Ko Ko Rupa ''Myanmar Alinn News''

Ko Ko Rupa ''Myanmar Alinn News'' Page Like

မဂ်လာရှိသော နံနက်ခင်းလေးပါ။
23/03/2022

မဂ်လာရှိသော နံနက်ခင်းလေးပါ။

ဒီဇင်ဘာ ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၏ စာမျက်နှာ ၂၂ တွင် ဖော်ပြပါရှိသော မိမိ၏သတင်း+ဓာတ်ပုံမင်းမင်းလတ်(မန်းတက္ကသိုလ်)...
06/12/2021

ဒီဇင်ဘာ ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၏ စာမျက်နှာ ၂၂ တွင် ဖော်ပြပါရှိသော မိမိ၏သတင်း+ဓာတ်ပုံ

မင်းမင်းလတ်(မန်းတက္ကသိုလ်)
ဖုန်း ၀၉- ၇၉၉ ၂၀၈ ၁၄၁
၀၉ - ၄၂၀ ၇၃၇ ၂၄၇

20/06/2021
12/11/2020
မဂ်လာနံနက်ခင်းလေးပါ။
07/11/2020

မဂ်လာနံနက်ခင်းလေးပါ။

မနေ့က ရေးမိခဲ့သမျှပေါ့...ယနေ့ မြန်မာ့အလင်းတွင်ဖော်ပြပါရှိ။ဓာတ်ပုံ-ခိုင်ဇင်ဝင်း(နေပြည်တော်)သတင်း-မင်းမင်းလတ်(မန်းတက္ကသိုလ...
29/07/2020

မနေ့က ရေးမိခဲ့သမျှပေါ့...
ယနေ့ မြန်မာ့အလင်းတွင်ဖော်ပြပါရှိ။

ဓာတ်ပုံ-ခိုင်ဇင်ဝင်း(နေပြည်တော်)
သတင်း-မင်းမင်းလတ်(မန်းတက္ကသိုလ်)
နေပြည်တော်သတင်းထောက်။
မြန်မာ့အလင်းသတင်း။
ဖုန်း ၀၉-၇၉၉ ၂၀၈ ၁၄၁

ကိုဗစ်ကာလ ထောက်ပံ့​​ငွေများ ပေးအပ်။   ပုံမှန်ဝင်ငွေမရှိသူ /အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဇ...
29/07/2020

ကိုဗစ်ကာလ ထောက်ပံ့​​ငွေများ ပေးအပ်။

ပုံမှန်ဝင်ငွေမရှိသူ /အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ပျဥ်းမနားမြို့ ရွာကောက်ရပ်ကွက် အတွင်းရှိ နယ်မြေ (၁၈) ခုအတွက် အဆိုပါ ရွာကောက်ရပ်ကွက် အုပ်ချုပ်ရေးမှုုးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရွာကောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်ဦးမှ တဆင့် နယ်မြေအတွင်းရှိ ရပ်ကွက်သူ ရပ်ကွက်သားများထံသို့ နေ့ချင်းပြီးရောက်ရှိစေရန် ရပ်မိရပ်ဖများ၊ ရာအိမ်မှုုးများ၊ ဆယ်အိမ်မှုုးများလက်သို့ အိမ်ထောင်စု(၄၀၅၇) စုအတွက် အိမ်ထောင်စု တစ်စုလျင် (၂၀၀၀၀) ကျပ်နှုံးဖြင့် စုစုပေါင်းကျပ် (၈၁၄)သိန်းကျပ်ကို နယ်မြေအလိုက် ခွဲဝေပေးခဲ့ကြောင်း သိရသည်။

သတင်း+ဓာတ်ပုံ
မင်းမင်းလတ်(မန်းတက္ကသိုလ်)
နေပြည်တော်သတင်းထောက်။
မြန်မာ့အလင်းသတင်း။
ဖုန်း ၀၉-၇၉၉ ၂၀၈ ၁၄၁

"CERP Action Plan"အရ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းမှ ဒေသခံတောင်သူ လယ်သမားများ မိသားစုဝင်ငွေတိုးတက်လျက်ရှိ။ ...
29/07/2020

"CERP Action Plan"အရ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းမှ ဒေသခံတောင်သူ လယ်သမားများ မိသားစုဝင်ငွေတိုးတက်လျက်ရှိ။
"CERP" Covid -19 Economic Relief Plan အရ ပျဥ်းမနားမြို့နယ် ပေါစံခေါကျေးရွာ၊ စနစ်ကျလယ်ယာမြေ(၃၀၃)ဧကကွင်း၌ ၂၀၁၉-၂၀၂၀ မိုးစပါးဧက(၁၀၀)အား စက်မှုလယ်ယာဦးစီးဌာန အမှတ်(၈၄) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးမည်ဖြစ်ရာ ပျိုးထောင်ခြင်း၊ ပျိုးသယ်ခြင်း လုပ်ငန်းများအား ဇူလိုင်(၁၅) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ဒေသခံတောင်သူ လယ်သမား မိသားစုတို့၏ လုပ်အားဖြင့် Cash For Work အစီအစဥ်အရ အိမ်ထောင်စု (၆၃၀)၏ ကျား (၃၅၀)၊ မ (၄၅၀) စုစုပေါင်း (၈၀၀) ဦးအား လုပ်အားခများ ပေးချေလျက်ရှိသည့်အတွက် လုပ်သားများ၏ နေ့စဥ်ဝင်ငွေတိုးတက်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် "CERP Action Plan" အရ Covid -19 ကာလအတွင်း ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ကြားပေါင်းလိုက်ခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများအထိ ဌာနပိုင်စက်များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာခြင်း၊ Cash For Work အစီအစဥ်အရ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာစေကာ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)
နေပြည်တော်သတင်းထောက်။
မြန်မာ့အလင်းသတင်း။
ဖုန်း ၀၉-၇၉၉ ၂၀၈ ၁၄၁

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ သင်တန်းပို့ချ။  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေ...
25/07/2020

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ သင်တန်းပို့ချ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေများ လုပ်ထုံးလုပ်နည်းများအား သင်တန်းပို့ချခြင်းကို ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီက ရမည်းသင်းမြ်ို့မရဲစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့မှုုး ယာယီရဲမှူး ထိန်လင်းက သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ် ပို့ချခဲ့ပြီး အဆိုပါသင်တန်းသို့ တပ်ဖွဲ့ဝင် အရာရှိ/ အခြားအဆင့်(၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ရမည်းသင်း မနမ
သတင်း-မင်းမင်းလတ်(မန်းတက္ကသိုလ်)

နေပြည်တော်ရှိ"သီတာရေစင်ပရဟိတ ရေလှူအသင်း"မှ မီးဘေးသင့် ဒေသခံများအတွက် ထောက်ပံ့ပေးအပ် လှူဒါန်း    ပြည်ထောင်စုနယ်မြေ နေပြည်...
19/05/2020

နေပြည်တော်ရှိ"သီတာရေစင်ပရဟိတ ရေလှူအသင်း"မှ မီးဘေးသင့် ဒေသခံများအတွက် ထောက်ပံ့ပေးအပ် လှူဒါန်း

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာတွင် မေ ၁၅ ရက် နံနက် (၂) နာရီ (၂၅) မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုတွင် မီးဘေးသင့်ဒေသခံများအား ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းစျေးတွင် ဖွဲ့စည်းထားသည့် "သီတာရေစင်ပရဟိတရေလှူအသင်း"မှ သွားရောက်ထောက်ပံ့ပေးအပ် လှူဒါန်းခြင်းကို ယနေ့ မေလ ၁၉ ရက် နံနက် ၉ နာရီခွဲက ဒိုးနွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မီးဘေးသင့်ဒေသခံ အိမ်ထောင်စု(၁၅)စု ၊ လူဦးရေ(၅၁) ဦးအတွက် အိမ်ထောင်စု ၁ စုလျှင် ဆန် ၁၂ပြည်အိတ် ၁ အိတ်၊ ဆီ ၁ လီတာဗူး(၁)ဗူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အိမ်သုံးဆား၊ ရေသန့်ဗူး၊ ဟင်းသီးဟင်းရွက်မျိုးစုံ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ဒိုးနွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်အား သီးသန့် နဝကမ္မဝထ္တူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

Photo Creditor-
သီတာရေစင်ပရဟိတရေလှူအသင်း။
သတင်း- မင်းမင်းလတ်(မန်းတက္ကသိုလ်)
နေပြည်တော်သတင်းထောက်
မြန်မာ့အလင်းသတင်း
ဖုန်း- ၀၉ ၇၉၉ ၂၀၈ ၁၄၁

မဂ်လာနံနက်ခင်းလေးပါ ချစ် fri တို့   !  ယနေ့ မတ်လ ၂၄ ရက်နေ့ ကြေးမုံသတင်းစာ၏ စာမျက်နှာ ၁၉ တွင် နေပြည်တော်မိသားစု ပရဟိတအသင်...
24/03/2020

မဂ်လာနံနက်ခင်းလေးပါ ချစ် fri တို့ !
ယနေ့ မတ်လ ၂၄ ရက်နေ့ ကြေးမုံသတင်းစာ၏ စာမျက်နှာ ၁၉ တွင် နေပြည်တော်မိသားစု ပရဟိတအသင်း၏ (၆၁)ကြိမ်မြောက် စုပေါင်းသန့်ရှင်းရေးကုသိုလ်ယူ ဆောင်ရွက် သတင်း+ဓာတ်ပုံ ဖော်ပြပါရှိ။

မင်းမင်းလတ်(မန်းတက္ကသိုလ်)
နေပြည်တော်သတင်းထောက်။
မြန်မာ့အလင်း သတင်း။
ဖုန်း ၀၉-၇၉၉ ၂၀၈ ၁၄၁

Address

Pyinmana

Website

Alerts

Be the first to know and let us send you an email when Ko Ko Rupa ''Myanmar Alinn News'' posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share