
18/06/2024
ပေါက်ခေါင်းမှာ စစ်ကောင်စီကို သတင်းပေးလမ်းပြလုပ်ပေးနေသည့် ဗိုလ်ဝင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရ
ဇွန် ၁၈ ၂၀၂၄ တိုင်းဟံသာ
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီကို သတင်းပေး လမ်းပြလုပ်ပေးနေသည့် ဗိုလ်ဝင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ရွာတွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေး ဗိုလ်ဝင်းဆိုသူအား ဇွန်လ ၁၅ရက်နေ့ မွန်းလွဲ၂နာရီခန့် အချိန်တွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၅)၊ ရွှေတောင်(ပကဖ)နှင့် ပေါက်ခေါင်း(ပကဖ)တို့မှ ၄င်း၏နေအိမ်သို့သွားရောက်၍ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းရာ ဝမ်းဗိုက်ကျည်ထိမှန်ပြီး နေရာမှာပင် ပွဲခြင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ဗိုလ်ဝင်း ဟာ တောင်လည်ရွာက မီးသတ်တပ်ဖွဲ့ဝင်ဖြစ်ပြီး တောင်လည်ရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာများမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများအား ဖမ်းဆီးရန် စစ်ကောင်စီထံ သတင်းပေးပိုခြင်း၊ကျေးရွာအတွင်း နေထိုင်၍ မရအောင် သတင်းပေးပို့ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို စောင်ကြည့်သတင်းပေးခြင်း၊ စစ်ကောင်စီတပ်အား လမ်းပြအဖြစ် လုပ်ဆောင်နေသူဖြစ်တဲ့အတွက် ယခုလို ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ဆိုပါသည်။
ဆက်လက်၍လည်း ပြည်သူများအား စစ်ကောင်စီထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီတပ်အား လမ်းပြခြင်းနှင့် ထောက်ပံ့ခြင်းများ မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်၍ နောက်မဆုတ်ဘဲ ဆက်လက်လုပ်ဆောင်နေသူများကို ပြည်ခရိုင် တပ်ရင်း ၃၆၀၁ အနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။
တိုင်းဟံသာမှ တင်ဆက်နေသည့် သတင်းများကို https://t.me/timehanthar တယ်လီဂရမ်ချန်နယ်မှာလည်း ဖက်ရူနိုင်ပါသည်။
#တိုင်းဟံသာ