Sagaing News

Sagaing News Mandalay

2022 latest Summer Suit..photocrd.
16/03/2022

2022 latest Summer Suit..

photocrd.

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးသော ဒီးမော့ဆိုတိုက်ပွဲတွင် စစ်သား ၂ ဦး အရှင်ဖမ်းမိ၊ စစ်သား အလောင်းများ ပုံနေရန်ကုန်၊ မတ်...
06/03/2022

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးသော ဒီးမော့ဆိုတိုက်ပွဲတွင် စစ်သား ၂ ဦး အရှင်ဖမ်းမိ၊ စစ်သား အလောင်းများ ပုံနေ

ရန်ကုန်၊ မတ် ၆

မတ်လ ၅ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးခဲ့ပြီး စစ်သား ၂ ဦးကိုလည်း အရှင်ဖမ်းမိကြောင်း ၊ စစ်သားအလောင်းများ ပုံနေကြောင်း ကရင်နီပြည်နယ် PDF သတင်းရင်းမြစ်များနှင့်အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးဌာနက သတင်းထုတ်ပြန်သည်။

အထူးစစ်ဆင်းရေးတပ်၊DMO PDF ၊ LOIKAW PDF ၊ ဖယ်ခုံ PDF ၊ KA ၊ KNDF နှင့်ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းခုခံတိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အရှင် ၂ ဦး ဖမ်းမိခဲ့ပြီး မဟာမိတ်အဖွဲ့များ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်က ကျောက်ဆည်ကန်မှ ဘုရားငုတ်တိုဖက်သို့ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ သေးဆူးလဲကျေးရွာနှင့် ဒေါနော်ကူးကျေးရွာအကြားတွင် စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုနှင့် KGZ ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး သေဆုံးကြောင်း DMO-local PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များကို ခုခံစစ်ဆင်နွှဲရာတွင် ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးတပ်နှင့် အခြားတော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ပွဲဝင်ကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်တွင်လည်း စစ်ကြောင်း ထပ်မံ ထိုးလာသော စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်များက ခုခံစစ်ဆင်နွှဲကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၅ ရက်နေ့ တစ်နေကုန်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှီခဲ့ကြောင်း၊ CTU နည်းပညာတပ်၏ ဒရုန်းတစ်စင်းလည်း ပျက်စီးသွားခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် လူနေအိမ်များကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

Breaking 🛑🛑🛑စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိအင်တာနက်ထပ်မံဖြတ်တောက်ခံရမဲ့မြို့တွေကိုပုံနဲ့တကွဖော်ပြလိုက်ပါတယ်။ပုံမှာ Selec...
03/03/2022

Breaking 🛑🛑🛑
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိအင်တာနက်ထပ်မံဖြတ်တောက်ခံရမဲ့မြို့တွေကိုပုံနဲ့တကွဖော်ပြလိုက်ပါတယ်။ပုံမှာ Select ပေးထားတဲ့ Plan To Lock လုပ်မဲ့ မြို့တွေအားလုံးဒီကနေ့ည 11 နာရီမှစတင်ကာ အင်တာနက်ပြတ်တောက်တော့မှာဖြစ်ပါတယ်။ Unlock မြို့လေးမြို့သာအင်တာနက်ရနေမှာဖြစ်ပါတယ်။

ချိူ့တဲ့တဲ့ မိဘ ကို လုပ်ကျွေးဖို့ ရန်ကုန် မှာ အလုပ်လုပ်ရင်း ကျဆုံးခဲ့တဲ့ အချိန်မှာတောင် အပေါင်းအသင်း နည်းလို့ ဖြန့်ဝေမဲ့...
02/03/2022

ချိူ့တဲ့တဲ့ မိဘ ကို လုပ်ကျွေးဖို့ ရန်ကုန် မှာ အလုပ်လုပ်ရင်း ကျဆုံးခဲ့တဲ့ အချိန်မှာတောင် အပေါင်းအသင်း နည်းလို့
ဖြန့်ဝေမဲ့လူနည်းပီး သတင်း သိပ်မတက်ခဲ့တဲ့ ဒီအကို ဒီနေ့(၁)နှစ်ပြည့်သွားပီနော်💔....

02/03/2022

မတ် ၂ ရက်

သရုပ်ဆောင် လူမင်း အပါအဝင် အနုပညာရှင် (၆) ဦးကို လွတ်ငြိမ်းဖြင့် ပြန်လည်လွှတ်ပေးခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီ၏ သတင်းဌာနကထုတ်ပြန်လိုက်ပြီး အဆိုပါလွတ်မြောက်လာမည့် အနုပညာရှင်များထဲတွင် ပြေတီဦး၊ အိန္ဒြာ‌ကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနှင့် မဝင်းမင်းသန်းတို့ပါဝင်တယ်လို့ သိရှိရသည်။

28/02/2022

မိုးဗြဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘာကြောင့်အများအပြားကျဆုံးခဲ့သလဲ

"ပြည်သူတွေလှူနိုင်ရင် လှူပေးပါ။ ကျွန်တော်တို့က အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်နဲ့ ခန္ဒာရင်းနိုင်တယ်" - ဂျွန်ကနေဒီ (ဒီးမော့ဆို PDF)

ပုံ/စာ-The 74Media

27/02/2022

ဒီရက်တွေထဲတွေးမိနေတဲ့အတွေးက
တကယ်ကော နိုင်ချင်ကြရဲ့လားလို့

Bar သွား Club တက် ခရီးထွက်တဲ့သူကထွက်
ကျောင်းပြန်တက်နေတဲ့သူကတက်
Boycott ဆိုင်တွေမှာလဲ လူအပြည့်
SP လုပ်ထားတဲ့သူတွေအောက်မှာလဲအရင်အတိုင်းပွဲတွေကျ
BC ဂိမ်းStreamer တွေကလဲအပြိုင်အဆိုင်ပြန်ပေါ်လာတယ်။

အားလုံးဟာ နေသားတကျ အဆင်ပြေချောမွေ့နေသလိုလို

တစ်ဖက်မှာလဲ အိမ်မီးလောင် အသက်လုပြေးရ
မပြေးနိုင်တဲ့လူတွေလဲ အသတ်ခံရ
အလုပ်လဲပျောက် လမ်းလဲပျောက်
နောက်လှည့်ကြည့်လို့ ကျောပဲရှိတော့တဲ့လူတွေ
ဘယ်အချိန်ပြန်ရမလဲမသေချာတော့တဲ့သူတွေ
ပြန်ရောက်လို့တွေ့ရမယ့်မိသားစုမရှိတော့တဲ့လူတွေ

လူမစုံတော့တဲ့ မိသားစုတွေနဲ့ ကမ္ဘာနှစ်ခုဟာအပြိုင်လိုလို

ဝမ်းနည်းကြောင်းစာလေတင်လိုက်
စိတ်အာသာပြေသွားလိုက်
ကိုယ့်ရပ်ဝန်းထဲမှာနေသားပြန်ကျလိုက်နဲ့

ကိုယ့်ရဲ့အခြားတစ်ဖက်က ရင်းထားရတာက
ကိုယ့်လို တန်ဖိုးရှိတဲ့အသက်တွေ အချိန်တွေဆိုတာ
နားလည်မိရင်တော့ သူတို့တွေအတွက်လဲ
အားနာဖို့ကောင်းပါတယ်။

တကယ်ကောနိုင်ချင်ကြရဲ့လားဆိုတာ
ကိုယ်တိုင်ပြန်မေးဖို့တော့လိုနေပြီထင်တယ်.....''

မန္တလေးကျုံးအရှေ့ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရမန္တလေး၊ ဖေဖော်ဝါရီ ၂၅ရက်မန္တလေးမြို့၊ အေ...
25/02/2022

မန္တလေးကျုံးအရှေ့ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရ

မန္တလေး၊ ဖေဖော်ဝါရီ ၂၅ရက်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား မြန်မာ့စာတိုက်ရုံးရှေ့မှာ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီကျော်လောက်က အကြမ်းဖက်စစ်ကောင်စီတပ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ကားပေါ်မှာ စစ်တပ်ပိုင် ရတနာပုံသတင်းစာတိုက်က တပ်ကြပ်ကြီးနှစ်ယောက် လိုက်ပါလာတာဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ကားမှန်တွေ ပျက်စီးသွားပေမဲ့ လူ ထိခိုက်ဒဏ်ရာတာမရှိဘူးလို့ သိရပါတယ်။

နန်းရှေ့ရပ်နေ ပြည်သူတစ်ဦးက“နန်းရှေ့ဘက်ကနေတော့ ဗုံးသံကြားလိုက်တယ်။ ကွဲတဲ့ နေရာက အမျိုးသားကဇာတ်ရုံနဲ့လည်းနီးတယ်။ ၁၉ လမ်းဘက်မှာလည်း စစ်သားတွေရှိတယ်။”လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီး လမ်းလယ်ကျွန်းမှာလည်း မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်းတစ်လုံးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း (လမ်း ၁၁၀) ၊ ၄၇ လမ်း အနီးမှာ စစ်ကောင်စီတပ်ကား ၂ စီး ဗုံးပစ်ခံခဲ့ရပါ။

အကြမ်းဖက်စစ်ကောင်စီတပ်ကားတွေဟာ မနော်ဟရီလမ်းအတိုင်း အနောက်ကနေ အရှေ့ကို မောင်းလာတာဖြစ်ပြီး မနော်ဟရီလမ်း (လမ်း ၁၁၀) ၊ ၄၅ လမ်း နဲ့ ၄၆ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားတာဖြစ်တယ်လို့ သိရပါတယ်။

“ဗုံးသံကတော့ အကျယ်ကြီးကြားတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားဘူး။ စစ်သားတွေကလည်း သေနတ်နဲ့ သုံးလေးချက် ပစ်တယ်။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီကျော်က သိပ္ပံလမ်း၊ ၆၆ လမ်းနဲ့ ၆၇ လမ်းကြားရှိ ကမ္ဘောဇဘဏ် က ATM စက်မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဘဏ်အကောင့်များကို စစ်ကောင်စီအလိုကျ အကြောင်းပြချက်မရှိ ပိတ်တာတွေလုပ်တဲ့အတွက် Mandalay People Rescue(MPR)နဲ့ Mother Son Mandalay Forceတို့ က ပူးပေါင်းဖောက်ခွဲတာလို့ ထုတ်ပြန်ထားပါတယ်။

ပုံ-TAGSစစ်ကောင်စီတပ်ကားမန္တလေးကျုံးအရှေ့ဘက်မိုင်းခွဲခံရသောကား

စစ်ဘေးရှောင်တာချင်းအတူတူမတူကွဲပြားတဲ့ မြင်ကွင်း။ပြည်တွင်းရေးသာစိတ်ဝင်စားကြပါ။စိတ်ပူပေးကြပါ။...Credit Dhamma Metta
25/02/2022

စစ်ဘေးရှောင်တာချင်း
အတူတူ
မတူကွဲပြားတဲ့ မြင်ကွင်း။

ပြည်တွင်းရေးသာ
စိတ်ဝင်စားကြပါ။
စိတ်ပူပေးကြပါ။...

Credit Dhamma Metta

ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ကြပ်နှင့် ဇနီးဖြစ်သူကို PDF များနှင့် ချိတ်ဆက်ဟု စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီး၊ခင်ဦး ၊ ဖေဖေါ်ဝ...
25/02/2022

ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ကြပ်နှင့် ဇနီးဖြစ်သူကို PDF များနှင့် ချိတ်ဆက်ဟု စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီး၊

ခင်ဦး ၊ ဖေဖေါ်ဝါရီ - ၂၅

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ကြပ် သူရထွန်းနှင့် ဇနီးဖြစ်သူတို့အား PDF များနှင့် အဆက်အသွယ်ရှိသည် ဆိုသော စွပ်စွဲချက်ဖြင့် စစ်အုပ်စုက ဖေဖေါ်ဝါရီ(၂၄)ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်အုပ်စုသည် ခင်ဦးမြို့နယ်အတွင်း ဒေသခံများအား ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးခဲ့ပြီးနောက် စကစ လက်အောက်ခံ ဝန်ထမ်းအချင်းချင်းကိုပါ စွပ်စွဲ ဖမ်းဆီးခြင်း ဖြစ်သည်။

PDF များနှင့် ဆက်သွယ်ဆောင်ရွက်နေသူ ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ကြပ် သူရထွန်းနှင့် ဇနီးဖြစ်သူ မပပခိုင် တို့ နှစ်ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးနေသည်ဟု စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီစပ်သူများက ပြောသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း မန္တလေးမြို့ အမရပူရမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးအား PDF များနှင့် ဆက်သွယ်သည်ဟုဆိုကာ စစ်အုပ်စုက ဖမ်းဆီးခဲ့သေးသည်။

Mandalay Free Press – MFP
#မန္တလေး #စစ်ကိုင်း #ခင်ဦး

ရွှေဘိုမြို့နယ်၊နှမစားရစ်ကျေးရွာတွင်အကြမ်းဖက်ကောင်စီတပ်၀င်ရောက်စီးနင်းPDFတပ်ဖွဲ့၀င် (၁၅) ဦးကျဆုံး၊ ရွာမီးရှို့ခံရ ရွှေဘိ...
25/02/2022

ရွှေဘိုမြို့နယ်၊နှမစားရစ်ကျေးရွာတွင်အကြမ်းဖက်ကောင်စီတပ်၀င်ရောက်စီးနင်းPDFတပ်ဖွဲ့၀င် (၁၅) ဦးကျဆုံး၊ ရွာမီးရှို့ခံရ

ရွှေဘို၊ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာသို့ စစါကောင်စီတပ်နှင့် ပျူစောထီးများ ဝင်ရောက်တိုက်ခိုက်ရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က (၁၅) ယောက်ကျဆုံးပြီး ကျေးရွာကထု မီးရှို့သွားကြောင်း သိရသည်။

ကျဆုံး PDF များတွင် တထောင့်ထိုး လက်လုပ်သေနတ်များနှင့်သာဖြစ်ပြီး၊ တချို့ ဦးခေါင်းပစ်ခံထားရပြီး ပုံများမြင်မကောင်းသည့်အတွက် ထင်ထင်ရှားရှား မတင်ပြခြင်းဖြစ်သည်။

" မနက်အစောကြီး ဝင်စီးတာပေါ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ထုတာပေါ့၊ သူတို့ဒီလိုတော့ ရွာအပြင်မှာ ပြစ်ခတ်မှုဖြစ်တယ်၊ ဒါနဲ့ပဲ ရွာကို မီးရှို့တာတွေလုပ် တယ်၊ သေတဲ့သူတွေလဲ သေကြရတယ် ပြေးတဲ့သူတွေလဲ ပြေးရတယ်" ဟု ဒေသခံ တဦးကပြောသည်။

စစ်ကိုင်းတိုင်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းက ခင်ဦးနယ်ကို ထိုးစစ်ဆင်ခဲ့ပြီး ယခု ရွေဘိုနယ်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေကြောင်း၊ ယင်းမာပင်နှင့် ဒီပဲယင်း စသည်တို့မှာ တိုက်ခိုက်ခံနေရကြောင်း သိရသည်။


Address

Sagaing

Telephone

+959264610156

Website

Alerts

Be the first to know and let us send you an email when Sagaing News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share