Miss Universe Pyinmana

Miss Universe Pyinmana Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Miss Universe Pyinmana, Modeling Agency, Pyinmana City, Pyinmana.

29/06/2025

A Married Queen of Burma👑

ခင်ရတနာစိုးဟာ အလှမယ်ဖြစ်ချင်ရုံနဲ့ Miss Universe Myanmar ပွဲကိုယှဉ်ပြိုင်တာမဟုတ်ပါဘူး။ ရှေးရိုးစွဲမြန်မာလူမျိုးအများကြီးကြားထဲ ပြောင်းလဲမှုကိုကိုယ်တိုင်ဖန်တီးဖို့အတွက် ယှဉ်ပြိုင်တာဖြစ်တယ်။ အိမ်ထောင်ရှင်အမျိုးသမီး၊ မိမိကိုယ်ယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်လုပ်ရပ်အတွက်ဘယ်တော့မှနောင်တမရဘဲ သတ္တိရှိရှိလုပ်ဆောင်တဲ့အမျိုးသမီးဖြစ်တယ်။ Top 10 ထိ တက်လှမ်းခဲ့တယ်။ အိမ်ထောင်ရှင်အမျိုးသမီးရပ်ဝန်းကိုကိုယ်စားပြုတဲ့ ထိရောက်တဲ့ message သတင်းစကားပေးတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ ဝေဖန်မှုတွေဆူညံသွားစေတယ်။

သရဖူမရခဲ့ပေမယ့် အလှမယ်ဆိုတာဘာလဲဆိုတာကို ရဲရဲတောက် ထောက်ပြသွားခဲ့တယ်။

Congratulations ညီမ 🎉🎊🍾 Comeback ကိုစောင့်နေမယ်..

She stepped onto the Miss Universe Myanmar stage not just as a contestant—but as a symbol of change. Married, confident, and unapologetically herself, she made it to the Top 10, delivered a powerful speech, and sparked a national conversation.
She may not have taken the crown, but she redefined what it means to be a queen.



Transgender Queen Of Burma 👑အရင်တစ်ခေါက်ပြိုင်တုန်းက မျိုးကိုကိုစန်းကိုမကြိုက်နှစ်သက်ခဲ့ပါဘူး။ ဘာမှပြင်ဆင်မလာသလိုထင်ရလော...
29/06/2025

Transgender Queen Of Burma 👑

အရင်တစ်ခေါက်ပြိုင်တုန်းက မျိုးကိုကိုစန်းကိုမကြိုက်နှစ်သက်ခဲ့ပါဘူး။ ဘာမှပြင်ဆင်မလာသလိုထင်ရလောက်တဲ့ performance နဲ့ “Universe က ကျွန်မကိုမရလိုက်တာပါ” ဆိုပြီးတောင်ပြောခဲ့လို့ပါ။

ဒီတစ်ခါတော့ မျိူးကိုကိုစန်းဟာ Tr. Zay ရဲ့ နှလုံးသားကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီလိုပဲ တခြားပုရိသတ်များစွာရဲ့ နှလုံးသားကိုလည်းသူမသိမ်းပိုက်နိုင်ခဲ့တယ်လို့ယုံကြည်တယ်။

သူမကိုဘာကြောင့်ကြိုက်နှစ်သက်ရတာလဲဆိုတော့ stage performance ကြောင့်လည်းမဟုတ်ဘူး။ အရင်ထက် ပိုလှလာလို့လည်းမဟုတ်ဘူး။ body ကို သေချာ train လာလို့လည်းမဟုတ်ဘူး။

သူမရဲ့ ရင့်ကျက်လာတဲ့ စိတ်ထားကြောင့်ပါပဲ။ အခုအချိန်ထိ သူမပြောတဲ့စကားတွေ စိတ်ထဲရင်ထဲစွဲနေပါတယ်…
“အရမ်းလှကြတော်ကြတဲ့ အမျိုးသမီးစစ်စစ်တွေကြားထဲမှာ အခုလို တန်းတူ ယှဉ်ပြိုင်ခွင့်ရတာကို အရမ်းဂုဏ်ယူရတာပေါ့ရှင်” ဆိုတာမျိုး…

“Miss Universe က လိင်ပြောင်းအမျိုးသမီးတွေကိုလက်ခံလိုက်တဲ့အချိန်မှာ ကျွန်မအရမ်းဝမ်းသာသွားတယ်။ ကျွန်မအိပ်မက်အမှန်တကယ်ဖြစ်လာပြီလို့ကို ယုံကြည်လိုက်တော့တာ။ ဒီလိုနဲ့ပြင်ဆင်ရင်းပြင်ဆင်ရင်းနဲ့ အခုဒီနေရာထိရောက်ရှိလာတာဖြစ်ပါတယ်”…

ဒီစကားလေးတွေက မြန်မာ transgender အမျိုးသမီးရပ်ဝန်းအတွက် အင်မတန်အားရှိစေတဲ့စကားလေးပါ။
မြန်မာ transgender လောကမှာ အနေအထိုင်ပိရိသေသပ်ပြီး နာမည်ပျက်မထွက်ဘဲ သိက္ခာရှိရှိရပ်တည်နေသူတွေထဲကတစ်ယောက်က မျိုးကိုကိုစန်းပါပဲ။

Congratulations gurl. 🎉🎊🎈🍾
You beautifully wrote the history in Myanmar for transgender community.


Address

Pyinmana City
Pyinmana

Website

Alerts

Be the first to know and let us send you an email when Miss Universe Pyinmana posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share