Sunday Media

Sunday Media ကြေငြာထည့်သွင်းလိုပါက
[email protected]
0943176215 သို့
ဆက်သွယ်နိုင်ပါသည်။

01/10/2025

# #"ကိုယ်တကယ်ချစ်တဲ့သူနဲ့တစ်သက်လုံးအိုမင်းသွားချင်လို့ လက်ထပ်တာပါ။ စိုးပြည့်မိဘတွေက ကိုယ့်ရဲ့အချစ်ရေးအပေါ် ဘာတစ်ခုမှ ဖိအားမပေးပါဘူး ။ သားသမီးရဲ့ဆုံးဖြတ်ချက်အပေါ်မှာအရမ်းအလေးထားပြီး တန်ဖိုးထားပေးကြတယ်၊ သမီးစိတ်ချမ်းသာတယ်ဆိုရင်ရပါပြီတဲ့ ။ အခုအချိန်မှာတော့ မိဘတွေ ရင်ထဲမှာ တစ်မျိုးကြီးခံစားနေရမှာဆိုတာ သိပါတယ်၊မိဘတွေကို စိုးပြည့်အနီးဆုံးမှာ အမြဲရှိနေ၊ စောင့်ရှောက်နေမှာပါ.">>. ဆိုတဲ့ စိုးပြည့်သဇင်

30/09/2025

# #"ထက်က ကိုကြီးကို MC အဖြစ် အကူအညီတောင်းရမှာ အရမ်းမျက်နှာပူပြီး အားနာတယ်လေ၊ ကိုကြီးကို ပူဆာလိုက်မိပေမဲ့ ကိုကြီးက မင်းသားဖြစ်နေပြီမို့ ငါမှားသွားပြီလားဆိုပြီး အားနာသွားတယ်၊ ကိုကြီးက ညီမလေး .ဘာမှ မဖြစ်ဘူး ၊ လုပ်ပေးမယ် ဆိုတော့အရမ်းပျော်ရတာပါ.">>.ဆိုတဲ့ ထက်အဉ္ဖလီ

30/09/2025

# #" ဦးဇော်ကိုယ်တိုင်လည်း လွတ်လွတ်လပ်လပ်ပဲနေတယ်၊ သူများတွေကိုလည်း စိတ်မဆင်းရဲစေချင်ဘူး။ ဒါကြောင့် ဟာသတွေရိုက်ဖြစ်တာများတယ်၊ ဘယ်သူက ငါ့ပြောနေတာ ဆိုတာမျိုးလည်း စိတ်ထဲမထားဘူး၊ စေတနာနဲ့ပြောတဲ့အရာဆိုရင် ဦးဇော်က သေသေချာချာတုန့်ပြန်ပေးပါတယ်။ ဒီအတိုင်းပဲ လျှောက်ပြောနေတာဆိုရင်တော့ ဗွေသွားယူနေလို့လည်း မရဘူးလေ ဒရာမာရိုက်ရင်လည်းပြောမှာပဲ၊ အက်ရှင်ရိုက်ရင်လည်း ပြောမှာပဲ၊ လောကကြီးမှာ ရပ်တည်ရတဲ့နေရာတစ်ခုမှာ ဒီလိုကတော့ရှိကြမှာပါပဲ.">>.ဆိုတဲ့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)

#စူပါလေဒီ #ကိုဇော်(အရုဏ်ဦး)

30/09/2025

မိဘအပေါ်အရမ်းသိတတ်ပြီး လိမ္မာသူမို့ သူ့ဘဝလေးကအမြဲတောက်ပနေမှာပါ..ဆိုတဲ့ ထက်အဥလီ ကိုမွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဒီးဒီ။

29/09/2025

မကြီးစိုးရဲ့ သုံးဆင့် ပြောင်းလဲသွားတဲ့ Mood ကတော့ ယမုံအတွက် ညမင်္ဂလာမှာ အမှတ်မိဆုံး မြင်ကွင်းလေးပါ- ယမုံမြင့်မြတ်

26/09/2025

#အမေတို့က၁၀ နှစ်သမီး တည်းက အနုပညာရှင် ၊ မင်းသမီးလုပ်လာတာ အခု ၈၅ နှစ်ရှိခဲ့ပြီ ၊ တစ်ချိန်ကတော့ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း အငြိမ့်မှ ရက်ချိန်း မရရင် အလှုရက်တောင်ရွေ့ ခဲ့ ရတာလေ … အမေနွဲ့နွဲ့စန်း ။

25/09/2025

ဒီ အချစ်ကျိန်စာ ..ရဲ့ ဇာတ်ညွှန်းလေးဖတ်ကြည့်လိုက်တဲ့အချိန်မှာတည်းက မျက်ရည်တွေ ဗူးသီးလုံးလောက်ကို ကျခဲ့ရတာပါ.။ ဒီကားလေးကိုဘာလို့ ရိုက်ခဲ့သလဲဆိုရင်..ကျွန်တော်အနုပညာစလုပ်တည်းက အမြဲအားပေးဝန်းရံခဲ့တဲ့ချစ်ရတဲ့ဖန်တွေအတွက်ပါ..>> .ဆိုတဲ့ ဇော်ရှိုင်းထက် ..။

24/09/2025

# #"ရှိရင်းစွဲအသက်အရွယ်ထက် ငယ်အောင်နေထိုင်တာမျိုးထက် ၊ လက်ရှိအရွယ်မှာပဲအလှဆုံးအမျိုးသမီးတစ်ယောက်ဖြစ်ဖို့ကြိုးစားနေထိုင်ပါတယ်">> ဆိုတဲ့ သင်ဇာဝင့်ကျော် ..။

23/09/2025

# #"တစ်ဦးတစ်ယောက်တည်းနဲ့လည်း ကားထွက်ပေးတယ်၊ခရီးသည် သက်သောင့်သက်သာဖြစ်စေရမယ်၊ အချိန်နဲ့ တစ်ပြေးညီသွားနိုင်ရမယ် ဆိုပြီး ရည်ရွယ်ခဲ့တာပါ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဆီဈေးမြင့်တက်မှုကို လျော့ချနိုင်ဖို့ EV System အနေနဲ့ကားတွေကို ပြောင်းလဲဝန်ဆောင်မှုပေးဖို့ စိတ်ကူးပုံဖော်ပေးခဲ့တာဖြစ်ပါတယ်..။ အခု ပြင်ဦးလွင် မန္တလေးကို အရင်စပြီး လုပ်ခဲ့တာပါ.. ၊ နောက် အဆင်ပြေရင် တော့ တခြားသောမြို့တွေကိုပါ တိုးချဲ့မှာပါ။ အခု အသစ်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အနေနဲ့ ယာဉ်စီးခ ၅၀% ပရိုမိုးရှင်းလုပ်ပေးနေပါတယ်..ဆိုတဲ့ ">>ပြင်ဦးလွင်-မန္တလေး ရွှေမုဒြာ . EV Taxi အဆင့်မြင့်ခရီးသွားဝန်ဆောင်မှုရဲ့ တာဝန်ရှိသူ .. ကိုနိုင်ဝင်းထွန်း ..။

23/09/2025

"Longevity ဆိုတာ အသက်ရှည်ရှည်နေထိုင်ခြင်းပါ၊ ကျန်းမာတက်ကြွစွာခြင်း အသက်ရှည်ရှည်နေထိုင်တဲ့ ဘဝပုံစံပေါ့ ။ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေကို နောက်ကို ဆွဲဆန့်နိုင်ပြီး ၊ ရောဂါလက္ခဏာတွေ မရှိအောင် လုပ်ရတဲ့ပုံစံမျိုးပေါ့ ။ ရောဂါဖြစ်ရင်ဆေးကုမယ် ၊ ကြိုတင်ကာကွယ်ဖို့ကျ ဘယ်သူမှ စိတ်မဝင်စားဘူး။ ဒီLongevity ကတော့ ကျန်းမာရေးအာမခံတစ်ခုလိုသဘောမျိုးနဲ့ ဝန်ဆောင်မှုပေးတာပါ..။ အကြီးအကျယ်နေမကောင်းမှ ကုသရတာမျိုးထက် . စောစောသိမှ အပျောက်မြန်မယ်၊ ငွေကုန်ကြေးကျလည်း အရမ်းသက်သာသွားမှာပါ.။ ဒီမှာကတော့ က-င်ဆာ ရှာဖွေရေးစစ်နဲ့စစ်ဆေးနိုင်ပြီး က-င်ဆာ၈မျိုးကို ေ+သွးကနေ အလွယ်တကူ စစ်ဆေးနိုင်တာဖြစ်ပါတယ်။ .">>
“ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော longevity ဆေးခန်းဖြစ်တဲ့ .. AGELESS OASIS LONGEVITY CLINIC ရဲ့ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့၊နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့ပြီးGlow & Thrive Health & Beauty Expo 2025 ပွဲအခမ်းအနားမှာ ထည့်သွင်းကျင်းပခဲ့တာဖြစ်ပါတယ်..။

23/09/2025

"တစ်ချို့ အခုမနက်၊ အခု ညနေ တောင် စားစရာမရှိတဲ့သူတွေ အများကြီးပါပဲ ၊တောင်မင်းမြောက်မင်း မကယ်နိုင်ဘူး ဖြစ်နေတယ် ။ သရုပ်ဆောင်ကယ-င်းထတာက ဆေးသမားထက်ကို ဆိုးတယ်၊ ဟိုနေ့က သီချင်းနှစ်ပုဒ်လေး သွားရိုက်လိုက်တော့ အာသာပြေသွားတာပေါ့ ။ ကိုယ်ကလည်း ပရိုဂျူဆာမရှာတတ်ဘူး၊ စေတနာရှိလာအောင်လည်း မပြောတတ်ဘူး ">> ..ဆိုတဲ့ .. ဖိုးကျော် .။

“ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော longevity ဆေးခန်းဖြစ်တဲ့ .. AGELESS OASIS LONGEVITY CLINIC  ရဲ့ အသိပညာပေး ဟောပြောပွဲကို ...
23/09/2025

“ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော longevity ဆေးခန်းဖြစ်တဲ့ .. AGELESS OASIS LONGEVITY CLINIC ရဲ့ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့၊နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့ပြီးGlow & Thrive Health & Beauty Expo 2025 ပွဲအခမ်းအနားမှာ ထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီး အဆိုပါ အခမ်းအနားပုံရိပ်တွေကိုအခုလို ဖော်ပြပေးလိုက်ရပါတယ်..။

Address

Mahar Thukha Street, Kyi Taw Quarter
Pazundaung

Website

Alerts

Be the first to know and let us send you an email when Sunday Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share