07/08/2015
မြောက်ဦး၊ လေးမြို့မြစ်ဒေသ အရေးပေါ်ကယ်ဆယ်ရေးလိုအပ်
ခင်မောင်မြင့် (မော်ကွန်း)
သြဂုတ် ၇၊ ၂၀၁၅
မြောက်ဦး၊ လေးမြို့မြစ်ဒေသ၊ ရွှေထွန်းဖြူကျေးရွာတွင် အရေးပေါ်ကယ်ဆယ်ရေးလိုအပ်လျှက်ရှိသည်။ လူဦးရေ ၄၈၀၊ အိမ်ထောင်စု ၁၀၁ စုရှိပြီး ရေလွှမ်းမိုးမှုကြောင့် အိမ် ၂၅ လုံးပျက်စီးခဲ့သည်။ ယနေ့ထိ ဆန်နှင့်ရေအရေးပေါ်လိုအပ်နေပြီး တစ်အိမ်ထောင်လျှင် ဆန်ခြောက်ပြည်နှင့် ရေသုံးဗူးသာရရှိသေးသည်ဟု ဒေသခံများကပြောသည်။ ကျေးရွာသောက်ရကန်မှာ နွံများဖုံးလျှက်ရှိသည်ကိုတွေ့ရသည်။ လေးမြို့မြစ်တစ်လျှောက်ရှိ ရေလွှမ်းမိုးခံကျေးရွာများတွင် အရေးပေါ်အကူညီများ လိုအပ်လျှက်ရှိနေသေးသည်။
မြောက်ဦးမြို့ပေါ်မှ ရွှေထွန်းဖြူရွာသို့ပုံမှန်ဆိုလျှင် ဆိုင်ကယ်ဖြင့် မိနစ် ၄၀ခန့် သွားလျှင်ရောက်နိုင်သော်လည်း လမ်းခုလတ်ရှိချောင်းသစ်ကျေးရွာတွင် တံတာကျိုးနေသောကြောင့် ပစ္စည်းများပါလျှင် ချောင်းဖြတ်ကူးရန် လူဖြင့်ထမ်းပိုးသယ်ယူ ရမည်ဖြစ်သည်။