08/12/2025
လွမ်းတယ် အမေ🤱
အရမ်းလွမ်းတယ်🤱
အမေလို့ ခေါ်ခွင့်မရတာ ၄နှစ်ပြည့်တော့မေ
အချိန်တွေကုန်တာ မြန်လိုက်တာ အမေရယ်
၄နှစ်ဆိုတဲ့ ကာလ တခုမှာ
အမေ့ ချစ်သမီးလေးလည်း မရင့်ကျက်ချင်ဘဲ
ရင့်ကျက်လာခဲ့ရပြီ ပတ်ဝန်းကျင်ရဲ့ လမ်းပြမှုနက်အတူပေါ့
အမြဲခပ်တည်တည်နေတတ်ပြီး ကိုယ်မှန်ရင် စပ်စပ်ထိမခံ စွာတေးလန်လေးက
ခုတော့ အမြဲအပြုံးပန်းတွေ ဝေဆာနေတဲ့ မျက်နှာလေးနံ့ လူကြီးလူငယ်မရွေး နှုတ်ဆက်တတ်နေပြီ
မှားမှားမှန်မှန် ဆူဆူငေါက်ငေါက် မျက်နှာတချက်ညှိုးမသွားဘဲ
အပြုံးလေးနက် လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံပြောဆိုတတ်တဲ့သူလေး ဖြစ်နေပြီ အမေ 🤱
အမေ့ရဲ့ ချစ်သမီးလေး အရမ်းတော်တယ်မလား???