဲ့ မှတ်ပုံတင်ဌာနသို့လည်း သတ်မှတ်
စည်းကမ်းနဲ့ အညီ တင်သွင်းပြီးမှသာ စျေးကွက်
အတွင်း ဖြန့်ချိထားခဲ့တာ ဖြစ်ပါတယ်။

စာအုပ်ပါ အကြောင်းအရာများဟာ
၂၀၁၀-၁၁ ခုနှစ်ကာလက အသံလွှင့်ချက်များဖြစ်ပြီး
စာအုပ်တအုပ်လုံးရဲ့ခြုံငုံအမည်ဖြစ်တဲ့-
'စိတ်ဓာတ်တော်လှန်ရေး’ အသံလွှင့်ဆောင်းပါးဟာ
Jonathan Israel ရဲ့ A Revolution of the Mind ဆိုတဲ့
စာအုပ်ကို မိတ်ဆက်ပေးထားတာပါ။
လူ့သမိုင်းတလျှောက် လူသားရဲ့ အတွေးအခေါ်တွေ
ပြောင်းလဲ တော်လှန်တိုးတက်လာပုံ အကြောင်း
ခြင်းရာပါပဲ။အခြား အသံလွှင့်ဆောင်းပါးတွေကတော့
ထိုခေတ်ကာလ မြန်မာနိုင်ငံရေး အခြေအနေတွေအပေါ်
သုံးသပ် တင်ဆက်ထားခဲ့တာတွေပါ။ အနီးသမိုင်းလို့
ဆိုနိုင်သော်လည်း အခုအခါ ကြာရှည်လေးမြင့်ခဲ့ပါပြီ။
၁၀ နှစ်နီးပါးမျှ ရှိခဲ့ပြီ။

သို့သော် —
ဆိုင်ရာတို့က နိုင်ငံလုံခြုံရေး၊ အများပြည်သူအေးချမ်း
သာယာရေး ၊ နိုင်ငံသားများရဲ့တန်းတူမှု လွတ်လပ်မှု
တရားမျှတမှုကို ထိခိုက်စေသောကြောင့်ဟု ဆိုကာ
ထုတ်ဝေသူ တိုးမြစ်စာအုပ်တိုက်ကို လိုင်စင်ပိတ်သိမ်း
လိုက်ကြောင်း ကြေညာလိုက်သောအခါ
—ဘာကြောင့်လဲ
—ဘာအတွက်လဲ
—ဘာအပြစ်ရှိလို့လဲ
—ဘယ်လို ဖြစ်လို့လဲ
—ဘာစာအုပ်နဲ့ ငြိသွားတာလဲ…. စသဖြင့် စသဖြင့်
စိတ်ပူစွာ အံ့ဩမှင်သက်စွာ မေးမြန်းလာကြတဲ့၊
အနီး အဝေး မြန်မာပြည် တနံတလျားက စိုးရိမ်ပေး
ကြတဲ့ စာပေမိတ်ဆွေများကို အခုလို ပေါင်းရုံးပြီး
ရှင်းပြရခြင်း ဖြစ်ပါတယ်။

ကျနော်တို့နဲ့အတူ ရပ်တည် အားပေးနေကြတဲ့
အနယ်နယ်အရပ်ရပ်က စာဖတ်သူမိတ်ဆွေများကို
တသက်မမေ့နိုင် ကျေးဇူးတင်လျက်ရှိပါတယ် ခင်ဗျား။

တိုးမြစ်စာအုပ်တိုက်ရဲ့သက်တမ်း ၁၄ နှစ်ကာလအတော
အတွင်း စာဖတ်သူများအပေါ် ရိုးသားစွာ ၊ သစ္စာရှိစွာ၊
ယုံကြည်ချက် မှန်ကန်စွာနဲ့ လွတ်လပ်ပြီး အမှီအခိုကင်းသော စာအုပ်တိုက်တတိုက်အဖြစ် ရပ်တည်လျက်-
စာပေဝန်ကို တတ်နိုင်သမျှ ထမ်းခဲ့ပါကြောင်း၊ အခုလို
လမ်းခုလတ်မှာ ခေတ္တခွဲခွါရမယ့် အဖြစ် အတွက်လည်း
အားနာမိပါကြောင်း စကားဆိုပါရစေ။

တိုးမြစ်စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိခဲ့တဲ့
စိတ်ဓာတ်တော်လှန်ရေး’စာအုပ်အတွက်
တိုးမြစ်ထုတ်ဝေသူတွင်သာ အလုံးစုံ တာဝန်ရှိ
ပါသော်လည်း ဆိုင်ရာ ဆိုင်ရာ ဥပဒေများအရ
စာအုပ်ကို ပုံနှိပ်ပေးလို့ဆိုပြီး ကြားထဲက ပုံနှိပ်လိုင်စင်
အသိမ်းခံရတဲ့ 'လပြည့်လင်း’ပုံနှိပ်လုပ်ငန်းကိုလည်း
တိုးမြစ်စာအုပ်တိုက်က တောင်းပန်စကားဆိုပါရစေ။
အနူးအညွှတ် တောင်းပန်လိုက်ပါတယ်။

စာဖတ်သူများအတွက်
စာဖတ်သူများနဲ့အတူ ရပ်တည်လျက်
စာပေအပေါ် သစ္စာရှိစွာဖြင့်—

တိုးမြစ်စာအုပ်တိုက်၊ ရန်ကုန်မြို့။
၅ ဖေဖော်ဝါရီ ၂၀၂၄။ တနင်္လာနေ့။

(ပူးတွဲပုံ - ၁ ဖေ ၂၀၂၄ ထုတ် သတင်းစာဖြတ်ပိုင်း)

'တေးသံရှင် ဒေါ်မာမာအေးကွယ်လွန်’ဇန်နဝါရီ ၉ ရက် ၊မြန်မာစံတော်ချိန် ၅နာရီ ၅၈ မိနစ်ခန့်မှာအမေရိကန်ပြည်ထောင်စုတွင် ကွယ်လွန်ကြ...
09/01/2024

'တေးသံရှင် ဒေါ်မာမာအေးကွယ်လွန်’
ဇန်နဝါရီ ၉ ရက် ၊မြန်မာစံတော်ချိန် ၅နာရီ ၅၈ မိနစ်ခန့်မှာ
အမေရိကန်ပြည်ထောင်စုတွင် ကွယ်လွန်ကြောင်းကြားသိ
ရသဖြင့် များစွာ စိတ်ထိခိုက်ရပါသည်။ ကွယ်လွန်ချိန်တွင်အသက် ၈၁ အရွယ်ရှိပါပြီ။

(အချက်အလက်များကို ဗွီအိုအေမြန်မာပိုင်းမှ ရယူသည်)

▪️တိုးမြစ်စာအုပ်တိုက်၊ ရန်ကုန်မြို့။
၉ ဇန်နဝါရီ ၂၀၂၄၊ အင်္ဂါနေ့။

သိမ်ဖြူစာအုပ်လမ်းမှာတိုးမြစ်ဆိုင်ခန်း ဖွင့်စဉ်က ပုံလေး ….၉ ဇန်နဝါရီ ၂၀၁၇ — ၉ ဇန်နဝါရီ ၂၀၂၄ မို့အချိန်အားဖြင့် ခုနစ်နှစ် ...
08/01/2024

သိမ်ဖြူစာအုပ်လမ်းမှာ
တိုးမြစ်ဆိုင်ခန်း ဖွင့်စဉ်က ပုံလေး ….
၉ ဇန်နဝါရီ ၂၀၁၇ — ၉ ဇန်နဝါရီ ၂၀၂၄ မို့
အချိန်အားဖြင့် ခုနစ်နှစ် ရှိခဲ့ပြီပဲ၊ လွမ်းစရာ။
ဒါနဲ့ ဓာတ်ပုံထဲက သရုပ်ဆောင်တောင်
အသက်ကြီး ရုပ်ပြောင်းဖြစ်ရောပေါ့။

လေပမာလျှင်၊ အာကာခွင်၌ငါလျှင်လွတ်လပ် လှည့်လည်ပတ်အံ့။မင်းသုဝဏ်၏'လွတ်လပ်ရေးတေးသံ’ကဗျာမှ- ၁၉၃၅ တွင် ရေးဖွဲ့သည်။ ၄ ဇန်နဝါရီ ၂...
04/01/2024

လေပမာလျှင်၊ အာကာခွင်၌
ငါလျှင်လွတ်လပ် လှည့်လည်ပတ်အံ့။

မင်းသုဝဏ်၏
'လွတ်လပ်ရေးတေးသံ’ကဗျာမှ-
၁၉၃၅ တွင် ရေးဖွဲ့သည်။

၄ ဇန်နဝါရီ ၂၀၂၄

နက်နက်နဲနဲ ချစ်မိတာမို့ငါ့ စိတ်လှုပ်ရှားတာကို ဖုံးပါတယ်သတိလွှတ်ပြီး ပေါ်မှာစိုးလို့ စိတ်ပျက် သက်ပြင်းချမိတယ် ။ ဂျပန်ကဗျာ...
01/01/2024

နက်နက်နဲနဲ ချစ်မိတာမို့
ငါ့ စိတ်လှုပ်ရှားတာကို ဖုံးပါတယ်
သတိလွှတ်ပြီး ပေါ်မှာစိုးလို့
စိတ်ပျက် သက်ပြင်းချမိတယ် ။

ဂျပန်ကဗျာတရာ ဆရာညွှန့်ပေါင်း မှ-
မင်းဒုက္ခနဲ့မင်း /ဒေါက်တာသန်းထွန်း
တိုးမြစ်စာအုပ်တိုက်၏ တတိယကြိမ်မူ၊ ၂၀၂၃။

စာအုပ်အကြောင်း ပိုမိုလေ့လာရန်-👇
https://m.facebook.com/story.php?story_fbid=661157569487127&id=100067786687426

တိုးမြစ်ရဲ့ စာဖတ်မိတ်ဆွေများ အားလုံး—နှစ်သစ်မှာ ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့်စိတ်သစ် ဉာဏ်သစ်ဖြင့် 'လွတ်လပ်နှစ်သစ်’ဖြစ်ပါ...
31/12/2023

တိုးမြစ်ရဲ့ စာဖတ်မိတ်ဆွေများ အားလုံး—
နှစ်သစ်မှာ ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့်
စိတ်သစ် ဉာဏ်သစ်ဖြင့် 'လွတ်လပ်နှစ်သစ်’
ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါ၏။

—တိုးမြစ်စာအုပ်တိုက် ဝိုင်းတော်သားများ
၁ ဇန်နဝါရီ ၂၀၂၄ ခုနှစ်။

ကုန်သွားလို့၊ လိုချင်တယ်ဆိုပြီး အမေးလည်း ရှိနေလို့ဒုတိယအကြိမ် ပြန်ထုတ်ဝေလိုက်တဲ့ သမိုင်းပညာရှင်ဒေါက်တာအောင်ခင်ရဲ့ မြန်မာ...
27/12/2023

ကုန်သွားလို့၊ လိုချင်တယ်ဆိုပြီး အမေးလည်း ရှိနေလို့
ဒုတိယအကြိမ် ပြန်ထုတ်ဝေလိုက်တဲ့ သမိုင်းပညာရှင်
ဒေါက်တာအောင်ခင်ရဲ့ မြန်မာသမိုင်းနဲ့ နိုင်ငံရေးဆိုင်ရာ
ဟောပြောချက်တွေကို စုစည်းထားတဲ့ စာအုပ်ပါပဲ ။

ဂျော်နသန်အစ္စရေးရဲ့ 'စိတ်ဓာတ်တော်လှန်ရေး’စာအုပ်
အကြောင်းကို မိတ်ဆက်ထားတဲ့ အသံလွှင့်ဆောင်းပါး
ကို အခြေပြုပြီး အခြားအသံလွှင့်ဆောင်းပါး ၃၀ကျော်
ကို တပေါင်းတည်း စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စိတ်ဓာတ်ပြုပြင်ရေးနဲ့ ဒီမိုကရေစီ ပြောင်းလဲရေးဟာ
ဆက်စပ်နေပြီးလူထုရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲမှု
မလုပ်နိုင်ရင် ရေရှည်မှာ အခက်အခဲ တွေနိုင်ကြောင်းကို
သမိုင်းဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြထားတဲ့ ဒေါက်တာ
အောင်ခင်ရဲ့ နိဒါန်းရေးထားတာကိုလည်း ဒီစာအုပ်မှာ
ဖတ်ကြရမှာပါ ။

▪️
ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း
( ဒီဇင်ဘာ ၂၀၂၃ ခုနှစ် ၊ တိုးမြစ်)
စာရွက်ဖြူချောသန့်+စာမျက်နှာ ၁၈၀။

ဒီဇင်ဘာ ၂၆-၂၇ရက် စာအုပ်စဖြန့်ပါမယ်။

🔺တန်ဖိုး-ကျပ် ၅၀၀၀။
(တိုးမြစ် member များ ၂၀% လျော့၍-)

တဦးချင်းနှင့် အမြို့မြို့မှ စာအုပ်ဆိုင်များ
#ကြိုတင်အမှာ တွေ စတင် လက်ခံပါပြီ။
မက်ဆင်ဂျာ - ဒါမှမဟုတ်
ဖုန်း 09 449523317 သို့ လှမ်းမှာပါနော်။

နွေဦးဟူသည်၊ ရွက်ဟောင်းကြွေ၍ရွက်သစ်ဝေရ၊ ဓမ္မဖွဲ့စည်း ကမ္ဗည်းတင်သော၊ ဂန္ထဝင်အဓိပ္ပာယ်ပေတည်း။ ဒဂုန်တာရာ၏ ‘နွေဦး’ကဗျာ မှ- ဟန...
26/12/2023

နွေဦးဟူသည်၊ ရွက်ဟောင်းကြွေ၍
ရွက်သစ်ဝေရ၊ ဓမ္မဖွဲ့စည်း
ကမ္ဗည်းတင်သော၊ ဂန္ထဝင်အဓိပ္ပာယ်ပေတည်း။

ဒဂုန်တာရာ၏ ‘နွေဦး’ကဗျာ မှ-
ဟန်သစ်စာပေမဂ္ဂဇင်း၊ အမှတ် ၁ ၊ ၁၉၈၉။

အဟောင်းခေတ်တခု ရင့်ရော်ကြွေကျ၍ အသစ်ခေတ်တရပ် ထွန်းသစ်စ  နွေဦီး. . . .—ဒဂုန်တာရာ ၏ 'ခေါင်းကြီး’မှနွေဦးမဂ္ဂဇင်း ၊ အမှတ် ၁ ဇ...
18/12/2023

အဟောင်းခေတ်တခု ရင့်ရော်ကြွေကျ၍
အသစ်ခေတ်တရပ် ထွန်းသစ်စ နွေဦီး. . . .

—ဒဂုန်တာရာ ၏ 'ခေါင်းကြီး’မှ
နွေဦးမဂ္ဂဇင်း ၊ အမှတ် ၁ ဇွန် ၁၉၈၈။

[နွေဦးမှာ ကဗျာဆရာ အောင်ချိမ့် စီစဉ်ထုတ်လုပ်သော
စာပေမဂ္ဂဇင်းတစောင်ဖြစ်ပြီး၊ အမှတ် –၁ တအုပ်တည်း
ကိုသာ ထုတ်ဝေနိုင်ခဲ့သည် ။ ]

ကိုယ့်ကိုယ်ကိုယ် တကယ်အမှန် ကောင်းတဲ့စာအုပ်တွေနဲ့ ထိုက်တန်အောင် ကြိုးစားပါ။ဒီစာအုပ်တွေက ဘယ်လို အရသာမျိုးပေးတယ်၊ မပေးဘူး ဆ...
06/12/2023

ကိုယ့်ကိုယ်ကိုယ် တကယ်အမှန် ကောင်းတဲ့
စာအုပ်တွေနဲ့ ထိုက်တန်အောင် ကြိုးစားပါ။
ဒီစာအုပ်တွေက ဘယ်လို အရသာမျိုး
ပေးတယ်၊ မပေးဘူး ဆိုတာကတော့
ကိုယ်က ဒီစာအုပ်တွေအပေါ်မှာ ဘယ်လောက်
တန်ဖိုးထားသလဲ၊မထားသလဲဆိုတဲ့ အချက်ပေါ်မှာ
တည်နေတယ်"
[အလုပ်လုပ်ခြင်းအနုပညာ အခန်း မှ-]

ဘ၀နေနည်းစာအုပ်ကို အသွင်သစ် မူသစ်နဲ့
ပြန်လည် ထုတ်ဝေလိုက်ပါပြီ။

ဒီအကြိမ်မှာ အချက်အလက် စာလုံးပေါင်း
အကျအပေါက်များကို ပြင်ဆင် ဖြည့်စွက်
တည်းဖြတ်ခြင်းအချို့ ပြုလုပ်ထားပါတယ်။
အရင် ပုံနှိပ်မူများနဲ့ ခြားခြားနားနား ဖြစ်အောင်
မွမ်းမံထားပါတယ်။ အောက်ခြေ မှတ်စုတွေနဲ့
အတွင်း သရုပ်ဖော်ပုံများလည်း
အခု မူသစ်မှာ ထည့်သွင်းထားတယ်။

စာအုပ်ကောင်းဖြစ်တာနဲ့အညီတတ်စွမ်းသမျှ
ကောင်းသည်ထက် ကောင်းရအောင်
စီစဉ်၊ ထုတ်လုပ်ထားတာဖြစ်လို့ မိမိတို့မှာ
ရှိပြီးသား ဝယ်ပြီးသားမို့ ထပ်ဝယ်ဖို့ မလိုဘူးလို့
တွေးနေရင်တောင် စာအုပ်ဆိုင် ရောက်တဲ့အခါ
တချက်လောက်တော့ လှန်လောကြည့်လိုက်ပါ။

▪️
တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း
( ဒီဇင်ဘာ ၂၀၂၃ ခုနှစ် ၊ တိုးမြစ်)
မျက်နှာဖုံးပန်းချီ/ အတွင်းသရုပ်ဖော်– မုတ်သုံ
စာရွက်ဖြူချောသန့်+စာမျက်နှာ ၃၂၀ခန့်

ဒီဇင်ဘာ ၁၁ရက်နေ့ စာအုပ်စဖြန့်ပါမယ်။

🔺တန်ဖိုး- #ကျပ်_၈၅၀၀
(တိုးမြစ် member များ ၂၀% လျော့၍-)

တဦးချင်းနှင့် အမြို့မြို့မှ စာအုပ်ဆိုင်များ
#ကြိုတင်အမှာ တွေ စတင် လက်ခံပါပြီ။
မက်ဆင်ဂျာ - ဒါမှမဟုတ်
ဖုန်း 09 449523317 သို့ လှမ်းမှာပါနော်။

21/11/2023

ရန်ကုန်နဲ့ နယ်မြို့တွေက စာအုပ်ဆိုင်များဆီ
‘မင်းဒုက္ခနဲ့မင်း’ စာအုပ်ကို ဒီနေ့ စတင် ဖြန့်ချိပါပြီ။

အိမ်အရောက်ပို့စနစ်နဲ့ မှာထားတဲ့မိတ်ဆွေများထံလည်း
မနေ့က စလို့ ပို့ထားပြီမို့ ဒီနေ့/မနက်ဖြန် ရောက်မှာပါ ။
တိုက်မှာ လာယူမယ့်သူများလည်း လာယူလို့ရပါပြီ ။

“မူလအင်္ဂလိပ်စာဆိုဟာ မြန်မာ့ဓလေ့ကို အများကြီးသိတယ်။
ပြောနိုင်တယ်။ ဒါပေမဲ့ မြန်မာဘာသာပြန်ကြည့်တဲ့အခါ
မလွယ်ဘူး။ စောစောကပြောသလို အကူအညီ ရလိုရငြား
ပညာရှင်တဦးဆီ သွားခဲ့တယ်။ မင်းဒုက္ခနဲ့မင်း လို့ပြောပြီး
ဆက်လက် စကားပြောလက်မခံပါ။ ဒါကြောင့် ကျနော်
ဘာသာပြန်တာကို မှန်ကန်ပြည့်စုံတယ် မထင်ပါနဲ့”
— ဒေါက်တာသန်းထွန်း

admin

မြန်မာစာဆိုကြီး တင်မိုး အသက် ကိုးဆယ် မွေးနေ့   [ ၁၉ နိုဝင်ဘာ ၁၉၃၃—၂၉ ဇန်နဝါရီ  ၂၀၀၇  ]"တော်လှန်ရေးသည် အဟောင်းအဖို့ သေမင်...
19/11/2023

မြန်မာစာဆိုကြီး တင်မိုး အသက် ကိုးဆယ် မွေးနေ့
[ ၁၉ နိုဝင်ဘာ ၁၉၃၃—၂၉ ဇန်နဝါရီ ၂၀၀၇ ]

"တော်လှန်ရေးသည် အဟောင်းအဖို့ သေမင်းခေါ်သံ၊
အသစ်အဖို့ ခေါင်းလောင်းသံ ဖြစ်၏။ ကြိုဆိုသော
အသံပေတည်း….”
–တင်မိုး/ ပိတောက်မှ သရဖီသို့ ( ၁၉၆၇ ) စာအုပ်မှ။

ဓာတ်ပုံကို 'စာပေဂျာနယ်’၊ အတွဲ ၁-အမှတ် ၁။
ဩဂုတ်လ၊ ၁၉၈၈ ခုနှစ်၊-မှ ထပ်ဆင့် ကူးယူ၍
ဖော်ပြထားခြင်းသာ ဖြစ်ပါသည် ။
▪️
တိုးမြစ်စာအုပ်တိုက်၊ ရန်ကုန်မြို့။
၁၉ နိုဝင်ဘာ ၂၀၂၃ ။ ။

Address

Pazundaung

Telephone

09 449523317

Website

Alerts

Be the first to know and let us send you an email when Toemyit Books /Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Toemyit Books /Publishing:

Share

Category

တိုးမြစ်စာအုပ်တိုက်

စာရေးဆရာများရဲ့ စာမူကောင်းတွေကို စာအုပ်အဖြစ် သန့်သန့်ခန့်ခန့် ထုတ်ဝေနေတဲ့ စာအုပ်တိုက်တတိုက်ပါ။ ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။ အခုထိ စာမူကောင်းများစွာကို စာအုပ်ကောင်းတွေအဖြစ် အသွင်ပြောင်းနိုင်ခဲ့ပြီး မြန်မာတပြည်လုံးက စာဖတ်သူများရဲ့ အသိအမှတ်ပြုမှု၊ အားပေးမှုကို ရရှိနေတဲ့ စာအုပ်တိုက်တတိုက်လည်း ဖြစ်ပါတယ်။ မြန်မာစာပေလောကမှ ထင်ရှားခဲ့တဲ့ စာအုပ်ကောင်းတွေကို အသွင်သစ်၊ မူသစ်နဲ့ အဆက်မပြတ် ထုတ်ဝေခဲ့ပြီးပါပြီ။ နောက်ထပ်လည်း အသစ်အသစ်သော စာအုပ်များကို ရွေးချယ်ထုတ်ဝေဖို့ ကြိုးစားနေပါတယ်။ အခုလို ရပ်တည်နိုင်အောင် အားပေးကူညီကြတဲ့ စာဖတ်သူများရဲ့ ကျေးဇူးတရားကိုလည်း အစဉ်အမြဲ အသိအမှတ်ပြုလျှက်ပါ။ စာပေ အနုပညာအတွက်ဆိုရင် မိတ်ဆွေယုံကြည်ရမယ့် စာအုပ်တိုက်တတိုက်ပါပဲ။