Installation By TZ

Installation By TZ Smart & Save Your Life
𝗜𝗻𝘀𝘁𝗮𝗹𝗹𝗮𝘁𝗶𝗼𝗻 𝗯𝘆 𝗧𝗭

  By TZ      0926770040309267700503
20/04/2026

By TZ



09267700403
09267700503

"လူကြီးမင်းတို့ မိသားစုဝင်အားလုံး နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် အပူပင်နှင့် သောကများအားလုံးကို အတာရေဖြင့် အေးချမ်းစ...
16/04/2026

"လူကြီးမင်းတို့ မိသားစုဝင်အားလုံး နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် အပူပင်နှင့် သောကများအားလုံးကို အတာရေဖြင့် အေးချမ်းစွာ ဆေးကြောသန့်စင်နိုင်ကြပါစေလို့ TZ Security မိသားစုမှ ရှေးဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ။
TZ Security ကို အစဉ်တစိုက် ယုံကြည်အားပေးခဲ့ကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။ လူကြီးမင်းတို့၏ ဘဝနှင့် ပိုင်ဆိုင်မှုများ အမြဲတမ်း ဘေးကင်းလုံခြုံပြီး၊ နှစ်သစ်မှစ၍ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံကာ လိုအင်ဆန္ဒများ အမြန်ဆုံး ပြည့်ဝကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
ကျွန်ုပ်တို့ TZ Security အနေဖြင့်လည်း လူကြီးမင်းတို့၏ လုံခြုံစိတ်ချရသော လူနေမှုဘဝအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများဖြင့် အမြဲအနားမှာ ရှိနေပါမည်။

TZ Security Co., Ltd.
(CCTV 🔺 Solar 🔺 FIBER 🔺 GPS 🔺 NETWORK)

၂ခါပြန်မရပါ ဒီပစ္စည်းအကြောင်းသိတဲ့သူတွေဒီဈေးတန်တယ်ဆိုတာသိပါတယ် အရေအတွက် အကန့်အသတ် ဖြင့်သာ
06/04/2026

၂ခါပြန်မရပါ ဒီပစ္စည်းအကြောင်းသိတဲ့သူတွေဒီဈေးတန်တယ်ဆိုတာသိပါတယ် အရေအတွက် အကန့်အသတ် ဖြင့်သာ

  By TZ    0926770040309267700503
16/02/2026

By TZ


09267700403
09267700503

  By TZ     0926770040309267700503
02/02/2026

By TZ


09267700403
09267700503

ဆိုလာတပ်ထားပြီး ရာသီဥတုဒဏ်ကို စိတ်ပူနေပါသလား? ⛈️☀️မြန်မာနိုင်ငံရဲ့ အပူရှိန်ပြင်းတဲ့နွေ၊ မိုးသည်းထန်တဲ့ ဝါဆိုဝါခေါင်ကာလတွ...
02/02/2026

ဆိုလာတပ်ထားပြီး ရာသီဥတုဒဏ်ကို စိတ်ပူနေပါသလား? ⛈️☀️

မြန်မာနိုင်ငံရဲ့ အပူရှိန်ပြင်းတဲ့နွေ၊ မိုးသည်းထန်တဲ့ ဝါဆိုဝါခေါင်ကာလတွေကို ဆိုလာပြားတွေ ခံနိုင်ရည်ရှိပါ့မလားဆိုတာ လူတိုင်းစိုးရိမ်တတ်ကြပါတယ်။ ငွေကြေး အမြောက်အမြား အကုန်အကျခံ တပ်ဆင်ထားရတာမို့ ရေရှည်ခိုင်ခံ့ဖို့က အဓိကပဲလေ။

ဒါကြောင့် ဆိုလာသုံးစွဲသူတိုင်း သိထားသင့်တဲ့ "ဆောင်ရန်၊ ရှောင်ရန်" အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

✅ ဆောင်ရန်အချက်များ (Do)

ခိုင်ခံ့တဲ့ Mounting Structure ကိုသုံးပါ: လေပြင်းတိုက်တဲ့အခါ ဆိုလာပြားတွေ လွင့်မထွက်သွားဖို့ အရည်အသွေးကောင်းတဲ့ အလူမီနီယံ ဒါမှမဟုတ် သံချေးမတက်မယ့် Galvanized Steel frame တွေကိုပဲ သုံးသင့်ပါတယ်။

ပုံမှန်သန့်ရှင်းရေးလုပ်ပါ: ဖုန်မှုန့်တွေနဲ့ သစ်ရွက်ခြောက်တွေဟာ မီးဘေးအန္တရာယ်ကို ဖြစ်စေနိုင်သလို လျှပ်စစ်ထုတ်လုပ်မှုကိုလည်း လျော့ကျစေပါတယ်။ တစ်လ (၁) ကြိမ်လောက် ရေစင်အောင် ဆေးပေးပါ။

မိုးကြိုးလွှဲ (Lightning Protection) တပ်ဆင်ပါ: မိုးတွင်းမှာ စိတ်အေးရအောင် မိုးကြိုးလွှဲစနစ်နဲ့ Earthing စနစ်ကို စနစ်တကျ ထည့်သွင်းတပ်ဆင်ထားပါ။

Professional နဲ့ စစ်ဆေးပါ: ၆ လ တစ်ကြိမ်လောက်မှာ ကျွမ်းကျင်တဲ့ Technician တွေနဲ့ ဝါယာကြိုး ချိတ်ဆက်မှုတွေကို ပြန်လည်စစ်ဆေးတာက အကောင်းဆုံးပါ။

❌ ရှောင်ရန်အချက်များ (Don'ts)

နေပူရှိန်ပြင်းတုန်း ရေမလောင်းပါနဲ့: နေပူထဲမှာ ဆိုလာပြားတွေ အရမ်းပူနေချိန်မှာ ရေအေးနဲ့ အတင်းလောင်းချလိုက်ရင် Thermal Shock ဖြစ်ပြီး မှန်တွေ အက်သွားတတ်ပါတယ်။ ဒါ့ကြောင့် မနက်စောစော ဒါမှမဟုတ် ညနေပိုင်းမှ ဆေးကြောပါ။

အရိပ်ကျတဲ့နေရာမှာ မထားပါနဲ့: သစ်ပင်အရိပ် ဒါမှမဟုတ် တိုက်အရိပ် ခဏခဏ ကျနေရင် ဆိုလာဆဲလ်တွေမှာ Hotspot ဖြစ်ပြီး သက်တမ်းတိုစေပါတယ်။

အလေးအပင်တွေ မတင်ပါနဲ့: ဆိုလာပြားပေါ် တက်နင်းတာ၊ ပစ္စည်းတင်တာမျိုး လုံးဝ (လုံးဝ) မလုပ်ရပါဘူး။ Solar ပြားတွေဟာ သာမန် မမြင်နိုင်တဲ့ Micro-cracks လေးတွေပေါင်းစပ်ထားတာဖြစ်လို့ ဒီလိုပြုလုပ်ချင်းက လျှပ်စစ်စီးဆင်းမှုကို ထိခိုက်စေနိုင်ပါတယ်။

💡 အကြံပြုချက်: ရာသီဥတုဒဏ်ကို အမှန်တကယ် ခံနိုင်ရည်ရှိဖို့ဆိုရင် ပစ္စည်းရွေးချယ်မှုက ၅၀%၊ စနစ်တကျ တပ်ဆင်မှုက ၅၀% အရေးကြီးပါတယ်။

မိတ်ဆွေတို့ရဲ့ ဆိုလာစနစ်နဲ့ ပတ်သက်ပြီး တစ်ခုခု သိချင်တာရှိရင်ဖြစ်ဖြစ်၊ စစ်ဆေးပေးစေချင်ရင်ဖြစ်ဖြစ် Comment မှာ မေးမြန်းခဲ့နိုင်သလို Messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ 👇

m.me/installationbyTZ

📍လိပ်စာ - အမှတ် (၁၀၅) ဆိပ်ကမ်းသာလမ်း (အောက်) ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်

📞 09257700403 / 09257700503

သာမာန်မဟုတ်တဲ့ Ai CCTV အခုခေတ် နည်းပညာမြင့်မားလာမှုနဲ့အတူ CCTV System တွေကလည်း AI နည်းပညာတွေပါဝင်နေ တာကြောင့် ကိုယ့်အိမ်...
29/11/2025

သာမာန်မဟုတ်တဲ့ Ai CCTV

အခုခေတ် နည်းပညာမြင့်မားလာမှုနဲ့အတူ CCTV System တွေကလည်း AI နည်းပညာတွေပါဝင်နေ တာကြောင့် ကိုယ့်အိမ်၊ အလုပ်ရုံးခန်းတွေမှာ အမြဲတမ်း Smart ကျပြီး ခိုးယူမှုတွေ နည်းပါးအောင် စောင့်ကြည့်နေနိုင်ပါတယ်။

AI CCTV တွေက ဘာတွေအားသာလဲ ❓

1️⃣ Facial Recognition ဖြစ်တဲ့အတွက် လူလား၊ တိရစ္ဆာန်လား သေချာခွဲခြမ်းစိတ်ဖြာနိုင်ပြီး လူရဲ့မျက်နှာကို သေချာမှတ်သားနိုင်တဲ့ System တွေကြောင့် ခိုးမှုဖြစ်လာပါက သေချာဖော်ထုတ်နိုင်တဲ့အထိ အဆင်မြှင့်နည်းပညာတွေကြောင့် ခိုးယူမှုတွေဖြစ်လာတဲ့အခါ အထောက်အကူဖြစ်ပါတယ်။

2️⃣ Object Direction ဖြစ်တဲ့အတွက် အရာဝတ္ထုတွေကိုလည်း သေချာခွဲခြားသတ်မှတ်နိုင်ပြီး လူ၊ ကား၊ တိရိစ္ဆာန်၊ အရိပ် စတဲ့ အရာဝတ္ထုတွေကို ဆန်းစစ်နိုင်တာကြောင့် လိုအပ်လာတဲ့အခါ ချက်ခြင်း အသိ၊ သတိပေးနိုင်ပါတယ်။

3️⃣Intrusion Detection System တွေပါဝင်တဲ့အတွက် ပုံမှန်မဟုတ်တဲ့ ကျူးကျော်မှု၊ အရိပ်အယောင်၊ လှုပ်ရှားမှုတွေကိုမြင်တာနဲ့ ချက်ခြင်း သတိပေးနိုင်တဲ့ Alarm မြည်ပြီး ကျူးကျော်ဝင်ရောက်သူတွေရဲ့ အန္တရာယ်ကနေကာကွယ်နိုင်ပါတယ်။

4️⃣ Night Vision ဖြစ်လို့ ညဘက်အချိန်တွေမှာလည်း ပုံရိပ်တွေကို ရှင်းလင်းပြတ်သားစွာနဲ့ မြင်နိုင်ပါတယ်။

5️⃣ Smart Search & Analytic တွေဖြစ်လို့ Smart ကျတဲ့ရှာဖွေမှု ၊ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာ နိုင်ပြီး လူအဝင်အထွက်တွေ၊ တိရိစ္ဆာန်တွေလား သေချာတိကျတဲ့ အမှတ်အသား၊ ဖော်ထုတ်မှုတွေကိုလည်း ရှာဖွေနိုင်ပါတယ်။

အခုလို အဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ CCTV တစ်လုံးဟာ အဖွဲ့အစည်းအတွင်း လုံခြုံရေးမြှင့်တင်ပေး နိုင်တဲ့အပြင် ခိုးမှုတွေကိုပါ ကာကွယ် စောင့်ရှောက်နိုင်ပါတယ်။

Professional ကျတဲ့ တပ်ဆင်မှုတွေနဲ့ သေသပ်တဲ့ လက်ရာ၊ ဝန်ဆောင်မှုမျိုးကို လိုအပ်တယ်ဆိုရင်တော့ Installation By TZ ကိုသာ ရွေးချယ်တပ်ဆင်နိုင်ပါပြီခင်ဗျာ။

_____________________________________________________

အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက 📌

📞 09267700403
📞 09267700503

Messenger …..
m.me/installationbyTZ

📌 လိပ်စာ - အမှတ် (၁၀၅)၊ ဆိပ်ကမ်းသာလမ်း(အောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်


Fiber internet Vs  Wireless Internet 🤷‍♂️ပထမဦးဆုံး Fiber Internet ဆိုတဘာလဲ၊ Wireless Internet ဆိုတာကရောဘာလဲ❓သူတို့နှစ်ခု...
26/11/2025

Fiber internet Vs Wireless Internet 🤷‍♂️

ပထမဦးဆုံး Fiber Internet ဆိုတဘာလဲ၊ Wireless Internet ဆိုတာကရောဘာလဲ❓

သူတို့နှစ်ခုက ဘာကွာလဲဆိုတာ အရင်ဆုံး ပြောပြပေးသွားပါမယ်။ ကွာခြားချက်၊ အားနည်းချက် အားသာချက်တွေ သိတဲ့အရာ ကိုယ်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Internet ကို အသုံးပြုနိုင်ပါတယ်။

📌 Fiber ဆိုတာ အမြန်နှုန်းပြောစရာမလိုအောင် ကောင်းမွန်စေတဲ့အတွက် Online Meeting , Game, Movie တွေကြည့်ဖို့အတွက် အကောင်းဆုံး Internet ချိတ်ဆက်မှုတစ်ခုဖြစ်တယ်။ Data တွေကို သယ်ဆောင်တဲ့အခါမှာ ကြိုးကနေသယ်ဆောင်ပြီး ရာသီဥတုဆိုးရွားနေလည်း အင်တာနက်လိုင်း တည်ငြိမ်မှုနဲ့ ကောင်းမွန်စေပါတယ်။ အရေးကြီးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တိုင်း ကတော့ Fiber Internet ကိုတပ်ဆင်သင့်ပါတယ်။

📌 Wireless Internet ဆိုတာကတော့ အသုံးပြုရလွယ်တယ်၊ တပ်ဆင်ရလွယ်ကူတယ်၊ ဒါပေမယ့် ရာသီ ဥတု အခြေအနေ ဆိုးရွားတဲ့အချိန်မျိုးမှာဆိုရင် အင်တာနက်လိုင်းနှေးကွေးတာတွေဖြစ်တတ်ပါတယ်။Fiber Internet အတွက် လိုအပ်တဲ့ Internet Cable ချရခက်တဲ့ဒေသတွေမှာတော့ Wireless ကိုသာအသုံးပြုရပါတယ်။

Fiber ရော Wireless နှစ်ခုစလုံးက အိမ်သုံး၊ ရုံးသုံး အင်တာနက်တွေအတွက် လူကြိုက်များတဲ့ နည်းပညာတွေပဲဖြစ်ပါတယ်။ တည်ငြိမ်မှုမြန်ဆန်လိုသူများအတွက် Fiber ကိုသာ အသုံးပြုကြပြီး Fiber မရတဲ့ဒေသတွေအတွက်ကတော့ Wireless က အဆင်ပြေဆုံးပါပဲခင်ဗျာ။

Fiber လား၊ Wireless လား ၊ Installation By TZ နဲ့ဖြေရှင်းလိုက်တာ အမြန်ဆုံးပါပဲခင်ဗျာ။

_____________________________________________________

အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက 📌

📞 09267700403
📞 09267700503
Messenger …..
m.me/installationbyTZ
📌 လိပ်စာ - အမှတ် (၁၀၅)၊ ဆိပ်ကမ်းသာလမ်း(အောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်


Address

No. 105, ဆိပ်ကမ်းသာလမ်း ( အောက်) , ကျောက်တံတားမြို့နယ်
Pazundaung
11181

Alerts

Be the first to know and let us send you an email when Installation By TZ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Installation By TZ:

Share