Yoyarlay

Yoyarlay သတင်းများစုစည်းရာ ရိုးရာလေးအွန်လိုင်းစာမျက်နှာ
(1164)

ရိုးရာလေး သတင်းစာမျက်နှာမှ စာပေ အနုပညာ မြတ်နိုးသူများ၊ မြန်မာ့အရေးနှင့် နိုင်ငံတကာအရေး စိတ်ဝင်စားသူများ၊ ကျန်းမာရေး လိုက်စားသူများ၊ ဖက်ရှင်နှင့် အလှဒီဇိုင်း ဖန်တီးသူများ၊ အိုင်တီ ပညာရှင်များ အားလုံးအတွက် အသုံးဝင်ပြီး အကျိုးရှိစေမည့် လတ်တလော သတင်းများကို သုတ ရသ ကဏ္ဍ စုံလင်စွာဖြင့် ထည့်သွင်းပေးထားပါသည်။

စီးပွားရေး လုပ်ငန်းရှင်များ အတွက် မိမိတို့ ပစ္စည်းများကို ဈေးကွက်၌ ရောင်းလိုအား ပိုမို ကောင်းမွန

်စေရန် အတွက် ကြော်ငြာ ထည့်သွင်းခြင်းများနှင့် မိမိတို့ လုပ်ငန်း အတွက် အလုပ်ကြော်ငြာ ထည့်သွင်းခြင်းများကိုလည်း ရိုးရာလေး သတင်းစာမျက်နှာရှိ ကြော်ငြာ ထည့်သွင်းမည့် နေရာများတွင် ကြော်ငြာ ထည့်သွင်းနိုင်ရန် ဖန်တီးပေးထားပါသည်။

အသုံးပြုသူများ အားလုံး တနေ့တာ စိတ်အပန်းဖြေ အမောပြေစေရန် အတွက် ရိုးရာလေး သတင်းစာမျက်နှာကို ဝင်ရောက် ကြည့်ရှုခြင်းဖြင့် သင့်ဘဝအတွက် အတွေးအမြင်သစ်များ တိုးတက်မှု ရရှိစေမှာဖြစ်ပါသည်။ ရိုးရာလေး သတင်းစာမျက်နှာမှ အားလုံးအတွက် အကျိုးရှိစေမည့် အစီအစဉ်များကို တင်ဆက်ပေးအုံးမှာဖြစ်လို့ အားပေးကြပါအုံးနော်။

Team (ရိုးရာလေး)
www.yoyarlay.com

ဖုန်းအားသွင်းကြိုးတစ်ချောင်းကြောင့် အသက်ဆုံးရှုံးသွားရတဲ့ နှစ်နှစ်သမီးလေးတစ်ခါတစ်ရံမှာ “ဘာမှမဖြစ်လောက်ပါဘူး” လို့တွေးပြီ...
13/07/2025

ဖုန်းအားသွင်းကြိုးတစ်ချောင်းကြောင့် အသက်ဆုံးရှုံးသွားရတဲ့ နှစ်နှစ်သမီးလေး

တစ်ခါတစ်ရံမှာ “ဘာမှမဖြစ်လောက်ပါဘူး” လို့တွေးပြီး လစ်လျူရှုထားမိလိုက်တဲ့ကိစ္စမျိုးက ဆုံးရှုံးမှုကြီးကြီးမားမားတွေကို ဖြစ်လာစေနိုင်တယ်ဆိုတာ အခုဖြစ်ရပ်က သက်သေပြသွားတယ်လို့ ပြောရမှာပါပဲ။ အဖြစ်ကတော့ ဒီလိုပါ။

အိန္ဒိယနိုင်ငံက ရှီဗား (Shiver) လို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ဟာ နယူးဒေလီမြို့နားက ဂျဟန်ဂျီရာဘတ်ဒ် (Jahangirabad) ဆိုတဲ့ရွာလေးမှာနေတဲ့ အဘိုးအဘွားတွေဆီ မိဘတွေနဲ့အတူ အလည်အပတ်သွားခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ မိခင်ဖြစ်သူ ရာဇီရာ (Razia) က ရှီဗားကို ကစားနေပါစေ ဆိုပြီး ဖုန်းအားသွင်းကြိုးတပ်ထားတဲ့ ပလပ်ခုံတစ်ခုအနားမှာ အမှုမဲ့အမှတ်မဲ့နဲ့ ထားရစ်ခဲ့မိပါတယ်။

အဲဒီနောက်မှာတော့ စောင့်ကြည့်နေသူဘယ်သူမှရှိမနေဘဲ တစ်ယောက်တည်းကစားကျန်ခဲ့တဲ့ ရှီဗားလေးဟာ ပလပ်ခုံမှာတပ်ထားတဲ့ အားသွင်းကြိုးရဲ့ခေါင်းကို ပါးစပ်ထဲထည့်ခဲ့မိတာကြောင့် ဓာတ်လိုက်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

မိသားစုဝင်တစ်ယောက်က အားသွင်းထားတဲ့ဖုန်း အားပြည့်သွားချိန်မှာ ဖုန်းကိုပဲဖြုတ်ယူသွားခဲ့ပြီး မီးမပိတ်ခဲ့ဘဲ အားသွင်းကြိုးကို ပလပ်ခုံမှာတပ်လျက်အတိုင်း ပေါ့ပေါ့ဆဆထားခဲ့မိတဲ့အတွက် ရှီဗားလေးဟာ အခုလိုအဖြစ်ဆိုးနဲ့ မကြုံသင့်ဘဲ ကြုံခဲ့ရတာပါ။

“ဒီကိစ္စအတွက် ရှီဗားရဲ့ မိသားစုဝင်ဘယ်တစ်ယောက်မှ လာပြီးအကြောင်းကြားအသိပေးတာမျိုး မလုပ်ခဲ့ပါဘူး…ဒါကြောင့် အမှုဖွင့်အရေးယူလို့လည်းမရတာပါ။ အကယ်၍ တစ်ယောက်ယောက်ကများအကြောင်းကြားလာခဲ့တယ်ဆိုရင် ဥပဒေအတိုင်းဆောင်ရွက်လို့ရမှာပေါ့” လို့ ရွာရဲ့ရဲဌာနက ရဲအရာရှိ အခီးလစ်ရှ် ပရက်ဒန် (Akhilesh Pradhan) က ပြောပြခဲ့ပါတယ်။

ဒါ့ကြောင့် စာဖတ်သူတွေအနေနဲ့လည်း ကိုယ့်အိမ်မှာ ကလေးငယ်တွေရှိနေတယ်ဆိုရင် ဒီအဖြစ်ကိုနမူနာယူပြီး သတိပြုသင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေ။

Ref: “Girl, two, is electrocuted after putting a mobile phone charger in her mouth in India”

Team (ရိုးရာလေး)

စွန့်ပစ်ပစ္စည်း လိုက်ကောက်ရသူက ရေဘေးသင့်သူတွေအတွက် ယွမ်ငွေ သိန်းချီ လှူဒါန်းပေးခဲ့ရေဘေးသင့်သူတွေအတွက် ထရပ်ကားတစ်စီးအပြည့...
12/07/2025

စွန့်ပစ်ပစ္စည်း လိုက်ကောက်ရသူက ရေဘေးသင့်သူတွေအတွက် ယွမ်ငွေ သိန်းချီ လှူဒါန်းပေးခဲ့

ရေဘေးသင့်သူတွေအတွက် ထရပ်ကားတစ်စီးအပြည့် ရိက္ခာပစ္စည်းတွေ ရောက်လာချိန်မှာ အလှူရှင်နာမည် မပါလို့ ကယ်ဆယ်ရေးလုပ်သားတွေ အံ့အားသင့်ခဲ့ကြပြီး နောက်ဆုံး စုံစမ်းကြည့်ချိန်မှာတော့ အလှူရှင်ကို သိခဲ့ကြပါတယ်။ အလှူရှင်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် မဟုတ်သလို ထင်ပေါ်ကျော်ကြားသူတစ်ဦးလည်း မဟုတ်ပါဘူး။

စွန့်ပစ်ပစ္စည်းတွေကို လိုက်ကောက်ကာ လက်မှုပစ္စည်း ပြန်လုပ်၊ ရောင်းချပြီး အသက်မွေးဝမ်းကျောင်းတဲ့ မသန်စွမ်းတစ်ယောက်ပါ။ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ဟူလဲ့ဟာ ပိုလီယိုရောဂါကြောင့် ခြေထောက်မသန်တဲ့ အခြေအနေရှိပြီး တစ်ခါတလေ ဒူးထောက်သွားရင်း စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်ရသူပါ။

ပြီးခဲ့တဲ့ ဇွန်လက ရွန်ကျန်းကောင်တီမှာ ရေဘေးကြုံခဲ့ရချိန် ဟူလဲ့က သူ စုဆောင်းထားတဲ့ငွေတွေအားလုံးကို ရိက္ခာပစ္စည်းတွေ ဝယ်ယူလှူဒါန်းခဲ့တာပါ။ သူဟာ ဆန် ၅ တန်၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဘူး၊ ဓာတ်မီး၊ တစ်ခါသုံး လက်အိတ် အစရှိတဲ့ ပစ္စည်းတွေကို ယွမ်ငွေ ၅ သိန်းကျော်( အမေရိကန်ဒေါ်လာ ၈၀၀၀) အကုန်အကျခံ ဝယ်ယူခဲ့တာပါ။ ရိက္ခာပစ္စည်းတွေ ဝယ်ယူခဲ့ပြီးနောက် သူ့ဘဏ်အကောင့်ထဲမှာ ယွမ် ၅၀၀ လောက်ပဲ ကျန်ခဲ့တာပါ။

ဟူလဲ့က အခုလို အိတ်သွန်ဖာမှောက် လှူဒါန်းတာ တစ်ကြိမ်တစ်ခါတည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ကျောင်းသား ၅၀၀ ကျော် ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် ယွမ် ၁ သန်းကျော် လှူဒါန်းခဲ့ဖူးပါတယ်။ သူဟာ အစိုးရထံမှ မသန်စွမ်းသူ ထောက်ပံ့စရိတ် ရရှိနေသလို လက်မှုပစ္စည်းတွေ ဖန်တီးရောင်းချမှုကနေလည်း ဝင်ငွေ ရနေပြီး အသုံးအစွဲ သိပ်မရှိလို့ ငွေကြေးအများအပြား စုဆောင်းမိနေတာ ဖြစ်ပါတယ်။

ကိုယ်တိုင်က ဘဝကို ရုန်းကန်ဖြတ်သန်းနေရသူဖြစ်ပေမဲ့ အခြားသူတွေ အကူအညီ လိုအပ်နေချိန်မှာ ကိုယ်ကျိုးမငဲ့ကွက်ဘဲ ထောက်ပံ့လှူဒါန်းပေးတဲ့ ဟူလဲ့ရဲ့ လုပ်ရပ်ကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

Ref: Scrap collector, donated supplies to flood victims, surprising relief workers

Team ( ရိုးရာလေး)

ကမ္ဘာ့အစောဆုံးဝိုင်ကို လွန်ခဲ့တဲ့ နှစ် ၈၀၀၀ ထောင်ခန့်ကတည်းက ပြုလုပ်ခဲ့ကြောင်း တွေ့ရှိအာရှတိုက်နဲ့ ဥရောပတိုက်စပ်ကြားမှာ တ...
12/07/2025

ကမ္ဘာ့အစောဆုံးဝိုင်ကို လွန်ခဲ့တဲ့ နှစ် ၈၀၀၀ ထောင်ခန့်ကတည်းက ပြုလုပ်ခဲ့ကြောင်း တွေ့ရှိ

အာရှတိုက်နဲ့ ဥရောပတိုက်စပ်ကြားမှာ တည်ရှိတဲ့ ဂျော်ဂျီယာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၈၀၀၀ ခန့်ကတည်းက ဝိုင်ပြုလုပ်ခဲ့ကြောင်း အထောက်အထားကို နိုင်ငံတကာ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။

ကျောက်ခေတ်သစ် နှောင်းပိုင်းကာလက အိုးခြမ်းကွဲတွေထဲမှာ စပျစ်ဝိုင် အကြွင်းအကျန်ရှိခဲ့ကြောင်း အထောက်အထားတွေကို တွေ့ခဲ့ရပြီး သက်တမ်းကတော့ ၆၀၀၀ BC မှ ၅၉၀၀ BC အတွင်းရှိကာ အရင်က အစောဆုံး ဝိုင်ပြုလုပ်ခဲ့တယ် လို့ယုံကြည်ထားတဲ့ ကာလထက် နှစ် ၁၀၀၀ ခန့်စောနေတာကိုတွေ့ရပါတယ်။

လေ့လာမှုထဲမှာ ပါဝင်ခဲ့တဲ့ ဒေးဗစ် လော့ဒ်ကီပန်းနိုက်ဇ် (David Lordkipanidze) ကတော့ “ဂျော်ဂျီယာ နိုင်ငံ သားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ အားလုံး ဝိုင်ကို ဂျော်ဂျီယာက စခဲ့တယ်လို့ အရင်ကတည်းက ယူဆခဲ့ကြတာပါ။ အခုတော့ သိပ္ပံနည်းပညာနဲ့ ရှေးဟောင်းသုတေသန ပညာကပါ ကျွန်တော်တို့ ယုံကြည်ချက်ကို သက်သေထူခဲ့ပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

လေ့လာချက်ကို အမျိုးသား သိပ္ပံအကယ်ဒမီ အစီအစဉ်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဒီတွေ့ရှိချက်ဟာ ဂျော်ဂျီယာ နိုင်ငံရဲ့ ခိုင်မြဲစွာတည်ရှိခဲ့တဲ့ ဝိုင်ယဉ်ကျေးမှုကို ပိုမိုခိုင်မာစေတဲ့ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။

သိပ္ပံပညာရှင်အဖွဲ့ဟာ ဂျော်ဂျီယာ နိုင်ငံအနှံ့မှ တူးဖော်ရရှိခဲ့တဲ့ အိုးခြမ်းကွဲစ ၁၈ စခန့်ကို လေ့လာခဲ့တာ ဖြစ်ပြီး အိုးကွဲတွေထဲမှာ ဝိုင်တွေကို အချဉ်ပေါက်စေတဲ့ တာတာရစ် အက်ဆစ် ကိုတွေ့ရှိခဲ့ပြီး စပျစ်ဝတ်မှုံတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။

လေ့လာရေးအဖွဲ့မှ ပညာရှင်များကတော့ ဒီမြေအိုးများကို ဝိုင်များ အချဉ်ဖောက်ခြင်း၊ သိမ်းဆည်းခြင်း၊ သောက်သုံးခြင်းတို့ ပြုလုပ်ရမှာ အသုံးပြုခဲ့တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ဒီလေ့လာရေး အစီအစဉ်ဟာ ၃ နှစ်တိတိ ကြာမြင့်ခဲ့ပြီး ဂျော်ဂျီယာ အမျိုးသား ဝိုင်အေဂျင်စီမှ ထောက်ပံ့ပေးခဲ့တာပါ။

“ဒီလေ့လာချက်ဟာ လူသားတွေနဲ့ ဝိုင်ဟာ ဟိုးအရင်ကတည်းက ပတ်သတ်ခဲ့တယ်ဆိုတာ သက်သေပြနေပြီး Beer နဲ့ လူသားတွေ ဆက်နွယ်ခဲ့သလိုပဲ ကြာမြင့်ပါတယ်” လို့ ကိန်းဗရစ်တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် ဩဂတ်စတာ မက်မာဟွန် (Augusta McMahon) က ပြောခဲ့ပါတယ်။

လေ့လာသူများက နှစ်ပေါင်း ၆၀၀၀ ခန့်သက်တမ်းရှိတဲ့ ဝိုင်အိုးတစ်လုံးကို အီတလီနိုင်ငံမှာ တွေ့ရှိခဲ့ပြီး အရင်တုန်းကတော့ အီရန်နိုင်ငံမှာ သက်တမ်း ၅၄၀၀ ကနေ ၅၀၀၀ နီးပါးရှိတဲ့ ဝိုင်အိုးတွေကို တွေ့ရှိခဲ့ပေမဲ့ ယခုတွေ့ရှိချက်မှာ တွေ့ခဲ့ရတဲ့ ဝိုင်အိုးကတော့ သက်တမ်းအကြာဆုံး ဖြစ်ပါတယ်။

သောက်သုံးစရာတစ်ခု အဖြစ် လူသားတွေ မက်မက်မောမောသောက်သုံးကြတဲ့ ဝိုင်ဟာ သမိုင်းတစ်လျှောက်မှာလည်း ကျယ်ပြန့်စွာနေရာယူထားခဲ့တဲ့ သောက်သုံးစရာ ယမကာတစ်မျိုးဖြစ်ပြီး ပထမတုန်းကတော့ ဆေးဝါးအဖြစ် အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ အခမ်းအနားတွေနဲ့ ပွဲလမ်းသဘင်တွေမှာပါ အသုံးပြုခဲ့ပြီး ဒီနေ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ ဇိမ်ခံစရာ သောက်သုံးစရာတစ်ခုအဖြစ် သောက်သုံးလာကြတာကို တွေ့ရပါတယ်။

Ref : Earliest winemaking traced back 8,000 years to Georgia

Team (ရိုးရာလေး)

ရိုးသားမှုက ယူဆောင်လာပေးတဲ့ ဘဝအလှည့်အပြောင်းထိုင်းနိုင်ငံမှ အိမ်ရာမဲ့အမျိုးသားတစ်ယောက်ဟာ လမ်းပေါ် လျှောက်သွားနေရင်း Herm...
11/07/2025

ရိုးသားမှုက ယူဆောင်လာပေးတဲ့ ဘဝအလှည့်အပြောင်း

ထိုင်းနိုင်ငံမှ အိမ်ရာမဲ့အမျိုးသားတစ်ယောက်ဟာ လမ်းပေါ် လျှောက်သွားနေရင်း Hermes ပိုက်ဆံအိတ်တစ်လုံး ကောက်ရခဲ့ပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ဘတ် ၂ သောင်းအပြင် ဘဏ်ကတ်တွေ၊ သက်သေခံကတ်ပြားတွေလည်း ပါပါတယ်။

လူအုပ်ထဲမှာ ပိုက်ဆံအိတ်ပိုင်ရှင်ကို ရှာမတွေ့တာကြောင့် အိမ်ရာမဲ့ အမျိုးသား ဝိုရာလော့က အနီးဆုံး ရဲစခန်းကိုသွားပြီး ပိုက်ဆံအိတ်ကို အပ်နှံခဲ့ပါတယ်။ ပိုက်ဆံအိတ်ပိုင်ရှင်ကတော့ နီတီလို့ အမည်ရတဲ့ စက်ရုံပိုင်ရှင် လူငယ်တစ်ဦး ဖြစ်ပါတယ်။

ဝိုရာလော့ရဲ့ ရိုးသားမှုကို သဘောကျသွားပေမဲ့ နီတီက သူ့ကို ဆုကြေးငွေ ပေးခဲ့ခြင်း မရှိပါဘူး။ အဲဒီအစား ဝိုရာလော့ကို သူ့စက်ရုံမှာ နေစရာနဲ့ အလုပ်ပေးခဲ့ပြီး ဝိုရာလော့ရဲ့ဘဝကို အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။

ပိုက်ဆံအိတ် ပြန်ပေးတာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆုကြေးငွေ ပေးလိုက်ရင် အဲဒီငွေက သုံးရင်း ကုန်သွားမှာဖြစ်ပေမဲ့ နေစရာနဲ့ အလုပ်ပေးခဲ့တာကြောင့် အခုဆိုရင် ဝိုရာလော့က အိမ်ရာမဲ့ တ်စယောက် မဟုတ်တော့ပါဘူး။ အလုပ်အကိုင်နဲ့ နေစရာရှိတဲ့ သာမန်လူတစ်ယောက် ဖြစ်သွားပါပြီ။ နီတီရဲ့ ကြင်နာတတ်မှုကြောင့် ဝိုရာလော့က သူ့ဘဝဇာတ်ကြောင်းကို ပြင်ဆင်ရေးသားခွင့် ရရှိသွားပြီလို့ ဆိုရမှာပါ။

Ref: Story of a homeless man whose life changes after he returns a lost wallet will warm your heart

Team ( ရိုးရာလေး)

ကလေးထပ်မရနိုင်တော့ဘူးလို့ ထင်ခဲ့တဲ့ အမျိုးသမီးက ကလေး ၃ မြွှာပူးမွေးဖွားအလာဘားမားပြည်နယ်က ဘရစ်တနီ အင်ဂရမ်ဆိုသူ အမျိုးသမီး...
11/07/2025

ကလေးထပ်မရနိုင်တော့ဘူးလို့ ထင်ခဲ့တဲ့ အမျိုးသမီးက ကလေး ၃ မြွှာပူးမွေးဖွား

အလာဘားမားပြည်နယ်က ဘရစ်တနီ အင်ဂရမ်ဆိုသူ အမျိုးသမီးဟာ ကလေးထပ်မရနိုင်တော့ဘူးလို့ ထင်ခဲ့ပေမဲ့ ၁၀ နီးပါးအကြာမှာ ကလေး ၃ မြွှာပူး မွေးဖွားခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဘရစ်တနီနဲ့ ခင်ပွန်းဖြစ်သူ ဂျို့ အင်ဂရမ်တို့ဟာ ၂၀၁၅ ခုနှစ်တုန်းက အကြီးဆုံးသားလေး JB ကို ပိုင်ဆိုင်ထားခဲ့တာပါ။ အခုနှစ် ဖေဖော်ဝါရီလမှာတော့ သမီးအမြွှာလေးတွေကို ရရှိခဲ့ပါတယ်။

ဘရစ်တနီတို့ဇနီးမောင်နှံအတွက် ၃ မြွှာပူးကိုယ်ဝန်လွယ်ထားရတဲ့ကိစ္စက အံ့အားသင့်စရာပါပဲ။ ၂၀၁၅ ခုနှစ်မှာ ဘရစ်တနီက မမျိုးဥအိမ်၊ မျိုးဥပြွန်နဲ့ တင်ပဆုံပိုင်းအတွင်း တစ်ရှုးနံရံတွေ အကုန်ပုံမှန်မဟုတ်တော့တဲ့ ပြဿနာ Endometriosis နဲ့ မျိုးဥအိမ် ရေအိတ်တည်တဲ့ရောဂါရှိခဲ့တာပါ။ Laparoscopy လို့ ခေါ်တဲ့ ဝမ်းဗိုက်မှာ အပေါက်လေးဖောက်ပြီး မှန်ပြောင်းနဲ့ ခွဲစိတ်မှုကို ခံယူခဲ့ပါတယ်။ ပထမကိုယ်ဝန်ကို သဘာဝအတိုင်းရလာတော့ အံ့ဩခဲ့ရပါတယ်။ အဲ့ဒီတုန်းက ဆရာဝန်တွေက အနာဂတ်မှာ နောက်ထပ်ကိုယ်ဝန်ဆောင်ချင်ရင် ခွဲစိတ်ကုသမှုတွေခံယူရလိမ့်မယ်လို့ ပြောခဲ့တာပါ။

သားအကြီးလေး JB ပြီးတော့ ကလေးရဖို့ ထပ်ခါထပ်ခါကြိုးစားခဲ့ပေမဲ့ ကိုယ်ဝန်ပျက်ကျတာတွေဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ဘရစ်တနီအတွက် အရာအားလုံးပြောင်းလဲသွားပါတယ်။ သူ့ရဲ့ အသက် ၃၆ နှစ်မွေးနေ့ရောက်ခါနီးမှာ ကလေးရှိမရှိစစ်ဆေးခဲ့ပါတယ်။ ကိုယ်ဝန်ရှိနေခဲ့တယ်ဆိုတာ ဆရာဝန်က အတည်ပြုပေးခဲ့ပါတယ်။ နောက်ကျသိလိုက်ရတာက ကိုယ်ဝန်က ၃ မြွှာပူးဖြစ်နေခဲ့ပါတယ်။ ဆရာဝန်က ဒုတိယကိုယ်ဝန်ရှိတာကို အတည်မပြုပေးခင်က ဘရစ်တနီက ၃ မြွှာပူးရှိနေတယ်ဆိုတဲ့ အိပ်မက်မက်ခဲ့တာပါသေးတယ်။

ကလေးမီးဖွားပြီးတဲ့နောက်မှာ ဘရစ်တနီဟာ သွေးပေါင်တက်တာ၊ နှလုံးကြွက်သားထူလာခြင်းကြောင့် နှလုံးကြီးခြင်းရောဂါ၊ နှလုံးပြဿနာအပါအဝင် နောက်ဆက်တွဲပြဿနာတွေကို ကြုံတွေ့ခဲ့ရပြီး ဆေးရုံပြန်တတ်ခဲ့ရပါတယ်။ ကလေး ၃မြွှာပူးကလည်း မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ ၂ လလောက်နေခဲ့ရပါတယ်။ အခုတော့ မိခင်ရော ကလေးတွေပါ ကျန်းမာနေပါပြီ။

Ref: Mom welcomes triplets after 10 years of thinking she couldn't have any more kids

Team (ရိုးရာလေး)

ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူရာမှာ သစ်ပင်တွေထက် အဆ ၁၀၀၀ ပိုစုပ်ယူနိုင်တဲ့ သစ်ပင်တုများလေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်တွေကိ...
11/07/2025

ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူရာမှာ သစ်ပင်တွေထက် အဆ ၁၀၀၀ ပိုစုပ်ယူနိုင်တဲ့ သစ်ပင်တုများ

လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူရာမှာ သစ်ပင်တွေထက် အဆ ၁၀၀၀ ပိုမိုစုပ်ယူနိုင်စွမ်းရှိတဲ့ သစ်ပင်အတုတွေကို အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဖန်တီးခဲ့ကြပါတယ်။

ဒေါက်တာကလော့စ်လက်ဂ်နာ ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ တီထွင်ဖန်တီးခဲ့တဲ့ သစ်ပင်အတုတွေဟာ စွမ်းအင်အသုံးပြုဖို့ မလိုဘဲ လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကို စုပ်ယူပေးနိုင်စွမ်း ရှိတာကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို တွန်းလှန်တိုက်ဖျက်ဖို့ အလှည့်အပြောင်းတစ်ရပ် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

စိုထိုင်းဆအပေါ် အခြေခံပြီး Direct Air Capture (DAC) လို့ အမည်ရတဲ့စနစ် အသုံးပြုကာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ဖမ်းယူတာ ဖြစ်ပါတယ်။

Ref: Artificial Trees That Clean the Air 1000x Faster!

Team ( ရိုးရာလေး)

Spotify ရဲ့ Most-Streamed Mandopop အဆိုရှင်ဖြစ်လာတဲ့ "လိုင်ချိုင့်..လိုင်ချိုင့်" သီချင်းအဆိုတော်Tik Tok မှာ "လိုင်ချိုင...
11/07/2025

Spotify ရဲ့ Most-Streamed Mandopop အဆိုရှင်ဖြစ်လာတဲ့ "လိုင်ချိုင့်..လိုင်ချိုင့်" သီချင်းအဆိုတော်

Tik Tok မှာ "လိုင်ချိုင့်...လိုင်ချိုင့်"လို့ ခေတ်စားပြီး ငွေဝင်တဲ့ သီချင်းအဖြစ် အသုံးပြုကြတဲ့ Ba Fang Lai Cai သီချင်းသီဆိုသူ SKAI ISYOURGOD ရက်ပ်ပါအဆိုတော်ကို သိကြမယ်ထင်ပါတယ်။ ကွမ်တုန်းပြည်နယ်ဖွား SKAI ဟာဆိုရင် ပြီးခဲ့တဲ့နှစ်က Tik Tok လို App ဖြစ်တဲ့ တရုတ် Douyin မှာ Ba Fang Lai Cai နဲ့ Ying Guo သီချင်းတွေနဲ့ နာမည်ကြီးလာခဲ့တာပါ။ အခုဆို ကမ္ဘာ့တဝှမ်းမှာပါ သူ့သီချင်းတွေဟာ ရေပန်းစားနေပါပြီ။

သူ နောက်ဆုံးထွက်ရှိထားတဲ့ Da Zhan Hong Tu သီချင်းက အတော်လေးခေတ်စားနေပြီး လူမှုကွန်ယက်မှာ dance challenge လုပ်နေကြပါပြီ။ သူဟာ Mandopop ဘုရင်ဖြစ်တဲ့ Jay Chou ကို ကျော်ပြီး Spotify ရဲ့ Most-Streamed Mandopop အဆိုရှင်ဖြစ်လာပါတယ်။ Spotify မှာ လစဉ်နားဆင်သူ ၃.၀၂၃ သန်းရှိပါတယ်။

Da Zhan Hong Tu နဲ့ Ba Fang Lai Cai သီချင်းတွေက Spotify ရဲ့ Viral 50 -Global ဇယားမှာ ရှိနေပါတယ်။ SKAI က အခုလိုဖြစ်လာမယ်လို့ မထင်ခဲ့ကြောင်း ဝန်ခံထားပါတယ်။ "ကျွန်တော်မှာ ဘာအစီအစဉ်မှာတော့မရှိပါဘူး။ ကျွန်တော် လုပ်ချင်တာကို လုပ်ဖို့အတွက်ပဲ အာရုံစိုက်ထားတာပါ။ အခြားအရာတွေကို သိပ်ပြီး မစဉ်းစားပါဘူး"လို့လည်း SKAI ဟာ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

Ref: ‘Da Zhan Hong Tu’ Rapper Dethrones Jay Chou As Spotify’s Most-Streamed Mandopop Artiste

Team (ရိုးရာလေး)

ဘဝတစ်ခုလုံးနီးပါး ဇလုံထဲမှာနေရတဲ့ ၂၈နှစ်အရွယ် အမျိုးသမီးနိုင်ဂျီးရီးယား အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့ ရောဂါတစ်မျိုးကြောင့...
11/07/2025

ဘဝတစ်ခုလုံးနီးပါး ဇလုံထဲမှာနေရတဲ့ ၂၈နှစ်အရွယ် အမျိုးသမီး

နိုင်ဂျီးရီးယား အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့ ရောဂါတစ်မျိုးကြောင့် အသက်ခြောက်လ အရွယ်ကတည်းက ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်သွားခဲ့ပြီး ဘဝတစ်ခုလုံးနီးပါး ပလတ်စတစ်ဇလုံထဲမှာ နေခဲ့ရတယ် လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။

ရာမာဟာရူနာဟာ ကျန်းမာတဲ့ ကလေးငယ်တစ်ဦးအဖြစ် မွေးဖွားလာခဲ့ပေမယ့် အသက်(၆)လအရွယ်မှာ အဖျားရောဂါ ခံစားရတာက အစပြုပြီး ဘဝတစ်ဆစ်ချိုး အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ ရာမာဟာရူနာရဲ့မျက်နှာက အသက်အရွယ်အလိုက် ပြောင်းလဲပေမယ့် သူ့ရဲ့ခန္ဓာကိုယ်နဲ့ ခြေလက်တွေက (၆)လသမီးအရွယ်ကအတိုင်း မပြောင်းလဲခဲ့ပါဘူး။ ဒါကြောင့် သူဟာ နိစ္စဒူဝကိစ္စတွေအတွက် သူ့မိသားစုကို အားကိုးခဲ့ရပါတယ်။ သူ့မိဘတွေက အညစ်အကြေးစွန့်တဲ့ကိစ္စကနေ၊ အလည်အပတ်ခေါ်သွားတဲ့ ကိစ္စအထိ အဆင်ပြေအောင်လို့ သူ့ကို ဇလုံထဲ ထည့်ထားခဲ့ကြတာပါ။

ရာမာဟာရူနာရဲ့ မိဘတွေဟာ သူမ အညစ်အကြေးစွန့်တဲ့ကိစ္စကနေ၊ အလည်အပတ်ခေါ်သွားတဲ့ ကိစ္စအထိ အဆင်ပြေအောင်လို့ သူ့ကို ဇလုံထဲ ထည့်ထားခဲ့ကြတယ်။

ရာမာဟာရူနာဟာ ၆ လသမီးအရွယ်မှာ အဖျားရောဂါ ခံစားရချိန်ကစပြီး အသက်(၂၈)နှစ်အရွယ်အထိ နေ့စဉ်နေ့တိုင်း ခြေတွေ၊ လက်တွေ နာကျင်တဲ့ ဝေဒနာ ခံစားခဲ့ရပြီး သူ့ရဲ့ရောဂါအတွက် ဆရာဝန်တွေကလည်း အဖြေ မတွေ့သေးဘူးလို့ ဆိုပါတယ်။ ရာမာဟာရူနာရဲ့ မိဘတွေကတော့ သူတို့သမီးရဲ့ နာကျင်မှု ဝေဒနာကို သက်သာပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် ကျန်းမာရေး ပညာရှင်တစ်ယောက်ယောက် (ဒါမှမဟုတ်) ပရဟိတအဖွဲ့အစည်းတစ်ခုခုက ရာမာဟာရူနာကို အာရုံစိုက်လာဖို့ ဆုတောင်းတယ်လို့ ဆိုပါတယ်။

Team (ရိုးရာလေး)

၂၆ ဧကကျယ်ဝန်းတဲ့ ဖန်လုံအိမ်စတော်ဘယ်ရီစိုက်ခင်းဗြိတိန်နိုင်ငံ လင်ကွန်းရှိုင်းယားစီရင်စုမှာရှိတဲ့ Dyson Farming ရဲ့  ၂၆ ဧက...
10/07/2025

၂၆ ဧကကျယ်ဝန်းတဲ့ ဖန်လုံအိမ်စတော်ဘယ်ရီစိုက်ခင်း

ဗြိတိန်နိုင်ငံ လင်ကွန်းရှိုင်းယားစီရင်စုမှာရှိတဲ့ Dyson Farming ရဲ့ ၂၆ ဧကကျယ်ဝန်းတဲ့ စတော်ဘယ်ရီစိုက်ခင်းကတော့ စိုက်ပျိုးရေးကဏ္ဍအတွက် အံ့အားသင့်စရာ ဆန်းသစ်မှုတွေ ပြသနိုင်ခဲ့ပါတယ်။

ဒိုင်ဆန်(Dyson) ကုမ္ပဏီက တည်ဆောက်ထားတဲ့ ဖန်လုံအိမ် စိုက်ခင်းဟာ ဒေါင်လိုက်စိုက်ခင်း နည်းစနစ်ကို အဆင့်မြင့်နည်းပညာနဲ့ ပေါင်းစပ်ထားတာပါ။ ဆတ်သွားတပ်ဆင်ထားတဲ့ (အလေးချိန် ပေါင် ၁၁၀၀ ရှိ) ဘီးလုံးကြီးတွေထဲမှာ ဆင့်တန်းတွေ ထည့်သွင်းပြီး စတော်ဘယ်ရီပင်တွေ နေရောင်ကောင်းစွာ ရရှိစေဖို့ စီမံထားတာပါ။

ဒါ့အပြင် ပင်ဖျက်ပိုးတွေ မရှင်သန်နိုင်စေဖို့ ခရမ်းလွန်ရောင်ခြည် ထုတ်လွှတ်တဲ့ စက်ရုပ်လက်တံတွေလည်း တပ်ဆင်ထားပါတယ်။ ဒီစိုက်ခင်းထဲမှာ စတော်ဘယ်ရီအပင်ပေါင်း ၁.၂ သန်းကျော် စိုက်ပျိုးထားပြီး စတော်ဘယ်ရီသီးတွေ ရင့်မှည့်လာတဲ့အခါ စက်ရုပ်လက်တံ ၁၆ ခုကနေ စတော်ဘယ်ရီသီးတွေကို ခူးဆွတ်တာ ဖြစ်ပါတယ်။

တစ်လကို စတော်ဘယ်ရီသီး အလုံးရေ ၂ သိန်းအထိ ခူးဆွတ်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ Dyson Farming ရဲ့ အဓိက အားသာချက်ကတော့ ပိုးသတ်ဆေးနဲ့ ဓာတုဆေးဝါးတွေ လုံးဝသုံးစွဲမှု မရှိဘဲ စိုက်ပျိုးနိုင်ခြင်းပါပဲ။

Ref: Dyson Farming has reimagined agriculture with a 26-acre robotic strawberry glasshouse

Team ( ရိုးရာလေး)

ကင်ဆာရောဂါကုသမှုခံနေရတဲ့ ဖခင်နဲ့ ပေးထားတဲ့ကတိတည်ဖို့ အမေရိကန်နိုင်ငံအနှံ့ စက်ဘီးစီးခြင်းပြိုင်ပွဲကို ပြီးမြောက်နိုင်ခဲ့သ...
10/07/2025

ကင်ဆာရောဂါကုသမှုခံနေရတဲ့ ဖခင်နဲ့ ပေးထားတဲ့ကတိတည်ဖို့ အမေရိကန်နိုင်ငံအနှံ့ စက်ဘီးစီးခြင်းပြိုင်ပွဲကို ပြီးမြောက်နိုင်ခဲ့သူ

ဖလော်ရီဒါပြည်နယ်က အမျိုးသားတစ်ဦးဟာ အဆင့် ၄ ဆီးကျိတ်ကင်ဆာရောဂါကုသမှုခံယူနေတဲ့ ဖခင်ဖြစ်သူနဲ့ အချင်းချင်းပေးထားတဲ့ နိုင်ငံအနှံ့ စက်ဘီးစီးနှင်ခြင်းပြိုင်ပွဲကို ပြီးမြောက်စေရမယ်ဆိုတဲ့ ကတိကို တည်ခဲ့ပါတယ်။ သူကတော့ အယ်လ်ဗာရို နူနက်ဇ်ဆိုသူပါ။ ဇွန်လ ၂၂ ရက်နေ့က အယ်လ်ဗာဟာ Race Across America ပြိုင်ပွဲရဲ့ နောက်ဆုံးစည်းကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ၁၂ ရက်အတွင်း ပြီးမြောက်ခဲ့တာဖြစ်ပါတယ်။

သူ ပြိုင်ပွဲဝင်မပြိုင်ခင် ၁ လလောက်မှာ သူ့ဖခင်ဖြစ်သူဟာ အဆင့် ၄ ဆီးကျိတ်ကင်ဆာရောဂါရှိနေတယ်ဆိုတာ သိခဲ့ရတာပါ။ သူ့ဖခင်က ဆေးကုသစဉ်အတွင်း သူ့ဘေးမှာ အယ်လ်ဗာရိုကို နေစေချင်တာထက် ဒီစက်ဘီးစီးပြိုင်ပွဲကို ပြီးမြောက်စေချင်ခဲ့တာပါ။ ဒီပြိုင်ပွဲတစ်လျှောက်ပြီးမြောက်အောင်လုပ်မယ်ဆိုရင် ဆေးကုသတာကိုလည်း ပြီးဆုံးသည်အထိခံယူမယ်လို့ သူတို့သားအဖနှစ်ယောက် အချင်းချင်းကတိပေးခဲ့ကြတာပါ။

Race Across America ပြိုင်ပွဲက မိုင် ၃၀၀၀ ကျော်၊ ပြည်နယ် ၁၂ ခုနဲ့ ၁၂ ရက်ကြာတဲ့ပြိုင်ပွဲပါ။ အယ်လ်ဗာရိုဟာ အရင်က တစ်ခါမှ စက်ဘီးစီးပြိုင်ပွဲကို ဝင်မပြိုင်ခဲ့ဖူးပါဘူး။ သူဟာ ၁ ရက်ကို ၁၂ နာရီလောက် စက်ဘီးစီးလေ့ကျင့်ခဲ့ရတာပါ။ ပြိုင်ပွဲအတောအတွင်း တစ်ညကို ၁ နာရီလောက်ပဲ အိပ်စက်ခဲ့ရပါတယ်။ လက်နဲ့ခြေထောက်တွေမှာ ခံစားမှုပျောက်ပြီး တစ်ခါတလေ မစားနိုင်မတွေးနိုင်ဖြစ်ခဲ့ရတယ်လို့ အယ်လ်ဗာရိုက ပြောပါတယ်။ ဒါပေမဲ့ သူက သူ့အဖေအတွက် ဆက်ပြီးကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။

Ref: Man bikes across US as father undergoes cancer treatment, fulfilling promises to each other

Team (ရိုးရာလေး)

အိန္ဒိယမင်းသမီး Humaira Asghar Ali ကို သူမ နေထိုင်ရာ တိုက်ခန်းမှာ သေဆုံးလျက်တွေ့ရှိအိန္ဒိယမော်ဒယ်မင်းသမီး Humaira Asghar...
10/07/2025

အိန္ဒိယမင်းသမီး Humaira Asghar Ali ကို သူမ နေထိုင်ရာ တိုက်ခန်းမှာ သေဆုံးလျက်တွေ့ရှိ

အိန္ဒိယမော်ဒယ်မင်းသမီး Humaira Asghar Ali သေဆုံးတဲ့သတင်းက ဘောလိဝုဒ်လောကကို ထိတ်လန့်သွားစေခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် Humaira ရဲ့ရုပ်အလောင်းကို သူနေထိုင်ရာ ကရာချိမြို့ရှိတိုက်ခန်းမှာ တွေ့ရှိခဲ့တာပါ။ Humaira သေဆုံးတာ ရက်ပေါင်း ၂၀ နီးပါးရှိပုံရတယ်လို့ Gizri ရဲတပ်ဖွဲ့က အင်္ဂါနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

Humaira က အိမ်ငှားခမပေးတာကြောင့် တရားရုံးကနေတဆင့်နှင်ထုတ်ဖို့ တရားရုံးက အမိန့်ပေးထားတဲ့ ရဲအရာရှိတွေနဲ့အတူ အိမ်ပိုင်ရှင်ဖြစ်သူတို့ တိုက်ခန်းကို လိုက်လာချိန်မှာ သူ့ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတာပါ။ Humaira ဟာ၂၀၁၈ ခုနှစ်ကတည်းက Ittehad Commercial area ရှိ တတိယထပ်တိုက်ခန်းမှာ နေထိုင်နေခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး ငှားရမ်းခမပေးတော့ဘူးလို့ သိရပါတယ်။ အိမ်ပိုင်ရှင်တို့ ရောက်သွားချိန်မှာ တိုက်ခန်းရဲ့ပင်မတံခါးကို အတွင်းကနေ သော့ခတ်ထားခဲ့တဲ့အတွက် အာဏာပိုင်တွေက တံခါးဖျက်ပြီး ဖွင့်ခဲ့ရပါတယ်။

Humaira ရဲ့ရုပ်အလောင်းကို ပုတ်ပွပျက်စီးနေတဲ့ အခြေအနေနဲ့ တွေ့ရှိခဲ့ရတာပါ။ တိုက်ခန်းကို တစ်စုံတစ်ယောက်က အတင်းအကြပ်ဝင်ရောက်ထားတဲ့ လက္ခဏာမျိုးလည်း မတွေ့ရှိရပါဘူး။ အခင်းဖြစ်ပွားရာနေရာကနေ မှုခင်းဆေးပညာဆိုင်ရာအထောက်အထားတွေကို စုံစမ်းစစ်ဆေးရေးမှူးတွေက ကောက်ယူခဲ့ပြီး ရုပ်အလောင်းကို Jinnah Postgraduate Medical Center ကို လွှဲပြောင်းပေးခဲ့ကာ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားပါတယ်။

သေဆုံးရတဲ့အကြောင်းအရင်းအတိအကျကို ရင်ခွဲစစ်ဆေးပြီးမှသာ သိရှိရမှာဖြစ်ပါတယ်။ တိုက်ခန်းကို အလုံပိတ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပါပဲ။ ရဲတွေက Humairaရဲ့ မိသားစုဝင်တွေကို မရှာရသေးပါဘူး။ Humaira က ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘဲ တစ်ယောက်တည်းနေထိုင်ပုံရပါတယ်။ အိမ်နီးနားချင်းတွေကလည်း Humaira ကို မတွေ့ရတာ ရက်သတ္တပတ်အတော်ကြာပြီး တိုက်ခန်းကနေ အနံ့ဆိုးထွက်တာကိုတော့ သတိထားမိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

Humaira ဟာ ၂၀၁၄ ခုနှစ်မှာ Veet Miss Super Model ဆုကို ရရှိကာ နာမည်ရလာခဲ့ပြီး ၂၀၂၂ ခုနှစ်က Tamasha Ghar Reality Show မှာ ပါဝင်ခဲ့ပါတယ်။ Laali တီဗီဇာတ်လမ်းတွဲ၊ Jalaibee (2015)၊ Love Vaccine (2021) ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်မှုကို အသိအမှတ်ပြုခံခဲ့ရပါတယ်။

Ref: Humaira Asghar Ali dead at 35

Team ( ရိုးရာလေး)

အကြောသေနေသူတွေ ကိုယ်လက်လှုပ်ရှားနိုင်မယ့် ကမ္ဘာ့ပထမဆုံး အီလက်ထရောနစ် ကျောရိုးကို သိပ္ပံပညာရှင်တွေက စမ်းသပ်အကြောသေနေသူတွေ...
10/07/2025

အကြောသေနေသူတွေ ကိုယ်လက်လှုပ်ရှားနိုင်မယ့် ကမ္ဘာ့ပထမဆုံး အီလက်ထရောနစ် ကျောရိုးကို သိပ္ပံပညာရှင်တွေက စမ်းသပ်

အကြောသေနေသူတွေ ကိုယ်လက်လှုပ်ရှားမှု ပြန်လုပ်နိုင်စေမယ့် ကမ္ဘာ့ပထမဆုံး အီလက်ထရောနစ် ကျောရိုးကို သိပ္ပံပညာရှင်တွေက ထည့်သွင်းစမ်းသပ်ခဲ့ကြပါတယ်။ အီလက်ထရောနစ် ကျောရိုးမအချက်ပြစက် (electrical spinal cord stimulator)လို့ လူသိများတဲ့ ဒီကိရိယာကို ကျောရိုးမထဲ ထည့်သွင်းပြီး လှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အချက်ပြမှုပုံစံ ပုံဖော် စေလွှတ်တာ ဖြစ်ပါတယ်။

ကနဦးစမ်းသပ်မှုတွေအရ ကျောရိုးမဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသူတွေဟာ ဒီကိရိယာကြောင့် မတ်တတ်ရပ်နိုင်၊ လမ်းလျှောက်နိုင်၊ စက်ဘီးစီးနိုင်တဲ့အထိ လှုပ်ရှားလာနိုင်တာ တွေ့ရပါတယ်။ ဇီဝအင်ဂျင်နီယာ၊ ဉာဏ်ရည်တုနည်းပညာ၊ အာရုံကြောစနစ် အစားထိုးမှုတွေ ပေါင်းစပ်ထားတဲ့ ဒီဖန်တီးမှုဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အကြောသေနေသူ သန်းပေါင်းများစွာအတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်လာမယ်လို့ ယူဆထားကြပါတယ်။

NeuroRestore သုတေသနစင်တာမှ ဂရီဂိုရီကာ်တင်းနဲ့ ဂျိုဆီလင်းဘလော့ချ်တို့ ဦးဆောင်တဲ့အဖွဲ့က အီလက်ထရောနစ် ကျောရိုးမအချက်ပြစက်ကို တီထွင်ဖန်တီးခဲ့ကြတာပါ။

Ref: Robotics and spinal stimulation restore movement in paralysis

Team ( ရိုးရာလေး)

Address

Pazundaung

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Telephone

+959400000661

Alerts

Be the first to know and let us send you an email when Yoyarlay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoyarlay:

Share