Knowledge Sharing By U Oo

Knowledge Sharing By U Oo Mingalarbar
🍀ဖတ်မိသမျှ စာတိုပေစလေးများ မျှဝေရာ🍀

Be Appreciate What You've Got🍁"Most of the people just don't know how to appreciate what they've got" တဲ့🍁လူအများစုက မိမ...
11/01/2024

Be Appreciate What You've Got

🍁"Most of the people just don't know how to appreciate what they've got" တဲ့

🍁လူအများစုက မိမိမှာရှိတဲ့အရာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး ...တဲ့
ဟုတ်ကဲ့ အဲထဲမှာ ကျွန်တော်အပါအဝင်ပါပဲ။

🍁ကျွန်တော်တို့တစ်တွေက မိုးရွာရင်လည်း မိုးရွာလို့ နေလေးပူရင် သိပ်ကောင်းမှာပဲ၊ နေပူလွန်းပြန်ရင်လည်း နေလေးအေးသွားရင် သိပ်ကောင်းမှာပဲ၊ မိုးလည်းတစ်ဖြိုက်နှစ်ဖြိုက်လောက်ကျလိုက်ရင် နေသာထိုင်သာရှိမှာ ပဲ၊ ဆောင်းတွင်းအေးလွန်းပြန်ရင်လည်း နွေးထွေးတဲ့ရာသီလေးကို လိုချင်တောင့်တပြန်ကြရော။

🍁သဘာဝတရားကြီးကတော့ သူ့သဘာဝအတိုင်း ပြောင်းလဲနေမှာပါပဲ။ ကျွန်တော်တို့တွေက Control လုပ်လို့မရတဲ့အရာကိုး။ ကျွန်တော်တို့တွေ Control လုပ်နိုင်တာကတော့ ကိုယ့်ရဲ့စိတ်ပါပဲ။ ကျွန်တော်တို့ကြုံတွေ့လာရတဲ့အရာကို တန်ဖိုးထားပြီး အလိုက်သင့်ပြောင်းလဲနေထိုင်ပါမှ အားလုံးနဲ့အဆင်ပြေတဲ့ movement တစ်ခုဖြစ်နိုင်မှာပါ။

🍁တစ်ယောက်က နေပူလွန်းလို့ မိုးကိုတောင့်တနေတဲ့အချိန် စပါးရိတ်သိမ်းထားပြီးတဲ့ လယ်သမားတစ်ယောက်ကတော့ မိုးရွာမှာကို ကျိန်းသေပေါက် လိုချင်မှာမဟုတ်ပါဘူး။ တစ်ချို့တွေ ဆောင်းတွင်းရဲ့ အေးမြမှုကို သဘောကြတဲ့အချိန် ပန်းနာရင်ကြပ်သမားတွေ၊ ကျန်းမာရေးချုချာတဲ့သူတွေအနေနဲ့ ဒီလိုရာသီမျိုး လိုချင်ကြမှာ မဟုတ်ပြန်ပါဘူး။

🍁"Man Proposes God Disposes" ...တဲ့
"လူ့အလို နတ်မလိုက်နိုင်ပါဘူး"။ ကျွန်တော်တို့တွေက ကိုယ့်လက်ထဲဖုန်းမရှိတဲ့အချိန်တုန်းက "ငါဖုန်းလေးတစ်လုံးလောက်ကိုင်ရရင် သိပ်ကောင်းမှာပဲ" ဆိုပြီး တွေးခဲ့ဖူးကြပါလိမ့်မယ်။

🍁ကိုယ်ကိုတိုင် ဖုန်းတကယ်ကိုင်နိုင်တဲ့အခါကြတော့လည်း ဒီဖုန်းတဲ့မြင့်တဲ့ Branded Phone မျိုး ကိုင်ချင်ပြန်ရော။ ငယ်ငယ်ကစက်‌ဘီးလေး လိုချင်ခဲ့တယ်။ ကြီးလာတော့ ဆိုင်ကယ်လေးလိုချင်သွားပြန်ရော။ ဆိုင်ကယ် ရှိလာပြန်တော့လည်း ဒီထက်ပိုကောင်း ပိုမြင့်တဲ့ Model မျိုး လိုချင်လာပြန်ရော။

🍁မိဘအိမ်မှာရှိတုန်းက အိမ်ရဲ့အဝေးကို ထွက်သွားချင်မိခဲ့တယ်။ အိမ်ရဲ့အဝေးကိုရောက်မှ အိမ်ရဲ့နွေးထွေးမှုကို သိလာခဲ့တယ်။

နေထိုင်မကောင်းဖြစ်တဲ့အချိန်ကြမှ ကျန်းမာခြင်းရဲ့ တန်ဖိုးကို သိကြတယ်။

ပထမဆုံးအလုပ်မရှိခင်တုန်းကတော့ အလုပ်လေးတစ်ခုလိုချင်ခဲ့တယ်။ လစာတွေတိုးပြီး ရာထူးတွေကြီးလာခဲ့လည်း ကိုယ်ဘယ်နေရာပဲရောက်ရောက် ကျေနပ်အုံးမှာမဟုတ်ပါဘူး။

🍁ဒီလိုဆိုတော့ ကျွန်တော်တို့တွေ မကြိုးစားရဘူး၊ ဘာကိုမှမမျှော်လင့်ရဘူးလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ အကောင်းဆုံးဖြစ်အောင်တော့ အမြဲတမ်း ကြိုးစားနေရပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားတတ်ဖို့လည်း လိုတယ်လို့ မြင်ပါတယ်။

📢ကျွန်တော််တို့တွေ ကိုယ်ပိုင်ဆိုင်တဲ့အရာကို တန်ဖိုးထားတတ်ကြပြီလား?

#တွေးဆဆင်ခြင်ကြည့်ဖို့ပါ

ကိုယ်စိုက်ပျိုးတာ ကိုယ်ရိတ်သိမ်းရမည်🌿တစ်ခါက လယ်သမားကြီးတစ်ဦးရှိခဲ့တယ်။ နေ့စဉ်မနက်တိုင်း ထောပတ်တစ်ပေါင်ကို ပေါင်မုန့်ဖုတ်...
09/01/2024

ကိုယ်စိုက်ပျိုးတာ ကိုယ်ရိတ်သိမ်းရမည်

🌿တစ်ခါက လယ်သမားကြီးတစ်ဦးရှိခဲ့တယ်။ နေ့စဉ်မနက်တိုင်း ထောပတ်တစ်ပေါင်ကို ပေါင်မုန့်ဖုတ်သမားဆီ ပို့ပေးရောင်းချရလေ့ရှိတယ်။

တစ်နေ့ကြတော့ ပေါင်မုန့်ဖုတ်သမားက လယ်သမားကြီး လာပို့ပေးတဲ့ ထောပတ်ကို တစ်ပေါင်ပြည့်၊ မပြည့် ချိန်ကြည့်တယ်။ မပြည့်မှန်းသိသွားတဲ့အခါကြတော့ စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပါသတဲ့။📢

🌿တရားခွင်မှာ တရားသူကြီးက အခုလိုပဲ စစ်မေးခဲ့ပါတယ်.."လယ်သမားကြီးရောင်းချတဲ့ ထောပတ်က တစ်ပေါင်မပြည့်ဘူးလို့ဆိုပါတယ်၊ ဟုတ်ပါသလား" ဆိုပြီး မေးလိုက်ပါတယ်။

📢လယ်သမားကြီးက ပြန်ဖြေခဲ့ပါတယ်..." ထောပတ်တစ်ပေါင်မပြည့်တာ မှန်ကောင်းမှန်ပါလိမ့်မယ် တရားသူကြီးမင်းခင်ဗျား၊ တကယ်လို့ အဲဒီလို မပြည့်ခဲ့ဘူးဆိုရင်လည်း ကျွန်တော်မျိုးကြောင့် မဟုတ်ရပါ၊ ပေါင်မုန့်ဖုတ်သမားကြောင့်သာ ဖြစ်ပါလိမ့်မယ်" ဆိုပြီး လျှောက်ထားခဲ့ပါတယ်။

📢"ဘယ်လို....ဘယ်လို..ရှင်းစမ်းပါအုံး" တရားသူကြီးမင်း မျက်စိလည် နားရှုပ်သွားခဲ့ပါတယ်။

📢လယ်သမားကြီးက "ဒီလိုပါခင်ဗျာ၊ ကျွန်တော့်လို ဆင်းရဲသား လယ်သမားတစ်ယောက်ဆီမှာ ပေါင်ချိန်စရာ ဘယ်လိုရှိနိုင်ပါမလဲခင်ဗျာ။ ဒီတော့ ပေါင်မုန့်ဖုတ်သမားဆီက ပေါင်မုန့်တစ်ပေါင်ဝယ်ပြီး အဲဒီပေါင်မုန့်နဲ့ ညီမျှတဲ့ အလေးချိန်ရှိတဲ့ ထောပတ်ကို ပို့ပေးရောင်းချခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ"

ဒီပုံပြင်လေးထဲမှာ တွေးစရာတွေအများကြီးပါပါတယ်။
📢ကျွန်တော်တို့တစ်တွေရော ပေါင်မုန့်ဖုတ်သမားလိုလူ‌တွေများဖြစ်နေကြပြီလား?

📝ကျွန်တော်တို့တစ်တွေက ကိုယ့်ကိုယ်ကို ဂရုစိုက်ခံချင်ကြတယ်။ မေတ္တာလိုချင်ကြတယ်။ ကြင်နာယုယမှုလိုချင်ကြတယ်။ အောင်မြင်ချင်ကြတယ်။ အစစအရာရာ အကောင်းဆုံးတွေပဲဖြစ်ချင်ကြတယ်။

🌿သို့သော် ကိုယ်ကိုယ်တိုင်ကရော တစ်ခြားသူတွေကို တစ်ပေါင်အပြည့် ပေးခဲ့ဖူးပြီလား?📢

🌿ကိုယ့်ဘက်က တစ်ပေါင်အပြည့်ပေးခဲ့ဖူးပြီး တစ်ခြားသူတွေဆီက တစ်ပေါင်အပြည့်ပြန်မရတဲ့အခါကြရင်ရော ကျွန်တော်တို့ဘယ်လို စိတ်ထားမျိုး ထားသင့်တယ်လို့ ထင်ပါသလဲ....?
#တွေးဆကြည့်ဖို့ပါ

The Bee 🐝 who isn't never sorrow🌼တစ်ခါတုန်းက စာငှက်လေးတစ်ကောင်က ပျားလေးတစ်ကောင်ကို မေးလိုက်တယ်..."ကိုရွှေပျားရေ.. ခင်ဗျာ...
08/01/2024

The Bee 🐝 who isn't never sorrow

🌼တစ်ခါတုန်းက စာငှက်လေးတစ်ကောင်က ပျားလေးတစ်ကောင်ကို မေးလိုက်တယ်...

"ကိုရွှေပျားရေ.. ခင်ဗျားတို့ကတော့ နေ့တိုင်း ပန်းပင်တွေဆီသွားလိုက် ဝတ်ရည်စုပ်လိုက်နဲ့ ပျားအုံလေးတွေတည်ဆောက်ကြတယ်...ဒါပေမဲ့ဗျာ.. လူတွေက ခင်ဗျားတို့ပင်ပင်ပန်းပန်းနဲ့ တည်ဆောက်ထားကြတဲ့ ပျားအုံတွေကို အလွယ်တကူ ယူသွားကြတယ်.. ခင်ဗျားတို့ ဝမ်းမနည်းဘူးလားဗျာ" တဲ့။

🐝ပျားလေးက ပြန်ဖြေလိုက်ပါတယ်..."ဟုတ်ကဲ့..ကျွန်တော်ဝမ်းမနည်းပါဘူးဗျာ၊ လူတွေက ပျားအုံကိုပဲ ယူသွားနိုင်တာလေ၊ ကျွန်တော်တို့ သိတဲ့တတ်တဲ့ ပျားရည်လုပ်နည်းကိုတော့ သူတို့မယူနိုင်ပါဘူးဗျာ" တဲ့။

🌼ဒီပုံပြင်လေးထဲကလိုပါပဲ..ကျွန်တော်တို့နေ့စဉ်ဘဝမှာလည်း လူတွေနဲ့ဆက်ဆံပြောဆိုရတဲ့အခါမှာ ကိုယ့်အပေါ် အမြတ်ထုတ်သွားတဲ့သူတွေ၊ လူပေါ်လူဇော် လုပ်သွားတဲ့သူတွေနဲ့ ကြုံဖူးကြမှာပါ။

🌼များသောအားဖြင့်တော့ ကျွန်တော်တို့တွေ ပေါက်ကွဲတတ်ကြ၊ ဒေါသထွက်တတ်ကြပါတယ်။ ကျွန်တော်အပါအဝင်ပါပဲ။

ကိုယ့်အပေါ် ခေါင်းပုံဖြတ်၊ အညွန့်ချိုးပြီးလုပ်သွားတဲ့သူက ကိုယ့်အထက်အရာရှိလို၊ ကိုယ့်အထက်အကြီးလိုမျိုးဆိုရင် ပိုပြီး နာသာခံခက် ဖြစ်ဖူးကြမှာပါ။

ပြန်ပြီးတော့ တုံ့ပြန်ပြောဖို့လည်း မဖြစ်သာတဲ့အခြေအနေမှာ 'ငါ့ကိုမှလုပ်ရက်လေခြင်း' ဆိုပြီး တနုံ့နုံ့ဖြစ်ဖူးကြမယ်ထင်ပါတယ်။

သေချာစဉ်းစားကြည့်လိုက်ရင်တော့ သူတို့ ကျွန်တော်တို့အပေါ်မှာ လုပ်သွားတာက အပေါ်မှာဆိုခဲ့တဲ့ ပျားလေးပြောသလိုပါပဲ။ ပျားရည်ကိုပဲ သူတို့ရသွားတာပါ။ ပျားရည်လုပ်နည်းကိုတော့ သူတို့ မသိမလုပ်တတ်ပါ။

နေ့စဉ်ရှင်သန်နေရတဲ့ အခိုက်အတန့်မှာ ကျွန်တော်တို့ 🐝ပျားလေးလို စိတ်ထားမျိုးမွေးမြူနိုင်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။

🌼လွယ်တော့မလွယ်ဘူးပေါ့၊ ကြိုးစားကြည့်သင့်တယ် ထင်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ သဘောထားကြီးကြောင်း ပြသလိုက်တာပဲလေနော်။

#တွေးတောဆင်ခြင်ကြည့်ဖို့ပါ

🍁Seasons of the Life🍁💫တစ်ခါတုန်းက...သားလေးယောက်ရှိတဲ့ ဖခင်တစ်ဦးရှိခဲ့တယ်။ တစ်နေ့ကြတော့... ဖခင်ဖြစ်တဲ့သူက သူ့သားလေးယောက်က...
08/01/2024

🍁Seasons of the Life🍁

💫တစ်ခါတုန်းက...သားလေးယောက်ရှိတဲ့ ဖခင်တစ်ဦးရှိခဲ့တယ်။ တစ်နေ့ကြတော့... ဖခင်ဖြစ်တဲ့သူက သူ့သားလေးယောက်ကို အိမ်နဲ့မနီးမဝေးမှာရှိတဲ့ ပန်းသစ်တော်ပင်ကြီးကို အလှည့်ကြ သွားကြည့်ခိုင်းခဲ့တယ်။

💫ပထမဆုံးသားကြီးကိုတော့ ဆောင်းရာသီမှာ သွားကြည့်စေခဲ့တယ်။ အဲဒီနောက် ဒုတိယသားဖြစ်သူကို နွေဦးရာသီ၊ တတိယသားကို နွေရာသီနဲ့ အငယ်ဆုံးသားဖြစ်တဲ့သူကိုတော့ ဆောင်းဦးရာသီမှာ သစ်ပင်ကြီးကို သွားကြည့်စေခဲ့တယ်တဲ့။

💫အဲလိုသွားကြည့်ပြီးတဲ့နောက် ဖခင်ဖြစ်တဲ့သူက သားလေးယောက်လုံးကို ခေါ်ပြီး သားတို့ ဘာတွေ တွေ့ခဲ့သလဲဆိုပြီးမေးတယ်။

💫သားအကြီးဆုံးက "အပင်ကြီးက အရွက်လည်းမရှိ၊ ခြောက်သွေ့ပြီး အရိုးသက်သက်နဲ့ ကြောက်စရာကြီးပါဗျာ" ဆိုပြီး ပြောသတဲ့။

နောက်တစ်ယောက်က "အစ်ကိုကြီးကလည်း မဟုတ်တာပဲ၊ အဲဒီအပင်ကြီးက ပုရစ်ဖူးလေးတွေ အစီအရီနဲ့ သိပ်လှတာ" ဆိုပြီး ပြောပြန်သတဲ့။

တစ်ခြားတစ်ယောက်ကလည်း "မဟုတ်ပါဘူးဗျာ၊ အဲအပင်ကြီးက အပွင့်တွေပွင့်ပြီး အနံ့က‌လည်း သင်းသင်းလေးနဲ့ သိပ်ကျက်သရေရှိ တင့်တယ်တာ" ဆိုပြီး ထပ်ပြောသတဲ့။

နောက်ဆုံး သားငယ်လေးကတော့ " အစ်ကိုကြီးတို့ပြောတာတွေ တစ်ခုမှလည်း မဟုတ်ပါဘူးဗျာ၊ အဲဒီအပင်က အသီးတွေလည်းကြွေ၊ အရွက်တွေကလည်း အဝါရောင်သန်းပြီး ကြွေလုလုဖြစ်နေတာဗျ။ တကယ့်ကို လွမ်းစရာကြီးပါဗျာ" ဆိုပြီး ပြောပြန်သတဲ့။

💫ဖခင်ကြီးက သူတို့ပြောသမျှကို နားထောင်ပြီး အခုလို ပြောလိုက်ပါသတဲ့.....

"သားတို့မြင်တာတွေ အကုန်မှန်ပါတယ်ကွယ်...ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မြင်ခဲ့သိခဲ့တာတွေ မတူကြဘူးမဟုတ်လား။ အဲဒါဘာလို့လဲဆိုရင် သားတို့ကြည့်ရတဲ့ ရာသီမတူလို့ပဲပေါ့။

လူတစ်ယောက်ယောက်၊ အခြေအနေတစ်ရပ်ရပ်ကို သိမြင်ကြုံတွေ့တဲ့အခါ ကိုယ်သိတဲ့ ကြည့်တဲ့အရာတွေအပေါ်မူတည်ပြီး မြင်ရတဲ့အမြင်တွေက ကွဲပြားနိုင်တယ်။ ဒါကြောင့် သားတို့ဘဝမှာ ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်နဲ့ ဘယ်တော့မှ မဆုံးဖြတ်ပါနဲ့ကွယ်" လို့ ပြောပြီး ဆုံးမခဲ့ပါသတဲ့။

✨ ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။
✨ကျွန်တော်တို့တစ်တွေရော ကျွန်တော်တို့ရဲ့ ဘဝတွေမှာ တစ်ဖက်သတ်အမြင်နဲ့ ဆုံးဖြတ်ခဲ့တဲ့ကိစ္စတွေ ဘယ်လောက်တောင် များခဲ့ပါပြီလဲ?

#တွေးတောဆင်ခြင်နိုင်ဖို့ပါ

Address

Naypyidaw
Pyinmana

Website

Alerts

Be the first to know and let us send you an email when Knowledge Sharing By U Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share